Part 42

830 113 1
                                    

အပိုင်း (၄၂) စက္ကူအရုပ်နှစ်ရုပ်ပေးမယ်။

ကျောင်းတက်ပြီး နောက်တစ်ရက်တွင် နင်မုန့်က အရိပ်ပြဇာတ် အဖွဲ့မှပိန်ပိန်ပါးပါး လူငယ်ကို ကျောင်းဂိတ်ဝတွင် တွေ့လိုက်ရသည် သူမကိုတွေ့သောအခါ ထိုလူငယ်၏ မျက်ဝန်းက တောက်ပသွားသည်။

"မင်္ဂလာပါ ကျေးဇူးတင်ပါတယ်"

သူ၏စကားကို ကြားသောအခါ နင်မုန့်က နောက်လှည့်ကြည့်လိုက်ပြီး ရှီချီကလည်း သူမ၏အနောက်တွင် အသံမပေးဘဲ တိတ်တိတ်လေး ရောက်လာကြောင်း တွေ့လိုက်ရသည်။

ရှီချီကခေါင်းကို ငုံ့ပြီးနောက် အသံကိုနှိမ့်ချကာ ပြောသည်။

"မင်းက အသေးစိတ် အကြောင်းပြချက်ကို မသိချင်ဘူးလား သူ့ရဲ့အနောက်ကို လိုက်သွားရအောင်"

နင်မုန့်က အသံတိုးတိုးဖြင့် ပြန်မေးသည်။

"ငါတို့အန္တရာယ်တော့ မရှိနိုင်ဘူး မဟုတ်လား"

သူမက အရိပ်ပြဇာတ်အဖွဲ့နှင့် ထိုလူများ၏ ပတ်သက်မှုကြားက ဆက်ဆံရေးကို သိချင်စိတ် ပြင်းပြနေသည်။

"ဒီလူတွေက စက္ကူရုပ်တွေကို အသက်ဝင်လာအောင် ဘယ်လိုလုပ်တာလဲ"

သူတို့က လူရဲ့စိတ်ဝိညာဉ်ကို ဘာလို့ယူသွားနိုင်တာလဲ။

သို့သော် အကြောင်းပြချက်ကို သိရခြင်းထက် လုံခြုံရေးက ပို၍အရေးကြီးသည်။ သူမကလဲ အရူးမဟုတ်ချေ။ ကိုယ့်ကိုယ်ကိုယ် တွင်းထဲကျသွားစေမည့် ကိစ္စမျိုးကို လုပ်လိမ့်မည်မဟုတ်ချေ။

ရှီချီကမျက်ခုံးပင့်ပြီး ခေါင်းကိုပေါ့ပါးစွာ ခါသည်။

တစ်ဖက်ကပိန်ပါးသော လူငယ်လေးကလဲ ငြင်းဆန်သောအနေထားဖြင့် ခေါင်းကိုအလျှင်စလို ခါပြီးပြောပြလာသည်။

"ငါ.ငါမင်းတို့အပေါ်ဒုက္ခမပေးပါဘူး တစ်ကယ်ပါ မင်းတို့ကငါနဲ့ ငါ့ရဲ့အဖိုးကို ကယ်တင်ခဲ့တာဘဲ"

ထိုသို့ပြောပြီးနောက် လူသုံးယောက်က ကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် ရှိသောကဖေးဆိုင်သို့ သွားကြသည် အတွင်းတွင် လူအနည်းသာလျှင် ရှိနေပြီး ပို၍လုံခြုံ စိတ်ချလိုလျှင် သီးသန့်ခန်းများလည်း ရှာပေးလို့ရသည် သူ့အနေဖြင့် ဒီလိုနေရာမျိုးကို လာရခြင်းဖြစ်လေရာ လူငယ်လေးက သတိကြီးကြီး ထားလေသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now