True Star _ Vol 4 _ Chapter (11): - So coincidental

1.2K 220 7
                                    

True Star _ Vol 4 _ Chapter (11): — So coincidental

နောက်နေ့မနက်မှာတော့ လူစန်းတောင် ကိုသွားမယ့်ကားက ဟိုတယ်တံခါးမှာ အချိန်မှန်စောင့်နေခဲ့သည်။ အသင့်ပြင်ထားတဲ့ အဖွဲ့သားအားလုံးက အောက်ထပ်ကို အချိန်ကိုက်ဆင်းလာခဲ့သည်။ Charles သည် ရှားရှားပါးပါး အနောက်တိုင်း ဝတ်စုံမဝတ်ပဲ သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသည်။ ဘေ့စ်ဘော ဦးထုပ်ကိုဆောင်းကာ အနက်ရောင်နေကာမျက်မှန်ကိုလည်း တပ်ထားသဖြင့် သူ့ပုံစံက ဥရောပနှင့် အမေရိကန် ကြော်ငြာတွေထဲက မော်ဒယ်မင်းသားအလား ထင်ရသည်။

"ဝတ်ထားတာ ဘယ်လိုလဲ။"

Tang Feng က ချားလ်နဲ့အတူ ကျောပိုးအိတ်ကို လွယ်ထားပြီး ဦးထုပ်ကို မျက်နှာ အုပ်မိအောင် အောက်နှိမ့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အခု သူက နာမည်ကြီးတဲ့ လူတစ်ယောက်ဖြစ်နေလို့ လူမမြင်အောင် သတိထားနိုင်လေ ပိုကောင်းလေပဲ။

သူ့ဝတ်စုံက သာမန်ခရီးသွား ဧည့်သည်တစ်ယောက်လိုထင်ရသည်။

"အိုး...နိုး....ဖုန်းကို ထည့်လာဖို့ မေ့သွားခဲ့ပြီ"

ကားထဲဝင်သွားတဲ့အခါ ချန်မင်ရွှီ က သူ့အိတ်ကပ်ကို နှိုက်ရှာရင်းပြောလိုက်သည်။

"ဒါဆို မင်းကို ငါတို့ကားထဲမှာစောင့်နေမယ်။"

Tang Feng က ပြောလိုက်သည်။

"ငါ့ကိုစောင့်ပေးဦး။ ငါတက်ယူပြီး ချက်ချင်းဆင်းလာမယ်။"

ချန်မင်ရွှီ လက်ကိုင်ဖုန်းကို ယူရန် အပေါ်ထပ်သို့ အမြန်တက်ခဲ့သည်။

ပီကေဝါးရင်း ဦးထုပ်ဆောင်းထားသည့် နတ်ဆိုးလေးက ကားတံခါးကို မှီ၍ နားကြပ်ကို ချွတ်ကာ ပြောလိုက်သည်။

"ဘယ်လောက် ဒုက္ခများလိုက်လဲ။"

"ကားပေါ်မှာထိုင်နေ။"

Tang Feng က နတ်ဆိုးလေးကို ညွှန်ပြကာပြောလိုက်သည်။

"အမ်း...."

နတ်ဆိုးလေးက Tang Feng စကားကို နာခံပြီး ကားထဲ ဝင်ထိုင်လိုက်သည်။

"ချားလ်စ် ဘေးနားက ကုန်စုံဆိုင်ကို တစ်ခုခု သွားဝယ်ရအောင်။"

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Dove le storie prendono vita. Scoprilo ora