Chapter (57) - မင်း ရန်သူကို အယောင်ပြပြီး ဆွဲဆောင်သွားနိုင်မလား....

2.1K 367 11
                                    

Chapter (57) - မင်း ရန်သူကို အယောင်ပြပြီး ဆွဲဆောင်သွားနိုင်မလား....


"ဒီလိုမျိုး ပြန်သွားရင် ငါတို့အတွက် အန္တရာယ်များလွန်းတယ်၊ Albert က ဒီလောက်မိုက်မဲမှာ မဟုတ်ဘူး၊ တခြားသူတွေက ဓားစာခံတွေ ချုပ်နှောင်ထားတဲ့ နေရာမှာ နောက်ထပ် အစောင့်တွေကို ထပ်လွှတ်ထားမှာ သေချာတယ်။"

Tang Feng က ခေါင်းခါပြီး အိုင်ဗင်ကို ပြောလိုက်သည် ။

"ကျွန်တော်ပြောတာက လွန်နေမှန်း သိပါတယ်၊ ဒါပေမယ့် တတ်နိုင်ရင် ဓါးဆာခံတွေထဲမှာ ဒဏ်ရာရတဲ့သူကို မတွေ့ချင်တော့ဘူး"

"မင်း ခုလို တွေးတာ အရမ်းဆန်းနေတယ်။ Albert ရဲ့စိတ်ထဲမှာ မင်း ကို ဘယ်လောက် အလေးထားမယ် ထင်နေတာလဲ "

အိုင်ဗန်က မကျေမနပ်ဖြင့် ပြောသည်။ Tang Feng ကဲ့သို့သော လူများစွာကို သူတွေ့ဖူးသည်။ လူတချို့က မင်းကို သဘောကျတဲ့အခါ မင်းဟာ ရတနာတစ်ပါးပဲ။ မင်းကို မကြိုက်တဲ့အခါ မင်းပြောတဲ့စကားက လုံးဝကို မှားသွားပြီဆိုတာ တွေ့ရလိမ့်မယ်။

ခုအချိန်မှာ မင်းကို အသည်းအသန်ချစ်ပြနေပြီး ခဏနေနေရင် မင်းကို သေတွင်းထဲ ပစ်ချမယ့် Albert လို အရူးတစ်ယောက်ကို မင်းမို့ ဘာကိုကြည့်ပြီး ယုံကြည်နေတာလဲ...

Ivan က Tang Feng ကို မယုံတာ မဟုတ်ဘူး၊ ဒီရုပ်ရှင်မင်းသားလို ချစ်မြတ်နိုးစရာကောင်းတဲ့ ကောင်လေးတွေက ကမ္ဘာပေါ်မှာ အများကြီး ရှိနေတာဘဲ။

"ရိုးရိုးသားသားပြောရရင်တော့ ငါလည်း ဘာဆက်ဖြစ်ဆိုတာ မသိဘူး။"

မျက်နှာဖောင်းပွပြီး အဆီတွေနဲ့ ဝဖီးနေတဲ့ Tang Feng မဟုတ်ပဲ အရင်လို ဆွဲဆောင်မှု ရှိတဲ့ ပုံစံဖြစ်နေသေးရင်တောင်မှ နောက်ဆုံးအခိုက်အတန့်ကို မရောက်ဘူးဆိုရင် Albert က လက်နက်ချဖို့ တွေးမှာမဟုတ်ဘူးလို့ ရိုးသားစွာပြောပြခဲ့သည်။

အဆုံးမှာတော့ အဲလ်ဘတ်ဆီကို သူက လက်နက်ချပြီး အသာတကြည် သွားရောက် အဖမ်းခံပေမယ့် အဲလ်ဘတ်က တခြားသူတွေကို မလွတ်ပေးတော့ရင် သူတို့အသက်တွေကို မကယ်တင်နိုင်တော့မှာကို Tang Feng ကြောက်နေမိတယ်၊ ဒါပေမယ့် Albert ကို သိထားရသလောက်တော့ ဒီလူက အဲ့လောက် မတွန့်တိုပါဘူး။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now