Part 59.2

627 86 2
                                    

အပိုင်း (၅၉.၂) ရှီချီ(၂)

အနားမှမိန်းကလေးနှစ်ယောက်က ထိုကိစ္စကို ဒီအတိုင်း အလွတ်မပေးဘဲ ဝင်ပြောလိုက်သည်။

"ကုနန်ချန် နင် သူမကို ဒီလောက်ကြင်နာပြနေတာ ဘာများအသုံးဝင်လို့လဲ၊ ဒီတိုင်းပဲ ဒီအေးစက်ပြီး မသိတတ်တဲ့ ခွေးမကို တစ်ယောက်တည်း ပစ်ထားလိုက်စမ်း"

ဘေးဘက်ရှိကောင်မလေးက လိုက်ပြောသည်။

"နင် သူမရဲ့ မျက်နှာအမှန်ကို သိထားပြီးပြီပဲ၊ ဘာလို့ ဆက်လက်ပြီး ချည်းကပ်နေသေးတာလဲ၊ စိတ်သဘောထားကောင်းနေတာကို ရပ်လိုက်စမ်းပါ၊ မဟုတ်ရင် မန်နင်က နင့်ကို ခက်ခဲအောင်လုပ်လိမ့်မယ်"

မန်နင်က သူတို့ကို ကျိန်ဆဲလိုက်ချင်သည်။

ဘာလို့ ငါက ကုနန်ချန်ကို ခက်ခဲအောင်လုပ်ရမှာလဲ။

အစကနေ အဆုံးထိ သူမက တောက်လျှောက်ကို စကားလာပြောနေခဲ့တာပါ။ အမှိုက်လိုစကားတွေ လာပြောပြီး အချိန်တွေ ဖြုန်းနေတာလေ။

သူတို့က သူမကို ကြင်နာသည်ဟုပင် ခေါ်လိုက်သေးသည်။ သို့သော် အဓိပ္ပာယ်က တခြားဖြစ်နေလောက်သည်။ သို့သော် ကုနန်ချန်က ဝမ်းနည်းညှိုးငယ်သော မျက်နှာမျိုးဖြင့် လှည့်ကြည့်ပြီး ပြောလိုက်သည်။

"အဲ့ဒီလို မပြောပါနဲ့၊ မန်နင်က လက်ရှိအခြေအနေကို လက်မခံနိုင်သေးတာပါ၊ မန်နင်က လူကောင်းတစ်ယောက်ပါ"

ကောင်မလေးနှစ်ယောက်က အော်ရယ်ကြသည်။

နင်မုန့်။ "..."

နင်ပြောတာလည်း တူတူပဲမဟုတ်ဘူးလား။

စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။

ကံကောင်းစွာဖြင့် သူမက တိတ်ဆိတ်နေသောကြောင့် အချိန်အတန်ကြာ စကားဆက်ပြောနေပြီးသည့်နောက် မျက်ရည်အပြည့်နှင့်အတူ ထွက်သွားပြီး ခပ်ဝေးဝေးနေရာသို့ သွားထိုင်လိုက်သည်။

ထိုအခါမှပင် နင်မုန့်က ပြုံးနိုင်တော့သည်။

နောက်မှမိန်းကလေးနှစ်ယောက်က သူမကို စိုက်ကြည့်နေပြီးမှသာ အကြောင်းအရာ ပြောင်းကြပြီး သူတို့အကြောင်း သူတို့ဆက်ပြောနေခဲ့ကြသည်။ သူတို့၏ အသံကမတိုးချေ။

ကူးပြောင်းလာတိုင်း အမျိုးသားဇာတ်လိုက်ရဲ့လက်မောင်းထဲမှာ သေဆုံး။Where stories live. Discover now