True Star Volume - 3 , Chapter (2) ( Zawgyi+Uni)

8.6K 898 33
                                    

True Star

Volume – 3 , Chapter (2)

 

မင်းလို သူဌေးတစ်ယောက်ရဲ့ ဆယ်ကျော်သက်အရွယ် ရည်းစားကောင်လေးကိုလူအများစုက သိပ်သိကြမှာ မဟုတ်ဘူး။ သူဌေး Su Qi Chengသာ နောက်က ပံ့ပိုးပေးတာ မရှိဘူးဆိုရင် Ge Chen လို သရုပ်ဆောင်လေးက ဒီလောက် နာမည်ကြီးမှာ မဟုတ်ဘူး။ အခု သူတို့နှစ်ယောက် ကွဲကွာသွားတာကြာပြီဆိုပေမယ့် Ge Chen ရဲ့ နာမည်ဂုဏ်သတင်း ကမောက်ကမ မဖြစ်စေဖို့စုံတွဲတွေလိုမျိုး ဆက်ပြီး သတင်းလွှင့်ထားကြတယ်။ ဒါပေမယ့် Ge Chen ရဲ့ လုပ်ရည်ကိုင်ရည်က သိပ်မကောင်းသလို အသက်ကလည်း တဖြည်းဖြည်းကြီးသွားမှာ ဖြစ်တယ်။ဘယ်သူမှ တစ်သက်လုံး နုပျိုမနေဘူး။

Chen Mingxu က ဒီစကားကို ပြောရင်း ခေါင်းယမ်းလိုက်တယ်။ သူက ရုပ်သံလွှင့်ဌာနမှာအမြဲတမ်း အစီစဉ်တင်ဆက်သူ လုပ်ခဲ့တဲ့အတွက် ဒီလိုအဖြစ်ပျက်မျိုးတွေကို မြင်ရဖန်များနေပြီ။အရမ်းချမ်းသာတဲ့ အထက်တန်းလွှာက လူတွေက မင်းကို မျက်စိကျပြီး လိုအပ်တာ ပံ့ပိုးပေးလိမ့်မယ်။ဒါပေမယ့် သူတို့ ငြီးငွေ့လာရင် မင်းကို အချိန်မရွေးစွန့်ပစ်သွားကြမှာပဲ။ အဲ့လို အချိန်မျိုးဆိုရင်ပင်ကိုယ်အရည်ချင်းရှိတဲ့ သရုပ်ဆောင် တချို့ကပဲ ဆက်လက်ရပ်တည်ပြီး သရုပ်ဆောင်အလုပ်ကိုလုပ်ကိုင် သွားနိုင်ကြတယ်။ တချို့ကတော့ သူတို့ အရည်ချင်းရှိသရွေ့၊ ရုပ်ရည်လေး ရှိသရွေ့ပဲရပ်တည်နိုင်ပြီး နောက်ဆုံး ဒီ သရုပ်ဆောင်လောက ကနေ လွင့်ထွက်သွားရတယ်။

 

 မင်းရဲ့ အခိုင်မာ ပရိတ်သတ်ဆိုတဲ့လူတွေကလည်း  မင်းရဲ့ ငယ်နုတဲ့ရုပ်လေးကို နှစ်သက်တာဖြစ်တယ်။ မင်းက သူတို့ သဘောကျအောင် တီတီတာတာပြောဆိုနိုင်ခြင်းမရှိတော့ရင်၊  မင်း အသက်ကြီးသွားတဲ့အခါဆိုရင်၊  နောက်ထပ်ပိုငယ်၊ ပိုချောတဲ့ သရုပ်ဆောင်အသစ်လေး ထပ်ပေါ်လာရင် သူတို့က မင်းကို ဆက်လက် အားပေးထောက်ခံနေမှာမဟုတ်ဘူး။ အတိုချုပ်ပြောရရင် Fan ဆိုတဲ့ သူတွေက မင်းရဲ့ တသက်တာပရိတ်သတ်တော့ မဖြစ်လာနိုင်ဘူး။ ဒါကြောင့် ကိုယ့်မှာ ပရိတ်သတ်များတိုင်းလည်း နာမည်ကြီးတစ်ယောက်ဖြစ်နေပါပြီလို့ပြောလို့မရဘူး။ ပြီးတော့ ဖန်ပရိတ်သတ် ဆိုတာက ကျောင်းသူ၊ ကျောင်းသားလေးတွေဖြစ်ကြပြီးသူတို့မှာ မင်းကို ပံ့ပိုးဖို့ အချိန်နဲ့ငွေကြေး အကန့်သတ်ရှိတယ်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now