True Star _ Vol.3 _ (Chapter 38- 2) -New Movie-2

2.2K 435 6
                                    

True Star _ Vol.3 _ (Chapter 38- 2) -New Movie-2


  မွန်းလွဲပိုင်းတွင် ကုမ္ပဏီထဲ ဧည့်သည်တစ်ယောက် လာပြီး Tang Fenကိုတွေ့သဖြင့် သူတို့နှစ်ယောက် ကင်တင်းတွင် ထိုင်ခဲ့သည်။ ချန်မင်ရွှိသည် ကော်ဖီတခွက်ကို စုပ်သောက်နေသည်။


"ဒီနေ့ မင်းအလုပ် မလုပ်ဘူးလား။ ငါ့ကိုလာတွေ့ဖို့ မင်း အားနေတာလား။ "

 Tang Feng ကပြုံးပြီး ချန်မင်ရွှိရဲ့ကော်ဖီခွက်ကိုထည့်ရန် ကော်ဖီအိုးကိုယူလိုက်တယ်။ သူသည်ဗင်းနစ်၌ရှိစဉ် ချန်မင်ရွှိ နှင့်ဆက်သွယ်ခဲ့သည်။ ဒီကောင်လေးဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဂျပန်ကို ရိုက်ကူးရေး ထွက်သွားပြီး မနေ့ကပြန်လာခဲ့သလို တောင်ကိုရီးယားမှာလည်း  အစီအစဉ်တခုကို ရိုက်ကူးခဲ့တယ်။


" ငါက ဟာနေ့တိုင်း အလုပ်လုပ်တဲ့ အလုပ်သမားတစ်ယောက် မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အားလပ်ရက်ယူ ရပါမယ်။
စကားမစပ်၊ မင်းဘယ်ခရီးကို အရင်သွားခဲ့တာလဲ၊ မင်းကိုဖုန်းခေါ်လို့မရဘူး။ မင်းရဲ့ကုမ္ပဏီထဲက တစ်ယောက်ယောက်ကိုမေးပြီး မင်း အခု ပြန်ရောက်ပြီလို့ ပြောလို့သာပေါ့။ မဟုတ်ရင် မင်း ပြန်ပေးဆွဲခံရတယ်လို့ ငါထင်နေတော့မယ်။  "

 
ချန်မင်ရွှိ သည်ကော်ဖီခွက်ကိုမြှောက်ကာ ပြန်လည်ဆုံတွေတဲ့ အတွက် ပျော်ရွှင်စွာ ခွက်ခြင်း တိုက်ခဲ့သည်။

 ဟုတ်တယ်၊ သူ ပြန်ပေးဆွဲခံရတယ်။ အများကြီးကြုံပြီးမှ သူပြန်လွတ်လာခဲ့တယ်။

Tang Feng က သူ၏လက်ကိုစားပွဲပေါ် တင်၍ ပြုံးကာ ပြောလိုက်သည်။

 "ငါ ပြန်ပေးဆွဲ မခံရဘူးလို့ မင်း ဘယ်လို တပ်အပ် ပြောနိုင်လဲ "

 "ဟား..ဟား.. မင်းကို ပြန်ပေးဆွဲရဲတဲ့လူ ရှိပါ့မလား။ ရှိမယ်ဆိုရင်လည်း အဲ့လူက အကြီးစား ဂိုဏ်းစတားပဲဖြစ်ရမယ်။ မင်းက လွတ်လွတ်လပ်လပ် ခရီးတွေ လျှောက်သွားနိုင်တာကလည်း မင်းကို စောင့်ရှောက်နေတဲ့ တကယ့်ဂိုဏ်းစတားကြီး ရှိနေလို့ မဟုတ်လား"

ချန်မင်ရွှိက ပြောရင်းရယ်နေခဲ့သည်။

Tang Feng ကပြုံးပြီးပြန်ပြောပြသည်။
"အင်း...မင်းပြောတာ ဟုတ်တယ်"

"မင်းက ရုပ်ရှင်တွေထဲမှာ အများကြီးလုပ်နိုင်ခဲ့တယ်။ ဒါကို ဘယ်သူက ယုံမှာလဲ။"

ချန်မင်ရွှိ က Tang Feng နားကို တိုးကပ်ပြီး မေးလိုက်သည်။

 " ဟေး၊ ဝေ့တောက်မင်က မင်းကို သူ့ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့ ဖိတ်တယ်လို့ ငါကြားခဲ့တယ်။ အဲ့ဒါ တကယ်လား။ "

" အင်း... မင်း ဘယ်လိုသိသလဲ"

"မင်း အွန်လိုင်း သတင်းကို မကြည့်ဘူးလား။ တျန်းယာ့ဖိုရမ်မှာ အဲ့အကြောင်းကို တင်လိုက်လို့ ပရိတ်သတ်ကြား အုတ်အုတ်ကျက်ကျက်ဖြစ်နေတယ်။ ပရိတ်သတ်တွေက ဝေ့တောက်မင်က မင်းရဲ့ သရုပ်ဆောင်ချက်ကို မြတ်နိုးလို့ သူ့ဇာတ်ကားထဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်လို့ ရေးထားတယ်"

ချန်မင်ရွှိက အထင်သေးစွာ နှာခေါင်းရှုံ့ကာ ဆက်ပြောခဲ့သည်။

"ဝေ့တောက်မင်က နောက်ကွယ်က လုပ်ကိုင်တဲ့နေရာမှာ အတော်ကို ရည်မှန်းချက်ကြီးတယ်။ သူက ပရဟိတ လုပ်ချင်ယောင်ဆောင်ပြီး သူတော်ကောင်း အရေခြုံထားတယ်။ မင်း သူ့ဖိုရမ်အောက်ကို ဝင်ကြည့်လိုက်။ သူဌားထားတဲ့ ရေတပ်အကောင့်တွေက ဝေ့တောက်မင်က တကယ့် သူတော်စင်တစ်ယောက်လို  လော်ဘီလုပ်နေတာကို မြင်ရလိမ့်မယ်"

"မင်းက ဘာလို့အရာအားလုံးကို သိနေတာလဲ?"


ချန်မင်ရွှိက   Tang Fengအား  ဆက်လက်ပြောကြားခဲ့သည်။

 "ငါရဲ့ ရှိုးပွဲကို လာတဲ့လူတွေ အတော်များတယ်။ ဒါကြောင့် အတွင်း သတင်းတွေကို ငါ လွယ်လွယ်နဲ့ရနေတာပဲ။  ကမ္ဘာပေါ်တွင် လေလုံတဲ့ နံရံရယ်လို့ မရှိဘူး "


 Tang Feng က ချက်ချင်းလက်ငင်း အရှုံးပေးလိုက်သည်။

" ချန်မင်ရွှိ... ငါ့ အနာဂတ်အတွက် မင်းကို ငါ အားကိုးမယ်၊ "


သူတို့နှစ် ဦး စလုံး သိကျွမ်းလာကြပြီးနောက်ပိုင်း ရင်းနှီးမှုတိုးကာ နောက်ပြောင်မှုများက ပိုများလာသည်။

" မေ့လိုက်ပါ၊ ငါ့လို ခပ်ညံ့ညံ့ကောင်က ဗင်းနစ်ရုပ်ရှင်ပွဲတော်က ဆုရခဲ့တဲ့ ဧကရာဇ်မင်းကို အလုပ်ကျွေးပြုနိုင်စွမ်းမရှိဘူး။  မင်းကို ငါ တကယ်ကူညီမယ်ဆိုရင် မင်းမိသားစုက မစ္စတာLu က ငါ့ကိုသတ်ဖို့ လုပ်ရင် ငါက ဘယ်သူ့ကိုမှ မရှာနိုင်ဘူးလေ။"


ချန်မင်ရွှိ က Tang Feng ကိုပြုံးပြီးကြည့်လိုက်ပြီး မေးလိုက်သည်။

 "ရိုးရိုးသားသားပြောရရင် မင်းနဲ့ Lu Tian chen တို့ အခုအတူတူနေကြတာလား"

 "မင်းက တော်တော်ကို စပ်စုတာပဲ "

 "ဟေး..ငါကို မြန်မြန်ပြောပြ။ မပြောပြရင် ငါ မင်းအကောင့်ကို ဘလော့ပြီး ငါ့ရှိုးပွဲတွေ ပါဝင်ခွင့်မရအောင် ပိတ်မယ်ကွ "

 
"မင်း ငါ့ကို အောင်အောင်မြင်မြင် ခြိမ်းခြောက်နိုင် ပါတယ်ကွာ။ အစီစဉ်တင်ဆက်သူ ချန်... ငါနဲ့
 Lu Tian chen တို့ အခု အတူတူ မနေကြောင်း ရိုးသားစွာပြောလိုက်ပါ့မယ်၊ ငါတို့ရဲ့ဆက်ဆံရေးက နည်းနည်းတော့ရှုပ်ထွေးတယ်ကွ "
 
 Charles နဲ့ Albert တို့နဲ့ ပတ်သတ်နေလို့ သူတို့ရဲ့ဆက်သွယ်ရေးက ရှုပ်တယ်လို့ ပြောလို့ရတယ်။

 
" ငါသိပြီ။ မင်းတို့ ဆက်ဆံရေးဟာရှုပ်ထွေးပြီး အတူတူမရှိခဲ့ဘူး။ မင်းအရင်က ချစ်ခဲ့တဲ့ ချစ်ခြင်းမေတ္တာကို မင်း မနှစ်သက်တော့ဘူးလို့ ငါပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ အခု မင်းက Lu  Tian chenကို မချစ်တော့ပေမယ့်  Lu  Tian chen ကတော့ မင်းကို မြင်တာနဲ့ ချက်ချင်း လိုက်ကြည့်တော့တယ်။  ငါဟာ အပြင် လူတစ်ယောက်ဆိုတာ့ အခု မင်းကို ဘယ်သူက ချစ်တယ် မချစ်ဘူးဆိုတာ မြင်တာနဲ့ သိသာတယ်ကွ။   "


ချန်မင်ရွှိက စားပွဲကို လက်နဲ့ပုတ်ရင်း အတိအကျကိုပြောတော့သည်။

  "မင်းပြောတာက အရမ်းချဲ့ကားတာပဲ။ "


ချန်မင်ရွှိက  ဂုဏ်ယူစွာပြုံးလိုက်သည်။

" ဒါပေမယ့်အဆင်ပြေပါတယ်။ ပထမတော့ Lu Tian chen ကမင်းကို လျစ်လျူရှုခဲ့တယ်။ အခု မင်း သူ့ကို ဂရုမစိုက်ဘူး။ သူ့ကို ချက်ချင်း ကလဲ့စားချေနိုင်တာ တကယ့်ကိုကောင်းပါတယ်၊ "


"ငါက ဒီလိုလူလား?"

"အခုတော့ Tang Feng  ရဲ့ လက်ရှိ အချစ်နဲ့ပတ်သတ်ပြီး ချန်မင်ရွှိ ဗျူးရမယ့် အပိုင်းရောက်ပြီ "

 " အိုကေ, Lu Tian chen အကြောင်းပြောနေတာကို  ရပ်လိုက်တော့။ "

"အိုကေ...မင်းရှက်နေတာပေါ့လေ"

 Tang Feng  က ရယ်လိုက်တယ်။ သူက အချိန်ကြာကြာ ကတည်းက မရှက်တတ်တော့ဘူး။

"ဒီအချိန်ကို မင်းကို ငါ လာရှာရတဲ့အကြောင်းရင်းက  တရုတ်ပြည်မှာ လူသိများတဲ့ဒါရိုက်တာ တစ်ယောက်ရှိတယ်။ ၄ နှစ်ကြာ အောင် သူက ရုပ်ရှင်တစ်ခုရိုက်ခဲ့တယ်။ မကြာသေးခင်က သူ့ဇာတ်လမ်းတစ်ခုအတွက် လူသစ်သရုပ်ဆောင်ကို သူလိုက်ရှာနေတယ်လို့ ငါ အတွင်းသတင်းရတယ်။ ဇာတ်ညွှန်းကို နောက်တပတ်ဆိုရင် တရားဝင် ထုတ်ပြန်တောမယ်လို့ ကြားတယ်။ မင်း အဲ့ရုပ်ရှင်အတွက် စမ်းကြည့်ရင်ပိုကောင်းမယ်။ အဲ့ဒီ ဒါရိုက်တာက ငါနဲ့ တဘက်ခါမှာ ရှိုးတစ်ခုလုပ်ဖို့ရှိ တယ်။ မင်း လာခဲ့ပြီး သူနဲ့တွေ့ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါလား။ အဲ့ဒီ ဒါရိုက်တာရိုက်မယ့် ဇာတ်ကားက ဝေ့တောက်မင်ရဲ့ ပေါက်ကရ ဇာတ်ကားထက် အပုံကြီးသာတယ်လို့ ငါထင်တယ်။  "

 
ချန်မင်ရွှိက ဂုဏ်ယူစွာပြုံးပြကာ ဆက်ပြောလိုက်သည်။

 "ဝေ့တောက်မင်က အဲ့ဒီဇာတ်ကားမှာ ပါဝင်ချင်ပေမယ့် ငြင်းခံလိုက်ရတယ်လေ "


 ****-****

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now