(U+Z)Chapter (48-2) _ Demon Slayer - မကောငျးဆိုးဝါး လူသတျသမား-2

2K 357 16
                                    

Volume _3 _ Chapter (48-2) _ Demon Slayer - မကောငျးဆိုးဝါး လူသတျသမား-2




ယခုအခိုက်အတန့်တွင် ကင်မရာအောက်တွင် ရိုက်ကူးရေးတွင် လုံးဝ ဈာနဝင်ကာ နစ်မြုပ်နေသော အမျိုးသားလေးကိုကြည့်ရင်း Lu Tian chen သည် သူ၏ ရွေးချယ်မှု မှန်ကန်သည်ဟု ယုံကြည်သည်။



"ရက်စက် ကြမ်းကြုတ်သော လူသတ်သမား" ဇာတ်လမ်း သည် လူ့အဖွဲ့အစည်းက စွန့်ပစ်ထားသော မိဘမဲ့တစ်ဦးက အရွယ်ရောက်လာချိန်မှာ အကြင်နာတရားမဲ့သည့် လူ့အဖွဲ့စည်းကို ပြန်လည် လက်စားချေသည့် အကြောင်းအရာကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။
ဒီ ဇာတ်ကားကို သရုပ်ဆောင်ဖို့ Tang Feng ရွေးချယ်လိုက်ရတဲ့ အဓိက အကြောင်းရင်းက ဒီဇာတ်ကားထဲက ဇာတ်ကောင်တွေလိုပဲ သူက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရသည့်အတွက်၊ ဒါမှမဟုတ် မိဘမဲ့ဂေဟာမှာ သူ့အတွေ့အကြုံကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူသည် ဇာတ်လမ်းထဲတွင် မြေခွေး တစ်ကောင်ရဲ့ အဖော်မဲ့ခြင်းနှင့် အထီးကျန်ခြင်းကို နားလည်နိုင်သည့်အပြင် ချစ်ခြင်းမေတ္တာနှင့် လူတွေနဲ့ နီးနီးကပ်ကပ် ချဉ်းကပ်နေထိုင်ရခြင်းကို ကြောက်ရွံ့လိုစိတ်ကိုလည်း နားလည်နိုင်သည်။



မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ စိတ်ဒဏ်ရာနဲ့ ကလေးတွေက သိမ်မွေ့ပြီး တစ်ခါတစ်ရံ အန္တရာယ်ရှိသည်။



ကံကောင်းထောက်မစွာ၊ Tang Feng သည် ငယ်စဉ်ကတည်းကပင် စိတ်ဒဏ်ရာ မရှိခဲ့ပဲ သူ၏ရုပ်ပိုင်းဆိုင်ရာ မကျန်းမာမှုကြောင့် လူများနှင့်ဝေးရာသို့ ချဉ်းကပ်လိုခြင်းမရှိပဲ သီးသန့်သာ နေတတ်ခဲ့သူဖြစ်သည်။ ဇာတ်လမ်းထဲမှာ အဖြူရောင်ဝတ်ထားတဲ့ (Demon Slayer ) ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါး လူသတ်သမားက သူ့ပတ်ဝန်းကျင်မှာ ကြောက်စရာကောင်းလောက်တဲ့ အဖြစ်ပျက်တွေကြောင့် သူ့စိတ်ပိုင်းဆိုင်ရာက တဖြည်းဖြည်း ပြောင်းလဲနေမိတာကို သရုပ်ဖော်ရမည် ဖြစ်သည်။



ပထမ ရိုက်ကွင်း - လူသတ်မှု။



ဇာတ်လမ်းအစမှာ လယ်ကွင်းထဲမှာ တွေ့တဲ့ အလောင်းကနေ စတင်မည်ဖြစ်သည်။ အသတ်ခံခဲ့ရသူမှာ အကျင့်စာရိတ္တကောင်းမွန်သော ကျောင်းဆရာတစ်ဦးဖြစ်သည်ဟု သူနှင့် နီးစပ်သည့် လူများက ဆိုကြသည်။ သူသည် မိဘမဲ့ဂေဟာတွင် ကလေးများကို နှစ်ပေါင်းများစွာ စာသင်ပေးခဲ့သည်။



ဆရာအိုကြီးကို ဘယ်သူက ရက်ရက်စက်စက်သတ်မှာလဲ။ လယ်ကွင်းထဲက လက်ဝါးကပ်တိုင်မှာ ချည်ထားတဲ့ ဆရာအိုကြီးဟာ သူ့ခန္ဓာကိုယ်မှာ သံနှင့် ရိုက်ထားသည့် ဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ အသိသာဆုံးကတော့ ဆရာအိုကြီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို လူသတ်သမားက ကြိုးနဲ့ ရစ်ပတ်ထားတာပါပဲ။ သေဆုံးသူ၏ မျက်နှာအမူအရာဖြင့် ကြည့်လျှင် မသေဆုံးမီ လူသတ်သမား၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရတာ ဖြစ်နိုင်သည်။



အသစ်ပြောင်းလာသော ရဲအရာရှိ Renault သည် ဒီထူးဆန်းသောအမှုကို တာဝန်ယူခဲ့ရသည်။ ဆရာအိုကြီး၏ နောက်ခံသမိုင်းကြောင်းကို သူ စတင်လေ့လာခဲ့သည်။ စုံစမ်းမှုတွေ တိုးတက်လာတာနဲ့အမျှ တချို့အရာတွေက လူတွေပြောသလို မတူတာကို တွေ့ရှိခဲ့ပါတယ်။




ဆရာကြီးသည် လွန်ခဲ့သော အနှစ် (၂၀) ကျော်က မြို့ကလေးရှိ မိဘမဲ့ဂေဟာတွင် စာသင်နေခဲ့သည်။ အပြင်ကလူတွေက ဆရာကြီးဟာ ရည်မွန်တဲ့လူလို့ အမြဲပြောကြတယ်။ သို့သော် အပေါ်ယံ ဟန်ဆောင်ထားတဲ့ ပုံစံကို ဖောက်ထွင်းကာ ဆက်လက် စုံစမ်းသိရှိလိုက်တာက ဒီဆရာအိုကြီးက အရမ်းကို လျှို့ဝှက်တယ်ဆိုတာ Renault သိရှိခဲ့သည်။



"လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီကျောင်းဆရာကြီးက ကလေး အယောက် ၂၀ ကျော်ကို အကြမ်းဖက်ခဲ့တယ်ဆိုတာ သိရှိခဲ့တယ်။



ဒီလူသတ်မှုအတွက် စုံစမ်းတာ မဟုတ်ရင် ဒီအမှုထဲက အသတ်ခံရသူက အတိတ်တုန်းက ဆိုးရွားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တာကို ကျွန်တော် ဘယ်တော့မှ မသိနိုင်သလို နှိပ်စက်ခံရတဲ့ ကလေး တွေအကြောင်းကိုလည်း ဘယ်တော့မှ သိနိုင်မှာ မဟုတ်ခဲ့ဘူး။



Renault ၏ အပေါင်းအဖော်များသည် ဒီမိဘမဲ့ဂေဟာထဲရှိ လျှို့ဝှက်ဖြစ်ရပ်များကို စုံစမ်းသောအခါ ကြောက်မက်ဖွယ်ကောင်းသော အရာများကို ဆက်လက်တွေ့ရှိခဲ့သည်။ ဒီဆရာကြောင့် ဒဏ်ရာရတဲ့ ကလေးတွေ ၊ ဒုက္ခရောက်ခဲ့ရတဲ့ ကလေးတွေအကြောင်းကို သိရှိခဲ့သည်။ ဒီကျောင်းဆရာကြီးက သေထိုက်တယ်လို့ ခံစားမိသော်လည်း ဒီဆရာအိုကို သတ်သော လူသတ်သမားကို ဖမ်းချင်သေးသည်။



တခါတရံမှာ ကိုယ်ကျင့်တရား နှင့် အမှန်တရားဆိုတာ တရားဥပဒေဘောင်အတွင်းမှာ ရှိနေဖို့ မလွယ်ကူပေ။



၎င်းတို့သည် ရဲများဖြစ်ပြီး သူတို့၏တာဝန်မှာ လူသတ်သမားကို ဖမ်းရန်ဖြစ်သည်။



Renault နှင့် အခြားသူများသည် မိဘမဲ့ဂေဟာမှ စုံစမ်းစစ်ဆေးမှုကို လျင်မြန်စွာစတင်ခဲ့ပြီး ထိုနှစ်တွင် အကြမ်းဖက် ကျူးလွန်ခြင်း ခံခဲ့ရသည့် ကလေးများ၏စာရင်းကို တွေ့ရှိခဲ့သည်။ တစ်ယောက်ပြီး တစ်ယောက် သူတိုက လိုက်လံ ရှာဖွေခဲ့ကြတယ်။ ထိုကလေးငယ်အများစုသည် မိဘမဲ့ဂေဟာမှ ထွက်ခွာသွားကြပြီး အချို့မှာ အိမ်ထောင်ပြုပြီး ပုံမှန်မိသားစုများပင် ထူထောင်ထား နိုင်ခဲ့ကြသည်။



လူသတ်သမားကို ရှာဖွေရာတွင် Renault သည် ပိုင်ရိ နှင့် ပထမဆုံးအကြိမ် အဆက်အသွယ် ပြုလုပ်ခဲ့သည်။



ပိုင်ရိ သည် Renault ရှာနေသည့်လူ မဟုတ်ပေ။ ပိုင်ရိ လို့ အမည်ပေးထားတဲ့ ဒီ အရှေ့တိုင်းသားလေးဟာ ငယ်ငယ်လေးကတည်းက မိဘမဲ့ဂေဟာမှာ ဝတုတ်ပြီး တုံးအသူလေး ဖြစ်သည်ဟု ဆိုသည်။ သူနားကို ဘယ်သူမှ မကပ်ချင်ကြပေ။ သူ့အတွက် တစ်ခုခုလုပ်ပေးဖို့ ဆရာကြီးကသာ အနားကို လာလေ့ရှိသည်။



Renault သည် အဖြူရောင်အဝတ်အစားများ ဝတ်ထားသည့် ပိုင်ရိကို တွေ့ခဲ့ရသည့် အဓိက အကြောင်းရင်းမှာ သူနှင့် အတူတစ်ခန်းတည်း နေခဲ့ဖူးသည့် အခန်းဖော်လေးက တစ်ချိန်က ကျောင်းဆရာဟောင်း၏ စော်ကားမှုခံခဲ့ရသည့် အတွက်ကြောင့်ဖြစ်သည်။



Renault သည် မိဘမဲ့ကျောင်းမှ အဖြူရောင်အဝတ်အစားများကိုသာ တွေ့ရှိခဲ့သည်။ အဖြူအဝတ်နဲ့ လျှောက်သွားနေတတ်သည့် အဲဒီကောင်လေးကို လိုက်ရှာနေခဲ့သည်။



သူတို့ရှာမတွေ့တဲ့ တစ်ဦးတည်းသောလူက လူသတ် တရားခံဖြစ်သည်။



"တဆိတ်လောက်....မင်းက ပိုင်ရိလား။"



Renault သည် ရိုးရိုးအဝတ်အစားကို ဝတ်ထားပြီး လိပ်စာကို ရေးမှတ်ထားသည့် စာရွက်ပိုင်းလေးကို လက်ထဲတွင် ကိုင်ဆောင်ကာ တဲအို တဲဟောင်းတစ်ခုသို့ ရောက်လာသည်။ ဆောင်းရာသီတွင် တဲ့အိမ်၏တံစက်မြိတ်အောက်၌ အဖြူရောင်အဝတ်ထူထူကို ဝတ်ထားသော အမျိုးသားတစ်ဦးကိုတွေ့လိုက်ရသည်။ အဲဒီ တဲအိုကြီးအထဲမှာ ချစ်စရာ တိရစ္ဆာန်လေးတွေ ရှိနေတယ်။ Renault သည် ကြမ်းပြင်ပေါ်တွင် သွားလာနေသည့် တိရစ္ဆာန်လေးများ အများအပြားကို တွေ့လိုက်ရသည်။ အဲ့အကောင်လေးတွေက အရမ်းချစ်စရာကောင်းတယ်။



ဆံပင်တွေဖွာနေပြီး အနည်းငယ် ဝဖောင်းနေပုံရပြီး မီးဖိုဘေးက သာမန်လူငယ်လေး တစ်ယောက်ကို Renault တွေ့လိုက်ရသည်။ သူရဲ့အသံကိုကြားတော့ ကောင်လေးက ခေါင်းကို မော့လိုက်တယ်။



ဘယ်လောက်လှတဲ့ မျက်လုံးတစ်စုံလဲ။



Renault ရဲ့ ပထမဆုံးခံစားချက်က ဒီလိုပါ။ ဝမ်းနည်းစရာ အချို့ပါဝင်နေပေမယ့် ဒီလောက်လှသော မျက်လုံးများက ဘာကြောင့် အဆီတွေနဲ့ ဝတုတ်နေတဲ့ ကောင်လေးတစ်ယောက်ဆီမှာ ရှိနေတာလဲ။



"ကျွန်တော်ပါပဲ... ခင်ဗျား....အဆင်ပြေရဲ့လား?"



ထိုကောင်လေးရဲ့ အသံသည်ပင် နူးညံ့လှကာ သူ့ပုံစံက တကယ့်ကို သနားစရာပါ။



"ကျွန်တော်က ဒီဒေသမှာ ရဲအရာရှိ Renault ပါ။"



အဲဒီလူက သူ့ရဲ့ အထောက်အထားတွေကို တင်ပြရင်း ပြောလိုက်သည်။



" မင်းရဲ့ ကူညီ တချို့ရချင်လို့ပါ။ မင်း ကို အနှောက်ယှက်နည်းနည်းပေးလို့ ရမလား "



ဒီလူငယ်လေးရဲ့ လှပတဲ့ မျက်လုံးတွေနဲ့ နူးညံ့ကြည်လင်တဲ့ အသံလေးကြောင့် Renault ဟာ ထူးထူးခြားခြား အရင်ကထက် ပိုပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။



"သေချာတာပေါ့ ... ရဲအရာရှိကြီး။ ကုလားထိုင်တွေ ထိုင်လို့ရပါတယ်။"



ပိုင်ရိ က ဘာမှ မထူးခြားသလို ပြောပြီး သူ့လက်ထဲမှာ လုပ်လက်စ အလုပ်တွေနဲ့ ရှုပ်နေခဲ့တယ်။



" ရဲအရာရှိကြီး.... ခင်ဗျား မင်းနာမည်ဘယ်လိုခေါ်လဲ"
ပိုင်ရိ က တက်ကြွစွာမေးလိုက်သည်။



"မင်း ငါ့ကို Renault လို့ ခေါ်လို့ရတယ်။"



"ရေးနော့တ်"



ပိုင်ရိက သူ့နာမည်ကို ခေါ်လိုက်သံကို ကြားလိုက်ရစဉ် ထူးဆန်းသည်ဟု Renault ရုတ်တရက်ခံစားလိုက်ရသည်။



"အရာရှိကြီး ရေးနော့တ် ခင်ဗျားက ကျောင်းဆရာအိုကြီးအကြောင်းကို မေးဖို့ ဒီကိုလာခဲ့တာလား။ ခင်ဗျားက ဒီအမှုကို ကိုင်ရတဲ့ ရဲအရာရှိတစ်ယောက်ဆိုတာ ကျွန်တော် သိတယ်၊ ဒါပေမယ့် သူသေသွားတာ အရမ်းကောင်းတယ်လို့ပဲ ကျွန်တော် ပြောချင်တယ်။"



သူ့ပါးစပ်ထောင့်က အနည်းငယ် တွန့်လိုက်ပြီး ပိုင်ရိက ခေါင်းကိုမော့လိုက်တဲ့အခါ သူ့မျက်နှာအမူအရာက နည်းနည်း ထုံထုံအအ ပုံပေါက်နေသလိုပဲ။



"သူက လူယုတ်မာတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ကိုလည်း ကြိမ်းမောင်းဖူးတယ်"



ယခင်သတင်းရင်းမြစ်များမှတဆင့် Renault သည် သူ့ရှေ့တွင်ရှိသော အမျိုးသားလေးသည် စိတ်ရောဂါအပျော့စားရှိကြောင်း သိခဲ့သည်။



"ဂျော့ကို မုန်းလား"


ဂျော့က အသတ်ခံလိုက်ရသည့် မိဘမဲ့ဂေဟာက ဆရာအိုကြီး၏ အမည် ဖြစ်သည်။



"သူ့နာမည် ဘယ်လိုခေါ်လဲတော့ မမှတ်မိတော့ဘူး။ သူက လူယုတ်မာပါ။ သူက ကျွန်တော့်ကို ရိုက်နှက် ကြိမ်းမောင်းတယ်။ သူ့ကို မကြိုက်ဘူး။ မနေ့က အဖွားက အဘိုးကြီး သေသွားပြီလို့ ပြောတော့ အရမ်းပျော်သွားတယ်..ဟား... ဟား"



နှစ်ကြိမ် ရယ်လိုက်ပြီး ပိုင်ရိက စိတ်ကောင်းဝင်နေပုံရသည်။



Renault သည် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ပိုင်ရိက စိတ်မနှံ့သူဖြစ်လာပုံရသည်။



"ပိုင်ရိ.... မိုက်ခ် ဘယ်မှာလဲ ဆိုတာ မင်းသိလား။ မိဘမဲ့ဂေဟာမှာ မင်းနဲ့အတူနေခဲ့တဲ့ ကလေးလေးလေ။"



Renault က တစ်ခုခုမေးဖို့ ဆုံးဖြတ်လိုက်တယ်။



"အဲဒီတုန်းက ကျွန်တော်တို့မှာ တစ်ခန်းတည်းနေတဲ့ လူတွေ ဒါဇင်နဲ့ချီပြီးရှိတယ်။ မိုက်ခ်က ဘယ်သူလဲ။"



ပိုင်ရိ က ခေါင်းငုံ့ပြီး သူ့အရုပ်လေးတွေနဲ့ ဆက်ပြောနေတယ်။



"လွန်ခဲ့တဲ့လဝက်လောက်က မိုက်ခ် က မင်းဆီ ရောက်လာတယ်လေ"



ဟုတ်တယ် ။ ကလေးတွေအများကြီးထိုအချိန်တွင် တစ်ခန်းတည်းမှာ အတူနေထိုင်ခဲ့သည်။ Renault သည် အဖြူရောင်အဝတ်အစားများကို ရှာဖွေရသည့်အကြောင်းရင်းမှာ မိုက်ခ် သည် အဖြူရောင်အဝတ်အစားကို ဂရုစိုက်သည့် တစ်ဦးတည်းသောလူ ဖြစ်ကြောင်း သတင်းအချက်အလက်များက ဖော်ပြသောကြောင့်ဖြစ်သည်။ စိတ်ကျန်းမာရေးဆေးရုံမှ ဆင်းလာသည့် လူထဲမှာ အဖြူရောင် အဝတ်စား ဝတ်တတ်သည့် လူများကို သူက လိုက်ရှာနေခဲ့တာဖြစ်သည်။



"အင်း သူ့နာမည်တော့ မမှတ်မိတော့ဘူး။ နာမည်တွေက မှတ်မိဖို့ ခက်တယ်။ ရဲအရာရှိကြီး... ကျွန်တော် ခင်ဗျားနာမည်ကို မေ့နေပြီ၊ ဒါပေမယ့် ကျွန်တော်က ဘလက်လို့ ခေါ်တဲ့ တစ်ယောက်တော့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူက အနက်ရောင် အဝတ်စားကို ဝတ်ရတာ ကြိုက်တယ်လေ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အဖြူရောင် အဝတ်ကို ဝတ်ရတာ ကြိုက်တယ်။ ပြီးတော့ သူက အနက်ရောင်အဝတ်အစားဝတ်ရတာကို ကြိုက်တယ်။"



ပိုင်ရိက ပြောပြီး ခပ်တိုးတိုးရယ်လိုက်သည် ။



"လွန်ခဲ့တဲ့တစ်လက အနက်ရောင်အဝတ်အစား ဝတ်ထားတဲ့ တစ်ယောက်က မင်းကို ဘာပြောခဲ့လဲ"



အရာရှိ Renault က ပိုင်ရိကို မေးလိုက်သည်။ အနက်ရောင်အဝတ်အစားပဲဖြစ်ဖြစ် အဖြူရောင်ပဲဖြစ်ဖြစ်၊ မိုက်ခ်ဟာ အခုအချိန်မှာ သံသယ တရားခံဖြစ်နေပါပြီ။




"သူက ကျွန်တော့်ကို ပျော်ရွှင်အောင် လုပ်ပေးမယ်လို့ ပြောသလို ကျွန်တော့်ကို ကုသပေးမယ်လို့လည်း ပြောခဲ့တယ်။ "



သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု တောက်ပလာပြီး အဖြူရောင်ဝတ်စုံနှင့် ပိုင်ရိက မော့ကြည့်ကာ ဝမ်းသာအားရ ပြောလိုက်သည်။



"အနက်ရောင်ဝတ်စုံဝတ်ထားတဲ့သူက လူကောင်းပါ။ ရဲအရာရှိကြီး...ခင်ဗျား.... သူ့ကို ခေါ်သွားမလို့လား၊ သူ ထွက်သွားရင် နောင်ဘယ်သူမှ ကျွန်တော့်ဆီလာလည်မှာ မဟုတ်ဘူး။"



"ငါ မင်းကို လာတွေ့ပါ့မယ်။"



ဒီအမှုအတွက် ဒါမှမဟုတ် ဒီလူကို သနားစရာလို့ ခံစားရလို့ လားဆိုတာ မသိပေမယ့် Renault က ပိုင်ရိကို ထိုသို့ ပြောလိုက်မိသည်။




ရုပ်ရှင်ရဲ့ ပထမဆုံးနေ့ကတော့ အရမ်း ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားခဲ့သည်။ ရိုက်ကူးရေး ပြီးသွားတော့ အားလုံးက တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြတယ်။ အချို့က အရက်သောက်ရန် ချိန်းကြပြီး အချို့က ကလေးအား ပွေ့ဖက်ထားသည့် ဇနီးသည်တွေနှင့် အိမ်ပြန်သွားကြသည်။



Tang Feng နဲ့ အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသားဟာ သရုပ်ဆောင်ကောင်းသူလို့ ယူဆထားပေမယ့် အဲဒီလူက အလုပ်ချိန်မှာ Tang Feng နဲ့ စကားပြောပေမယ့် တခြားအချိန်တွေမှာ Tang Feng ကို သိပ်ဂရုမစိုက်ပါဘူး။



ရံဖန်ရံခါတွင် အခြားသူများထံမှ အတင်းအဖျင်းပြောသံများကို သူ ကြားခဲ့ရသည်။ ကြီးမားသောလျှို့ဝှက်ချက်မှာ Tang Feng သည် ဗီယင်နာက ရုပ်ရှင်ပွဲတော်မှာ အထူးချွန်ဆုံး သရုပ်ဆောင်ဆုနှင့် အထူးချွန်ဆုံး လူသစ်ဆိုကို ကံကောင်းထောက်မစွာ ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ထိုကားနှင့် ဒါရိုက်တာလည်း ထူးချွန်ဆု ရခဲ့သည်။ ဒါပေမယ့် ရေးနော့တ် အဖြစ် သရုပ်ဆောင်သည့် မင်းသားက ဘာသာရေးသမားတစ်ဦးဖြစ်ပြီး Tang Feng နှင့်လည်း နီးနီးကပ်ကပ်နေမည် မဟုတ်ပေ။



လူတိုင်းက ရုပ်ရှင်ကို စေတနာပါပါနဲ့ ရိုက်ကူးနိုင်သရွေ့ သူ့ကို ခုလို အဖက်မလုပ်လည်း Tang Feng ဟာ ဘာမှ မဖြစ်ပေ။ သူက ရိုက်ကူးရေးနယ်ပယ်တွင် ပရော်ဖက်ရှင်နယ်ကျင့်ဝတ်မရှိတဲ့လူတွေနဲ့ တွေ့ဆုံရမှာကို အကြောက်ဆုံးပါပဲ။ ကံကောင်းထောက်မစွာ၊ တစ်ဖက်လူက သူ့ကို သိပ်သဘောမကျပေမယ့် ရိုက်ကူးရာမှာ ခံစားချက် မထားပဲ အလုပ်ကို အလုပ်နှင့်တူအောင် တာဝန် ကျေပွန်အောင် သရုပ်ဆောင်နိုင်လို့ အတော်ပဲဖြစ်သည်။



********-***********


























(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now