Superstar Volume III- Chapter (20) - Torrent Undercurrent

4.1K 659 9
                                    

Superstar Volume III- Chapter (20) - Torrent Undercurrent

ဒီရက္ပိုင္းမွာ Albert က Tang  ကို သြားလာခြင့္ ကန႔္သတ္ထားျခင္းမရွိပါ။ အခန္းအျပင္ဘက္ရွိ လသာေဆာင္ႏွင့္ဥယ်ာဥ္အျပင္ပိုင္းသာမက  Albert ရွိသည့္ ေနရာမ်ားထိ သူသြားခဲ့သည္။

အခ်ိန္အမ်ားစုမွာ Tang Feng က စိတ္ဝင္စားစရာေကာင္းတဲ့ စာအုပ္မ်ားကို စာၾကည့္တိုက္မွ ယူကာ လသာေဆာင္ ဝရန္တာတြင္ ထိုင္ကာ ဖတ္ေလ့ရွိေပမယ့္ တကယ္ေတာ့ သူက စာဖတ္တာထက္ သူ႔နားမွာ ဝန္ေဆာင္မႈေပးဖို႔ အသင့္ေစာင့္ေနသည့္ အိမ္ေဖာ္မေလးမ်ားႏွင့္ စကားစျမည္ေျပာေနတတ္သည္။ ဗဟုသုတကို စာအုပ္ေတြထဲက ရွာတာထက္ လူေတြနဲ႔စကားေျပာရင္း သိရတာကို သူ ပို သေဘာက်ကသည္။ ဒါက ပိုအသက္ဝင္ၿပီး ေပ်ာ္စရာေကာင္းသည္ဟု ခံစားရသည္။ အေၾကာင္းရတခုခုႏွင့္ ပတ္သတ္ၿပီး အျမင္မတူလွ်င္ သူတို႔ ဘယ္လို ေတြးသည္ကိုပါ ေမးၿပီး အခ်င္းခ်င္း ဖလွယ္ႏိုင္သည္။

တေန႔ အိမ္ေဖာ္မေလးက Tang Feng ကို ေလဝင္ေလထြက္ေကာင္း သည့္ ဥယ်ာဥ္တစ္ခုစီေခၚသြားသည္။ ဥယ်ာဥ္ထဲကို တခ်က္ၾကည့္လိုက္တာနဲ႔ ေ႐ႊေရာင္ဆံပင္ႏွင့္ Albert ကို ဖြင့္ထားသည့္ ထီးႀကီးႀကီးအရိပ္တြင္ ထိုင္ေနတာကို ေတြ႕လိုက္ရသည္။ သူလာတာ ေတြ႕ေတာ့ Albertက မတ္တပ္ရပ္ကာ သူ႔ကို ၿပဳံးၿပီး ႀကိဳေနသည္။ အိမ္ေဖာ္မ်ားက အ႐ိုေသေပးကာ အားလုံးထြက္သြားၾကသည္။

" ငါ့ကိုေတြ႕ဖို႔ မင္းက ေတာင္းဆိုလို႔ ငါ အံ့ၾသေနတာ"

Albert သည္ ေဖာ္ေ႐ြေသာ အမူယာျဖင့္ Tang Feng ကို ထိုင္ရန္ ေျပာလိုက္သည္။ Tang Fengက မထိုင္ပဲ မတ္တပ္ရပ္ကာ ေျပာလိုက္သည္။

" ေလာကမွာ တိုက္ဆိုင္တယ္လို႔ မရွိပါဘူး။ အိမ္ရွင္ခြင့္မျပဳပဲ အိမ္ေဖာ္ေတြက အာဏာပါဝါႀကီးတဲ့ အိမ္ရွင္နဲ႔ပတ္သတ္တာကို ဘယ္သူက ေျပာရဲမွာလဲ။ အထူးသျဖင့္အိမ္ရွင္ရဲ႕ နာမည္က အဲလ္ဘတ္ျဖစ္ေနရင္ ဘယ္ဝန္ထမ္းမွ ဧည့္သည္ကို မင္းအေၾကာင္း မေျပာရဲဘူး။ မင္းက တမင္သတ္သတ္ အိမ္ေဖာ္ေတြက တဆင့္ မင္းအေၾကာင္းကို ေျပာျပခိုင္းသလို မင္းလက္ထဲမွာ  Su Qi cheng နဲ႔  Li Xi ရွိတယ္ဆိုတာ ငါ့ကို သိေအာင္ ေျပာခိုင္းလိုက္တယ္။ ၿပီးေတာ့ သိခ်င္စိတ္ေပၚလာၿပီး ငါ ကိုယ္တိုင္ မင္းကို ေတြ႕ရဖို႔ ေတာင္းဆိုလာေအာင္လုပ္တယ္။ ဒီဟာက မင္းျဖစ္ေစခ်င္ဆိုရင္ မင္းရဲ႕ရည္႐ြယ္က ေအာင္ျမင္ပါတယ္။ "

 

"မင္းက အရမ္းစမတ္က်တယ္။ တကယ္ကိုေတာ္ပါေပတယ္၊"

သူ လွ်ိဳ႕ဝွက္စြာ လုပ္ထားေပမယ့္  Tang Feng က ဒီဟာေတြ အားလုံးကို သိျမင္ႏိုင္တာကို  အဲလ္ဘတ္ လက္ခံသည္။ တကယ္လို႔ ဒါေတြ မျမင္မွသာ ပုံမွန္မဟုတ္တာျဖစ္သည္။ ဒါေၾကာင့္ Tang Feng က သူ႔စိတ္ထဲက ရဲရင့္လွပတဲ့ အလွေလး Esmeralda ျဖစ္ေနျခင္းပါပင္။

( Esmeralda - ခါးကုန္းႀကီးႏွင့္ အလွေလး ဇာတ္လမ္းထဲမွ မိန္းမလွေလး )

"ရပ္ၿပီး စကားေျပာတာ အဆင္မေျပပါဘူး။ ထိုင္ပါဦး  "

Tang Feng က ႏူတ္ခမ္းကို အနည္းငယ္ေကာ့ၫြတ္လိုက္ေပမယ့္ သူ မထိုင္ပါ။

"ခန႔္မွန္းခ်က္ေတြေျပာၿပီးရင္ မင္းသိခ်င္တာကို ေမးသင့္တယ္။ စိတ္ထဲ ၿမိဳသိပ္ ထားစရာမလိုဘူး။ "

"ဒီအေၾကာင္းေတြ ... "

" မင္း ေျပာတာအားလုံး ငါ လုပ္ထားတယ္ဆိုတာ ဝန္ခံပါတယ္။ ငါခ်စ္ရတဲ့ ခ်စ္သူေလး... မင္း ငါ့ကို ဘာအေၾကာင္းေျပာေစ ခ်င္တာလဲ" "

"ဒီမတိုင္ခင္ ငါ မင္းကိုေမးခြန္းတစ္ခုေမးခ်င္တယ္။  မင္း ငါ့ကို ေခၚလာကတည္းက  ဘာေၾကာင့္ အခန္းထဲမွာ တစ္ေယာက္တည္း ထားခဲ့တာလဲ၊ မင္း ငါ့ကို ေတြ႕ခ်င္လ်က္နဲ႔ ဘာေၾကာင့္ လူကိုယ္တိုင္ မလာတာလဲ၊ ဒါေပမယ့္ ငါ့ကို အိမ္ေဖာ္ကေနတစ္ဆင့္ မင္းကို လာရွာခြင့္ေပးခဲ့တယ္။ "

Albert ေရွ႕တြင္ သူ ဘာကိုမွ ဟန္ေဆာင္ရန္မလိုပါ။ Albert ကအရမ္းလိမၼာပါးနပ္လြန္းၿပီး လွည့္ကြက္ေလးေတြကို တခ်က္ၾကည့္တာနဲ႔ သိႏိုင္သည္။ ဒီလိုလူေရွ႕မွာ ႐ိုးသားတာ အေကာင္းဆုံးျဖစ္သည္။ ဉာဏ္ေကာင္းတဲ့လူေတြက သူတို႔ကိုယ္တိုင္ ဘာမွမလုပ္ပဲ မင္းလက္ထဲ ဓါးတစ္ေခ်ာင္းထည့္ေပး႐ုံနဲ႔ မင္းကို ေပ်ာက္ကြယ္သြားေအာင္ လုပ္ႏိုင္စြမ္းရွိသည္။

"ငါ့ဆီမွာ ဆန႔္က်င္ဘက္ စိတ္ထားရွိတယ္ဆိုတာ မင္းသိရဲ႕လား။ "

Albert က  အနည္းငယ္ စိတ္ဆိုးေနသလို သူက ဟိုးအေဝးက ပင္လယ္ျပင္ကို လွမ္းၾကည့္ၿပီး သူ႔အသံက တိုးကာ တည္ၿငိမ္ေန သည္။ သူ႔ပုံစံက စိတ္ဝင္စားဖြယ္ ဇာတ္လမ္းတစ္ခုကို ေျပာျပေန သူႏွယ္ ထင္ရသည္။

"  မင္း မသိပဲ အကြယ္တစ္ေနရာကေန မင္း ရဲ႕ အျပဳမႈေတြကို ၾကည့္ရတာ ငါ့အတြက္ ေပ်ာ္စရာတစ္ခုပဲ။ မင္းေန႔စဥ္ ဘာေတြ လုပ္ေနသလဲ။ ဘယ္အရာကို ဘယ္လို ေတြးေတာစဥ္းစား သလဲ။ မင္း တေန႔တာကို ဘယ္လိုျဖတ္သန္းသလဲ ဆိုတာ ျဖည္းျဖည္းခ်င္း ၾကည့္ရတာ ငါ့အတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ အေတြ႕ႀကဳံနဲ႔ ေပ်ာ္႐ႊင္မႈပဲ။ "

ထိုလူကၿပဳံးၿပီးဆက္ေျပာသည္

 " ဒီလို ေစာင့္ၾကည့္ရတာ ခ်ိဳၿမိန္လွေပမယ့္ တခါတေလ ရလဒ္က ခါးသီးစရာေကာင္းလွတယ္။ ငါက မင္းကိုေစာင့္ၾကည့္ေနရင္း တဖက္ကလည္း မင္းကို ခ်စ္ျမတ္ႏိုးလာတယ္။ မင္း တေန႔တျခား  သန္မာလာတာကို ေစာင့္ၾကည့္ရင္း မင္းက မီးပုံထဲကို တိုးဝင္သြားတာကို ေတြ႕လိုက္ရတယ္။ "

ထိုသူ၏ ထက္ေသာမ်က္လုံးမ်ားက Tang Feng ကိုစူးစိုက္ၾကည့္လာၿပီး သူ႔အသံက အက္ကြဲလာသည္။

"ခ်စ္ျခင္းေမတၱာ၊ ႐ိုးသားမႈႏွင့္ သတၱိကို ကိုယ္စားျပဳတဲ့သူဟာ အၿမဲတမ္း တူညီတဲ့ အေတြ႕အႀကဳံရႏိုင္ရဲ႕လား။ ခါးကုန္းႀကီးက Esmeralda ခ်စ္ျမတ္ႏိုးၿပီး Esmeralda  က အက်င့္မေကာင္းတဲ့ လက္ေထာက္ဘုန္းေတာ္ႀကီး Floro ကိုခ်စ္ေနတယ္။ မင္းက ဟိုေကာင္ Charles အေပၚ အေကာင္းျမင္ေနႏိုင္သလို ဟိုေကာင္ Lu Tian chen နဲ႔ပတ္သတ္ၿပီး ထိေတြ႕ဆက္ဆံဖူးတယ္ မဟုတ္လား။ "

"မင္း အေတြးလြန္ေနၿပီ "

Tang Feng က ခါးသီးစြာၿပဳံးျပသည္။ Charles ႏွင့္ Lu Tian chen တို႔ႏွင့္ သူ႔ၾကားက ဆက္ဆံေရးသည္ Esmeralda  ဇာတ္လမ္းႏွင့္ အနည္းငယ္ ဆင္တူေသာ္လည္း ထပ္တူေတာ့ မဟုတ္ေပ။

Albert သူ႔ကို ခုလို ဆက္ဆံတာက သူက Albert ရဲ႕စိတ္ကူးယဥ္ ဇာတ္လမ္းထဲက မင္းသမီးေလး  Esmeralda  လို႔ထင္ျမင္ထား ေသာေၾကာင့္ျဖစ္သည္။  

ဒါေပမယ့္ တကယ္ေတာ့ သမိုင္းေၾကာင္း ဇာတ္လမ္းထဲမွာရွိတဲ့  Esmeralda နဲ႔ သူက လုံးဝမတူသည့္ ကမာၻမွာေနထိုင္ၾကတဲ့လူႏွစ္ ဦး ျဖစ္သည္။ Albert က သူ႔ကိုယ္သူ ေခါင္းေလာင္းထိုးရတဲ့ ခါးကုန္းႀကီးဟု ထင္ျမင္ၿပီး သူက အျပင္ပိုင္း ဆိုးသြမ္းပုံရေပမယ့္ အတြင္းစိတ္က ႏူးညံ့ၿပီး ၾကင္နာတတ္သူဟု ခံယူထားသည္။ Albert ေျပာသည့္ သြင္ျပင္ဆိုတာ သူ႔ရဲ႕အလုပ္အကိုင္၊ ပါဝါနဲ႔ ကြၽမ္းက်င္မႈကို ဆိုလိုျခင္းျဖစ္သည္။ Albert က ဒီလိုမေျပာေပမယ့္ ဒီသေဘာဆိုတာ Tang Feng ေသခ်ာသိသည္။


"ငါ အရမ္း အေတြးလြန္ေနတယ္ ဟုတ္လား ?"

အဲလ္ဘတ္သည္ အသံတိုးတိးႏွင့္ရယ္လိုက္သည္။ ဒီရယ္သံက ပင္လယ္ေလလို ေအးစက္ကာ ၾကားရသူကို ေအးစိမ့္ကာ ေၾကာက္႐ြံ႕လာေစသည္။

"မင္းကိုယ္တိုင္က  ရက္စက္တဲ့ကံၾကမၼာထဲမွာ ပါဝင္ေနေသးတယ္ဆိုတာကို သတိမထားမိဘူးလား"

႐ုတ္တရက္ Albert က  လမ္းထေလွ်ာက္လာၿပီး  Tang Feng ၏ပခုံးကို ဆုပ္ကိုင္လိုက္ၿပီး စကားေျပာလိုက္သည္။ ထိုစကားမ်ားက ႏူးညံ့ေသာ္လည္း စကားလုံးတိုင္းက ေက်ာက္တုံးမ်ားထက္ ေလးလံကာ သူ႔ကို ပင္လယ္ထဲ စုန္းစုန္းျမႇဳပ္ေအာင္ လုပ္ႏိုင္သည္။


Tang Feng က ဦး ေခါင္းကိုေစာင္းငဲ့ကာ သူ႔ပုခုံးကို ဆုပ္ကိုင္ထားသည့္ အဲလ္ဘတ္၏ လက္ကိုၾကည့္လိုက္ၿပီး  လက္ကိုဆန႔ ္ကာ အဲလ္ဘတ္၏လက္ကို ဖယ္ခ်လိုက္သည္။

"ငါ့ရဲ႕ကံၾကမၼာကို ငါေတာင္ ရွင္းရွင္းလင္းလင္း မသိဘူးဆိုရင္  ငါက တျခားအေနအထား ကိုေရာက္ေနၿပီေပါ့။ အဲလ္ဘတ္၊ မင္းရဲ႕ကံၾကမၼာကို ရွင္းရွင္းလင္းလင္းျမင္ဖူးရဲ႕လား။  "

"အၿမဲတမ္း ငါရွင္းရွင္းလင္းလင္း သိျမင္ေနၾကပဲ "

" မင္းရဲ႕ကိုယ္ပိုင္ကံၾကမၼာမွာ မင္း ဘယ္ေလာက္ေတာင္ နက္နက္ ရႈိင္းရႈိင္းပါ ၀ င္ေနတယ္ဆိုတာ မင္း သိလို႔လား။ ႏူးညံ့ တယ္လို႔ မင္းထင္ထားတဲ့အရာေတြက ထင္ေယာင္ထင္မွားျဖစ္ သလားဆိုတာ မင္း ဘယ္လို သိႏိုင္မလဲ။  "

Tang Feng သည္ ႐ုတ္တရက္ ဒီစကားမ်ားကိုေျပာၿပီးေနာက္ ရယ္စရာဟု ထင္လာသည္။ ဒီအေတြးေတြကို မ်ားမ်ားေတြးေလ သူပိုရႈပ္ေထြးလာေလျဖစ္သည္။ ဒါေၾကာင့္ လက္ေတြ႕က်က် သူ႔လက္ရွိ အေျခေနကို ေကာင္းေအာင္ေနဖို႔ပဲ အာ႐ုံစိုက္ဖို႔ ဆုံးျဖတ္လိုက္သည္။

"အိုေက၊ ဒီေခါင္းစဥ္ကို ရပ္လိုက္ရေအာင္။ ငါတို႔ အရင္ထိုင္ၾက တာေပါ့။  တစ္ညေနလုံး ခုလို မတ္တပ္ရပ္ၿပီး မကုန္ဆုံးခ်င္ဘူး။  "

သူတို႔ရဲ႕အျငင္းပြားမႈက ဘာဆက္ျဖစ္ေနႏိုင္တယ္ဆိုတာကို စဥ္းစားရင္းေနာက္ဆုံး  Tang Feng က ထိုင္ၿပီး စကားေျပာဖို႔ ေ႐ြးခ်ယ္ခဲ့သည္။ Abbers သည္ Tang Feng ေျပာသည့္အခ်က္ကို စဥ္းစားေနဆဲျဖစ္ သည္။

 "မင္းရဲ႕စကားေတြက မင္းရဲ႕အေတြးေခၚကို ထင္ဟပ္ျပေနတယ္"

Tang Feng က ေလွ်ာက္သြားၿပီး အဲလ္ဘတ္ကို ကုလားထိုင္ေပၚ ဖိခ်ကာ ထိုင္ေစသည္။ သူ႔ရဲ႕လႈပ္ရွားမႈက  အဲလ္ဘတ္ ၏ အေတြးမ်ားထဲမွ ႏိုးထလာေစသည္။

" ငါတို႔ေတြ အမ်ားႀကီးေတြးေနရင္ စိတ္ရႈပ္ေထြးလာမယ္၊ အလုပ္ အေၾကာင္း အရင္ေျပာၾကတာေပါ့  "

Tang Feng က Albert ၏ပခုံးေပၚ လက္တင္၍ ေျပာလိုက္သည္။ Albert ၏အစိမ္းေရာင္မ်က္လုံးမ်ားက ေတာက္ပေနသည္။ သူက သူ႔ခုံမွာထိုင္ဖို႔ လွည့္လိုက္ေပမယ့္ Albert က ႐ုတ္တရက္ သူ႔လက္ကို လွမ္းဆုပ္ကိုင္ကာ သူ႔ေပါင္ေပၚဆြဲခ်ကာ ထိုင္ေစသည္။

  Tang Feng သည္ ခုလို အေနထားျဖင့္ အျခားေယာက်ာ္း တစ္ေယာက္ေပါင္ေပၚ ထိုင္ေနရတာ မသက္မသာျဖစ္ေနသျဖင့္ ထရပ္ရန္ ႀကိဳးစားလိုက္ေပမယ့္ Albert က သူ႔ခါးကို သန္မာသည့္ လက္မ်ားျဖင့္ ဆုပ္ကိုင္ထားၿပီး အတင္း ခ်ဳပ္ထားသည္။ ဒီလူငယ္က ၾကည့္တာ ပိန္ပါးသည့္ ပုံျဖစ္ေပမယ့္ သူ႔လက္အားက သန္မာလြန္းလွသည္။

 ေသစမ္း... ေနာက္ထပ္ ေလ့က်င့္ထားတဲ့ လူတစ္ေယာက္လား။

ဤေတြ႕ရွိခ်က္က Tang Feng ကို အနည္းငယ္စိတ္ပ်က္ေစခဲ့သည္။  သူသည္ Albert ကဲ့သို႔ျဖဴဖပ္ျဖဴေရာ္ပုံေပၚေသာ လူတစ္ေယာက္ သည္ ့ႀကိဳးစားေလ့က်င့္သူ မဟုတ္ဟု ထင္ထားေပမယ့္ အခု သူ႔ခါးကို ဖက္ထားသည့္ အားကို ႀကဳံရမွ ဒီလူက သူထင္သလို မ႐ိုးရွင္းဘူးဆိုတာ သိလိုက္သည္။


ဒီေန႔ေခတ္ အဖြဲ႕စည္း ထိပ္ဆုံးမွာ အုပ္ခ်ဳပ္ေနသည့္ လူတိုင္းက ဘာေၾကာင့္ ခုလို ကိုယ္ခံပညာကို  ကြၽမ္းက်င္ေအာင္ ေလ့က်င္ရတာကို ႏွစ္သက္ရတာလဲ။  Albert စကားလုံးမေျပာေသာ္လည္း သူက ဒီလို အေနထားျဖင့္ ဖက္ထားကာ  သူ႔ကိုသာ စိုက္ၾကည့္ေနခဲ့သည္။ Albert ၏ သန္မာေသာ လက္မ်ားက ခါးကို တင္းက်ပ္ေအာင္ သိုင္းဖက္ထားရာမွ သူ႔ကိုယ္ကို ပြတ္သပ္ေနသျဖင့္ Tang Feng ဒီအေနထားကို သေဘာမက်စြာျဖင့္ ႐ုန္းကာ ေျပာလိုက္သည္။

"Albert ငါ့ကို လြတ္ေပးပါ။ "

Tang Feng သည္ အဲလ္ဘတ္ႏွင့္ ဆက္ဆံေရးရွိျခင္းကို မေၾကာက္ေပမယ့္   သူစိတ္ပူမိသည့္အရာက Albert က သူႏွင့္ ပတ္သတ္သည့္လူတိုင္းကို ပင္လယ္ထဲပစ္ခ်ကာ ငါးမန္းစာ ေကြၽးပစ္မွာကိုပဲျဖစ္သည္။ အထူးသျဖင့္ သူတို႔ေနာက္ ဓါတ္ပုံ လိုက္ခိုး႐ိုက္ရင္း အရႈပ္ထုပ္ထဲ ပါလာသူ ေက်ာင္းသားေလး လီရွင္းကိုစိုးရိမ္းတာျဖစ္သည္။

ဒါက ေၾကာက္စရာေကာင္းတဲ့ အေျခေနပဲ။

Tang Fengက ေမးခြန္းအမ်ားႀကီး စဥ္းစားေနေပမယ့္  ျဖဴေဖ်ာ့သည့္ အသားေရႏွင့္ မ်က္ဝန္းျပာကို ပိုင္ဆိုင္ထားသည့္ Albert က ဘာမွ မေျပာပဲ သူ႔ကိုယ္ကို ပြတ္သပ္လာရင္း သူ၏ သန္မာေသာလက္မ်ားက Tang Feng  ၏ လည္ပင္းကို ဆုပ္ကိုင္လာခဲ့စဥ္ အိပ္မက္ထဲက ေႁမြႀကီးကို သတိရလာခဲ့သည္။

Tang Feng ၏လည္ပင္းတြင္ အဲလ္ဘတ္၏ေအးစက္ေသာလက္က  ႐ုတ္တရက္ အားျဖင့္ ညစ္လိုက္သည္။

"မလုပ္နဲ႔!"

Tang Feng သည္ အဲလ္ဘတ္၏ပခုံးကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ကာ သူတို႔ႏွစ္ေယာက္ၾကားက အကြာေဝးကို ျခားပစ္ရန္ႀကိဳးစားေနသည္။


Tang Feng ၏လည္ပင္းအေပၚမွ ဖိအားက လုံးဝမေလ်ာ့ခဲ့ေပ။ Albert မ်က္ဝန္းထဲက လိုခ်င္တပ္မက္မႈက မီးေတာင္ထဲက ေခ်ာ္ရည္ေတြလို ေတာက္ေလာင္လို႔ေနသည္။

Tang Feng က ဘာမွ မလႈပ္ရွားခဲ့ေပမယ့္ Albert က သူ႔လည္ပင္းကို ဆုပ္ကိုင္ကာ ေရွ႕ကို ကိုင္းၫြတ္ၿပီး သူဖက္ထားသည့္ လူ၏ ႏူတ္ခမ္းကိုနမ္းရန္ ႀကိဳးစားလိုက္သည္။ Tang Feng က သူတို႔ၾကား အတင္း လက္ႏွင့္ တားထားၿပီး ေအာ္လိုက္သည္။

"ငါက မလုပ္နဲ႔လို႔ေျပာေနတယ္ေလ။ မင္းနဲ႔ သူတို႔ၾကားက မတူတာက ဘာလဲ သိရဲ႕လား Albert  "

 Tang Feng သည္ Albert ေပၚ စိတ္ပညာကိုသုံးကာ ေမးခြန္းေမးလိုက္သည္။ ဒီေမးခြန္းက Albert အေစာပိုင္းက ေျပာသြားတဲ့ သူ႔စကားနဲ႔ ဆက္စပ္ေနၿပီး ဒီလိုေမးသံကိုၾကား လိုက္ေတာ့ Albert က သူ႔ကိုလႊတ္ေပးလိုက္သည္။

Tang Feng သည္ Albert ရဲ႕စိတ္ထားႏွင့္ ခံယူခ်က္ကို ေလာင္းကာ ေျပာလိုက္တာ  သူ တကယ္ႏိုင္သြားခဲ့သည္။

Albert သည္ ထိုလူကိုျဖည္းျဖည္းခ်င္း လႊတ္ေပးလိုက္သည္။ Tang Feng သည္ အျခားလူ၏ ေပါင္ေပၚမွ ခ်က္ခ်င္းထကာ ေဘးက ခုံမွာ ဝင္ထိုင္လိုက္သည္။ Albert  သူ႔ေဘးတြင္ရွိေသာ ဝန္ထမ္းအား " ေရခဲတစ္ခြက္" ေပးရန္ ေတာင္းလိုက္သည္။

=====================================

Superstar Volume III- Chapter (20) - Torrent Undercurrent

ဒီရက်ပိုင်းမှာ Albert က Tang  ကို သွားလာခွင့် ကန့်သတ်ထားခြင်းမရှိပါ။ အခန်းအပြင်ဘက်ရှိ လသာဆောင်နှင့်ဥယျာဉ်အပြင်ပိုင်းသာမက  Albert ရှိသည့် နေရာများထိ သူသွားခဲ့သည်။

အချိန်အများစုမှာ Tang Feng က စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်များကို စာကြည့်တိုက်မှ ယူကာ လသာဆောင် ဝရန်တာတွင် ထိုင်ကာ ဖတ်လေ့ရှိပေမယ့် တကယ်တော့ သူက စာဖတ်တာထက် သူ့နားမှာ ဝန်ဆောင်မှုပေးဖို့ အသင့်စောင့်နေသည့် အိမ်ဖော်မလေးများနှင့် စကားစမြည်ပြောနေတတ်သည်။ ဗဟုသုတကို စာအုပ်တွေထဲက ရှာတာထက် လူတွေနဲ့စကားပြောရင်း သိရတာကို သူ ပို သဘောကျကသည်။ ဒါက ပိုအသက်ဝင်ပြီး ပျော်စရာကောင်းသည်ဟု ခံစားရသည်။ အကြောင်းရတခုခုနှင့် ပတ်သတ်ပြီး အမြင်မတူလျှင် သူတို့ ဘယ်လို တွေးသည်ကိုပါ မေးပြီး အချင်းချင်း ဖလှယ်နိုင်သည်။

တနေ့ အိမ်ဖော်မလေးက Tang Feng ကို လေဝင်လေထွက်ကောင်း သည့် ဥယျာဉ်တစ်ခုစီခေါ်သွားသည်။ ဥယျာဉ်ထဲကို တချက်ကြည့်လိုက်တာနဲ့ ရွှေရောင်ဆံပင်နှင့် Albert ကို ဖွင့်ထားသည့် ထီးကြီးကြီးအရိပ်တွင် ထိုင်နေတာကို တွေ့လိုက်ရသည်။ သူလာတာ တွေ့တော့ Albertက မတ်တပ်ရပ်ကာ သူ့ကို ပြုံးပြီး ကြိုနေသည်။ အိမ်ဖော်များက အရိုသေပေးကာ အားလုံးထွက်သွားကြသည်။

" ငါ့ကိုတွေ့ဖို့ မင်းက တောင်းဆိုလို့ ငါ အံ့သြနေတာ"

Albert သည် ဖော်ရွေသော အမူယာဖြင့် Tang Feng ကို ထိုင်ရန် ပြောလိုက်သည်။ Tang Fengက မထိုင်ပဲ မတ်တပ်ရပ်ကာ ပြောလိုက်သည်။

" လောကမှာ တိုက်ဆိုင်တယ်လို့ မရှိပါဘူး။ အိမ်ရှင်ခွင့်မပြုပဲ အိမ်ဖော်တွေက အာဏာပါဝါကြီးတဲ့ အိမ်ရှင်နဲ့ပတ်သတ်တာကို ဘယ်သူက ပြောရဲမှာလဲ။ အထူးသဖြင့်အိမ်ရှင်ရဲ့ နာမည်က အဲလ်ဘတ်ဖြစ်နေရင် ဘယ်ဝန်ထမ်းမှ ဧည့်သည်ကို မင်းအကြောင်း မပြောရဲဘူး။ မင်းက တမင်သတ်သတ် အိမ်ဖော်တွေက တဆင့် မင်းအကြောင်းကို ပြောပြခိုင်းသလို မင်းလက်ထဲမှာ  Su Qi cheng နဲ့  Li Xi ရှိတယ်ဆိုတာ ငါ့ကို သိအောင် ပြောခိုင်းလိုက်တယ်။ ပြီးတော့ သိချင်စိတ်ပေါ်လာပြီး ငါ ကိုယ်တိုင် မင်းကို တွေ့ရဖို့ တောင်းဆိုလာအောင်လုပ်တယ်။ ဒီဟာက မင်းဖြစ်စေချင်ဆိုရင် မင်းရဲ့ရည်ရွယ်က အောင်မြင်ပါတယ်။ "

 

"မင်းက အရမ်းစမတ်ကျတယ်။ တကယ်ကိုတော်ပါပေတယ်၊"

သူ လျှို့ဝှက်စွာ လုပ်ထားပေမယ့်  Tang Feng က ဒီဟာတွေ အားလုံးကို သိမြင်နိုင်တာကို  အဲလ်ဘတ် လက်ခံသည်။ တကယ်လို့ ဒါတွေ မမြင်မှသာ ပုံမှန်မဟုတ်တာဖြစ်သည်။ ဒါကြောင့် Tang Feng က သူ့စိတ်ထဲက ရဲရင့်လှပတဲ့ အလှလေး Esmeralda ဖြစ်နေခြင်းပါပင်။

( Esmeralda - ခါးကုန်းကြီးနှင့် အလှလေး ဇာတ်လမ်းထဲမှ မိန်းမလှလေး )

"ရပ်ပြီး စကားပြောတာ အဆင်မပြေပါဘူး။ ထိုင်ပါဦး  "

Tang Feng က နူတ်ခမ်းကို အနည်းငယ်ကော့ညွတ်လိုက်ပေမယ့် သူ မထိုင်ပါ။

"ခန့်မှန်းချက်တွေပြောပြီးရင် မင်းသိချင်တာကို မေးသင့်တယ်။ စိတ်ထဲ မြိုသိပ် ထားစရာမလိုဘူး။ "

"ဒီအကြောင်းတွေ ... "

" မင်း ပြောတာအားလုံး ငါ လုပ်ထားတယ်ဆိုတာ ဝန်ခံပါတယ်။ ငါချစ်ရတဲ့ ချစ်သူလေး... မင်း ငါ့ကို ဘာအကြောင်းပြောစေ ချင်တာလဲ" "

"ဒီမတိုင်ခင် ငါ မင်းကိုမေးခွန်းတစ်ခုမေးချင်တယ်။  မင်း ငါ့ကို ခေါ်လာကတည်းက  ဘာကြောင့် အခန်းထဲမှာ တစ်ယောက်တည်း ထားခဲ့တာလဲ၊ မင်း ငါ့ကို တွေ့ချင်လျက်နဲ့ ဘာကြောင့် လူကိုယ်တိုင် မလာတာလဲ၊ ဒါပေမယ့် ငါ့ကို အိမ်ဖော်ကနေတစ်ဆင့် မင်းကို လာရှာခွင့်ပေးခဲ့တယ်။ "

Albert ရှေ့တွင် သူ ဘာကိုမှ ဟန်ဆောင်ရန်မလိုပါ။ Albert ကအရမ်းလိမ္မာပါးနပ်လွန်းပြီး လှည့်ကွက်လေးတွေကို တချက်ကြည့်တာနဲ့ သိနိုင်သည်။ ဒီလိုလူရှေ့မှာ ရိုးသားတာ အကောင်းဆုံးဖြစ်သည်။ ဉာဏ်ကောင်းတဲ့လူတွေက သူတို့ကိုယ်တိုင် ဘာမှမလုပ်ပဲ မင်းလက်ထဲ ဓါးတစ်ချောင်းထည့်ပေးရုံနဲ့ မင်းကို ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။

"ငါ့ဆီမှာ ဆန့်ကျင်ဘက် စိတ်ထားရှိတယ်ဆိုတာ မင်းသိရဲ့လား။ "

Albert က  အနည်းငယ် စိတ်ဆိုးနေသလို သူက ဟိုးအဝေးက ပင်လယ်ပြင်ကို လှမ်းကြည့်ပြီး သူ့အသံက တိုးကာ တည်ငြိမ်နေ သည်။ သူ့ပုံစံက စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ခုကို ပြောပြနေ သူနှယ် ထင်ရသည်။

"  မင်း မသိပဲ အကွယ်တစ်နေရာကနေ မင်း ရဲ့ အပြုမှုတွေကို ကြည့်ရတာ ငါ့အတွက် ပျော်စရာတစ်ခုပဲ။ မင်းနေ့စဉ် ဘာတွေ လုပ်နေသလဲ။ ဘယ်အရာကို ဘယ်လို တွေးတောစဉ်းစား သလဲ။ မင်း တနေ့တာကို ဘယ်လိုဖြတ်သန်းသလဲ ဆိုတာ ဖြည်းဖြည်းချင်း ကြည့်ရတာ ငါ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့ကြုံနဲ့ ပျော်ရွှင်မှုပဲ။ "

ထိုလူကပြုံးပြီးဆက်ပြောသည်

 " ဒီလို စောင့်ကြည့်ရတာ ချိုမြိန်လှပေမယ့် တခါတလေ ရလဒ်က ခါးသီးစရာကောင်းလှတယ်။ ငါက မင်းကိုစောင့်ကြည့်နေရင်း တဖက်ကလည်း မင်းကို ချစ်မြတ်နိုးလာတယ်။ မင်း တနေ့တခြား  သန်မာလာတာကို စောင့်ကြည့်ရင်း မင်းက မီးပုံထဲကို တိုးဝင်သွားတာကို တွေ့လိုက်ရတယ်။ "

ထိုသူ၏ ထက်သောမျက်လုံးများက Tang Feng ကိုစူးစိုက်ကြည့်လာပြီး သူ့အသံက အက်ကွဲလာသည်။

"ချစ်ခြင်းမေတ္တာ၊ ရိုးသားမှုနှင့် သတ္တိကို ကိုယ်စားပြုတဲ့သူဟာ အမြဲတမ်း တူညီတဲ့ အတွေ့အကြုံရနိုင်ရဲ့လား။ ခါးကုန်းကြီးက Esmeralda ချစ်မြတ်နိုးပြီး Esmeralda  က အကျင့်မကောင်းတဲ့ လက်ထောက်ဘုန်းတော်ကြီး Floro ကိုချစ်နေတယ်။ မင်းက ဟိုကောင် Charles အပေါ် အကောင်းမြင်နေနိုင်သလို ဟိုကောင် Lu Tian chen နဲ့ပတ်သတ်ပြီး ထိတွေ့ဆက်ဆံဖူးတယ် မဟုတ်လား။ "

"မင်း အတွေးလွန်နေပြီ "

Tang Feng က ခါးသီးစွာပြုံးပြသည်။ Charles နှင့် Lu Tian chen တို့နှင့် သူ့ကြားက ဆက်ဆံရေးသည် Esmeralda  ဇာတ်လမ်းနှင့် အနည်းငယ် ဆင်တူသော်လည်း ထပ်တူတော့ မဟုတ်ပေ။

Albert သူ့ကို ခုလို ဆက်ဆံတာက သူက Albert ရဲ့စိတ်ကူးယဉ် ဇာတ်လမ်းထဲက မင်းသမီးလေး  Esmeralda  လို့ထင်မြင်ထား သောကြောင့်ဖြစ်သည်။  

ဒါပေမယ့် တကယ်တော့ သမိုင်းကြောင်း ဇာတ်လမ်းထဲမှာရှိတဲ့  Esmeralda နဲ့ သူက လုံးဝမတူသည့် ကမ္ဘာမှာနေထိုင်ကြတဲ့လူနှစ် ဦး ဖြစ်သည်။ Albert က သူ့ကိုယ်သူ ခေါင်းလောင်းထိုးရတဲ့ ခါးကုန်းကြီးဟု ထင်မြင်ပြီး သူက အပြင်ပိုင်း ဆိုးသွမ်းပုံရပေမယ့် အတွင်းစိတ်က နူးညံ့ပြီး ကြင်နာတတ်သူဟု ခံယူထားသည်။ Albert ပြောသည့် သွင်ပြင်ဆိုတာ သူ့ရဲ့အလုပ်အကိုင်၊ ပါဝါနဲ့ ကျွမ်းကျင်မှုကို ဆိုလိုခြင်းဖြစ်သည်။ Albert က ဒီလိုမပြောပေမယ့် ဒီသဘောဆိုတာ Tang Feng သေချာသိသည်။


"ငါ အရမ်း အတွေးလွန်နေတယ် ဟုတ်လား ?"

အဲလ်ဘတ်သည် အသံတိုးတိးနှင့်ရယ်လိုက်သည်။ ဒီရယ်သံက ပင်လယ်လေလို အေးစက်ကာ ကြားရသူကို အေးစိမ့်ကာ ကြောက်ရွံ့လာစေသည်။

"မင်းကိုယ်တိုင်က  ရက်စက်တဲ့ကံကြမ္မာထဲမှာ ပါဝင်နေသေးတယ်ဆိုတာကို သတိမထားမိဘူးလား"

ရုတ်တရက် Albert က  လမ်းထလျှောက်လာပြီး  Tang Feng ၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး စကားပြောလိုက်သည်။ ထိုစကားများက နူးညံ့သော်လည်း စကားလုံးတိုင်းက ကျောက်တုံးများထက် လေးလံကာ သူ့ကို ပင်လယ်ထဲ စုန်းစုန်းမြှုပ်အောင် လုပ်နိုင်သည်။


Tang Feng က ဦး ခေါင်းကိုစောင်းငဲ့ကာ သူ့ပုခုံးကို ဆုပ်ကိုင်ထားသည့် အဲလ်ဘတ်၏ လက်ကိုကြည့်လိုက်ပြီး  လက်ကိုဆန့ ်ကာ အဲလ်ဘတ်၏လက်ကို ဖယ်ချလိုက်သည်။

"ငါ့ရဲ့ကံကြမ္မာကို ငါတောင် ရှင်းရှင်းလင်းလင်း မသိဘူးဆိုရင်  ငါက တခြားအနေအထား ကိုရောက်နေပြီပေါ့။ အဲလ်ဘတ်၊ မင်းရဲ့ကံကြမ္မာကို ရှင်းရှင်းလင်းလင်းမြင်ဖူးရဲ့လား။  "

"အမြဲတမ်း ငါရှင်းရှင်းလင်းလင်း သိမြင်နေကြပဲ "

" မင်းရဲ့ကိုယ်ပိုင်ကံကြမ္မာမှာ မင်း ဘယ်လောက်တောင် နက်နက် ရှိုင်းရှိုင်းပါ ၀ င်နေတယ်ဆိုတာ မင်း သိလို့လား။ နူးညံ့ တယ်လို့ မင်းထင်ထားတဲ့အရာတွေက ထင်ယောင်ထင်မှားဖြစ် သလားဆိုတာ မင်း ဘယ်လို သိနိုင်မလဲ။  "

Tang Feng သည် ရုတ်တရက် ဒီစကားများကိုပြောပြီးနောက် ရယ်စရာဟု ထင်လာသည်။ ဒီအတွေးတွေကို များများတွေးလေ သူပိုရှုပ်ထွေးလာလေဖြစ်သည်။ ဒါကြောင့် လက်တွေ့ကျကျ သူ့လက်ရှိ အခြေနေကို ကောင်းအောင်နေဖို့ပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

"အိုကေ၊ ဒီခေါင်းစဉ်ကို ရပ်လိုက်ရအောင်။ ငါတို့ အရင်ထိုင်ကြ တာပေါ့။  တစ်ညနေလုံး ခုလို မတ်တပ်ရပ်ပြီး မကုန်ဆုံးချင်ဘူး။  "

သူတို့ရဲ့အငြင်းပွားမှုက ဘာဆက်ဖြစ်နေနိုင်တယ်ဆိုတာကို စဉ်းစားရင်းနောက်ဆုံး  Tang Feng က ထိုင်ပြီး စကားပြောဖို့ ရွေးချယ်ခဲ့သည်။ Abbers သည် Tang Feng ပြောသည့်အချက်ကို စဉ်းစားနေဆဲဖြစ် သည်။

 "မင်းရဲ့စကားတွေက မင်းရဲ့အတွေးခေါ်ကို ထင်ဟပ်ပြနေတယ်"

Tang Feng က လျှောက်သွားပြီး အဲလ်ဘတ်ကို ကုလားထိုင်ပေါ် ဖိချကာ ထိုင်စေသည်။ သူ့ရဲ့လှုပ်ရှားမှုက  အဲလ်ဘတ် ၏ အတွေးများထဲမှ နိုးထလာစေသည်။

" ငါတို့တွေ အများကြီးတွေးနေရင် စိတ်ရှုပ်ထွေးလာမယ်၊ အလုပ် အကြောင်း အရင်ပြောကြတာပေါ့  "

Tang Feng က Albert ၏ပခုံးပေါ် လက်တင်၍ ပြောလိုက်သည်။ Albert ၏အစိမ်းရောင်မျက်လုံးများက တောက်ပနေသည်။ သူက သူ့ခုံမှာထိုင်ဖို့ လှည့်လိုက်ပေမယ့် Albert က ရုတ်တရက် သူ့လက်ကို လှမ်းဆုပ်ကိုင်ကာ သူ့ပေါင်ပေါ်ဆွဲချကာ ထိုင်စေသည်။

  Tang Feng သည် ခုလို အနေထားဖြင့် အခြားယောကျာ်း တစ်ယောက်ပေါင်ပေါ် ထိုင်နေရတာ မသက်မသာဖြစ်နေသဖြင့် ထရပ်ရန် ကြိုးစားလိုက်ပေမယ့် Albert က သူ့ခါးကို သန်မာသည့် လက်များဖြင့် ဆုပ်ကိုင်ထားပြီး အတင်း ချုပ်ထားသည်။ ဒီလူငယ်က ကြည့်တာ ပိန်ပါးသည့် ပုံဖြစ်ပေမယ့် သူ့လက်အားက သန်မာလွန်းလှသည်။

 သေစမ်း... နောက်ထပ် လေ့ကျင့်ထားတဲ့ လူတစ်ယောက်လား။

ဤတွေ့ရှိချက်က Tang Feng ကို အနည်းငယ်စိတ်ပျက်စေခဲ့သည်။  သူသည် Albert ကဲ့သို့ဖြူဖပ်ဖြူရော်ပုံပေါ်သော လူတစ်ယောက် သည့်ကြိုးစားလေ့ကျင့်သူ မဟုတ်ဟု ထင်ထားပေမယ့် အခု သူ့ခါးကို ဖက်ထားသည့် အားကို ကြုံရမှ ဒီလူက သူထင်သလို မရိုးရှင်းဘူးဆိုတာ သိလိုက်သည်။


ဒီနေ့ခေတ် အဖွဲ့စည်း ထိပ်ဆုံးမှာ အုပ်ချုပ်နေသည့် လူတိုင်းက ဘာကြောင့် ခုလို ကိုယ်ခံပညာကို  ကျွမ်းကျင်အောင် လေ့ကျင်ရတာကို နှစ်သက်ရတာလဲ။  Albert စကားလုံးမပြောသော်လည်း သူက ဒီလို အနေထားဖြင့် ဖက်ထားကာ  သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ Albert ၏ သန်မာသော လက်များက ခါးကို တင်းကျပ်အောင် သိုင်းဖက်ထားရာမှ သူ့ကိုယ်ကို ပွတ်သပ်နေသဖြင့် Tang Feng ဒီအနေထားကို သဘောမကျစွာဖြင့် ရုန်းကာ ပြောလိုက်သည်။

"Albert ငါ့ကို လွတ်ပေးပါ။ "

Tang Feng သည် အဲလ်ဘတ်နှင့် ဆက်ဆံရေးရှိခြင်းကို မကြောက်ပေမယ့်   သူစိတ်ပူမိသည့်အရာက Albert က သူနှင့် ပတ်သတ်သည့်လူတိုင်းကို ပင်လယ်ထဲပစ်ချကာ ငါးမန်းစာ ကျွေးပစ်မှာကိုပဲဖြစ်သည်။ အထူးသဖြင့် သူတို့နောက် ဓါတ်ပုံ လိုက်ခိုးရိုက်ရင်း အရှုပ်ထုပ်ထဲ ပါလာသူ ကျောင်းသားလေး လီရှင်းကိုစိုးရိမ်းတာဖြစ်သည်။

ဒါက ကြောက်စရာကောင်းတဲ့ အခြေနေပဲ။

Tang Fengက မေးခွန်းအများကြီး စဉ်းစားနေပေမယ့်  ဖြူဖျော့သည့် အသားရေနှင့် မျက်ဝန်းပြာကို ပိုင်ဆိုင်ထားသည့် Albert က ဘာမှ မပြောပဲ သူ့ကိုယ်ကို ပွတ်သပ်လာရင်း သူ၏ သန်မာသောလက်များက Tang Feng  ၏ လည်ပင်းကို ဆုပ်ကိုင်လာခဲ့စဉ် အိပ်မက်ထဲက မြွေကြီးကို သတိရလာခဲ့သည်။

Tang Feng ၏လည်ပင်းတွင် အဲလ်ဘတ်၏အေးစက်သောလက်က  ရုတ်တရက် အားဖြင့် ညစ်လိုက်သည်။

"မလုပ်နဲ့!"

Tang Feng သည် အဲလ်ဘတ်၏ပခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူတို့နှစ်ယောက်ကြားက အကွာဝေးကို ခြားပစ်ရန်ကြိုးစားနေသည်။


Tang Feng ၏လည်ပင်းအပေါ်မှ ဖိအားက လုံးဝမလျော့ခဲ့ပေ။ Albert မျက်ဝန်းထဲက လိုချင်တပ်မက်မှုက မီးတောင်ထဲက ချော်ရည်တွေလို တောက်လောင်လို့နေသည်။

Tang Feng က ဘာမှ မလှုပ်ရှားခဲ့ပေမယ့် Albert က သူ့လည်ပင်းကို ဆုပ်ကိုင်ကာ ရှေ့ကို ကိုင်းညွတ်ပြီး သူဖက်ထားသည့် လူ၏ နူတ်ခမ်းကိုနမ်းရန် ကြိုးစားလိုက်သည်။ Tang Feng က သူတို့ကြား အတင်း လက်နှင့် တားထားပြီး အော်လိုက်သည်။

"ငါက မလုပ်နဲ့လို့ပြောနေတယ်လေ။ မင်းနဲ့ သူတို့ကြားက မတူတာက ဘာလဲ သိရဲ့လား Albert  "

 Tang Feng သည် Albert ပေါ် စိတ်ပညာကိုသုံးကာ မေးခွန်းမေးလိုက်သည်။ ဒီမေးခွန်းက Albert အစောပိုင်းက ပြောသွားတဲ့ သူ့စကားနဲ့ ဆက်စပ်နေပြီး ဒီလိုမေးသံကိုကြား လိုက်တော့ Albert က သူ့ကိုလွှတ်ပေးလိုက်သည်။

Tang Feng သည် Albert ရဲ့စိတ်ထားနှင့် ခံယူချက်ကို လောင်းကာ ပြောလိုက်တာ  သူ တကယ်နိုင်သွားခဲ့သည်။

Albert သည် ထိုလူကိုဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ Tang Feng သည် အခြားလူ၏ ပေါင်ပေါ်မှ ချက်ချင်းထကာ ဘေးက ခုံမှာ ဝင်ထိုင်လိုက်သည်။ Albert  သူ့ဘေးတွင်ရှိသော ဝန်ထမ်းအား " ရေခဲတစ်ခွက်" ပေးရန် တောင်းလိုက်သည်။

=====================================


(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now