Part 57.3

630 79 3
                                    

အပိုင်း (၅၇.၃) ရှောင်ပိုင်ဟွာ အမျိုးသမီးဇာတ်လိုက် (၃)

သူမက အရောင်ဖျော့ဝတ်စုံကို ဝတ်ဆင်ထားပြီး စိတ်သဘောထားကောင်းမွန်ပြီး ချိုမြိန်သော ပုံပန်းသွင်ပြင်မျိုး ရှိဟန်ရသည်။ သူမ၏ ဆံပင်ရှည်ကလည်း လေလွင့်နေကာ လက်တစ်ဝါးစာမျှသာ ရှိသော မျက်နှာလေးတွင် စိုးရိမ်သော မျက်နှာထားက ရှိနေပြီး ကြည့်ရုံဖြင့်ပင် လူတိုင်းကို ရင်နာလွန်းသဖြင့် စိတ်ဓာတ်ကျသွားစေလောက်ပေသည်။

ထိုလူက မန်နင်၏ မှတ်ဉာဏ်ထဲမှ ကုနန်ချန်ဖြစ်သည်။

"မန်နင် ငါ တမင် ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာ မဟုတ်ပါဘူး၊ နင် ငါ့ကို ကြိတ်ကြိုက်နေတယ်ဆိုတဲ့ ကိစ္စ ပျံ့သွား‌အောင် ငါလုပ်လိုက်တာ မဟုတ်ပါဘူး၊ ဒီလူတွေက တစ်မျိုးထင်မယ်လို့လည်း ငါ မထင်ထားမိဘူး ... ဒီနေ့ခေတ် လူမှုအသိုင်းအဝိုင်းထဲမှာ လိင်တူချစ်ကြိုက်တာက ဘာများမှားနေလို့လဲ၊ မန်နင် နင် ငါ့ကို ခွင့်လွှတ်ပေးလို့ရမလား"

ကုနန်ချန်၏ မျက်တောင်ဖျားတွင် မျက်ရည်များပင် စိုစွတ်ကုန်သည်။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးကပင် တဆတ်ဆတ် တုန်ယင်လာသည်။

သူမ၏ စကားများကြောင့် နင်မုန့်ကပင် ကြောင်သွားသည်။

သူမက မန်နင်၏ မှတ်ဉာဏ်များအတွင်းမှ မှတ်မိထားသော အခြေအနေများကသာ မှန်ကန်မည်ဆိုလျှင် သိပ်မကြာခင်က သူတို့ သီးသန့်စကားပြောခဲ့သော စကားပြောခန်းအတွင်း ကုနန်ချန်က ထိုလျှို့ဝှက်ချက်ကို သူမကိုယ်စားကာကွယ်ပေးပြီး ဘယ်သောအခါ အခြားသူကို မသိစေရပါကြောင်း အာမခံခဲ့သည်။

မန်နင်ကလည်း ယုံခဲ့သည်။

သို့‌သော် နောက်တစ်ရက်တွင် ဌာနတစ်ခုလုံးက သူမက လိင်တူချစ်ကြိုက်သူ ဖြစ်ကြောင်း သိသွားသည်။

အမျိုးမျိုးသော ဆွေးနွေးမှုများမှတဆင့် မန်နင်ကလည်း ထိုကိစ္စကို ကုနန်ချန်ကိုယ်တိုင်က ထုတ်ပြောခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က မေ့မြောသွားခဲ့သေးကြောင်းကိုပင် သိလိုက်ရသည်။ မန်နင်က ဌာန၏ လူအများထံမှ ကျိန်ဆဲခံခဲ့ရသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now