Volume III- Chapter (51) _ ပြန်ပေးဆွဲခံရခြင်း

1.8K 386 17
                                    

Volume III- Chapter (51) _ ပြန်ပေးဆွဲခံရခြင်း



ရိုက်ကူးရေးအဖွဲ့သားတွေက လမ်းပြကို အကြောင်း ပြည်တွင်း ဒါရိုက်တာကို မေးလိုက်တော့ ထိုလူက တကယ်လည်း တရားဝင် စာရင်းသွင်းထားတဲ့ လမ်းပြဖြစ်နေသည်။ ဒါပေမယ့် တရာဥပဒေ စိုးမိုးမှု နည်းသည့် တိုင်းပြည်တွင် လူတိုင်းက ဘာမဆို ဖြစ်သွားနိုင်သည်။

ထိုစဉ်ပြည်တွင်း ဒါရိုက်တာက ရုတ်တရက် အော်ပြီး ထွက်ပြေးသွားတယ်။ ဓာတ်ပုံဆရာ တွေက သူ့နောက်ကို လိုက်ဖမ်းကြသည်။

Tang Feng က အားလုံးကို အမြန်စုစည်းလိုက်သည် ။ အဲ့လူနောက်ကို အလျင်စလို ပြေးလိုက်ပဲ ဖြည်းဖြည်းလေး လမ်းလျှောက်ပြီး စောင့်ကြည့် ဖို့ ပြောလိုက်သည်။

"ဒီနေရာမှာ ထူးဆန်းတဲ့အရာတွေ အများကြီး ရှိတယ်။ ငါ ဒါရိုက်တာလုပ်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ထူးထူးဆန်းဆန်းကြုံရတာ ဒါက ပထမဆုံးပဲ"

ဒါရိုက်တာက လည်ပင်းကို လက်နှင့် ပွတ်သပ်ကာ ပြောလိုက်သည်။

ကောင်းကင်က မှောင်လာပြီး အပူချိန်က ကျဆင်း လာတယ်။ လူတိုင်းက ထူထဲတဲ့ အဝတ်အစားတွေ ဝတ်ထားပေမယ့် အေးစက်တဲ့လေက ထိုးဖောက် ဝင်ရောက်လာတဲ့အတွက် ခိုက်ခိုက်တုန် နေကြသည်။

သူတို့က ကိုယ်ကို ကျုံ့ထားတာ ပိုးကောင်လေးလိုပဲ...

"Joel က ဘာဖြစ်သွားလဲမသိဘူး၊ သူ့ကို အရမ်းစိုးရိမ်နေတယ်"

မိတ်ကပ်ပညာရှင်က စိုးရိမ်တကြီးပြောတော့

Tang Feng မတ်တပ်ထရပ်ပြီး ပြောသည် ။

"လူတိုင်းက ကိုယ့်ရဲ့ ဖုန်းတွေ ထုတ်ပြီး လိုင်းရ၊မရ တချက်စစ်ကြည့်ပါ။ လိုင်းရရင် အပြင်ကို ဆက်သွယ်လို့ ရနိုင်လားဆိုတာ သိနိုင်ဖို့ ကြည့်ကြဦး ။"

ဒါက လတ်တလော ဦးစားပေးလုပ်ရမယ့်အရာ ဖြစ်သည်။ လမ်းပြမပါပဲ သူတို့က တောထဲကနေ အပြင်ကို ထွက်ဖို့ မဖြစ်နိုင်ပေ။

ဘာပဲဖြစ်ဖြစ် လမ်းညွှန်မပါဘဲ တောအုပ်ပြင်ပက လူတွေနဲ့ အဆက်အသွယ်ရလျှင် ပိုကောင်းတာပေါ့။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now