Part 5.1

1.3K 156 0
                                    

Unicode

အခန်း ၅.၁။ အဘွားလို အဘွားမျိုး (၁)

တော်တော်လေးကြာမှ ရှီချီက ခေါင်းခါကာ သူ့မျက်နှာသေးသေးလေးက နဂိုသိချင်စိတ်ကို ဖုံးကွယ်လို့နေသည်။

ရှီရှန်းကျင်းခေါင်းညိတ်ပြကာ သူ့ကိုဖိအားမပေးဘဲ စာအုပ်စင်ပေါ်ကနေသာ မှတ်စုစာအုပ်တစ်အုပ် ထုတ်လိုက်သည်။

ဒီတစ်ခါ ကလောင်နတ်သမီးကိစ္စက အရင်ကိစ္စတွေလောက် မရိုးရှင်းချေ။

ပုံတွေကို ကြည့်ကာ နစ်နာသူတွေ သေဆုံးတဲ့ ပုံစံက အရင် သူမြင်ဖူးတဲ့ပုံစံတွေနဲ့မတူပေ။ အရင်က ကလောင်နတ်သမီးကိစ္စကို မကိုင်တွယ်ဖူးတာတော့ မဟုတ်ပေမဲ့ ဒီလို ပြင်းထန်တဲ့ အားရှိတဲ့ သရဲတစ်ကောင်ကိုတော့ သူမမြင်ဖူးချေ။

အဲလူရဲ့ သမီးက သေပါသေသွားနိုင်သည်။

အချိန်ဘယ်လောက်တောင်ကုန်သွားလဲမသိတော့။ ထိုမှသာ ဒီစာကြည့်ခန်းထဲမှာ တခြားလူတစ်ယောက်ရှိသေးတာကို သူသတိရသည်။

ရှီရှန်းကျင်းက ရှီချီကို ကြည့်လိုက်တော့ ထိုကလေးက သူ့ကိုမျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။  သူ့ရဲ့မျက်လုံးစိမ်းတွေမှာ သူ့ပုံရိပ်ပေါ်နေသလို သူတောင်မသိတဲ့ အဓိပ္ပာယ်တစ်မျိုးလည်း ပါဝင်နေသည်။

ဒီကလေးရဲ့ အကြည့်တွေကို သူသဘောမကျပေ။

ရလဒ်တွေကလည်း သိပ်မကြာခင်က ထွက်လာခဲ့သလို သူက တတိယအစ်ကိုရဲ့ကလေးဆိုတာလည်း မမှားပေ။ ဒါပေမဲ့ သူစိတ်ထဲ အဆင်မပြေ သူ့ကို ခေါ်ထားတာက နိမိတ်မကောင်းသလို ဖြစ်နေသလို ခံစားရပေမဲ့ အခုထိုခံစားချက်တွေကို ဘေးဖယ်ထားလိုက်သည်။

ထိုကလေးကို ထပ်ကြည့်လိုက်တော့ ကလေးက ခေါင်းငုံံ့လိုက်ပြီ ဖြစ်သည်။ သူ့ရဲ့ ဆံပင်အနက်ရောင်တွေက ဖြူလျတဲ့ မျက်နှာသေးသေးလေးကို ကွယ်ထားကာ သူ့ကုတ်ပိုးမှာက ရှီချုံကြောင့်ဖြစ်တဲ့ အပြာရောင်အမှတ်တစ်ခု ရှိနေသည်။

ရှီရှန်းကျင်း ခနလောက် နေမှ “မနက်ဖန်ကျ ဆံပင်သွားညှပ်ပြီး တစ်ထပ်အိမ်မှာ သွားနေ..”

အဘွားအိုက သူ့ကိုပျိုးထောင်ချင်မှတော့ လုပ်ခွင့်ပေးရမည် ဖြစ်သည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now