Part 47

815 107 3
                                    

အပိုင်း(၄၇)

ငါ့ကိုဘာလာကြည့်နေတာလဲ

ရှီချီ၏လေသံက ပုံမှန်အတိုင်း ဖြစ်နေပြီးထူးခြားသံ မရှိချေ။ ထပ်ပြောရန်ပင် မလိုလောက်အောင် ထိုကိစ္စက သူနဲ့လဲမဆိုင်ချေ။

အခြားတစ်ဖက်တွင် လျိုရွှမ်း၏ အသက်ရှူသံနှုန်းကမူ မမှန်တော့ချေ။ သူမက မယုံကြည်မှုတစ်ဝက် မယုံရဲသော တစ်ဝက်ဖြင့် အချန်အတန်ကြာ တိတ်ဆိတ်ပြီးသောအခါ မေးလာသည်။

"နင်ကဘာလို့အဲ့ဒီလိုပြောတာလဲ"

ပြောရလျှင် သူမကိုယ်တိုင်ကလဲ ခပ်ယေးယေး ခန့်မှန်းမိသား ဖြစ်သည်။

ဒီအချိန်အတောတွင်းတွင် သူမနှင့်အတူ အမြဲတစေ မှန်အသေးလေးကို ဆောင်ထားလေ့ရှိသည်။ သူမကမှန်းကို ကြည့်သည့်အချိန်တိုင်း မျက်နှာတွင်ရှိသည့် အနက်ရောင်မျက်နှာဖုံးကို မြင်နိုင်ပြီး အစပိုင်းတွင် ပေါ်သည့်နှင့် ကွာခြားလာကြောင်းကို ခံစားနေရသည်။

အချိန်အတန်ကြာ ပြောင်းလဲမှု ဆက်ဖြစ်လာပြီးနောက်တွင် မျက်နှာဖုံးပေါ်ရှိ သင်္ကေတများအားလုံးက ပြီးပြည့်စုံသွားသည့်တိုင် တစ်ခဏတွင် သူမ၏သေးငယ်သော အသက်ကဆုံးရှုံးရနိုင်ချေ။ ရှိကြောင်းခံစားမိသည်။

ရှီချီကပြောသည်။

"ငါပြောရင်တောင် မင်းယုံမှာမဟုတ်ဘူး"

လျိုရွှမ်း၏မျက်နှာက ဖြူဖျော့သွားသည်။

"နင်မပြောရင် ငါယုံမယုံဘယ်လို သိမှာလဲ"

ရှီချီ၏နှုတ်ခမ်းက လှောင်သလိုကော့တက် သွားပြီးနောက် မထူးခြားနားသလို ပြောသည်။

"မင်းရဲယင်ထန်းက မဲနေပြီ နှာခေါင်းထိပ်နှင့် နားနှစ်ဖက်ကလဲ အလာတူလက္ခဏာတွေ ပြနေပြီဆိုတော့ မင်းသုံးရက်တောင် မကျော်လောက်ဘူး"

အားလုံးကကြောင်သွားသည်။

ယင်ထန်းကမဲလာရင် ကပ်ဘေးကရောက်လာပြီး ဆိုသည်မှာ နာမည်ကြီးဆိုရိုး စကားတစ်ခုဖြစ်ပြီး နာထောင်းရန် ကို့ယို့ကားယား ဖြစ်စေသော်လည်း ထိုစကားမျိုးက သူ၏ပါးစပ်မှ ထွက်လာသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now