True Star _ Volume III _ Chapter (33)_ Red carpet

3.7K 639 24
                                    

True Star _ Volume III _ Chapter (33)_  Red carpet



"အစ္ကိုTang Feng ကြၽန္ေတာ္တို႔ထပ္ေတြ႕မယ္ဆိုတာ သိေနတယ္။ "

ဗင္းနစ္ၿမိဳ႕က လမ္းေဘးနားကေကာ္ဖီဆိုင္ေလးတစ္ခုမွာ ထိုင္ေနတဲ့ လီက သူ႔ေခါင္းကိုလႈပ္ၿပီး ေကာ္ဖီေသာက္ရင္း စိတ္လႈပ္ရွားစြာေျပာခဲ့သည္။

အဲလ္ဘတ္ လက္ထဲကေန လြတ္ေျမာက္လာၿပီးေနာက္ လီက သူ႔ၿမိဳ႕ကို ျပန္လာခဲ့သည္။ အထူးစိတ္လႈပ္ရွားဖြယ္ေကာင္းေသာ အေတြ႕အႀကဳံသည္ ထိုလူငယ္အား  စိတ္အားထက္သန္ေသာ လူငယ္ တစ္ ဦး အျဖစ္ေျပာင္းလဲလိုက္ၿပီး   သတင္းေထာက္ တစ္ေယာက္ျဖစ္လာရန္ စိတ္အားထက္သန္ခဲ့ သည္။

"အဲ့ဒီတုန္းက တကယ့္ကိုေၾကာက္စရာေကာင္းတယ္၊ ဒါေပမယ့္ အဲ့ဒါက ကြၽန္ေတာ့္ကို အျမင္က်ယ္လာေစတယ္။  အစ္ကိုTang Feng ကြၽန္ေတာ္တို႔က ဒီေျမႀကီးေပၚမွာအတူတူေနၾကတဲ့လူေတြျဖစ္မယ့္ မတူညီတဲ့  ကမာၻေတြမွာေနေနၾကတဲ့ လူေတြရွိတယ္ဆိုတာ သိလိုက္ရတယ္ "

Li Dong zai က တစ္ခုခုကို ခံစားခဲ့ရၿပီး ေျပာခဲ့သည္။

Tang Feng က   ေခါင္းကိုခါလိုက္ၿပီး ေမးလိုက္သည္။

" မင္းမေၾကာက္ဘူးလား? တကယ္လို႔ အဲလ္ဘတ္ မဟုတ္ပဲ အျခား ဂိုဏ္းစတားတစ္ေ ယာက္ေယာက္ ျဖစ္ေနမယ္ဆိုရင္ မင္းရဲ႕ အဆုံးသတ္က ကြဲျပားျခားနားႏိုင္တယ္။ လူ႔ဘ ၀ က ေပ်ာ္စရာမဟုတ္ေတာ့ပဲ အသာေလး အဆုံးသတ္သြားႏိုင္တယ္ေနာ္"

သို႔ေသာ္ေနာက္ဆုံးတြင္ သတင္းေထာက္ျဖစ္ျခင္းသည္ Li Dong zai ၏အံ့ၾသဖြယ္အေတြ႕အႀကဳံကို ေသခ်ာေပါက္ရေစခဲ့ၿပိး ေၾကာက္႐ႊံ႕မႈေၾကာင့္ သူ႔ဝါသနာကို မေပ်ာက္ကြယ္ေစႏိုင္ေတာ့ေပ။

 လူငယ္မ်ားတြင္ေကာင္းေသာစိတ္ထားႏွင့္ တက္ႂကြမႈရွိေသာေၾကာင့္ ငယ္႐ြယ္ခ်ိန္မွာ သူတို႔ျဖစ္ခ်င္တာ လုပ္ဖို႔အခြင့္ေရးရွိၾကသည္။ ေနာင္ အသက္ႀကီးသြားခ်ိန္တြင္ ေတြေဝေနတာ မ်ားလာၿပီး မလုပ္ျဖစ္ႏိုင္ေတာ့ေပ။

"ကြၽန္ေတာ္ ေၾကာက္တာေပါ့ အကို Tang, ဒါေပမယ့္ ကြၽန္ေတာ္ ေၾကာက္ေနၿပီး အိမ္မွာပဲေနမွာ မဟုတ္ဘူး။ လူေတြအမ်ားႀကီးနဲ႔ ေတြ႕ခ်င္ေနေသးတယ္၊  အစ္ကို Tang ။ ကြၽန္ေတာ့္ အင္တာဗ်ဴးကို လက္ခံေပးႏိုင္မလား၊ ကြၽန္ေတာ္ ေမးခြန္း နည္းနည္းပဲ ေမးမွာပါ။ အကိုႀကီးရဲ႕အခ်ိန္ကို မေႏွာင့္ေႏွးေစပါဘူး! "

Li Dong zai ကသူ၏လက္ကိုဆုပ္ကိုင္ကာ " ေတာင္းပန္ပါတယ္၊ အဆင္ေျပမလား" ဟုေတာင္းပန္ခဲ့သည္။

" ဘာမွ မျဖစ္ပါဘူး။ အခုက ႐ုပ္ရွင္ပြဲေတာ္ ကာလအတြင္း ငါက ဆုနည္းနည္းပါးပါးရေနလို႔ မင္းက ငါ့ကို နာမည္ႀကီးလွၿပီလို႔ ထင္ေနတာပါ။ တကယ္ေတာ့ ႏွစ္တိုင္းမွာ လူအမ်ားႀကီးက ဆုေတြရေနတာပါပဲ။ ဒီကာလမွာပဲ လူေတြက ဆုရတဲ့လူကို အာ႐ုံနည္းနည္းပါးပါးစိုက္မိ႐ုံပါ။ ႐ုပ္ရွင္ပြဲေတာ္ ၿပီးသြားရင္ အားလုံးက ဒီလို ပုံမွန္ပဲ ျပန္ျဖစ္သြားမွာပါပဲ။ မင္းက အခုခ်ိန္မို႔ ငါ့ကို နာမည္ႀကီးတယ္ထင္ေနတာပါ။ "


"အကို Tang Feng အကိုကက အရမ္းေၾကာက္စရာေကာင္း ေလာက္ေအာင္ အရည္ခ်င္းရွိတယ္။ အကိုက သူမ်ား အႏုပညာရွင္နဲ႔မတူပဲ  ဒုတိယနဲ႔တတိယအဆင့္မွာရွိေနေသးေပမယ့္ ႏိုင္ငံတကာ ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရၿပီး ဆုရခဲ့တယ္။ "

သူ႔ကိုယ္ပိုင္အေတြ႕အႀကဳံကို အမွတ္ရေနပုံရၿပီး Li Dong zaiက စိတ္လႈပ္ရွားစြာေျပာလိုက္သသည္။

"ကြၽန္ေတာ့္ စီနီယာတစ္ေယာက္ေျပာတာ ၾကားဖူးတယ္။ ကြၽန္ေတာ္တို႔ သတင္းေထာက္ေတြက သတင္းရ႐ုံသက္သက္နဲ႔ နာမည္ေက်ာ္ အႏုပညာရွင္ေတြကို ခ်ည္းကပ္တာ မဟုတ္ပဲ မိတ္ေဆြဖြဲ႕ၿပီး ေကာင္းမြန္တဲ့ ဆက္ဆံေရးကို တည္ေဆာက္ထားရင္ အျပန္လွန္ အက်ိဳးရွိေစႏိုင္တယ္တဲ့။ ဒါက တကယ္မွန္တာပဲ။  သူငယ္ခ်င္းေတြဆိုတာက တစ္ေယာက္ကို တစ္ေယာက္ကူညီေပးၾကတာပဲ မဟုတ္လား?"

Li Dong zai ကေခါင္းကို ငုံ႔ၿပီး ေခါင္းကိုကုတ္ကာ ၿပဳံးလိုက္သည္။

" အစ္ကို Tang၊ ကြၽန္ေတာ္က တဲ့တိုးေျပာတတ္လို႔ စိတ္မရွိပါနဲ႔"

"ဒါကအမွန္ပါပဲ"

" ဒါဆို ကြၽန္ေတာ္တို႔ မိတ္ေဆြေတြျဖစ္သြားၾကၿပီေပါ့ေနာ္။ အကို ကြၽန္ေတာ္ အင္တာဗ်ဴးကို လက္ခံေပးပါ။ ေနာက္မွာ အကို႔ကို ကြၽန္ေတာ္ ျပန္ေပးဆပ္ပါ့မယ္ဗ်ာ။ ကြၽန္ေတာ္က အငယ္တန္းသတင္းေထာက္ျဖစ္ေပမယ့္ တတ္ႏိုင္သေလာက္ ျပန္ေပးဆပ္မွာပါ။ "


Li Dong zai သည္ သူ၏ႏွာေခါင္းကိုထိလိုက္ၿပီး ရွက္႐ြံ႕စြာေျပာလိုက္ သည္။ Li Dong zai
သည္ ျပန္ေပးဆြဲသည့္ေနာက္ဆုံးျဖစ္ရပ္ေၾကာင့္ သူ မထိခိုက္ခဲ့သည္ကိုျမင္ရေသာ Tang Feng က ၿပဳံးကာ ေျပာလိုက္သည္။

" သတင္းေထာက္ႀကီးေတြ၊ အႏုပညာၾကယ္ႀကီးေတြဆိုတာ ဘယ္သူမွ ေမြးကတည္းက ျဖစ္မလာဘူး။ ငါတို႔အားလုံး ႀကိဳးစားဖို႔ အခြင့္ေရးရွိပါတယ္။ "


လူႏွစ္ ဦး ဟာတစ္ေယာက္ကိုတစ္ေယာက္အားေပးေနၾကသည္။

 လီ  က  အနာဂတ္မွာသတင္းေထာက္ႀကီးျဖစ္လာေအာင္ လုပ္မယ္လို႔ စိတ္ပိုင္းျဖတ္လိုက္ၿပီး နာမည္ႀကီး သတင္းေထာက္ အျဖစ္ ေနာင္မွာ အကို   Tang Feng နဲ႔သီးသန႔္အင္တာဗ်ဴး ထပ္လုပ္ဖို႔ စိတ္ကူးထားေၾကာင္းေျပာ လိုက္သည္။

Tang Feng က ထိုေန႔ကိုေစာင့္ေနမည္ျဖစ္ေၾကာင္း ေျပာလိုက္သည္။


............

 ႐ုပ္ရွင္ပြဲေတာ္အတြင္းမွာအရာအားလုံးပုံမွန္ျဖစ္ေနသည္။ ျပန္ေပးဆြဲသူမ်ား၊ လူသ တ္သမားမ်ားႏွင့္ကိုယ္ရံေတာ္မ်ားမရွိေပ။ ႐ုပ္ရွင္ပြဲေတာ္၏ ၀ န္းက်င္တြင္ ၀ င္ေရာက္ျခင္းသည္ အလြန္ေကာင္းသည္။ Tang Feng သည္ ယခုအခ်ိန္တြင္ ႐ုပ္ရွင္ၾကည့္ျခင္း၊ Randa ႏွင့္အတူစားေသာက္ျခင္းႏွင့္ ဘာမွ်မေျပာင္းလဲသကဲ့သို႔ အခ်ိန္ ျဖဳန္းေနသည္။

အဆိုပါ႐ုပ္ရွင္ပြဲေတာ္သည္ ဖြင့္ပြဲႏွင့္ ပိတ္ပြဲရွိၿပီး ယေန႔ည ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ ဆုေပးသည့္ အခမ္းအနားကို ျပဳလုပ္ၿပီး ပိတ္ပြဲအခမ္းအနားကို ယေန႔က်င္းပလိမ့္မည္ျဖစ္သည္။

မြန္းလြဲသုံးနာရီခန႔္တြင္ ပိတ္ပြဲအခမ္းအနား၌ အနီေရာင္ေကာ္ေဇာေပၚေလွ်ာက္လွမ္းလာမည့္ အႏုပညာရွင္မ်ားကိုေစာင့္ေနသည့္ သတင္းေထာက္မ်ားႏွင့္ပရိသတ္မ်ားက အျပင္ဘက္တြင္ ႀကိတ္ႀကိတိုး တန္းစီေနသည္။

Tang Feng တို႔ေရာက္ခ်ိန္ က ၄ း ၃၀ ခန႔္တြင္ျဖစ္သည္၊ အေၾကာင္းမွာ သူတို႔သည္ အဝတ္အစားမ်ားကို ရွာေဖြရန္အလ်င္စလို မတတ္ႏိုင္ေသာေၾကာင့္ျဖစ္သည္။ Tang Feng က လက္ေထာက္အခ်ိဳ႕အား အခ်ိဳ႕ေသာသတင္းေထာက္မ်ားအတြက္ အခ်ိဳရည္မ်ား ၀ ယ္ရန္ႏွင့္ သူတို႔ကိုစားရန္ေျပာခဲ့သည္။ ဒါက  ေသးငယ္တဲ့ကူညီမႈေလးျဖစ္ေပမယ့္

သူက Fiennes ဘဝ ကတည္းက ဒီအေလ့အက်င့္ရွိခဲ့တာ ျဖစ္သည္။ လူအခ်ိဳ႕က သူဟာ လူေကာင္းတစ္ေယာက္ အျဖစ္ ဟန္ေဆာင္တတ္ၿပီး အခ်ိဳ႕က သူဟာ သတင္းေထာက္ေတြကို ရည္႐ြယ္ခ်က္ရွိရွိ လာဘ္ထိုးသည္ဟု ဆိုၾကသည္။ ဒါေပမယ့္ မင္းက တစ္ႏွစ္၊ ႏွစ္ႏွစ္၊  ဆယ္ႏွစ္ သို႔မဟုတ္ ႏွစ္ႏွစ္ဆယ္အထိ ဆက္လုပ္ေနမယ္ဆိုရင္ေတာ့  မည္သူတစ္ ဦး တစ္ေယာက္မွ ခုလို မေျပာႏိုင္ေတာ့ေပ။  

နားလည္သေဘာေပါက္ျခင္း သည္ၾကာျမင့္ေသာ္လည္း Tang Feng က အျခားသူမ်ားက သူ႔ကိုနားလည္သည္ကို တန္ဖိုးမထားေခ်။

ဒါက သူ႔အတြက္ ဒုတိယေျမာက္အနီေရာင္ေကာ္ေဇာေပၚ ေလွ်ာက္လွမ္းရျခင္း ျဖစ္သည္။ ပထမတစ္ခါလိုပဲ အာ႐ုံစူးစိုက္မႈ သိပ္လုပ္စရာမလိုေပ။ သူတို႔ ႐ုပ္ရွင္သည္အလြန္ေအာင္ျမင္ခဲ့ေသာ္လည္း နာမည္ႀကီးဒါ႐ိုက္တာ၏လက္ရာအေနျဖင့္ ဤ"Satan's Alley"  ဇာတ္ကား တြင္ Fiennes ကဲ့သို နာမည္ႀကီးမင္းသားႀကီးမပါေပမယ့္ ေနာက္ဆုံး ဆုရေအာင္ ႐ိုက္ကူးႏိုင္ခဲ့သည္။  

လူအနည္းငယ္သာ ဒီ႐ုပ္ရွင္မ်ားကို ၾကည့္ဖူးတယ္ဆိုတာ ေျပာဖို႔ပင္ မလိုေပ။

Tang Feng က သူ အရင္ဘဝက အနီေရာင္ေကာ္ေဇာေပၚကို ပထမဆုံးအႀကိမ္ ေလွ်ာက္သြားရစဥ္က ယခုထက္ ပိုမိုဆိုး႐ြားခဲ့ေၾကာင္း သတိရေနမိသည္။ ထိုအခ်ိန္က သူသည္ အရန္အျဖစ္သာ သ႐ုပ္ေဆာင္ရၿပီး ႐ုပ္ရွင္သတင္းေထာက္အားလုံးက နာမည္ႀကီး စတားေတြေနာက္ကို ၿပဳံလိုက္သြာတာကို ၾကည့္ၿပီးေနာက္ကေနသာ မထင္မရွားလိုက္ခဲ့ရသည္။

ထိုႏွစ္က Fiennes ႏွင့္ ႏႈိင္းယွဥ္လွ်င္ Tang Feng အျဖစ္က အေတာ္ေလးကို ေနရာရသည္ဟု ဆိုႏိုင္သည္။
ဒါေပမယ့္ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ရဲ႕ပိတ္ပြဲအခမ္းအနားမွာ အနီေရာင္ေကာ္ေဇာထက္က Tang Feng ကို သတင္းေထာက္ေတြ ဆက္ၿပီးအထင္မေသးႏိုင္ေတာ့ေပ။

"Randa?"

အနီေရာင္ေကာ္ေဇာေပၚ ေလွ်ာက္ဖို႔ အလွည့္ကိုေစာင့္ေနသည့္ အခ်ိန္  ေစာင့္ေနေသာ Tang Feng သည္ အျပာေရာင္ဝတ္စုံျဖင့္ လွပေသာမိန္းမတစ္ေယာက္ကို ႐ုတ္တရက္ေတြ႕လိုက္သည္။ လွပေသာ ၀ တ္စုံ ၀ တ္ထားေသာ အမ်ိဳးသမီးသည္ ကားအျပင္ဘက္တြင္ရပ္ကာ ျပတင္းေပါက္မွ တဆင့္ ၿပဳံးျပေနသည္။ Tang Feng တံခါးကိုအျမန္ဖြင့္လိုက္သည္။

 "ခင္ဗ်ား ဘာလို႔ ဒီမွာလာေနတာလဲ"

သူတို႔ႏွစ္ ဦး သည္ တစ္ ဦး ကိုတစ္ ဦး အခ်ိန္ၾကာၾကာ မသိခဲ့ၾကေသာ္လည္း၊ ရက္အနည္းငယ္အတြင္းတြင္ အတူတြဲမိၿပီးေနာက္ Randa သည္ Tang Feng ကို  သူငယ္ခ်င္းေကာင္းတစ္ ဦး အျဖစ္ သတ္မွတ္ခဲ့ပုံရသည္။ ဒါက သူမ ခင္ပြန္း ေဂ်ာ့ခ္်အတြက္ပင္ အံ့ၾသစရာျဖစ္ခဲ့သည္။

"အနီေရာင္ေကာ္ေဇာေပၚမွာ ငါနဲ႔အတူ လိုက္ပါမယ့္ လူတစ္ေယာက္လိုေနတယ္။"

 Randa က Tang Feng  ကားထဲ ဝင္လာလိုက္ၿပီး အျပင္က သတင္းေထာက္ အားလုံး ဓါတ္ပုံဝိုင္း႐ိုက္သည္ကို ဂ႐ုမစိုက္ပဲ တံခါးကို ပိတ္လိုက္သည္။

"ေဂ်ာ့ခ္်ေကာ၊ ခင္ဗ်ား ကြၽန္ေတာ့္အတြက ္ဒီကို လာတယ္လို႔ေတာ့ မေျပာနဲ႔...  "

Tang Feng က အမ်ိဳးသမီး၏ ေျမေပၚ တ႐ြတ္ဆြဲေနေသာ စကတ္ရွည္ကိုဆြဲယူၿပီး  ေျပာလိုက္သည္။

Tang Feng က ေဂ်ာ့ခ္်ႏွင့္ပတ္သက္ ၿပီး ေျပာလိုက္ေတာ့   Randa သည္ေခါင္း ခါလိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"အိုး ..  ခ်စ္လွစြာေသာ Tangေရ ... ကြၽန္မ ေယာက်ာ္း အေၾကာင္းကို မေျပာပါ နဲ႔၊ ေဂ်ာ့ခ္်ဟာ အစုရွယ္ယာရွင္ေတြ ႐ုတ္တရက္ အစည္းအေဝး က်င္းပလိုက္လို႔  သူကၿပီးခဲ့တဲ့ညမွာ နယူးေယာက္ကိုေလယာဥ္နဲ႔ျပန္သြားခဲ့တယ္။ အခု ကြၽန္မက ေယာက္်ား မရွိလို႔ တေယာက္တည္း ပြဲတက္လာေနရတယ္။ "

Randaကၿပဳံးၿပီး Tang Feng ရဲ႕ပခုံးေပၚမွာ လက္ကိုတင္လိုက္ၿပီးေျပာင္ေျပာင္တင္းတင္းေျပာလိုက္သည္။

" သူမရွိတာ ပိုေကာင္းတယ္၊ ဒါမွ အနီေရာင္ေကာ္ေဇာေပၚမွာ မင္းနဲ႔အတူ လမ္းေလွ်ာက္ႏိုင္မယ္။ Tang Feng မင္းက ေဂ်ာ့ခ္်ထက္ပိုၿပီး ေခ်ာေမာတယ္။ "

"  ကြၽန္ေတာ္က လႈိက္လွဲစြာ ကူညီဖို႔ အသင့္ပါပဲ။ အစ္မ အဆင္ေျပပါ့မလား? "

Tang Feng ကအနည္းငယ္စိတ္ပူေနသည္။  ဒီမိန္းကေလး သူငယ္ခ်င္းေဟာင္းက တကယ့္ကိုထင္ရာစိုင္းတတ္တယ္၊ ဒါေပမယ့္ Randa ရဲ႕ေတာင္းဆိုခ်က္အရ သူကျငင္းဆန္ဖို႔ခက္ေနတယ္။

"Tang, ငါ့ကိုျငင္းပယ္ဖို႔ မႀကိဳးစားနဲ႔ေတာ့ ... ငါ ဒါ႐ိုက္တာ Li Wei ကိုႀကိဳတင္ေျပာထားၿပီးပါၿပီ၊ သူက မင္းကို ငါနဲ႔အတူအနီေရာင္ေကာ္ေဇာေပၚ ေလွ်ာက္ဝင္လာတာကိုေတြ႕ရရင္  ၀ မ္းသာေနလိမ့္မယ္၊ ငါက အေခ်ာစားေလးပါေနာ္... မင္းနဲ႔ပတ္သက္ၿပီး ငါ့ကို ဘာေတြ ေျပာခ်င္ေသးလဲ။  "


Tang Feng က သူမထက္ငယ္ေပမယ့္ သူမက ေကာင္မေလး တစ္ေယာက္လို ပုံစံႏွင့္ေျပာလိုက္သည္။

Tang Fengက လက္ေျမႇာက္လိုက္ရေတာ့သည္။ သူက Randa ကို အသာဖက္ကာ ေျပာလိုက္သည္။

 " ခင္ဗ်ားရဲ႕ တြဲဖက္အျဖစ္ ေကာ္ေဇာနီေပၚေလွ်ာက္ခြင့္ရတာ  ဂုဏ္ယူပါတယ္။"
.........

ပိတ္ပြဲအခမ္းအနား၏အနီေရာင္ေကာ္ေဇာထက္တြင္ ကမာၻတ ဝွမ္း မွမေရမတြက္ႏိုင္ေသာ သတင္းေထာက္မ်ားသည္ အနီေရာင္ေကာ္ေဇာေပၚကိုေလွ်ာက္လွမ္းလာေသာၾကယ္ပြင္းတိုင္းကိုယ္ေပၚ သူတို႔၏ကင္မရာမ်ားျဖင့္ ခ်ိတ္ကာ မလြတ္တမ္း ႐ိုက္ယူေနသည္။  

ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ပိတ္ပြဲအခမ္းအနား၏အနီေရာင္ေကာ္ေဇာေပၚကိုေက်ာ္ၾကားေသာမင္းသမီး Randa က သိမ္းပိုက္လိုက္ မည္ျဖစ္ ေၾကာင္း မီဒီယာသတင္းေထာက္မ်ား အားလုံးက သိေနၾကသည္။ သို႔ေသာ္ Randa ေဘးတြင္ ရပ္ေနေသာ သူသည္ လူသိမ်ားေသာ ေဂ်ာ့ခ္်မဟုတ္ေသာ္ပဲ မ်က္ႏွာစိမ္း သ႐ုပ္ေဆာင္ေလးျဖစ္ေနမယ္ဆိုတာ အားလုံးက လုံးဝ မသိၾကေသးပါ။  ထိုလူငယ္ေလးက ထူးဆန္းေသာ သ႐ုပ္ေဆာင္ အသစ္ေလးျဖစ္သည္။

Tang Feng ႏွင့္ Randa တို႔ လက္ခ်င္းခ်ိတ္ကာ အနီေရာင္ေကာ္ေဇာေပၚတြင္ အၿပဳံးျဖင့္ ေအးေအးေဆးေဆး လမ္းေလွ်ာက္သြားေသာအခါလူ မ်ားသည္ လွပေသာ Randa ကိုသာမက Randa ႏွင့္မပတ္သက္ေသာ သူ႔အနားရွိ တပါးေသာ ေယာက္်ားေလးကိုပါ အာ႐ုံစိုက္သြားၾကသည္။  

သူ ဘယ္သူလဲ? သူ႔ နာမည္က ဘာလဲ ။ သူ ဘယ္ကေန လာတာလဲ? သူဘာေၾကာင့္ Randa နဲ႔အတူလမ္းေလွ်ာက္ခဲ့တာလဲ ဆိုသည့္ ေမးခြန္းက သတင္းေထာက္အားလုံးရဲ႕ေခါင္းထဲ ေရာက္ေနသည္။

"မနက္ျဖန္သတင္းစာထဲမွာ ဘယ္လို ေရးလာမလဲ သိလား  "

 Randa လမ္းေလွ်ာက္ရင္း Tang Feng  နားကို ကပ္ကာ တီးတိုးေျပာ လိုက္သည္။

"Randa ဟာ အခ်စ္ေဟာင္းကို စြန႔္ပစ္ၿပီး အသစ္ရွာသြားၿပီ။ အေရွ႕တိုင္းသားေလးနဲ႔ခ်စ္မိသြားၿပီ ဆိုတာမ်ိဳးလား"

Tang Feng ညင္သာစြာရယ္ကာ ေျပာလိုက္သည္။ ဒီေဖ်ာ္ေျဖေရးေလာကထဲက သတင္းေထာက္ေတြရဲ႕အႀကိဳက္ဆုံးကေတာ့ နာမည္ႀကီးအႏုပညာရွင္ေတြ ကြာရွင္းေတာ့မယ့္သတင္းျဖစ္သည္။

Randa ႏွင့္ George တို႔လက္ထပ္ၿပီးႏွစ္တိုင္းနီးပါးႏွစ္ ဦး လုံး ကြာရွင္းလိမ့္မည္ဟု သတင္းအတုမ်ား ထြက္လာသည္။

" ကံေကာင္းတာက ကြၽန္ေတာ့္အကိုနဲ႔ အစ္မေတြက ႏြားအိုျမက္ႏုႀကိဳက္မဟုတ္လို႔ေပါ့။ မဟုတ္ရင္ ကြၽန္ေတာ္ေတာ့ အရမ္းကို ေဒါသထြက္မိေတာ့မယ္။"

Randaကအသံတိုးတိုးျဖင့္ရယ္သည္။ Tang Feng ၏လက္ေမာင္းကို ိုကိုင္ကာ အသက္ျပင္းျပင္းရႉလိုက္သည္။

" သူတို႔ ေရးခ်င္သလို ေရးခြင့္ျပဳလိုက္ပါ။ မင္း ေၾကာက္ေနလား "

" ကြၽန္ေတာ္ ေၾကာက္ရင္ ဒီကိုေတာင္ ေရာက္လာမွ မဟုတ္ဘူး။ "

Tang Feng ႏွင့္ Randa တို႔အခ်င္းခ်င္းၿပဳံးျပလိုက္ၾကသည္။ ဤအခ်ိန္တိုေလးအတြင္း Randaသည္ Tang Feng ေနရာတြင္  Fiennes ကို ျမင္ေယာင္လာမိသည္။

သူမက  Tang Feng ကို  သူမအေဖာ္အျဖစ္ ဘာေၾကာင့္ေ႐ြးခဲ့သည္ ကို သူမရဲ႕ ေအးဂ်င့္ကေတာင္ နားမလည္ႏိုင္ေပ။

သို႔ေသာ္ သူမသည္ ႐ုပ္ရွင္ထဲတြင္ Tang Feng ကို ပထမဆုံး အႀကိမ္ေတြ႕ျမင္ခဲ့ၿပီး သူမသည္ ဒီ အာရွတိုက္သား သ႐ုပ္ေဆာင္ေလး က ေနာင္တြင္  ကမာၻေက်ာ္ စူပါစတားျဖစ္လာလိမ့္မည္ကို သူမ ေသခ်ာ သိေန သည္။

ကံေကာင္းေထာက္မစြာျဖင့္ ေဂ်ာ့ခ္်က သူမ အထင္ကို ေထာက္ခံခဲ့သည္။

================









True Star _ Volume III _ Chapter (33)_  Red carpet



"အစ်ကိုTang Feng ကျွန်တော်တို့ထပ်တွေ့မယ်ဆိုတာ သိနေတယ်။ "

ဗင်းနစ်မြို့က လမ်းဘေးနားကကော်ဖီဆိုင်လေးတစ်ခုမှာ ထိုင်နေတဲ့ လီက သူ့ခေါင်းကိုလှုပ်ပြီး ကော်ဖီသောက်ရင်း စိတ်လှုပ်ရှားစွာပြောခဲ့သည်။

အဲလ်ဘတ် လက်ထဲကနေ လွတ်မြောက်လာပြီးနောက် လီက သူ့မြို့ကို ပြန်လာခဲ့သည်။ အထူးစိတ်လှုပ်ရှားဖွယ်ကောင်းသော အတွေ့အကြုံသည် ထိုလူငယ်အား  စိတ်အားထက်သန်သော လူငယ် တစ် ဦး အဖြစ်ပြောင်းလဲလိုက်ပြီး   သတင်းထောက် တစ်ယောက်ဖြစ်လာရန် စိတ်အားထက်သန်ခဲ့ သည်။

"အဲ့ဒီတုန်းက တကယ့်ကိုကြောက်စရာကောင်းတယ်၊ ဒါပေမယ့် အဲ့ဒါက ကျွန်တော့်ကို အမြင်ကျယ်လာစေတယ်။  အစ်ကိုTang Feng ကျွန်တော်တို့က ဒီမြေကြီးပေါ်မှာအတူတူနေကြတဲ့လူတွေဖြစ်မယ့် မတူညီတဲ့  ကမ္ဘာတွေမှာနေနေကြတဲ့ လူတွေရှိတယ်ဆိုတာ သိလိုက်ရတယ် "

Li Dong zai က တစ်ခုခုကို ခံစားခဲ့ရပြီး ပြောခဲ့သည်။

Tang Feng က   ခေါင်းကိုခါလိုက်ပြီး မေးလိုက်သည်။

" မင်းမကြောက်ဘူးလား? တကယ်လို့ အဲလ်ဘတ် မဟုတ်ပဲ အခြား ဂိုဏ်းစတားတစ်ေ ယာက်ယောက် ဖြစ်နေမယ်ဆိုရင် မင်းရဲ့ အဆုံးသတ်က ကွဲပြားခြားနားနိုင်တယ်။ လူ့ဘ ၀ က ပျော်စရာမဟုတ်တော့ပဲ အသာလေး အဆုံးသတ်သွားနိုင်တယ်နော်"

သို့သော်နောက်ဆုံးတွင် သတင်းထောက်ဖြစ်ခြင်းသည် Li Dong zai ၏အံ့သြဖွယ်အတွေ့အကြုံကို သေချာပေါက်ရစေခဲ့ပြိး ကြောက်ရွှံ့မှုကြောင့် သူ့ဝါသနာကို မပျောက်ကွယ်စေနိုင်တော့ပေ။

 လူငယ်များတွင်ကောင်းသောစိတ်ထားနှင့် တက်ကြွမှုရှိသောကြောင့် ငယ်ရွယ်ချိန်မှာ သူတို့ဖြစ်ချင်တာ လုပ်ဖို့အခွင့်ရေးရှိကြသည်။ နောင် အသက်ကြီးသွားချိန်တွင် တွေဝေနေတာ များလာပြီး မလုပ်ဖြစ်နိုင်တော့ပေ။

"ကျွန်တော် ကြောက်တာပေါ့ အကို Tang, ဒါပေမယ့် ကျွန်တော် ကြောက်နေပြီး အိမ်မှာပဲနေမှာ မဟုတ်ဘူး။ လူတွေအများကြီးနဲ့ တွေ့ချင်နေသေးတယ်၊  အစ်ကို Tang ။ ကျွန်တော့် အင်တာဗျူးကို လက်ခံပေးနိုင်မလား၊ ကျွန်တော် မေးခွန်း နည်းနည်းပဲ မေးမှာပါ။ အကိုကြီးရဲ့အချိန်ကို မနှောင့်နှေးစေပါဘူး! "

Li Dong zai ကသူ၏လက်ကိုဆုပ်ကိုင်ကာ " တောင်းပန်ပါတယ်၊ အဆင်ပြေမလား" ဟုတောင်းပန်ခဲ့သည်။

" ဘာမှ မဖြစ်ပါဘူး။ အခုက ရုပ်ရှင်ပွဲတော် ကာလအတွင်း ငါက ဆုနည်းနည်းပါးပါးရနေလို့ မင်းက ငါ့ကို နာမည်ကြီးလှပြီလို့ ထင်နေတာပါ။ တကယ်တော့ နှစ်တိုင်းမှာ လူအများကြီးက ဆုတွေရနေတာပါပဲ။ ဒီကာလမှာပဲ လူတွေက ဆုရတဲ့လူကို အာရုံနည်းနည်းပါးပါးစိုက်မိရုံပါ။ ရုပ်ရှင်ပွဲတော် ပြီးသွားရင် အားလုံးက ဒီလို ပုံမှန်ပဲ ပြန်ဖြစ်သွားမှာပါပဲ။ မင်းက အခုချိန်မို့ ငါ့ကို နာမည်ကြီးတယ်ထင်နေတာပါ။ "


"အကို Tang Feng အကိုကက အရမ်းကြောက်စရာကောင်း လောက်အောင် အရည်ချင်းရှိတယ်။ အကိုက သူများ အနုပညာရှင်နဲ့မတူပဲ  ဒုတိယနဲ့တတိယအဆင့်မှာရှိနေသေးပေမယ့် နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရပြီး ဆုရခဲ့တယ်။ "

သူ့ကိုယ်ပိုင်အတွေ့အကြုံကို အမှတ်ရနေပုံရပြီး Li Dong zaiက စိတ်လှုပ်ရှားစွာပြောလိုက်သသည်။

"ကျွန်တော့် စီနီယာတစ်ယောက်ပြောတာ ကြားဖူးတယ်။ ကျွန်တော်တို့ သတင်းထောက်တွေက သတင်းရရုံသက်သက်နဲ့ နာမည်ကျော် အနုပညာရှင်တွေကို ချည်းကပ်တာ မဟုတ်ပဲ မိတ်ဆွေဖွဲ့ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားရင် အပြန်လှန် အကျိုးရှိစေနိုင်တယ်တဲ့။ ဒါက တကယ်မှန်တာပဲ။  သူငယ်ချင်းတွေဆိုတာက တစ်ယောက်ကို တစ်ယောက်ကူညီပေးကြတာပဲ မဟုတ်လား?"

Li Dong zai ကခေါင်းကို ငုံ့ပြီး ခေါင်းကိုကုတ်ကာ ပြုံးလိုက်သည်။

" အစ်ကို Tang၊ ကျွန်တော်က တဲ့တိုးပြောတတ်လို့ စိတ်မရှိပါနဲ့"

"ဒါကအမှန်ပါပဲ"

" ဒါဆို ကျွန်တော်တို့ မိတ်ဆွေတွေဖြစ်သွားကြပြီပေါ့နော်။ အကို ကျွန်တော် အင်တာဗျူးကို လက်ခံပေးပါ။ နောက်မှာ အကို့ကို ကျွန်တော် ပြန်ပေးဆပ်ပါ့မယ်ဗျာ။ ကျွန်တော်က အငယ်တန်းသတင်းထောက်ဖြစ်ပေမယ့် တတ်နိုင်သလောက် ပြန်ပေးဆပ်မှာပါ။ "


Li Dong zai သည် သူ၏နှာခေါင်းကိုထိလိုက်ပြီး ရှက်ရွံ့စွာပြောလိုက် သည်။ Li Dong zai
သည် ပြန်ပေးဆွဲသည့်နောက်ဆုံးဖြစ်ရပ်ကြောင့် သူ မထိခိုက်ခဲ့သည်ကိုမြင်ရသော Tang Feng က ပြုံးကာ ပြောလိုက်သည်။

" သတင်းထောက်ကြီးတွေ၊ အနုပညာကြယ်ကြီးတွေဆိုတာ ဘယ်သူမှ မွေးကတည်းက ဖြစ်မလာဘူး။ ငါတို့အားလုံး ကြိုးစားဖို့ အခွင့်ရေးရှိပါတယ်။ "


လူနှစ် ဦး ဟာတစ်ယောက်ကိုတစ်ယောက်အားပေးနေကြသည်။

 လီ  က  အနာဂတ်မှာသတင်းထောက်ကြီးဖြစ်လာအောင် လုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပြီး နာမည်ကြီး သတင်းထောက် အဖြစ် နောင်မှာ အကို   Tang Feng နဲ့သီးသန့်အင်တာဗျူး ထပ်လုပ်ဖို့ စိတ်ကူးထားကြောင်းပြော လိုက်သည်။

Tang Feng က ထိုနေ့ကိုစောင့်နေမည်ဖြစ်ကြောင်း ပြောလိုက်သည်။


............

 ရုပ်ရှင်ပွဲတော်အတွင်းမှာအရာအားလုံးပုံမှန်ဖြစ်နေသည်။ ပြန်ပေးဆွဲသူများ၊ လူသ တ်သမားများနှင့်ကိုယ်ရံတော်များမရှိပေ။ ရုပ်ရှင်ပွဲတော်၏ ၀ န်းကျင်တွင် ၀ င်ရောက်ခြင်းသည် အလွန်ကောင်းသည်။ Tang Feng သည် ယခုအချိန်တွင် ရုပ်ရှင်ကြည့်ခြင်း၊ Randa နှင့်အတူစားသောက်ခြင်းနှင့် ဘာမျှမပြောင်းလဲသကဲ့သို့ အချိန် ဖြုန်းနေသည်။

အဆိုပါရုပ်ရှင်ပွဲတော်သည် ဖွင့်ပွဲနှင့် ပိတ်ပွဲရှိပြီး ယနေ့ည ဗင်းနစ်ရုပ်ရှင်ပွဲတော် ဆုပေးသည့် အခမ်းအနားကို ပြုလုပ်ပြီး ပိတ်ပွဲအခမ်းအနားကို ယနေ့ကျင်းပလိမ့်မည်ဖြစ်သည်။

မွန်းလွဲသုံးနာရီခန့်တွင် ပိတ်ပွဲအခမ်းအနား၌ အနီရောင်ကော်ဇောပေါ်လျှောက်လှမ်းလာမည့် အနုပညာရှင်များကိုစောင့်နေသည့် သတင်းထောက်များနှင့်ပရိသတ်များက အပြင်ဘက်တွင် ကြိတ်ကြိတိုး တန်းစီနေသည်။

Tang Feng တို့ရောက်ချိန် က ၄ း ၃၀ ခန့်တွင်ဖြစ်သည်၊ အကြောင်းမှာ သူတို့သည် အဝတ်အစားများကို ရှာဖွေရန်အလျင်စလို မတတ်နိုင်သောကြောင့်ဖြစ်သည်။ Tang Feng က လက်ထောက်အချို့အား အချို့သောသတင်းထောက်များအတွက် အချိုရည်များ ၀ ယ်ရန်နှင့် သူတို့ကိုစားရန်ပြောခဲ့သည်။ ဒါက  သေးငယ်တဲ့ကူညီမှုလေးဖြစ်ပေမယ့်

သူက Fiennes ဘဝ ကတည်းက ဒီအလေ့အကျင့်ရှိခဲ့တာ ဖြစ်သည်။ လူအချို့က သူဟာ လူကောင်းတစ်ယောက် အဖြစ် ဟန်ဆောင်တတ်ပြီး အချို့က သူဟာ သတင်းထောက်တွေကို ရည်ရွယ်ချက်ရှိရှိ လာဘ်ထိုးသည်ဟု ဆိုကြသည်။ ဒါပေမယ့် မင်းက တစ်နှစ်၊ နှစ်နှစ်၊  ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်အထိ ဆက်လုပ်နေမယ်ဆိုရင်တော့  မည်သူတစ် ဦး တစ်ယောက်မှ ခုလို မပြောနိုင်တော့ပေ။  

နားလည်သဘောပေါက်ခြင်း သည်ကြာမြင့်သော်လည်း Tang Feng က အခြားသူများက သူ့ကိုနားလည်သည်ကို တန်ဖိုးမထားချေ။

ဒါက သူ့အတွက် ဒုတိယမြောက်အနီရောင်ကော်ဇောပေါ် လျှောက်လှမ်းရခြင်း ဖြစ်သည်။ ပထမတစ်ခါလိုပဲ အာရုံစူးစိုက်မှု သိပ်လုပ်စရာမလိုပေ။ သူတို့ ရုပ်ရှင်သည်အလွန်အောင်မြင်ခဲ့သော်လည်း နာမည်ကြီးဒါရိုက်တာ၏လက်ရာအနေဖြင့် ဤ"Satan's Alley"  ဇာတ်ကား တွင် Fiennes ကဲ့သို နာမည်ကြီးမင်းသားကြီးမပါပေမယ့် နောက်ဆုံး ဆုရအောင် ရိုက်ကူးနိုင်ခဲ့သည်။  

လူအနည်းငယ်သာ ဒီရုပ်ရှင်များကို ကြည့်ဖူးတယ်ဆိုတာ ပြောဖို့ပင် မလိုပေ။

Tang Feng က သူ အရင်ဘဝက အနီရောင်ကော်ဇောပေါ်ကို ပထမဆုံးအကြိမ် လျှောက်သွားရစဉ်က ယခုထက် ပိုမိုဆိုးရွားခဲ့ကြောင်း သတိရနေမိသည်။ ထိုအချိန်က သူသည် အရန်အဖြစ်သာ သရုပ်ဆောင်ရပြီး ရုပ်ရှင်သတင်းထောက်အားလုံးက နာမည်ကြီး စတားတွေနောက်ကို ပြုံလိုက်သွာတာကို ကြည့်ပြီးနောက်ကနေသာ မထင်မရှားလိုက်ခဲ့ရသည်။

ထိုနှစ်က Fiennes နှင့် နှိုင်းယှဉ်လျှင် Tang Feng အဖြစ်က အတော်လေးကို နေရာရသည်ဟု ဆိုနိုင်သည်။
ဒါပေမယ့်ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ပိတ်ပွဲအခမ်းအနားမှာ အနီရောင်ကော်ဇောထက်က Tang Feng ကို သတင်းထောက်တွေ ဆက်ပြီးအထင်မသေးနိုင်တော့ပေ။

"Randa?"

အနီရောင်ကော်ဇောပေါ် လျှောက်ဖို့ အလှည့်ကိုစောင့်နေသည့် အချိန်  စောင့်နေသော Tang Feng သည် အပြာရောင်ဝတ်စုံဖြင့် လှပသောမိန်းမတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်သည်။ လှပသော ၀ တ်စုံ ၀ တ်ထားသော အမျိုးသမီးသည် ကားအပြင်ဘက်တွင်ရပ်ကာ ပြတင်းပေါက်မှ တဆင့် ပြုံးပြနေသည်။ Tang Feng တံခါးကိုအမြန်ဖွင့်လိုက်သည်။

 "ခင်ဗျား ဘာလို့ ဒီမှာလာနေတာလဲ"

သူတို့နှစ် ဦး သည် တစ် ဦး ကိုတစ် ဦး အချိန်ကြာကြာ မသိခဲ့ကြသော်လည်း၊ ရက်အနည်းငယ်အတွင်းတွင် အတူတွဲမိပြီးနောက် Randa သည် Tang Feng ကို  သူငယ်ချင်းကောင်းတစ် ဦး အဖြစ် သတ်မှတ်ခဲ့ပုံရသည်။ ဒါက သူမ ခင်ပွန်း ဂျော့ခ်ျအတွက်ပင် အံ့သြစရာဖြစ်ခဲ့သည်။

"အနီရောင်ကော်ဇောပေါ်မှာ ငါနဲ့အတူ လိုက်ပါမယ့် လူတစ်ယောက်လိုနေတယ်။"

 Randa က Tang Feng  ကားထဲ ဝင်လာလိုက်ပြီး အပြင်က သတင်းထောက် အားလုံး ဓါတ်ပုံဝိုင်းရိုက်သည်ကို ဂရုမစိုက်ပဲ တံခါးကို ပိတ်လိုက်သည်။

"ဂျော့ခ်ျကော၊ ခင်ဗျား ကျွန်တော့်အတွက ်ဒီကို လာတယ်လို့တော့ မပြောနဲ့...  "

Tang Feng က အမျိုးသမီး၏ မြေပေါ် တရွတ်ဆွဲနေသော စကတ်ရှည်ကိုဆွဲယူပြီး  ပြောလိုက်သည်။

Tang Feng က ဂျော့ခ်ျနှင့်ပတ်သက် ပြီး ပြောလိုက်တော့   Randa သည်ခေါင်း ခါလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"အိုး ..  ချစ်လှစွာသော Tangရေ ... ကျွန်မ ယောကျာ်း အကြောင်းကို မပြောပါ နဲ့၊ ဂျော့ခ်ျဟာ အစုရှယ်ယာရှင်တွေ ရုတ်တရက် အစည်းအဝေး ကျင်းပလိုက်လို့  သူကပြီးခဲ့တဲ့ညမှာ နယူးယောက်ကိုလေယာဉ်နဲ့ပြန်သွားခဲ့တယ်။ အခု ကျွန်မက ယောက်ျား မရှိလို့ တယောက်တည်း ပွဲတက်လာနေရတယ်။ "

Randaကပြုံးပြီး Tang Feng ရဲ့ပခုံးပေါ်မှာ လက်ကိုတင်လိုက်ပြီးပြောင်ပြောင်တင်းတင်းပြောလိုက်သည်။

" သူမရှိတာ ပိုကောင်းတယ်၊ ဒါမှ အနီရောင်ကော်ဇောပေါ်မှာ မင်းနဲ့အတူ လမ်းလျှောက်နိုင်မယ်။ Tang Feng မင်းက ဂျော့ခ်ျထက်ပိုပြီး ချောမောတယ်။ "

"  ကျွန်တော်က လှိုက်လှဲစွာ ကူညီဖို့ အသင့်ပါပဲ။ အစ်မ အဆင်ပြေပါ့မလား? "

Tang Feng ကအနည်းငယ်စိတ်ပူနေသည်။  ဒီမိန်းကလေး သူငယ်ချင်းဟောင်းက တကယ့်ကိုထင်ရာစိုင်းတတ်တယ်၊ ဒါပေမယ့် Randa ရဲ့တောင်းဆိုချက်အရ သူကငြင်းဆန်ဖို့ခက်နေတယ်။

"Tang, ငါ့ကိုငြင်းပယ်ဖို့ မကြိုးစားနဲ့တော့ ... ငါ ဒါရိုက်တာ Li Wei ကိုကြိုတင်ပြောထားပြီးပါပြီ၊ သူက မင်းကို ငါနဲ့အတူအနီရောင်ကော်ဇောပေါ် လျှောက်ဝင်လာတာကိုတွေ့ရရင်  ၀ မ်းသာနေလိမ့်မယ်၊ ငါက အချောစားလေးပါနော်... မင်းနဲ့ပတ်သက်ပြီး ငါ့ကို ဘာတွေ ပြောချင်သေးလဲ။  "


Tang Feng က သူမထက်ငယ်ပေမယ့် သူမက ကောင်မလေး တစ်ယောက်လို ပုံစံနှင့်ပြောလိုက်သည်။

Tang Fengက လက်မြှောက်လိုက်ရတော့သည်။ သူက Randa ကို အသာဖက်ကာ ပြောလိုက်သည်။

 " ခင်ဗျားရဲ့ တွဲဖက်အဖြစ် ကော်ဇောနီပေါ်လျှောက်ခွင့်ရတာ  ဂုဏ်ယူပါတယ်။"
.........

ပိတ်ပွဲအခမ်းအနား၏အနီရောင်ကော်ဇောထက်တွင် ကမ္ဘာတ ဝှမ်း မှမရေမတွက်နိုင်သော သတင်းထောက်များသည် အနီရောင်ကော်ဇောပေါ်ကိုလျှောက်လှမ်းလာသောကြယ်ပွင်းတိုင်းကိုယ်ပေါ် သူတို့၏ကင်မရာများဖြင့် ချိတ်ကာ မလွတ်တမ်း ရိုက်ယူနေသည်။  

ဗင်းနစ်ရုပ်ရှင်ပွဲတော်ပိတ်ပွဲအခမ်းအနား၏အနီရောင်ကော်ဇောပေါ်ကိုကျော်ကြားသောမင်းသမီး Randa က သိမ်းပိုက်လိုက် မည်ဖြစ် ကြောင်း မီဒီယာသတင်းထောက်များ အားလုံးက သိနေကြသည်။ သို့သော် Randa ဘေးတွင် ရပ်နေသော သူသည် လူသိများသော ဂျော့ခ်ျမဟုတ်သော်ပဲ မျက်နှာစိမ်း သရုပ်ဆောင်လေးဖြစ်နေမယ်ဆိုတာ အားလုံးက လုံးဝ မသိကြသေးပါ။  ထိုလူငယ်လေးက ထူးဆန်းသော သရုပ်ဆောင် အသစ်လေးဖြစ်သည်။

Tang Feng နှင့် Randa တို့ လက်ချင်းချိတ်ကာ အနီရောင်ကော်ဇောပေါ်တွင် အပြုံးဖြင့် အေးအေးဆေးဆေး လမ်းလျှောက်သွားသောအခါလူ များသည် လှပသော Randa ကိုသာမက Randa နှင့်မပတ်သက်သော သူ့အနားရှိ တပါးသော ယောက်ျားလေးကိုပါ အာရုံစိုက်သွားကြသည်။  

သူ ဘယ်သူလဲ? သူ့ နာမည်က ဘာလဲ ။ သူ ဘယ်ကနေ လာတာလဲ? သူဘာကြောင့် Randa နဲ့အတူလမ်းလျှောက်ခဲ့တာလဲ ဆိုသည့် မေးခွန်းက သတင်းထောက်အားလုံးရဲ့ခေါင်းထဲ ရောက်နေသည်။

"မနက်ဖြန်သတင်းစာထဲမှာ ဘယ်လို ရေးလာမလဲ သိလား  "

 Randa လမ်းလျှောက်ရင်း Tang Feng  နားကို ကပ်ကာ တီးတိုးပြော လိုက်သည်။

"Randa ဟာ အချစ်ဟောင်းကို စွန့်ပစ်ပြီး အသစ်ရှာသွားပြီ။ အရှေ့တိုင်းသားလေးနဲ့ချစ်မိသွားပြီ ဆိုတာမျိုးလား"

Tang Feng ညင်သာစွာရယ်ကာ ပြောလိုက်သည်။ ဒီဖျော်ဖြေရေးလောကထဲက သတင်းထောက်တွေရဲ့အကြိုက်ဆုံးကတော့ နာမည်ကြီးအနုပညာရှင်တွေ ကွာရှင်းတော့မယ့်သတင်းဖြစ်သည်။

Randa နှင့် George တို့လက်ထပ်ပြီးနှစ်တိုင်းနီးပါးနှစ် ဦး လုံး ကွာရှင်းလိမ့်မည်ဟု သတင်းအတုများ ထွက်လာသည်။

" ကံကောင်းတာက ကျွန်တော့်အကိုနဲ့ အစ်မတွေက နွားအိုမြက်နုကြိုက်မဟုတ်လို့ပေါ့။ မဟုတ်ရင် ကျွန်တော်တော့ အရမ်းကို ဒေါသထွက်မိတော့မယ်။"

Randaကအသံတိုးတိုးဖြင့်ရယ်သည်။ Tang Feng ၏လက်မောင်းကို ိုကိုင်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

" သူတို့ ရေးချင်သလို ရေးခွင့်ပြုလိုက်ပါ။ မင်း ကြောက်နေလား "

" ကျွန်တော် ကြောက်ရင် ဒီကိုတောင် ရောက်လာမှ မဟုတ်ဘူး။ "

Tang Feng နှင့် Randa တို့အချင်းချင်းပြုံးပြလိုက်ကြသည်။ ဤအချိန်တိုလေးအတွင်း Randaသည် Tang Feng နေရာတွင်  Fiennes ကို မြင်ယောင်လာမိသည်။

သူမက  Tang Feng ကို  သူမအဖော်အဖြစ် ဘာကြောင့်ရွေးခဲ့သည် ကို သူမရဲ့ အေးဂျင့်ကတောင် နားမလည်နိုင်ပေ။

သို့သော် သူမသည် ရုပ်ရှင်ထဲတွင် Tang Feng ကို ပထမဆုံး အကြိမ်တွေ့မြင်ခဲ့ပြီး သူမသည် ဒီ အာရှတိုက်သား သရုပ်ဆောင်လေး က နောင်တွင်  ကမ္ဘာကျော် စူပါစတားဖြစ်လာလိမ့်မည်ကို သူမ သေချာ သိနေ သည်။

ကံကောင်းထောက်မစွာဖြင့် ဂျော့ခ်ျက သူမ အထင်ကို ထောက်ခံခဲ့သည်။

================










(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now