Chapter - 73

3K 355 4
                                    

Unicode

မိထွေးဖြစ်သူကလန့်သွားကာ သူ(မ)ရဲ့လက်ကိုရုန်းလိုက်သည်။ဒါပေမဲ့ ဝမ်ရန်ကောကသူ(မ)လက်ကိုမလွှတ်ပေးပဲ တင်းကြပ်စွာဆုတ်ကိုင်ထားလိုက်သည်။

"ခင်ဗျားကိုမေးနေတယ်လေ..ဘာကိစ္စကျုပ်အမေရဲ့လက်ကောက်ကခင်ဗျားဆီရောက်နေရတာလဲ!"

"အာ့ ငါ့လက်ကိုလွှတ်!..အကိုရေ..ကျွန်မလက်နာနေပြီ ဟင့်"

မိထွေးကသူ့အဖေဆီလှည့်ကာသနားကမားဖြင့် အကူအညီတောင်းလာသည်။ ဝမ်ရန်ကောမှာထိုမိန်းမရဲ့အသံကိုအော်ဂလီဆန်သွားရသည်။ ဝမ်သခင်ကြီးကသူ့မိန်းမကိုအပြစ်တင်လိုက်တော့သည်။

"မင်းကိုအဲ့လက်ကောက်ကိုမထိဖို့ပြောထားတယ်လေ။အခုချက်ချင်း သားကိုပြန်ပေးလိုက်စမ်း"

"အကို..ဒါပေမဲ့"

"ပြန်မပြောနဲ့..ပေးလိုက်!"

မိထွေးဟာမကျေနပ်ပေမဲ့ သူ(မ)ရဲ့လက်ကလက်ကောက်ကိုချွတ်လိုက်ပြီး ဝမ်ရန်ကောကိုမပေးချင်ပေးချင်နဲ့ပေးလိုက်ရသည်။ ဝမ်ရန်ကောကမိထွေးလက်ထဲကသူ့အမေရဲ့လက်ကောက်ကိုချက်ချင်းဆွဲယူလိုက်ပြီး ထမင်းဝိုင်းမှထလိုက်၏။

"သား မစားတော့ဘူးလား?"

ဝမ်ရန်ကောက မိထွေးကိုအထင်သေးရှုံ့ချစွာကြည့်လိုက်ပြီး..
"စားချင်စိတ်မရှိတော့ဘူး..ကျွန်တော်အခန်းပြန်နားတော့မယ်"

"အေး အေး..ဗိုက်ဆာလာရင် တစ်ယောက်ယောက်ကိုပြောလိုက် ဟုတ်ပြီလား"

ဝမ်ရန်ကောခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ထမင်းဝိုင်းမှလှည့်ထွက်သွားလိုက်တော့သည်။ ဝမ်သခင်ကြီးကတော့ သူ့ဇနီးကိုအပြစ်တင်တဲ့မျက်လုံးတို့ဖြင့်စိုက်ကြည့်လိုက်တော့သည်။

ဝမ်ရန်ကောဟာသူ့အမေနေခဲ့တဲ့အခန်းဆီသို့သွားလိုက်ပြီး စင်ပေါ်တင်ထားသောလက်ဝတ်ရတနာများထည့်သည့်သေတ္တာငယ်ကိုဖွင့်လိုက်ကာ သူ့အမေရဲ့လက်ကောက်ကိုသေချာပြန်သိမ်းလိုက်၏။ ထိုနောက်ရတနာသေတ္တာကိုပိုက်ပြီးနောက် သူ့အခန်းဆီသို့သွားလိုက်တော့သည်။

ညရောက်တဲ့အခါမှာသူဗိုက်ဆာလာ၏။မိထွေးဖြစ်သူကြောင့် ညစာကိုဝလင်အောင်မစားခဲ့ရဘူးမဟုတ်ပါလား။ဒါကြောင့် ဝမ်ရန်ကောဟာသူ့အခန်းထဲမှထွက်လာလိုက်သည်။

⚠I Became The 4th Male Lead⚠(Complete✔)Wo Geschichten leben. Entdecke jetzt