Part 90

395 52 1
                                    

90 01

အပိုင်း ၉၀ လက်ထပ်ပြီးသော အမျိုးသမီးတစ်ယောက်၏ နေ့စဉ်ဘဝ

ပထမဦးဆုံး အတန်းတွင် ရေးထားသော နာမည်က သူမ၏နာမည် ဖြစ်နေသည်။ သို့သော် ဒုတိယမြောက် အတန်းတွင် ရေးထားသော ဇနီးဆိုသော နာမည်ကမူ သူမကို ဆွံ့အစေသည်။

နင်မုန့်က ကိုယ့်မျက်လုံးကို ပွတ်သပ်ကြည့်ပြီး စူးစူးစိုက်စိုက် ပြန်ကြည့်လိုက်သည်။ စကားလုံးက တူညီနေသေးသည်လည်း လက်ရေးကလည်း သေသပ်နေပြီး လှပကာ ရင်းနှီးကျွမ်းဝင်သော လက်ရေးအတိုင်း ဖြစ်နေသည်။ ကြော့ရှင်းကြည့်ကောင်းအောင် ရေးနိုင်ရန် အလွန်အားစိုက် ထုတ်ထားခဲ့ရသည်နှင့် တူသည်။

သူမက ချက်ချင်းလိုလို အောက်သို့ ငုံ့ကာကြည့်လိုက်သောအခါ နှစ်ယောက်၏ ပတ်သက်မှုတွင် တရားဝင် လက်ထပ်ထားကြောင်း မြင်လိုက်ရသည်။

နင်မုန့် "..."

ငါ မျက်လုံးဖွင့်လိုက်တာနဲ့ ဘယ်လိုဖြစ်ပြီး လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက် ဖြစ်သွားတာလဲ။

သူမက သိပ်မကြာခင်ကမှ တက္ကသိုလ်က ဘွဲ့ရထားခါစ ဖြစ်သည်။ တစ်ချိန်သော်မျှပင် ဒိတ်မလုပ်ခဲ့ဘူးသေး ယခုမူ လက်ထပ်ပြီးသား ဖြစ်နေလေသည်။

"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ"

တစ်ချိန်လုံး မျက်နှာထွက်မပြသော စနစ်ကပင် ရုတ်တရက် ထွက်လာသည်။ သူကိုယ်တိုင်ကပင် ထိုစာကြောင်းများကို မြင်လိုက်ပြီး အံ့ဩသွားခဲ့လေသည်။

နင်မုန့်က ထိုစာအုပ်ကို ချက်ချင်း ပိတ်လိုက်သည်။ သူမ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေကာ လက်ရှိအခြေအနေကို တွေးတောကြည့်သည်။ စနစ်က ပြောပြသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ခံတစ်ခု ရလာတာ ဆိုတော့ စာရင်းမသွင်းဘဲ နေထိုင်တဲ့ ပြည်သူတစ်ယောက် ဆိုတာထက် ပိုကောင်းပါတယ်"

သူ၏ အမြင်တွင်မူ ထိုသို့စာရင်းမရှိဘဲ နေထိုင်သော သူများက ပို၍ဆိုးရွားလေသည်။

သူ ကြားဖူးထားသည့် အတိုင်းဆိုလျှင် အခြားသော ဌာနတစ်ခုမှ ဝိညာဉ်ကူးပြောင်း လူတစ်ယောက်ဆိုလျှင် မှတ်ပုံတင်ကတ်ပြား မရှိဘဲ အချိန်အတန်ကြာ နေထိုင်နေခဲ့ရသည်။ အဆုံးတွင်မူ စိတ်သဘောထား ဆိုးယုတ်သော အရံ ဇာတ်ကောင်တစ်ကောင်က ဖော်ထုတ်လိုက်သဖြင့် ရဲဖမ်းခံရပြီး မစ်ရှင် ကျဆုံးသွားခဲ့သည်။ သူ၏ ကိုယ်ပိုင် ပိုင်ရှင်ကမူ အခြေအနေ ပိုကောင်းသည်ဟု ဆိုရပေမည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now