Part 55.1

571 67 0
                                    

အပိုင်း(55.1) နောက်ဆုံးသောခွဲခွာမှု(၁)

ချုံခယ့်ခယ့်က နင်မုန့်ကိုတံတောင်ဖြင့်တို့လာပြီး ခပ်တိုးတိုးပြောလိုက်သည်။

"နင်စမေးကတည်းက ကောင်းတဲ့အရာမဟုတ်မှန်း ငါ ခန့်မှန်းမိပြီးသား။ ဒါပေမဲ့ နင်က ဆက်ပြီးတောင်မေးလိုက်တယ် မဟုတ်ဘူးလား"

နင်မုန့်က ပါးစပ်ကို ပိတ်သွားပြီး စကားဆက်မပြောတော့ချေ။

အခုကစပြီး ငါ့ရဲ့သိချင်စိတ်ကို ဘယ်တော့မှ အလွယ်တကူ မလွှတ်ပေးတော့ဘူး။

ရှီချီက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာပဲ။ နောက်ထပ်မေးခွန်းတစ်ခု ပြန်မေးပြီး သိချင်စိတ်ကို နှိုးဆွလိုက်တယ်။ ရိုးရိုးရှင်းရှင်း ဖြေလိုက်ရင်လည်း ရတာပဲ။

သူက ငါ့ကို တမင်ခြောက်ချင်တာပဲ ဖြစ်မယ်။

နင်မုန့်က ခပ်မတ်မတ် ထိုင်ပြီးနောက် ချုံခယ့်ခယ့်ကို တစ်ချက်ကြည့်ပြီးမှသာ ခိုင်မာစွာ ကြေညာလိုက်သည်။

"ဟဟ ငါမကြောက်ပါဘူး။ ခယ့်ခယ့် နင်သာကြောက်ရင် ငါ့ကိုကိုင်ထားဖို့ မမေ့နဲ့"

ချုံခယ့်ခယ့်က သူမကို သံသယစိတ်ဖြင့် ကြည့်လာသည်။

"တကယ်လား"

နင်မုန့်၏ အပြုံးကကွဲအက်သွားသည်။

"ဒါပေါ့ တကယ်ပေါ့"

ဘာပဲဖြစ်ဖြစ် ပန်းချီကားကို ထိတာက ရှီချီလေ။ ငါမှမဟုတ်တာ။ ဘာလို့ကြောက်ရမှာလဲ။

ချုံခယ့်ခယ့်အား သူမကိုတွယ်ကပ်သော မိန်းကလေးပရိတ်သတ်တစ်ယောက်ကဲ့သို့ပင် ခံစားလိုက်ရသည်။

ခေါင်းကို ငုံ့ထားသော ရှီချီက သူတို့၏စကားကို နားထောင်နေပြီးမှ ရုတ်တရက်လှုပ်ရှားလာသည်။

ပန်းချီကားက တစ်ခါအလှီးခံရပြီးကတည်းက တောအုပ်အရှေ့ရှိ လုရှီ၏ပုံရိပ်က ရပ်တန့်သွားလေသည်။ အရာအားလုံးက ရပ်တန့်သွားသလိုမျိုး သူမ၏နဂိုမူလ မျက်နှာထားကပင် ရပ်တန့်ခံလိုက်ရသလိုမျိုး၊ အချိန်က အေးခဲသွားသလိုမျိုး ဖြစ်သွားသည်။ ရှီချီက ဓါးမြောင်ကို ချသည်။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now