Part 5.2

1.2K 161 1
                                    

Unicode

အခန်း ၅.၂။ အဘွားလိုအအဘွားမျိုး (၂)

အဘွားအိုက တနေကုန် ပန်းပင်တွေ ဟင်းသီးဟင်းရွက်တွေ စိုက်တာလောက်ပဲ စိတ်ဝင်စားပြီးတော့ တစ်ထပ်အိမ်သေးသေးလေးထဲမှာ ဖုန်း သို့မဟုတ် တီဗီတစ်ခုတောင် မရှိနေခဲ့ချေ။ ဒီတော့ အချိန်ဖြုန်းချင်ရင်တောင် ဖြုန်းလို့မရ၊ သူမဘဝကြီးကို ဒီလိုပျင်းရိပြီးပဲ သေသွားတာများလား။

သူမကတော့ အင်တာနက်ကို စွဲလမ်းပြီးဖုန်းမရှိရင် မနေနိုင်တဲ့ လူနာတစ်ယောက်ပင်။

ပြောရရင် သူမက တခြားဘာမှလုပ်စရာလည်း မရှိတာမို့ ဖုန်းမရှိရင် မနေနိုင်ချေ။ ဒီတော့ သူမက နေ့ကော ညပါ weibo လျှောက်ကြည့်နေတတ်ပြီးတော့ သတင်းတွေဆို ကြည့်တောင်မကြည့်တဲ့ ဒီလိုဘဝမျိုးမှာ သူမ မနေနိုင်ပေ။

“ဘွားဘွား သတင်းစာမဖတ်တာ ရက်တွေ တအားကြာနေပြီနော်” လီချွင်က ထပ်ပြောလာသည်။

သတင်းစာလား။ နင်းမုန် သူမ ညွှန်ပြတဲ့ဘက်ကို သံသယနဲ့လှမ်းကြည့်လိုက်သည်။ သတင်းစာတွေက စင်ပေါ်မှာ ပုံနေပြီး သူမ စာလုံးတွေကိုတောင် သေချာမဖတ်နိုင်ပေ။

ဇွန်းကိုချပြီး ရုပ်တည်နဲ့ “၁၇လေးက မကြာခင်ရောက်လာတော့မှာ ငါတို့ သူ့အတွက် အဲဒါကို အခုပြင်ပေးဖို့လိုတယ် အခု နည်းပညာတွေက ဒီလောက်တိုးတက်နေတာ ကွန်ပျုတာဆိုတာ လိုအပ်တဲ့အရာပဲ အင်း… တီဗီကောလိုတယ် ဆဲလ်ဖုန်းကောပဲ နှစ်ခုလုံး”

လီချွင်က ကြောင်သွားတော့သည်။ အဘွားက ဘယ်တုန်းက ဒီလောက်အများကြီး သိသွားတာလဲ ဖုန်းတောင် နှစ်လုံးလိုချင်တာတဲ့။ 

“နောက်ဆုံးပေါ် စမတ်ဖုန်း” နင်းမုန်က ဆက်ကာ “လိုင်းလည်း သုံးလို့ရတဲ့ဟာ”

လီချွင်က ရယ်ချင်စိတ်ကို ထိန်းကာ “ဘွားဘွားကြီး အင်တာနက်လည်း သိတာပဲလား”

နင်းမုန်က သူမကို ကြည့်ကာ “ငါက အချိန်နဲ့တပြေးညီ နေထိုင်တတ်တဲ့ အဘွားကြီးပါနော်”

လီချွင် ရယ်ကာ “အိုက်ယား ခနနေ သွားပြင်လိုက်မယ်နော်”

သူမ အဘွားအိုက သခင်လေးချီ နဲ့ ဒါတွေသုံးပြီးရင်းနှီးချင်လို့လားလို့ တွေးနေမိသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now