Volume III- Chapter (52) - မင်းက Tang Feng လား။

1.5K 365 12
                                    

Volume III- Chapter (52) - မင်းက Tang Feng လား။



"ကျွန်မတို့ ဒီမှာသေရတော့မှာလား။"

ရှောင်ယုသည် Tang Feng ၏ဘေးတွင်ထိုင်နေသည်။ သူတို့လက်ကို ကြိုးကို ဖြည်ထားပြီး၊ ဒီလူဖြူတွေက ဒီနေရာကနေ အသက်ရှင်လျက် ထွက်ပြေးသွား နိုင်မယ်လို့ တစ်ဖက်လူက မထင်ထား မိကြဘူး။

"မဟုတ်ဘူး၊ ငါ့ကို ယုံပါ။"

Tang Feng သည် ရှောင်ယု၏ အေးစက်သောလက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး အားပေးလိုက်သည်။ သူတို့ကို ချုပ်ထားသည့် လှိုက် ဂူသည် အနည်းငယ်စိုစွတ်နေပြီး နှင်းများနှင့် ရေခဲများနှင့် အထီးကျန်နေသော်လည်း သည်းမခံနိုင်သည့် အဆင့်တော့ မဟုတ်သေးပေ။

ခိုင်ခံ့သော သံတံခါးကြီးသည် ထိုနေရာတွင် အေးခဲနေပြီး မလှုပ်မယှက် ရပ်စောင့်နေသော အစောင့်သည် ရံဖန်ရံခါတွင် အတွင်းဘက်ကို ေ ချောင်းကြည့်ရန် သံတံခါးကြီးပေါ်ရှိ ပြတင်းပေါက်ငယ်တစ်ခုကို ဖွင့်လိုက်သည်။ ရိုက်ကူးရေးဝန်ထမ်းများအားလုံးက ဒါရိုက်တာ၏ ဒဏ်ရာများကို အဝတ်တချို့စုတ်ကာ ယာယီစည်းပေးခဲ့ကြသည်။

ကံကောင်းထောက်မစွာ အရေပြားဒဏ်ရာက အရေးမကြီးပဲ အပေါ်ယံဒဏ်ရာသာ ဖြစ်သည်။

ဒီည ဘယ်သူမှ ကောင်းကောင်း အိပ်မပျော်ကြဘူး။ ဒီနေရာက အရမ်းအေးပြီး စိတ်အနှောက်အယှက် ဖြစ်စရာ ကောင်းလွန်းတယ်။ တစ်စုံတစ်ယောက်သည် ညဉ့်သန်းခေါင်တွင် အိပ်မက်ဆိုးများမက်သဖြင့် အမြဲနိုးထနေခဲ့ ရသည်။

အမေရိကန် ဒေါ်လာ သန်း ၂၀၀ နဲ့ရွေးပေးဖို့ ဘယ်သူ ထွက် လာပါ့မလဲ။ ဒီမှာ ဝန်ထမ်းတိုင်းက လခစားသမားတွေသာ ဖြစ်ကြပြီး ပိုက်ဆံ အများကြီး ဘယ်မှာ ရနိုင်မလဲ။

အစိုးရက သူတို့ကို ငွေပေးဖို့ လုပ်ပါ့မလား။ ဒီဇာတ်ကားရဲ့ ဇာတ်လိုက်ဖြစ်သူက ဘယ်လောက်ချမ်းသာပါစေ အမေရိကန် ဒေါ်လာ သန်း 200 တခါတည်း ထုတ်ယူတာကို သူတို့ အစိုးရက ခွင့်ပြုမှာ မဟုတ်ဘူး ၊ ယွမ် 20 မဟုတ်ဘူးလေ။ ဒါက ဒေါ်လာ သန်း 200 တောင်ဆိုတော့... မေ့လိုက်ပါတော့ ။ ပြန်လာပါ၊ သူတို့က ဘယ်သူတွေဖြစ်နေလို့ ဒီလောက် အကုန်ခံပြီးရွေးနူတ်ပေးကြမှာလဲ၊ ကျန်သူအများစုက ကျော်ကြားမှု နည်းပါးတဲ့ သာမန်အရပ်သား ဝန်ထမ်းလေးတစ်ချို့ပဲ မဟုတ်လား။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now