Chapter (8) (zawgyi+unicode)

5.6K 761 20
                                    

Chapter (8) (zawgyi+unicode)

 လူတွေဟာပင်လယ်လှိုင်းတွေလို လှိမ့်လှိမ့်ပြီး ရောက်လာကြတယ်။ သူ့ပေါ်ကို လူတွေ ကျော်ဖြတ်သွားကြသလိုပဲ။ သူက ထရပ်ပြီး လူအုပ်ကြားက ထွက်ချင်တယ်။ ဒါပေမယ့် လက်တဖက်လေးတောင် မ မနိုင်ဘူးဖြစ်နေတယ်။ သွားလာနေတဲ့လူတွေကို ရပ်တန့်သွားအောင် နည်းနည်းလေးမှ သူ မတားနိုင်ဘူး၊ သူ့ခန္ဓာကိုယ်က အရမ်းကြောက်စရာကောင်းအောင်ကို လေးလံလို့နေတယ်၊

 Tang Feng က သတိနည်းနည်း ရလာတော့ သူနဲ့ Li Wei က သူခိုးကို လိုက်ခဲ့ကြတယ်။ သူခိုးက လူသွားလူလာ များတဲ့ လမ်းပေါ်မှာ ပြေးလွှားနေခဲ့တယ်။ သူက လမ်းကလူတွေကို သူခိုးကို တားဖို့ အကူညီတောင်း အော်ဟစ်ခဲ့ပေမယ့် ဒေသခံတွေက သူပြောတဲ့ ဘာသာစကားကို နားမလည်ကြဘူး။ အဲ့နောက် သူက ခုနိလိုက်ပြီး သူခိုးကို ခုန်အုပ်ရင် ကင်မရာကို ပြန်လုလိုက်တယ်။ သူ့လက်ထဲ ကင်မရာရောက်တော့ သူခိုးကရုတ်တရက် သူ့ကို တခုခုနဲ့ ဖြန်းလိုက်တယ်။ သူ အသက်အောင့်ဖို့ကြိုးစားလိုက်ပေမယ့် နောက်ကျသွားပြီ။ ရနံ့တခုကို ရှုလိုက်မိပြီး သူ့ခေါင်း  မူးဝေပြီး လဲကျသွားခဲ့တယ်။

သူသတိမလစ်သေးခင်မှာ သူ ကင်မရာကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး နေရာအတော်များများကို ရောက်ခဲ့တယ်လို့ ထင်ခဲ့တယ်။ သူ
  Li Wei နှင့် Su Qicheng တို့လာနေသည်ကိုသူတွေ့လိုက်ရတယ်။ သူတို့ကို တွေကတော့ လက်ဝေ့ယမ်းပြီး  " မြန်မြန်လုပ်ပါ" ဆိုတဲ့ ကစကားကို လှမ်းပြောလိုက်ပေမယ့် ပါးစပ်က ဝိုးတဝါးအသံပဲ ထွက်လာနိုင်ခဲ့တယ်။ ဒါပေမယ့်  ဆုကြည်ချန် နှင့် လီဝေ့တို့နှစ်ယောက်က ရုတ်တရက် ရောက်လာတဲ့ ဒေသခံ လူတစ်ခုက သူတို့ကို ဝန်းရံပြီး ပါးစပ်ကို လက်နဲ့အုပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာကို တွေ့လိုက်ရတယ်။

 Tang Feng က သူတို့ကို အချိန်မှီ သတိမပေးနိုင်လို့ သူတို့ အဖမ်းခံလိုက်ရတယ်ဆိုပြီး သူ့ကိုယ်သူ အပြစ်တင်နေတုန်း သူ့ကို လူတစ်ယောက်က အနောက်ကနေ သိုင်းဖက်လာတာကို သတိထားမိလိုက်တော့ ဘယ်သူများလဲဆိုပြီး အနောက်ဘက်ကို လှည့်ကြည့်ဖို့ကြိုးစားလိုက်ပေမယ့် တဖက်လူက သူ့ရည်ရွယ်ချက်ကို ရိပ်မိလိုက်ပြီး မျက်လုံးကို အဝတ်နဲ့စည်းလိုက်တယ်။  သူ ပြန်ပေးဆွဲခံလိုက်ရတာလား။ ဘဝက ရုပ်ရှင်ဇာတ်လမ်းတွေထက်ကို ရှုပ်ထွေးပြီးရင်ဖိုစရာပါလား။ အခု ဗီယက်နမ်ကိုလာတဲ့ ခရီးက အဖမ်းခံရတာဆိုတာ ဘယ်လိုလုပ်ပြီး အပန်းဖြေခရီးဖြစ်နိုင်တော့မလဲ။ သူတင်မကဘူး။ ဆုကြည်ချန်းတို့တောင် အဖမ်းခံလိုက်ရပုံပေါ်တယ်။

သူ့ကိုဖမ်းတဲ့သူက ဘယ်သူလဲ။ Lu Tianchen ရဲ့ရန်သူလား။ ဒါမှမဟုတ် Albert လွှတ်လိုက်တာများလား။

သူ အခု ခေါင်းမူးနေရုံပဲဖြစ်ပြီး ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာမျိုး လုံးဝမရှိဘူး။ နိုးတစ်ဝက် အိပ်ပျော်တဝက်နဲ့ အိပ်မက်ထဲရောက်နေသလို ခံစားနေရတယ်။ ဒါပေမယ့် မျက်လုံးကိုတော့ လုံးလုံးဖွင့်လို့မရအောင် ဖြစ်နေတယ်။ သူ့ခြေလက်တွေကို ချုပ်ထား၊ ချည်ထားတာ လုံးဝမရှိဘူး။ သူ အခုရှိနေတာက အောက်မှာ မြက်ဖျာခင်းထားတဲ့ အိပ်ယာတစ်ခုထက်ပေါ်မှာ ရှိနေသလိုပဲ။ သူ့ကို ဖမ်းတဲ့လူက လူသတ်သမားသာဆိုရင် အခုလို သူ့ကို ဆက်ဆံတာက သိပ်ကို ကြင်နာလွန်းနေတယ်။

ရှုရှိုက်လိုက်ရတဲ့ လေက ညစ်ညမ်းတဲ့အနံ့ လုံးဝမရတဲ့အပြင် ပင်လယ်ဆားငန်ရေနံ့ကို ရနေတယ်။ ဒါက ပင်လယ်ကမ်းခြေတစ်ခုခုလည်း မဖြစ်နိုင်ဘူး။ သူ့ကိုယ်အောက်က တုန်ခါနေတဲ့ အထိတွေ့အရ ဒါက ပင်လယ်ထဲ မော်တော်တစ်စီးထက် တင်ခေါ်သွားခြင်းခံနေရတာဖြစ်ရမယ်။ သူ့ကို ဘယ်ကို ခေါ်သွားတာပါလိမ့်။  သင်္ဘောဘယ်သွားမလဲ၊ ငါးတွေကျွေးဖို့ပင်လယ်ထဲပစ်ချမခံရဘူးလို့တော့ ထင်တာပဲ။

 Tang Feng က ခုလို အသတ်ခံရမယ့် ဘဝကို သဘောမကျဘူး။ သူက ဒုတိယမြောက်တစ်ဖန်ပြန်လည်မွေးဖွား လာပြီးတော့မှ ဒီလို ကံဆိုးမိုးမှောင်ကျတာမျိုးတော့ မရှိနိုင်တော့ဘူးလို့တော့ ထင်တာပဲ။

 "အိုး ... " သူကနဖူးကို လက်နဲ့ ပွတ်သပ်လိုက်ပြီး သူ့ဖာသာ ထထိုင်ဖို့ကြိုးစား လိုက်တယ်။ ဒါပေမယ့် သူ့ဘေးမှာ ရှိနေတဲ့ တဖက်လူက ချက်ချင်း သူ့ကို အိပ်ယာပေါ် တွန်းလှဲပြီး ပုခုံးတွေကို ဖိထားလိုက်တယ်။ သူ့အနားမှာ လူတစ်ယောက်ရှိနေပေမယ့် သူဂရုမစိုက်မိခဲ့ဘူး။ အဲ့ဒါ ဘယ်သူလဲဆိုတာ သိဖို့ ကြည့်ဖို့ကြိုးစားလိုက်ပေမယ့် သူ့မျက်လုံးမှာ အမည်းရောင် အဝတ်စည်းထားတာဖြစ်လို့ ဘယ်လိုရုပ်သွင်လဲဆိုတာ လုံးဝမသိနိုင်ခဲ့ဘူး။

တဖက်လူက သူ့ကို ဖိထားပြီး နူတ်ခမ်းတွေကို နမ်းလိုက်တယ်။ သူ့အနမ်းတွေက ဆရာကျလွန်းပြီး အာခံတွင်းတစ်ခုလုံးကို မွှေနှောက်ပြီး အရသာခံ ထိုးဖောက်လို့နေတယ်။ ဒီလူရဲ့ အာခံတွင်းနံ့က သင်းပျံ့နေပြီး ချိုချဉ်နံ့သင်းသင်းလေးတောင် ရနေတယ်။ Tang Feng က သူဟာအကူအညီမဲ့ ဖမ်းဆီးခြင်းခံနေရပြီး စိတ်ကြိုက်နမ်းခံနေရတာတောင် တဖက်လူကို ခွဲခြမ်းစိတ်ဖြာနေမိတာကို သတိထားမိပြီး သူ့ဖာသာ စိတ်လေသွားတယ်။

သူ့ကို အပေါ်က ဖိအပ်ပြီး နမ်းနေတဲ့လူရဲ့ ကိုယ်ခြင်းထိတွေ့နေခြင်းအရ ဒီလူရဲ့ ရင်အုပ်ကြွက်သားကြီးက တောင့်တင်းမယ့်ပုံပေါ်တယ်။ သူက အလောတကြီးမရှိပဲ သူ့ကိုယ်ပေါ်က အဝတ်တွေကို ဖယ်လိုက်ပြီး ပုခုံးသားနဲ့ ရင်ဘတ်တွေကို ပူနွေးတဲ့ လက်ဝါးကြီးနဲ့ ပွတ်သပ်လို့နေတယ်။ လည်ပင်းတွေ၊ပုခုံးသားတွေကို ပွတ်သပ်လိုက်၊ ရင်ဘတ်ကို အားနဲ့ဖျစ်ညစ်လိုက်နဲ့ လုပ်နေတယ်။ ပြီးတော့ သူ့ကိုယ်ကို အားပြင်းပြင်းနဲ့နမ်းစုပ်နေတယ်။ အားပြင်းပြီး အနည်းငယ်နာကျင်သွားတဲ့ အတွေ့အရ ဒီနေရာတွေက အနီရောင် ခရမ်းရောင်တွေ ဖြစ်နေတော့မှာ သေချာတယ်။ တခါတလေ သူ့အနမ်းတွေက အရမ်းကို မွတ်သိပ်ကြမ်းတမ်းလှတယ်။

ဒီလူ ဘာဖြစ်ချင်နေတာလဲ။ သူ့ကိုယ်ကို အတင်းကျပ်ရယူချင်နေ တာလား။ သူက မိန်းမလှလေးတစ်ယောက်လည်း မဟုတ်ပဲနဲ့ ဒီလူက ဘာလုပ်ချင်နေတာလဲ။

 "ဟမ် ငါ့ကို လွမ်းနေတာလား"

 ထိုလူသည် သူ့ရဲ့နားရွက်ဖျားတွေကို လျက်လိုက်၊ နမ်းစုပ်လိုက်လုပ်ပြီး တီးတိုးပြောလိုက်တယ်။ ဒီအသံကို ကြားတော့  Tang Feng ချက်ချင်း စိတ်သက်သာရာရသွားခဲ့တယ်။ ဒီလူရဲ့အသံက သူနဲ့ အရမ်းရင်းနှီးနေတယ်။

 "ချားလ်စ် ... "

  Tang Feng နူတ်က ဖွင့်ဟ ပြောလိုက်တဲ့ စကားလုံးက တဖက်လူကို ပြုံးသွားစေသလို  Tang Feng ကိုလည်း အရမ်းကို စိတ်သက်သာရာ ရသွားစေခဲ့တယ်။ သူ မသေနိုင်တော့ဘူးဆိုတာ  Tang Feng သိလိုက်တယ်။ သေဖို့နေနေသာသာ အခုလူက ချားလ်သာဆိုရင် သူ့ကို အတင်းအကျပ်အသက်ရှင်အောင်ကို လုပ်မယ့်လူဖြစ်တယ်။
နေဦး...သူ့ကို ပြန်ပေးဆွဲခဲ့တဲ့လူက ချားလ်လား။ ချားလ်သာဖြစ်မယ်ဆိုရင် အခြားလူတွေထက် အများကြီးကောင်းပါတယ်။

 ချားလ်က ပြုံးရယ်လိုက်ပြီး ပြောလိုက်တယ်။
" မင်းက အရမ်းတော်တယ် အချစ်လေး"
သူက ထပ်ပြောလိုက်တယ်။
" မင်းငါ့ကို သတိရရဲ့လား။ ကိုယ် သေသွားပြီလို့ မင်းထင်နေတာလား။ မင်းကိုကြည့်ရတာ ဟိုကောင် Lu Tian chen ကြောင့်စိတ်အနှောင့်အယှက် ဖြစ်နေပုံရတယ်။ ဘာမှမဖြစ်တော့ဘူး အချစ်လေး။ အခုကစပြီး ကိုယ် မင်းကို ကာကွယ်ပေးမယ်။ မင်း သူ့ကို လုံးဝကြောက်စရာ မလိုတော့ဘူး။"

ငတုံး။ ငါ အနိုင်ကျင့်ခံနေရတယ်ဆိုရင်တောင် မင်းရဲ့ အကူညီမလိုဘူးကွ။


 Tang Feng ချားလ်စ်နှင့်စကားပြောဆိုရန် အားလုံးဝမရှိ ပေ။ သူ့ခေါင်းတစ်ခုလုံး မူးဝေလို့နေတုန်းဖြစ်တယ်။

======================

 "အိပ်ရေး ၀ သွားရင် အဆင်ပြေသွားမှာပါ။ ဒီဆေးက အဆိပ်ဖြစ်စေတဲ့ဘေးထွက်ဆိုးကျိုးလုံးဝမရှိဘူး။ ပိုအိပ်ပျော်ဖို့ နေထိုင်ကောင်းအောင် ချွေးထုတ်တဲ့ လေ့ကျင့်ခန်းလေး လုပ်ရင်ပိုကောင်းမယ်ထင်တယ်..."

 ဒီကောင် ချားလ်က သူ့ကိုဟိုဟာ လုပ်ဖို့ပြောနေတာလား။

 Tang Feng ကချားလ်စ် က သူကို စိတ်အားထက်သန်စွာ တိုက်တွန်းနေတယ်လို့ ခံစားလိုက်ရတယ်။  ဒီဝက်ဝံက ခုလေးတင်တွေ့တာ သူ့ကို လုပ်ချင်နေပြီလား။


 "ဟေ့!"ရုတ်တရက်ဖြစ်လာတဲ့ နာကျင်မှုကြောင့် ဒီလူအပေါ် စိတ်ဆိုးသွားချင်မိတယ်။ ရုတ်တရက် ဒီလူရဲ့လှုပ်ရှားမှုကြောင့် သူ့တကိုယ်လုံး လှုပ်ခါသွားတော့ သူ အခု ပင်လယ်ထဲရောက်နေတာထက် အဝတ်လျှော်စက်ထဲ ရောက်နေသလို ခံစားလိုက်ရပြီး ခေါင်းပိုမူးလာခဲ့တယ်။

 ချားလ်စ်၊ အဖြူရောင်ဝက်ဝံကြီး... နောက်ကွယ်မှာ ဖြစ်ပျက်နေတာကို သူ ဘယ်လိုမှ လိုက်မမှီတော့ဘူး။ ချားလ် ရုတ်တရက် သူ့ဘေးကနေ ပျောက်သွားပြီး ဆိုင်းမဆင့် ဘုံမဆင့်ပြန်ရောက်လာတယ်။ သူ့ကို တွေ့တွေ့ချင်း ချစ်တင်းနှောနေတယ်။ ဆက်တိုက် လှုပ်ရှားမှုမပြီးခင်
 Tang Feng မူးပြီး အိပ်ပျော်သွားတော့တယ်။

သေချာတာပေါ့၊ သူအိပ် ရာက နိုးလာတော့ ခေါင်းမူးတာ မရှိတော့ပေမယ့် သူ့ အနောက်ပိုင်းနဲ့ ခြေလက်တွေက နာကျင်ပြီးမသက်မသာဖြစ်ခဲ့တယ်။

 သူ့တကိုယ်လုံးကို ပိုးတုံးလုံးလို စောင်တထည်ရဲ့ရစ်ပတ်ထားတာကို သတိထားလိုက်မိတယ်။ Tang Feng မျက်တောင်ခတ်လိုက်တယ်။ သူနိုးလာသောအခါ ချားလ်စ်ရဲ့ အသံကို ဦး ဆုံး ကြားရ ပေမယ့် အခြားလူရဲ့အသံကို  အခန်းထဲမှာ  မကြားရသေးဘူး။

 "ဒီစာကိုပြောတာလား။ အိုး၊ ငါဟာအမြဲတမ်းယုံကြည်စိတ်ချရသူတစ် ဦး ပါ။ ကျေးဇူးပြု၍ မင်း ငါ့ကို ကူညီပေးပေးရင်  ဓာတ်ပုံတွေကို မင်းဆီကိုပြန်ပို့ပေးမယ် စိတ်ချ။ အခု မင်းရဲ့ပုံကို မင်းဆီ ပြန်ပေးလိုက်မယ် ဆု.... ငါ့ကို...ဟုတ်လား...အဲဒါအမှန်လား? "

 ချားလ်စ်သည်အိပ်ရာပေါ်တွင်လဲလျောင်းလိုက်တယ်။  Tang Feng က ချားလ်စ်ကိုကျောပေး အိပ်နေတာဖြစ်လို့  Tang Feng ရဲ့ခါးကို သိုင်းဖက်ပြီးပြောလိုက်တယ်။ သူက  ထထိုင်ပေမယ့် Tang Feng နေတာကို မတွေ့ရပေ။

 "Charles, လူတိုင်းက စီးပွားရေးသမားတွေချည်းပဲ။  Tang Feng နဲ့ငါ့ကို မင်းခေါ်လာတယ်။ Lu Tianchen ကလည်း မင်းကို မိအောင် ဖမ်းချင်နေတယ်။ ဟုတ်တယ်၊ မင်း ငါ့ဆီကို ဓာတ်ပုံပြန်ပေးမယ်ဆိုရင်တောင် မင်း နယ်နိမိတ်တံတားကို ဖြတ်ပြီး တဖက်နိုင်ငံကို သူ့ကို ခေါ်ပြီး ထွက်မသွားနိုင်ဘူး။ မင်း သွားချင်ရင် လှေနဲ့သွားရုံပဲရှိမယ် "
ဒီအသံက  Su Qi cheng ရဲ့အသံဖြစ်တယ်။


 "ဟေ့ ဆု ။ မင်းက ထူးဆန်းတဲ့လူတစ်ယောက်လို့  ငါပြောခဲ့မလား။ မင်းက သင်္ဘောပေါ်က ထွက်မသွားဘူးဆိုရင် ငါ့နောက်ကိုမလိုက်ချင်ဘူးလား။ ဒါပေမယ့် ငါပြောလိုက်မယ်။ ငါ မင်းကို စိတ်မဝင်စားဘူး။ ငါက အချစ်ကလေး Tang ကိုပဲ ချစ်တာကွ။ "

ချားလ်က အပြုံးနဲ့  Tang Feng ရဲ့ကိုယ်လေးကို ပွတ်သပ်ရင်း ထပ်ခေါ်လိုကတယ်။

 "ငါချစ်ရတဲ့ တန်လေး"

 ရွံ့စရာကောင်းလောက်အောင် အသားယူတတ်တဲ့  ဝက်ဝံတွေများကွာ....
Tang Feng က သူတို့ရဲ့စကားကို နားထောင်နေရင်း တိတ်ဆိတ်စွာသက်ပြင်းချလိုက်မိတယ်။  Lu Tian chen နှင့် Charles က မနာလိုစိတ်ကြောင့် ဘာတွေဖြစ်ခဲ့တာလဲဆိုတာ သူ မသိတော့ဘူး။

 Charles နှင့် Su Qicheng တို့ အတူတကွ အလုပ်လုပ်နေတာ ဘယ်လိုအလုပ်မျိုးလဲ။ အရင် မှောင်ခိုအလုပ်တွေပဲလား။

 Su Qicheng က စောဒက တက်လိုက်တယ်။
" ချားလ်စ်၊ ငါနဲ့ Tang Feng တို့အတူတူထွက်သွားခဲ့ကြပြီး  ငါတစ်ယောက်တည်း ပြန်လာရင် Lu Tian chen က ငါအတွင်းပိုင်းကနေ ကူညီနေတယ်ဆိုတာ သူ မသိပဲနေမှာ မဟုတ်ဘူး"

 "မင်းက သူ့ကိုကြောက်သလား?"
ချားလ်စ်သည် လှောင်ပြုံးနဲ့ မခံချင်အောင် ပြောလိုက်တယ်။

 "ဒါက ငါကြောက်ရတဲ့ တခုတည်းသော အရာပဲ။ ဘယ်သူမှ Lu Tian chen ရဲ့လက်စားချေတာကို မလိုချင်ကြဘူးမဟုတ်လား"
 Su Qicheng က ဆက်ပြောလိုက်တယ်။

" တကယ်လို့ မင်းက သူနဲ့ အရမ်းရင်းနှီးတယ်ဆိုရင် သူ့ကိုယ်ရည်ကိုယ်သွေးကို သိနေတာပဲ။ သူက သူ့ကိုရန်စတဲ့လူကို ဘယ်တုန်းက ချမ်းသာပေးဖူးလို့လဲ။ "

 "အိုး....အခုမှ အဲ့ဒါတွေ ငါ့ကို မပြောနဲ့။ မင်း ငါ့ကိုကတိပေးတဲ့အခါ ဘာကြောင့် မစဉ်းစားတာလဲ။ Su Qi cheng မင်း ငါတို့ နဲ့အတူလိုက် မလာနဲ့။ မင်း ထိုင်းကိုရောက်ရင် ကိုယ့်ဖာသာ သွားတော့။ ငါတို့လှေပေါ်က မင်း မဆင်းရင် မင်းကို ပင်လယ်ထဲ ကန်ချပြီး ငါးမန်းစာ ကျွေးလိုက်မယ်။"
 ချားလ်စ်က စိတ်မရှည်စွာပြောပြီး Su Qi Cheng ကို အခန်းထဲကနေ ထွက်သွားခိုင်းတယ်။

===================


(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now