Chapter - 84

3K 313 1
                                    

Unicode

"အဆင်သင့်ဖြစ်ပြီလား"

ဝမ်ရန်ကောဟာKuroကိုပွတ်သပ်လိုက်ရင်း ချီလန့်ကိုလှည့်ကြည့်ကာမေးလိုက်၏။ ချီလန်ဟာလုံခြုံရေးဦးထုတ်ကိုဆောင်းထားပြီး အဆင်သင့်ဝတ်ဆင်ထားသောမြင်းစီးအဝတ်အစားနှင့်ဒူးကာတို့ကိုလည်းတပ်ဆင်ထားသည်။ ဦးထုတ်ကြားထဲကမျက်နှာချောချောလေးက ဝမ်ရန်ကောကိုစွဲဆောင်လို့နေ၏။

ချီလန်ကအဆင်သင့်ဖြစ်ကြောင်းခေါင်းညိတ်ပြလိုက်၏။ လူသားတွေရဲ့မြင်းစီးလေ့ကျင့်မှုက တော်တော်အလုပ်ရှုပ်လွန်းသည်။ ဦးထုတ်လည်းဆောင်းရ၊ဒူးကာတွေလည်းတပ်ရသေးသလို အဝတ်အစားကလည်းလဲရသေး၏။

ဝမ်ရန်ကောကချီလန်ရဲ့ခါးမှနေအသာလေးမလိုက်ကာ မြင်းပေါ်တင်ပေးလိုက်၏။ ချီလန်ကဝမ်ရန်ကောကိုမျက်မှောင်ကြုတ်ကာစိုက်ကြည့်မိသည်။ မြင်းပေါ်တက်ဖို့အောက်မှာခြေနင်းခုံရှိနေပြီးသားကို သူ့ကိုအခုလိုချီမပြီးတင်လိုက်တာကြောင့် ချီလန်ကကြောင်အမ်းအမ်းဖြစ်မိသွားသည်။

ဝမ်ရန်ကောကချီလန်အတွေးကိုသိသည့်အလား ခပ်ပြုံးပြုံးဖြင့်ဖြေလာသည်။

"ကိုယ်မင်းကိုချီချင်လို့ပါ.."

"..."

လိပ်တကောင်လိုနှေးကွေးမည်ဟုထင်မိသည့်လူက အခုကျတော့အာသွက်လျှာသွက်ဖြင့် ဒင်းမပြောရဲတာမရှိချေ။

"အရင်ဆုံး ဒီကွင်းထဲတပတ်ပတ်ကြမယ်။ဟုတ်ပြီလား.."

"နေပါဦး..မင်းငါ့ကိုအခြေခံကနေစပြီးသင်ပေးမလို့တော့မဟုတ်ဘူးမလား။ငါအဲလောက်တော့မစီးတတ်တာမဟုတ်ပါဘူးနော်.."

"ဒါဆို.."

ဝမ်ရန်ကောကမြင်းပေါ်သို့ခုန်တက်လိုက်ပြီး ချီလန့်အနောက်မှာထိုင်လိုက်၏။ ထိုနောက်မြင်းဇက်ကြိုးကိုကိုင်လိုက်ပြီး..

"ကိုယ်တို့အပြင်မှာလျှောက်ပတ်စီးကြရအောင်"

"မင်းပြောတော့မြင်းစီးသင်ပေးမှာဆို!"

"အင်းလေ၊ ကိုယ်နဲ့အတူလိုက်စီးရင်သင်ပေးမယ်လေ.."

"ဟမ့်..ပြီးတာပဲ"

⚠I Became The 4th Male Lead⚠(Complete✔)Where stories live. Discover now