Volume_ 4_ Chapter (36): ကိုက်ရာကို ဖုံးကွယ်ခြင်း။

859 133 5
                                    

Volume_ 4_ Chapter (36): ကိုက်ရာကို ဖုံးကွယ်ခြင်း။

"Heavenly Son" ဇာတ်ကား စတင်ရိုက်ကူးသည့်နေ့တွင် Tang Feng သည် အဖွဲ့နှင့်ပူးပေါင်းကာ ရိုက်ကူးရေး စတင်ခဲ့သည်။ ရိုက်ကွင်းသို့ Albert ကရောက်မလာခဲ့ပေ။ ထိုထူးဆန်းသောလူ၏ စရိုက်အရ သူ မလာလည်းTang Fengက စိတ်အနှောင့်အယှက်ဖြစ်မည်မဟုတ်ပေ။ Tang Feng လည်း သူ့ကို အနှောင့်အယှက်မပေးခဲ့ပေ။ အလုပ်ခွင်ထဲရောက်ချိန် လူတိုင်း ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကို ခွဲခြားတတ်ရမယ် မဟုတ်လား။

ယနေ့ရိုက်ကူးရန် လိုအပ်သော ပထမဆုံး ဇာတ်ဝင်ခန်းသည် ဇာတ်ကားအစ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ထုတ်လုပ်သူက Tang Feng ကို မင်းသားအဖြစ် သတ်မှတ်လိုက်သောအခါ "Heaven" ရုပ်ရှင်ထဲမှ မင်းသား၏ နောက်ဆုံးအမည်ကို Tang ဟု ပြောင်းလဲခဲ့သည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။

တိုးတက်သောထန်မင်းဆက်တွင် ထျန်းရိ သည် ရှေးခေတ်တရုတ်ပြည်၏ သာယာဝပြောမှုကို ကိုယ်စားပြုလေ့ရှိပြီး ရုပ်ရှင်နှင့်ပတ်သက်လျှင် ထိုအမည်က အရှေ့တိုင်း ရှေးဟောင်းနိုင်ငံကို ကိုယ်စားပြုခြင်းပင်ဖြစ်သည်။

ဒါကြောင့် ရုပ်ရှင်ထဲမှ ထျန်းရိ ဆိုသည့် ဇာတ်ကောင် နေရာတွင် တရုတ်နိုင်ငံမှ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက ပါဝင်သရုပ်ဆောင်ရမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ရုပ်ရှင်အစတွင် Tang Feng သည် ထျန်းရိ ဆိုသည့် ဇာတ်ကောင်၏ စိတ်နေစိတ်ထားကို ပေါ်လွင်အောင် သရုပ်ဆောင်ရမည်ဖြစ်သည်။

"ပြင်ဆင်ထားတာ ဘယ်လိုလဲ"

အဝတ်အစားနှင့် မိတ်ကပ်ပြင်ဆင်ပြီးချိန် ရှောင်ယုက ထျန်းဖုန်းကို မေးလိုက်သည်။

ရှောင်ယု သည် သူ့ရဲ့ အေးဂျင့်တစ်ဦးဖြစ်ပြီး သူ အလုပ်လုပ်နေချိန်တွင် မည်သည့်အခါမှ မပျက်ကွက်ခဲ့သလို ထျန်းဖုန်းရဲ့ ကိုယ်ပိုင်ဘဝမှာ ဘယ်တုန်းကမှ ဝင်ရောက်မစွတ်ဖက်ဖူးပေ။

သူမသည် Tang Feng နှင့် အနီးစပ်ဆုံးဖြစ်ပြီး တစ်ခါတစ်ရံတွင် ထျန်းဖုန်းနဲ့ ပတ်သတ်သည့် အရာများစွာကို သူမ မြင်ခဲ့ဖူးသည်။ သူမက မိုက်မဲသူ မဟုတ်သည့်အတွက် ဘာကို မြင်ခဲ့ပါစေ ရှောင်ယုက အပြင်လူကို ထျန်းဖုန်းနဲ့ ပတ်သတ်ပြီး တစ်ခွန်းမှ ဟမည် မဟုတ်ပေ။ တောင်အာရှ ပြန်ပေးဆွဲသည့် ဖြစ်ရပ်အပြီးတွင် သူမသည် ထျန်းဖုန်ကို အလုပ်သဘောအရ ဆက်ဆံသည့် အနေထားမှ ပိုမိုရင်းနှီးလာခဲ့သည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now