Vol 4- Chapter (8): -I love you

1.5K 246 12
                                    

Vol 4- Chapter (8): -I love you



"ယွမ် 100,000 ပဲ မဟုတ်လား။ အဲ့ဒါ ကျုပ်အတွက် ထမင်းတနပ်စာလောက်ပဲ ရှိပါတယ်"

မစ္စတာစုန့် က အမှုမထားသည့် အသံဖြင့်ပြောလိုက်သည်။

"သူက ထမင်းစားတာလား၊ ငွေတွေကို ထိုင်ဝါးနေတာလား.... "

ချန်မင်ရွှိ က Tang Feng ကို ဘေးသို့ဆွဲခေါ်လိုက်ပြီး နားရွက်နားကပ်ကာ တီးတိုး အတင်းပြောလိုက်သည်။

"ငါက ကြွားလုံးထုတ်တာကို သဘောကျတဲ့ အထက်တန်းလွှာက လူတွေကို မုန်းလိုက်တာ "

လူဘယ်လောက်က တနေကုန် အဲ့လောက်ပိုက်ဆံတွေကို အိတ်ထဲ ထည့်ပြီးလျှောက် သွား နေလို့လဲ။

"ဝိုး၊ ယွမ် 100,000 က စီအီးအိုစုန့်အတွက် ထမင်းတနပ်စာလောက်ပဲ ရှိတယ်ဆိုတော့... ကျုပ်က ဒီပန်းချီကားလေးကို တတ်နိုင်ပါ့မလားတောင် မသိတော့ဘူး။ "

Charles က ထုံးစံအတိုင်း ရယ်မောပြီး စိတ်တိုင်းကျ ဈေးကို တိုးပေးလိုက်တော့သည်။

"ကောင်းပြီး။ မူလဈေး ယွမ် 100,000 အပြင် တစ်ယွမ် တိုးပေးမယ်....ဟား...ဟား... "

ချားလ်ရဲ့ စကားကို ကြားတော့ စီအီးအိုစုန့်ရဲ့မျက်ခုံးက နှစ်ကြိမ် ပင့်လိုက်ကာ ကဲ့ရဲ့ရှုံ့ချဟန်ဖြင့် ပြောလိုက်သည်။

"ကျူပ်က ယွမ် 200,000 သိန်းပေးတယ်!"

" နှစ်သိန်း နဲ့ တစ်ယွမ်.... "

ဒီလိုလုပ်နေရင်း Charles က ပြုံးပြီး ပြောလိုက်သည်။ ဒီပုံစံက ဒီလူကို ကစားနေတယ်ဆိုတာ ထင်ရှားသည်။ စီအီးအိုစုန့်က ချားလ်ရဲ့ ဈေးတင်ပေးမှုကို ကြားသော် ဒေါသတကြီး အံကြိတ်ကာ သူ့ပါးစပ်က ထုတ်ပြောလိုက်သည်။

"တစ်သန်း!"

Charles သည် အေးဆေးစွာပင် ဈေးထပ်တိုးပေးလိုက်သည်။

"တစ်သန်းနှင့် နောက်ထပ်တစ်ယွမ် "

ဝေ့တောက်မင် က သူ့ကို ကြည့်ပြီး မကျေမနပ်နဲ့ ပြောလိုက်သည်။

"ဒီက သခင်လေး.... မင်း ဒီမှာ ကစားဖို့လာတာလား....."

"အိုး မင်းက အရမ်း ဉာဏ်ကောင်းတာပဲ၊ ငါ ကစားဖို့ ရောက်လာတာပဲ။ "

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now