Part 104

265 23 0
                                    

အပိုင်း 104 ငါ့ ရဲ့အခန်းက အရမ်းလုံခြုံတယ်။

နင်မုန့်၏ လက်ရှိအခန်းက ရှီးချီ၏ အခန်းဘေးနားတွင် တည်ရှိပြီး ပြသတင်းပေါက်မှ တစ်ဆင့်ကြည့်လျှင် ခြံနောက်ဘက်ပိုင်းကို မြင်နိုင်သည်။ ထို့ကြောင့် ခြံဝန်းထဲမှ ကိစ္စပေါင်းများစွာကို သဘာဝ အလျောက်မြင်ရတော့သည်။

အပြင်ဘက်ကောင်းကင် အပြည့်အဝမမှောင်သွားသေးချေ။ သို့ရာတွင် အနည်းငယ် မည်းမှော်နေနှင့်လေပြီ နင်မုန့်က အဝေးမှ သစ်ပင်များ၏ ပုံရိပ်များကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်နေသေးသည်။ သို့သော် ထိုရက်များကို ကျော်ဖြတ်ပြီး ဘာကိုမှ မမြင်နိုင်ချေ။

နင်မုန့်က အိပ်ရာပေါ်မှထပြီး စိုးရိမ်တကြီး ဖြစ်နေသော မြွေပါလေးကို ပွတ်သပ်ပေးသည်။

"အပြင်ဘက်မှာ တစ်ခုခုလာနေတာ ရှိလို့လား။ အန္တရာယ်များလား"

မြွေပါလေးက လက်သည်းလေးကို ထုတ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

မြွေပါလေးက ငယ်စဉ်ကတည်းက လူတိုင်းများနှင့် ပြောဆိုဆက်ဆံနိုင်နှင့် ပြီးသားဖြစ်သည်။ ထည့်ပြောရန် မလိုလောက်အောင် ရှီးချီ၏ ဘေးနားတွင် ထောက်လျှောက်ရှိနေခဲ့ပြီး ပြုစုပျိုးထောင်ခံခဲ့ ရသည့်အပြင် သင်ကြားပေးခံထားရ လေသည်။ ထို့ကြောင့် လူစကားကို ရှင်းရှင်းလင်းလင်း နားလည်သည်။

အရှေ့ရှိ လူ၏ နောက်ခံကိုလည်း သူက မှတ်မိနေသည်နှင့်တူသည်။

နင်မုန့်က တစ်ခဏခန့် တွေးတောပြီးနောက် ပြသတင်းပေါက် ဘေးသို့ မသွားခဲ့ချေ။ ထို့အစား ရှီးချီက အခန်းထဲတွင် အရင်က ပေးထားခဲ့ဘူးသော အဆောင်လက်ဖွဲ့ များကိုသာ ယူလိုက်သည်။

ထို့နောက် သူမက စနစ်ကို မေးသည်။

"အပြင်မှာ ဘာရှိလည်း နင်သိလား"

တစ်ခဏခန့် ကြာမသာ စနစ်က ပြန်ဖြေလာသည်။

"ဖုတ်ကောင်က လာတာဖြစ်လောက်တယ်။ ငါအခုလေးတင် အသံတစ်သံ ကြားလိုက်ရပေမယ့် မင်းကတော့ မကြားနိုင်လောက်ဘူး"

နင်မုန့်ကမူ ထိုစကားကို သံသယ မဝင်ချေ။

ဒီစနစ်က အနည်းငယ် အမှိုက်ဆံလောက်သော်လည်း ဒီနယ်ပယ်တွင်မူ ယုံကြည်၍ရသည်။ အပြင်ဘက်တွင် ဖြစ်ပျက်နေသော ကိစ္စများကိုလည်း သိနိုင်စွမ်းအားရှိသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now