Part 66.1

563 73 1
                                    

အပိုင်း (၆၆.၁) ငါ ဘယ်တုန်းကမှ မချစ်ဖူးဘူး (၁)

နောက်တစ်ရက်တွင် နင်မုန့်က အိပ်ယာထပြီး ဖုန်းဖွင့်ကာ ဖိုရမ်ထဲသို့ ဝင်လိုက်သည်။ အဓိကစာမျက်နှာတွင် ပို့စ်က ရှိနေသေးသည်။ ထို့အပြင် နောက်ထပ်စာမျက်နှာတစ်ခု ထပ်ဖွင့်ထားရလောက်အောင် ပြန်ထားသော စာများက အလွန်များသည်။

သူမက စာမျက်နှာကို နှိပ်ဖွင့်လိုက်သောအခါ ဆိုးရွားသောစကားလုံးများဖြင့် ပြန်လည်ပြောဆိုထားသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ စကားလုံးတိုင်းက သူမကို ရည်ရွယ်ပြီး အများစုက "666" (လျို့လျို့လျို့) တို့သာ များနေပြီး အခြားသူများက အလိုအလျောက်ပင် သူမကို ဆူထားသည်။

ရှင်းပြ၍မရသော အကြောင်းပြချက်များကြောင့် သူမ၏ ခံစားချက်များက ကောင်းသွားသည်။

"ကျောင်းကျောင်း ငါ့ကို စောင့်ပါဦး"

ကုတင်အောက်ဘက်မှ ယွီရှောင်းလျန်၏ အသံက ထွက်လာသည်။

"ငါ ပြီးတော့မှာပါ"

နင်မုန့်က လုပ်လက်စကိုရပ်ပြီး လိုက်ကာကို တိတ်တဆိတ် ဆွဲကြည့်လိုက်သည်။

ခုနစ်နာရီခွဲသာလျှင် ရှိနေသေးသဖြင့် အတန်းစရန် တစ်နာရီနီးပါးပင် လိုနေသေးလေသည်။ သို့သော် ထိုနှစ်ယောက်ကမူ အိတ်များပြင်ဆင်ပြီး ထွက်သွားရန် အဆင်သင့်ပြင်နေလေပြီ။

လီကျောင်းက မှန်ရှေ့တွင် နှုတ်ခမ်းနီဆိုးနေပြီး စိတ်အခြေအနေကောင်းနေဟန် ရလေသည်။ သူမက ခေါင်းလှည့်ကြည့်ကာ သာမန်ကာလျှံကာ ပြောသည်။

"ဘာလို့နင့်ရဲ့အနားက ပိုအေးတယ်လို့ ခံစားနေရတာလဲ၊ နင်တစ်ခုခုများ ယူလာတာလား"

ယွီ‌ရှောင်းလျန်က ဘေးနားတွင် အဝတ်အစားကို ပြင်ဆင်နေခြင်းဖြစ်သည်။ သူမက မူလက ဆံပင်ကိုချည်ပြီး အောက်သို့ ချထားသည်။ အလွန်ချစ်စရာကောင်းလှသည်။ ထို့ကြောင့် သူမ၏ စကားကို ကြားသောအခါ ခေါင်းကို အနည်းငယ်ခါသည်။

"မဟုတ်ပါဘူး၊ ငါတော့ ပုံမှန်ပဲလို့ ထင်တာပဲ"

သူမက စကားကို ရပ်ပြီးနောက် အသံက အလွန်တိုးသွားသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now