Part 80

456 57 1
                                    

အပိုင်း (၈၀)

စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမက တစ်စုံတစ်ရာကို တွေးမိသွားသည်။ သူမက ယခင်က ရေချိုးခန်းထဲမှာ ရှိနေခဲ့ချိန်က ထိုဝန်ထမ်းနှစ်ယောက်ပြောသွားသော စကားက ဒီအမျိုးသမီးပြောသော စကားနှင့် ဆက်စပ်နေလောက်သည်။

ဆိုတော့ အဲ့ဒီဧည့်သည်က ငါ ဝိုင်ပေးရမယ့်လူပေါ့။

ယခု သူမက ထိုဝိုင်ကို သွားမပို့ချင်တော့ပေ။ ဒီအတိုင်း တံခါးကိုသာ ခပ်မြန်မြန် ရှာလိုက်ချင်ပြီး ထိုနေရာမှ ထွက်သွားလိုက်ချင်သည်။ ကျန်သောကိစ္စများက သူမနှင့် မသက်ဆိုင်ချေ။

နင်မုန့်က ဒီအတိုင်းမလှုပ်ရှားဘဲ ရပ်နေကြောင်းမြင်သောအခါ သက်လတ်ပိုင်းအမျိုးသမီး၏ အမူအရာက ပြောင်းလဲသွားသည်။

သူမက နင်မုန့်ကို အပေါ်အောက် စုန်ချည်ဆန်ချည် ကြည့်လာပြီးနောက် တင်းမာသော လေသံဖြင့် ပြောလာသည်။

"နင့်ရဲ့နာမည်ကဒ်က ဘယ်မှာလဲ၊ ဘာလို့မရှိထားတာလဲ"

နင်မုန့်က တုန့်ဆိုင်းမနေရဲဘဲ ရှင်းပြလိုက်သည်။

"ကျွန်မ အဝတ်လဲခန်းထဲမှာ အဝတ်လဲထားတာဆိုတော့ အဲ့ဒီမှာကျန်ခဲ့လောက်တယ်၊ ကျွန်မ အခုသွားပြီးယူလိုက်မယ်"

သူမ ရေချိုးခန်းထဲမှ ထွက်လာခြင်းကို တစ်ဖက်လူက မြင်ထားသောကြောင့် ဖြစ်လောက်သည်။ တစ်ဖက်လူက ဆက်မ‌မေးတော့ဘဲ လက်ယမ်းပြသည်။

"မလိုဘူး၊ မြန်မြန်သာ အဲ့ဒီကို သွားတော့"

သူမက ထပ်ဖြည့်ပြောသည်။

"မနှောင့်နှေးစေနဲ့"

နင်မုန့်က ဘာဆက်ပြောရဲတော့မှာလဲ။

သူမက ခပ်မြန်မြန် လင်ဗန်းကို ကိုင်လိုက်ပြီးနောက် ပြန်ဖြေသည်။

"နားလည်ပါပြီ၊ ကျွန်မ အဲ့ဒီကို ချက်ချင်းသွားလိုက်မယ်"

နောက်လှည့်ပြီးနောက် သူမက စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

ထိုအမျိုးသမီးက သာမန်ဝန်ထမ်းထက် အဆင့်မြင့်သည်မှာ ရှင်းလင်းနေသည်။ ကံကောင်းစွာဖြင့် သူမက ဟန်ဆောင်နေခြင်းဖြစ်ကြောင်း မသိသွားခဲ့ချေ။ မဟုတ်လျှင် သူမကို မိသွားပေလိမ့်မည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now