Part 85

434 58 0
                                    

အပိုင်း ၈၅ ကိုယ်မသိတဲ့ ဘာတွေကို မင်းက ဖုံးကွယ်ထားသေးတာလဲ။

အပေါ်ထပ်သို့ တက်သွားပြီးနောက် နင်မုန့်က အနံ့က ပိုပြင်းလာသည်ဟု ခံစားလိုက်ရသည်။ သူမက မနေနိုင်ဘဲ နှာခေါင်းကို ညစ်ကာ ပိတ်ထားလိုက်သည်။ အနံ့က တရိပ်ရိပ်ဝဲနေသလိုမျိုး ဖြစ်နေပြီး နံဟောင်နေသည့် အနံ့က ပြင်းထန်သထက် ပြင်းထန်ကာ အလွန် မသာမယာ ဖြစ်စေသည်။

"နမ်းကြည့်"

ထိုအခိုက် ရှီချီက သူမ၏ ဘေးနားသို့ လျှောက်လာပြီးနောက် သူမ၏ အရှေ့သို့ ပုလင်းလေးတစ်လုံးကို ပေးလာသည်။ ထိုသို့ဖြင့် ဆိုးရွားသော အနံ့က ချက်ချင်းပျောက်ကွယ်သွားတော့သည်။

နင်မုန့်ကလည်း ကျေးဇူးတင်စိတ်ဖြစ်ပြီး ယူထားလိုက်သည်။ သူမက ရတနာတစ်ခုကို ရသလိုပင် ခံစားလိုက်ရသေးသည်။

ချင်ဟွိုင်ဝမ်က ထိုမြင်ကွင်းကို နားမလည်သော အမူအရာမျိုးဖြင့် ကြည့်နေသည်။ လျှို့ဝှက်စွာဖြင့် မမျှော်လင့်ထားသည့်တိုင် သခင်လေးချီက သာမန်လူ မဟုတ်ကြောင်း သိလိုက်သည်။ သူက ဘာကိုမှ မပြောနိုင်သော်လည်း ထိုအမျိုးသမီးက ထူးခြားသော ရနံတစ်ခုကို ရနေခြင်း ဖြစ်ကြောင်း သိနိုင်သည်။

သူက ရှေ့တက်လိုက်ပြီး တံခါးကို ခေါက်လိုက်သည်။

"ဖေးဖေး"

ယခုကလည်း နေ့အချိန်ဖြစ်ပြီး ဟွမ်ဖေးဖေးကလည်း ဒီနေ့ခင်း အလုပ်မရှိချေ။ သူမက ညပိုင်းတွင် ထွက်သွားလေ့ ရှိသောကြောင့် ယခု အိပ်နေခြင်း ဖြစ်မည်ဟု သတ်မှတ်လိုက်သည်။ သူ၏ ခန့်မှန်းမှုကလည်း မှန်ကန်သည်။ တံခါးက ချက်ချင်းလိုလို ပွင့်သွားသည်။

ဟွမ်ဖေးဖေးက မျက်နှာသေဖြင့် တံခါးဝတွင် ရပ်နေပြီး ရွှေရောင် အနားကွပ်များပါသည့် အနီရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက တဖျပ်ဖျပ်ပင် လက်နေသေးသည်။

ချင်ဟွိုင်ဝမ်၏ မျက်နှာကလည်း ပျက်ယွင်းသွားသည်။

"မင်းဘာလို့ ဒါကို ဝတ်ထားပြန်တာလဲ"

ဟွမ်ဖေးဖေးက ပြန်ဖြေသည်။

"ငါ ကြိုက်တယ်လေ"

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Dove le storie prendono vita. Scoprilo ora