Chapter (59) _ မင်းကို ကာကွယ်ပေးဖို့က ကိုယ့်တာဝန်ပဲလေ

2K 357 15
                                    

Chapter (59) _ မင်းကို ကာကွယ်ပေးဖို့က ကိုယ့်တာဝန်ပဲလေ

အနက်ရောင် ဝတ်စုံနဲ့ လူရဲ့ ရုတ်တရက် သတ်ဖြတ်မှုကြောင့် ထိုလူရဲ့နောက်လိုက်တွေက ကြောင်နေပြီး နောက် Albert ကို သေနတ်နဲ့ ချိန်ဖို့ လုပ်လိုက်ပေမယ့် ကံမကောင်းစွာပဲ သူတို့ ဘာမှမလုပ်နိုင်ခင်မှာ သူတို့ ခေါ်ဆောင်လာပေးတဲ့ ဝတ်စုံနက်နှင့် လူတွေရဲ့ လုပ်ကြံခြင်းကို ခံခဲ့ရပြီးပြီ၊ Albert ရဲ့ လေ့ကျင့်ထားတဲ့အဖွဲ့ကို သူတို့ ဘယ်လိုမှ မယှဉ်နိုင်ပေ။

"ညကအေးတယ်၊ မင်း ဂရုမစိုက်ရင် အအေးမိလိမ့်မယ်"

Albert သည် အပြင်လူကဲ့သို့ သူ၏ အပေါ်ဝတ်လေကာ အကျီကို ချွတ်လိုက်ပြီး Tang Feng ပေါ်တွင် လွှားပေး လိုက်သည်။ ထိုလူက Tang Feng ၏ လက်ဖဝါးကို ညှစ်ပြီး တိုးတိုးလေး ရယ်သည် ။

"မင်းကို ကြည့်ရတာ ငါ့သမီးရဲ့ ကြီးမားတဲ့ ဝဝဖောင်းဖောင်း အရုပ်ကလေးနဲ့တူတယ်"

"ဒါက ချီးကျူးစရာလား?"

Tang Feng အနည်းငယ်ပြုံးပြီး Albert ၏အကျီကို ပေါ့ပေါ့ပါးပါး ဆွဲယူကာ ခြုံလိုက်သည်။ အနည်းဆုံးတော့ Albert က ပုံမှန်ပါပဲ။

အနီးနားက ကားတစ်စီး မောင်းလာပြီး Albert က သူ့ကို ထိုင်ခိုင်းတယ်။ ကားတံခါးကိုပိတ်လိုက်သောအခါတွင် Tang Feng သည် ကားနောက်ဘက်တောအုပ်တွင် သေနတ်သံကြားလိုက်ရသည်။ အသံက ရုတ်တရက်ထွက်လာလို့ Tang Feng လန့်သွားသည်။

"ငါတို့ပြန်သွားကြစို့"

အဲလ်ဘတ်သည် ထိုလူအတွက် အဝတ်ကော်လာကို လုံအောင် ထောင်ပေးကာ Tang Feng ၏ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက် ကိုင်ကာ ကားသည် သေနတ်သံများဖြင့် ပြည့်နေသည့် တောထဲမှ ထွက်ခွာသွားတော့သည်။

အသတ်ခံလိုက်ရသည့် လူများကို စာနာဖို့ကလွဲပြီး Tang Feng ဘာမှ မတတ်နိုင်တော့ပေ။

Tang Feng သည် Ivan လွှတ်အောင် ပြေးသွားနိုင် လိမ့်မည်ဟု မျှော်လင့်ကာ သက်ပြင်း အနည်းငယ်သာချလိုက်သည်။

ထိပ်ပြောင်ကြီး၏ အိမ်သို့ ပြန်ရောက်သောအခါ မြေပြင်ပေါ်တွင် ရပ်ထားသည့် ရဟတ်ယာဉ်နှစ်စင်း ပျောက်ကွယ်သွားခဲ့သည်။ ဒါတင်မကဘဲ လေယာဉ်တစ်စင်းလည်း အဝေးက တောအုပ်ကို ဦးတည်းထွက်သွားပုံရသည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now