Chapter - 48

3.8K 446 3
                                    

Unicode

ဒုန်း

တံခါးကိုဆောင့်ဖွင့်လိုက်ခြင်းကြောင့် ဂျေ၏အောက်မှာရှိနေသောအမျိုးသားဟာလန့်သွားသလို ဂျေကလည်းစောင်ဖြင့်သူ့အောက်ကလူအားဖုံးလွှမ်းလိုက်၏။ ကုန်းရီရှောင်နှင့်ကျိုးချန်ကုန်းက ကုတင်ပေါ်ကမြင်ကွင်းကြောင့်လာနေရင်းနဲ့အနောက်သို့ချက်ချင်းလှည့်ပစ်လိုက်ကြသည်။

ဂျေကဘောင်းဘီကိုဝတ်ကာရှပ်အင်္ကျီကိုဝတ်ရုံပဲဝတ်ထားကာကြယ်သီးပင်မတပ်ပဲ ကုန်းရီရှောင်ကိုစိုက်ကြည့်ပြီး ဒေါသသံဖြင့်ဆူငေါက်လိုက်သည်။

"ကုန်းရီရှောင် မင်းတံခါးမခေါက်တတ်ဘူးလား"

ကုန်းရီရှောင်ကလည်း သူ့အမှားဖြစ်တာကြောင့်တောင်းပန်၏။
"ဆောရီး ဂျေ။ငါအရမ်းအလျှင်လိုနေလို့..မင်းပြီးပြီလား"

"မပြီးလည်းပြီးရမှာပဲ..ပြော ဘာဖြစ်လို့လဲ?ပိုင်ချန်မင်းကိုပြဿနာရှာလိုက်တယ်မလား"

ဂျေက ကုန်းရီရှောင်ရောက်လာတာဟာသူ့ညီကြောင့်ဟုထင်လိုက်သည်။စိတ်မကောင်းစွာနဲ့ကုန်းရီရှောင်က ပိုင်ချန်ကိုခေါင်းထဲမှာတောင်မရှိချေ။ ကုန်းရီရှောင်ကကုတင်ပေါ်မှာစောင်ပုံထဲပုန်းနေသောလူကိုတစ်ချက်ကြည့်ပြီးနောက် သူကဂျေ့ကိုပြောလိုက်သည်။

"ဂျေ..ငါမင်းရဲ့အကူအညီလိုတယ်။ဒီကCCTVတွေကိုတစ်ချက်ကြည့်ပေးပါ..ငါ့အချစ်ကလေးပျောက်သွားလို့"

"ကျုပ်ချစ်သူဆိုလည်းဟုတ်တယ်"ဟုကျိုးချန်ကုန်းကလည်းဝင်ပြောလာ၏။

ဂျေ့မှာရှေ့ကနှစ်ယောက်ကိုကြောင်အမ်းအမ်းဖြင့်ကြည့်မိပြီးနောက် သဘောပေါက်သွားသည်။ သူကဟက်ခနဲရယ်လိုက်သည်။

"မင်းတို့က sandwichလုပ်နေကြတာလား..မလွယ်ကြောတွေပဲ"

ကျိုးချန်ကုန်းရဲ့မျက်နှာကရဲတက်သွားပေမဲ့ ကုန်းရီရှောင်ကတော့တည်ငြိမ်လို့နေတယ်။ သူ့လိုplayboyကဒီလိုစကားတွေကိုနားယဥ်နေပြီ။

ဂျေကကုတင်ပေါ်ကလူဆီတစ်ချက်သွားကာ တီးတိုးနဲ့တစ်စုံတစ်ရာပြောဆိုပြီးနောက် သူတို့ကိုလိုက်ခဲ့ဖို့ပြောပြီးအရှေ့ကထွက်သွားလေသည်။ ကျိုးချန်ကုန်းနဲ့ကုန်းရီရှောင်ကဂျေ့ရဲ့အနောက်ကနေလိုက်သွားကြ၏။ကျိုးချန်ကုန်းကဂျေ့အနောက်ကလိုက်ရင်းနဲ့ ကုန်းရီရှောင်ကိုနှစ်ကိုယ်ကြားရုံသာမေးလိုက်၏။

⚠I Became The 4th Male Lead⚠(Complete✔)Tahanan ng mga kuwento. Tumuklas ngayon