Volume III_ Chapter (25) - သူက ဘာေၾကာင့္ Fiennes Tang နဲ႔ တူေနတာလဲ (Z+U)

3.7K 659 21
                                    

Volume III_ Chapter (25) – သူက ဘာေၾကာင့္ Fiennes Tang နဲ႔ တူေနတာလဲ  (Z+U)


သူတကယ္ပင္ပန္းေနလို႔ သူ႔ကိုနမ္းေနသည့္ Albert ကိုပင္ တြန္းမဖယ္ပစ္လိုက္ေတာ့ေပ။ ရဟတ္ယာဥ္ေပၚမွာ Tang Feng က Albert ရင္ဘတ္ႏွင့္ ရဟတ္ယာဥ္နံရံၾကား ညႇပ္မိကာ တစ္ဖက္လူက သူ႔နဖူးႏွင့္ပါးျပင္ေတြေပၚ အနမ္းေႁခြေနသည္။

ညေကာင္းကင္မွာ ၾကယ္ေတြတလက္လက္ေတာက္ပေနၿပီး ေလညႇင္းက တိုးေဝွ႔ေနေသာေၾကာင့္ Tang Feng မ်က္လုံးမွိတ္လိုက္သည္။

 Albert ၏ႏႈတ္ခမ္းမ်ားက သူ႔ပါးျပင္တို႔ကို ညင္သာစြာထိတယ္ဆို႐ုံ နမ္းေနၿပီး ရမၼက္မပါရွိေပ။ ညင္သာေသာအထိအေတြ႕က ငွက္ေမႊးေလးလို သူ႔ကို ယားက်ိက်ိျဖစ္လာေစသည္။ တကယ္ ကေလးဆန္ဆန္အနမ္းပါပဲ။

"ယားတယ္.."

Tang Feng က ေခါင္းကိုေစာင္းကာ တီးတိုးေျပာလိုက္သည္။

"Tang Feng.."

Albert က Tang Feng ၏နာမည္ကို တီးတိုးေခၚလိုက္ေတာ့ ထြက္သက္ေႏြးေႏြးမ်ားက Tang Feng ၏ပါးျပင္ကို တိုးေဝွ႔သြားခဲ့သည္။

Albert က Tang Feng ၏ဆံပင္ကို သပ္ေပးကာ ေျပာလိုက္သည္။

"Esmeralda  က ေခါင္းေလာင္းထိုးတဲ့ ခါးကုန္းႀကီးက သူ႔ကိုအရမ္းခ်စ္တယ္ဆိုတာကို သိတယ္ထင္သလား.. သူမက သူ႔ကိုမခ်စ္ခဲ့ဘူး.."

Albert က ျဖည္းညင္းစြာႏွင့္ သူ႔ရင္ထဲက ၿမိဳသိပ္ထားသည့္စကားမ်ားကို ထုတ္ေျပာလာခဲ့သည္။

"ငါက Esmeralda မဟုတ္သလို မင္းလည္း ခါးကုန္းႀကီးမဟုတ္ပါဘူး.."

Tang Feng က Albert ၏ပါးျပင္ႏွစ္ဖက္ကို လက္ႏွင့္ဆုပ္ကိုင္ကာ မ်က္လုံးခ်င္းဆိုင္ၾကည့္ၿပီး ေျပာလိုက္သည္။

"ဒါေပမယ့္ မင္းက တကယ့္စာအုပ္ႀကီးသမားျဖစ္ၿပီး Esmeralda လိုလူ၊ ငါ့လိုလူကို သေဘာက်တယ္ဆိုတာ ငါသိတယ္.."

"ငါ မင္းကို သေဘာက်သလား.."

Albert က ျပန္ေမးခဲ့သည္။

"ဟုတ္တယ္.. မင္း ငါ့ကို သေဘာက်တယ္.."

သူတို႔ႏွစ္ေယာက္ၾကားက အကြာအေဝးက နီးကပ္ေနသည္။ Tang Feng က ပထမဆုံး Albert ၏နဖူးေပၚ အနမ္းေႁခြလိုက္သည္။ ၿပီးေတာ့ သူ႔လက္ဖဝါးက Albert ၏ရင္ဘတ္ေပၚတင္ကာ စမ္းလိုက္ေတာ့ ႏွလုံးခုန္သံက ျမန္လာတာသိလိုက္ရသည္။

"ေတြ႕လား.. ငါမင္းကို နမ္း႐ုံေလးနမ္းလိုက္တာနဲ႔ မင္းရင္ခုန္သံျမန္လာၿပီ.. ကိုယ္ခႏၶာက ပို႐ိုးသားစြာနဲ႔ တုံ႔ျပန္ပါတယ္.."

ဒါက ပထမဆုံး Albert နဲ႔ Tang Feng ၾကားက ႐ိုးသားစြာ ဆက္ဆံေျပာဆိုျခင္းျဖစ္ၿပီး သူ၏နက္ရႈိင္းသည့္ခံစားခ်က္ကို ေဆြးေႏြးေနၾကသည္။ Albert က Tang Feng ဘာေၾကာင့္နမ္းလိုက္သည္ကို သေဘာေပါက္သြားေတာ့ ေျပာလိုက္သည္။

"ငါက ခုလို႐ုတ္တရက္ အံ့အားသင့္တာမ်ိဳးကို သေဘာက်တယ္.."

Albert ၏ႏႈတ္ခမ္းက ေကာ့ၫြတ္သြားၿပီး ေက်နပ္စြာၿပဳံးလိုက္သည္။

**************

မနက္ေရာက္ေတာ့ ေလလံပြဲက်င္းပရာ သေဘၤာေပၚတြင္ အသက္ 30 အ႐ြယ္ အေမရိကန္လူ႐ြယ္တစ္ဦးက ဆိုဖာေပၚမွာထိုင္ကာ ေနေရာင္ျဖာေသာပင္လယ္ေရျပင္ကို ေငးၾကည့္ေနသည္။

"ဒီတစ္ပတ္တြင္း ျဖစ္ပ်က္ခဲ့တာကို ကြၽန္ေတာ္ မယုံႏိုင္ေသးဘူး.."

သူက ေနာက္လွည့္ၾကည့္ရင္း ေျပာလိုက္သည္။ သူက တစ္ညလုံးအိပ္ထားပုံမေပၚေပ။

"John.. Gino က ျပန္ေရာက္သြားပါၿပီ.. ကြၽန္ေတာ္ သူ႔ကိုစစ္ေဆးၿပီးပါၿပီ.. သူ ဘာမွထိခိုက္ထားတာ မရွိပါဘူး.. နည္းနည္းလန႔္ေနတာပဲ ရွိတာပါ.. သူ႔စိတ္အေျခအေန သိပ္မေကာင္းလို႔ နည္းနည္းနားဖို႔လိုေန႐ုံပါပဲ.."

Harvey က John ၏ပုခုံးကိုပုတ္ကာ ႏွစ္သိမ့္ရင္း ေျပာလိုက္သည္။

"အဆင္ေျပသြားပါၿပီ John.."

"Harvey.. ကြၽန္ေတာ္ ခင္ဗ်ားကို ေသခ်ာေတာင္ ေမးခ်ိန္မရေသးဘူး.. ကြၽန္ေတာ္တို႔ ပိုက္ဆံတစ္ျပားမွမကုန္ဘဲ Gino ကို ဘယ္လိုျပန္ရလာတာလဲ.."

John က သူ႔ညီကိုေ႐ြးဖို႔ ေဒဝါလီခံရဖို႔ေတာင္ ျပင္ဆင္ထားၿပီးျဖစ္ေပမယ့္ ပိုက္ဆံတစ္ျပားမွမသုံးရေသးခင္ သူ႔ညီျပန္လြတ္လာသည့္ကိစၥကို မယုံႏိုင္ေအာင္ျဖစ္ေနသည္။ ခု သူ႔ညီက အိမ္ကိုေဘးကင္းစြာျပန္ေရာက္ေနေလၿပီ။ ပထမ သူ႔ညီကို အၾကမ္းဖက္ခံလိုက္ရမွာကို စိုးရိမ္မိေပမယ့္ စစ္ေဆးၿပီးေတာ့ ဘာမွမျဖစ္တာသိရမွာ စိတ္ေအးသြားခဲ့သည္။ ဒါေၾကာင့္ သူ႔ညီလြတ္လာသည့္ကိစၥက ထူးဆန္းလို႔ေနသည္။

Gino ေပ်ာက္သြားၿပီး တစ္ပတ္အၾကာမွာ သူတို႔မိသားစုဆီ ဖိတ္စာေရာက္လာခဲ့သည္။ Gino ၏အသက္ေဘးအတြက္ သူတို႔ရဲမတိုင္ဝံ့ေပ။ ရဲတိုင္ရင္လည္း Gino ကို ျပန္ေပးဆြဲသည့္လူစု၏ အာဏာစက္က မထင္မွတ္ေလာက္ေအာင္ ႀကီးမားေနမည္ကိုသိလို႔ ဘာမွမထူးႏိုင္ေပ။ အထက္တန္းလႊာမိသားစုျဖစ္လို႔ ခုလိုကိစၥမွာ ရဲတိုင္လိုက္ရင္ သူတို႔ညီ Gino ထာဝရေပ်ာက္သြားႏိုင္သည္ကို သိသည္။

"ကြၽန္ေတာ္လည္း ေသခ်ာမသိဘူး.. ေလလံပြဲကလူတစ္ေယာက္က ကြၽန္ေတာ့္ကို လူလႊတ္ေျပာခိုင္းလိုက္တာ.. လူတစ္ေယာက္က Gino ကို ကြၽန္ေတာ္တို႔အတြက ေလလံဆြဲၿပီး ျပန္ပို႔ခိုင္းလိုက္တယ္တဲ့.."

Harvey က Tang Feng မွာလိုက္သည့္စကားေၾကာင့္ John ကိုဘယ္လိုေျပာရမည္ကို ႀကိဳတင္ေတြးထားၿပီးျဖစ္သည္။

"တကယ္လား.."

John က အံ့အားသင့္ေနၿပီးမွ ေခါင္းငုံ႔ကာၿပဳံးရင္း ဆက္ေျပာလိုက္သည္။

"ကြၽန္ေတာ့္အေဖရဲ႕မိတ္ေဆြတစ္ေယာက္ ျဖစ္ပုံေပၚတယ္.. ကြၽန္ေတာ္တို႔က မိတ္ေဆြေပါင္းဘယ္ေလာက္ေတာင္ အကူအညီေတာင္းမိမွန္း မသိေတာ့ပါဘူး.. အားလုံးက ျငင္းခဲ့ၾကတယ္.. ၾကည့္ရတာ လူတစ္ေယာက္ကို ေဒါသထြက္ေအာင္ လုပ္မိမွာစိုးလို႔ထင္တယ္.. အခုကူညီေပးတဲ့လူက ဒီေလလံပြဲပိုင္ရွင္နဲ႔ ရင္းႏွီးတဲ့သူပဲျဖစ္ရမယ္.. ဒီလိုလူက သူတို႔ဘယ္သူဆိုတာ အလြယ္တကူေဖာ္ျပမွာမဟုတ္ဘူး.."

ဒီစကားကိုၾကားေတာ့ Harvey က ခါးသီးစြာၿပဳံးလိုက္သည္။ Gino ကိုကယ္တင္ေပးတဲ့သူက Tang Feng ဆိုတာ သူဘယ္လိုမွ မထင္ထားမိေပ။ Tang Feng က ေလလံပြဲပိုင္ရွင္ႏွင့္ ဘာေၾကာင့္ဒီေလာက္ရင္းႏွီးေနသည္ကိုလည္း မသိရေပ။ လက္ေတြ႕တြင္ေတာ့ Gino က ေဘးကင္းစြာႏွင့္ ျပန္ေတာ့လြတ္လာေလၿပီ။

"ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္က မၾကာခင္ေရာက္လာေတာ့မယ္.. Gino ဆုရမယ္လို႔ ကြၽန္ေတာ္ထင္တယ္.. ဒါေၾကာင့္ သူ႔ကိုေသခ်ာနားခိုင္းၿပီး ပြဲေတာ္ကို ႀကိဳသြားခိုင္းတာ ပိုေကာင္းမယ္ထင္တယ္.."

"ေကာင္းၿပီ John.. ဒီလိုဟာက ေနာက္ထပ္မျဖစ္ေတာ့ပါဘူး.."

Harvey က အၿပဳံးႏွင့္ေျပာလိုက္သည္။

ဒီစကားကို ထိုေန႔က Tang Feng ေျပာခဲ့တာျဖစ္ၿပီး ဘာေၾကာင့္ရယ္မသိ Harvey ယုံၾကည္ေနမိသည္။

"ဒီလိုပဲေမွ်ာ္လင့္ရတာေပါ့.."

John က တစ္ခုကိုေတြးၿပီး စိတ္ပူေနဟန္ေပၚသည္။

"ဒီတစ္ခါ Tang Feng ဆိုတဲ့ေကာင္ေလးလည္း ႐ုပ္ရွင္ပြဲေတာ္ကိုလာလိမ့္မယ္.. ခုေခတ္မွာ နာမည္မရွိတဲ့သ႐ုပ္ေဆာင္ေတြက နာမည္ႀကီးေတြကိုျဖားေယာင္းၿပီး နာမည္ႀကီးလာၾကတယ္.. Gino က ႏိုင္ငံတကာ နာမည္ႀကီးသ႐ုပ္ေဆာင္ဆိုေတာ့ သူ႔ကိုလာကပ္ေနတာျဖစ္မယ္.."

မၾကာေသးခင္ကမွ Gino ႏွင့္တြဲဖက္သ႐ုပ္ေဆာင္ခဲ့သည့္ တ႐ုတ္လူမ်ိဳး သ႐ုပ္ေဆာင္ငယ္ေလးအေၾကာင္း ေတြးၿပီး John စိတ္ပူလာခဲ့သည္။

"Harvey.. ကြၽန္ေတာ္ Gino အတြက္ စိတ္ပူတယ္.. Gino က ခုေလာေလာဆယ္ ဒီလိုေျခာက္ျခားစရာကို ႀကဳံေတြ႕ခဲ့ရတယ္.. ဒီအခ်ိန္မွာ Gino ရဲ႕စိတ္က အထိမခံဆုံးပဲ.. Tang Feng က Hollywood ႐ုပ္ရွင္ေလာကကိုဝင္လာၿပီး တမင္သက္သက္ Gino နားကပ္ဖို႔ႀကိဳးစားမွာ စိုးရိမ္ရတယ္.. Tang Feng က လူတိုင္းမ႐ိုက္ဝံ့တဲ့ဇာတ္ကားကိုေတာင္ ႐ိုက္ရဲတယ္ဆိုေတာ့ သူက Gino ကိုဆြဲေဆာင္ၿပီး အသုံးခ်ဖို႔ သတၱိရွိမွာေသခ်ာတယ္.."

"Tang Feng.. က ဒီလိုလူမ်ိဳးမဟုတ္ပါဘူး.."

Harvey က ခ်က္ခ်င္းေျပာလိုက္သည္။

"Harvey.. ခင္ဗ်ားက သူ႔ဘက္က စကားေကာင္း ေျပာေပးေနတာလား.."

John က အံ့ၾသသြားခဲ့သည္။

"Tang Feng က ယဥ္ေက်းသိမ္ေမြ႕တယ္.. တစ္ခ်ိန္တည္း သူက လူေတြကို အကြာအေဝးတစ္ခုထားၿပီး ဆက္ဆံတယ္.. သူက ဘယ္နည္းမဆိုသုံးၿပီး တြယ္တက္မယ့္ပုံမေပၚပါဘူး.. Tang Feng က Gino လို သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ပါ.."

"ေကာင္းၿပီ.. ကြၽန္ေတာ္က ကြၽန္ေတာ့္ညီေလးအတြက္စိုးရိမ္လို႔ ေလွ်ာက္ေတြးေနမိတာပါ.. ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္ကို ကြၽန္ေတာ္လိုက္သြားခ်င္ေပမယ့္ Gino က လက္ခံမွာမဟုတ္ဘူး.."

John က စကားစရပ္ၿပီးမွ ဆက္ေျပာလိုက္သည္။

"Harvey.. ခင္ဗ်ား ကြၽန္ေတာ့္ကို တစ္ခုကူညီေပးပါလား.. Gino ႐ုပ္ရွင္ပြဲေတာ္သြားရင္ အတူလိုက္သြားေပးပါလား.. သူတစ္ခုခုျဖစ္ရင္ ကူညီေပးလို႔ရတာေပါ့.. သူ႔က်န္းမာေရးကိုလည္း ေစာင့္ေရွာက္လို႔ရတာေပါ့.."

John က သက္ျပင္းရႈိက္ကာ Harvey ၏ပုခုံးကိုဆုပ္ကိုင္ကာ ဆက္ေျပာလိုက္သည္။

"ခုလို ဆိုးဆိုးဝါးဝါးႀကဳံေတြ႕ခဲ့ရတဲ့ ညီေလးအတြက္ ကြၽန္ေတာ္စိုးရိမ္ေနတယ္ဗ်ာ.. သူက ငယ္ကတည္းက ဒီလိုပဲ.. တစ္ခုခုျဖစ္ရင္ ဖြင့္မေျပာျပတတ္ဘူး.. ဒီကိစၥက သူ႔ရင္ထဲမွာ စိတ္ဒဏ္ရာျဖစ္သြားမွာကိုပဲ ေၾကာက္ေနမိတယ္.."

"ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစားပါ့မယ္.."

ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္က မၾကာခင္စေတာ့မွာျဖစ္လို႔ Harvey က မၾကာခင္ Tang Feng နဲ႔ဆုံရဖို႔ကို ေမွ်ာ္လင့္ေနမိတယ္။ Tang Feng ကို ေလွေပၚမွာမဆုံခဲ့ဘူးဆိုရင္ John ေျပာသလို နာမည္ႀကီးကို ဆြဲေဆာင္ျဖားေယာင္းၿပီး အျမင့္ကိုတက္လွမ္းခ်င္ေသာ မင္းသားငယ္ေလးဟုသာ Harvey ထင္မိမွာျဖစ္သည္။

ဒါေၾကာင့္ လူတစ္ေယာက္အေၾကာင္း ေသခ်ာမသိဘဲ မေဝဖန္သင့္ဘူး ဆိုတာေပါ့။ ေလလံပြဲပိုင္ရွင္ႏွင့္သိကြၽမ္းကာ Gino ကိုပင္ကယ္တင္ႏိုင္သူက ဒီလိုတစ္ဖက္သားကိုမွီခိုၿပီး အျမင့္တက္လွမ္းခ်င္သူ ျဖစ္ႏိုင္ပါ့မလား..။

Tang Feng...... Fiennes Tang......

သူတို႔ႏွစ္ေယာက္က ဘာေၾကာင့္တူတယ္လို႔ သူ ခံစားေနရတာလဲ..။

ကံမေကာင္းစြာနဲ႔ Fiennes Tang ကေတာ့ ဒီေလာကမွာမရွိေတာ့ေပ။ သူ႔ပုံစံက တက္ႂကြေနဆဲဆိုေပမယ့္ သူ႔ႏွလုံးသားက ဗလာျဖစ္ေနတာၾကာျမင့္လွၿပီဆိုတာ Harvey သူ႔ဘာသာသိသည္။

==================

Volume III_ Chapter (25) – သူက ဘာကြောင့် Fiennes Tang နဲ့ တူနေတာလဲ  (Z+U)


သူတကယ်ပင်ပန်းနေလို့ သူ့ကိုနမ်းနေသည့် Albert ကိုပင် တွန်းမဖယ်ပစ်လိုက်တော့ပေ။ ရဟတ်ယာဉ်ပေါ်မှာ Tang Feng က Albert ရင်ဘတ်နှင့် ရဟတ်ယာဉ်နံရံကြား ညှပ်မိကာ တစ်ဖက်လူက သူ့နဖူးနှင့်ပါးပြင်တွေပေါ် အနမ်းခြွေနေသည်။

ညကောင်းကင်မှာ ကြယ်တွေတလက်လက်တောက်ပနေပြီး လေညှင်းက တိုးဝှေ့နေသောကြောင့် Tang Feng မျက်လုံးမှိတ်လိုက်သည်။

 Albert ၏နှုတ်ခမ်းများက သူ့ပါးပြင်တို့ကို ညင်သာစွာထိတယ်ဆိုရုံ နမ်းနေပြီး ရမ္မက်မပါရှိပေ။ ညင်သာသောအထိအတွေ့က ငှက်မွှေးလေးလို သူ့ကို ယားကျိကျိဖြစ်လာစေသည်။ တကယ် ကလေးဆန်ဆန်အနမ်းပါပဲ။

"ယားတယ်.."

Tang Feng က ခေါင်းကိုစောင်းကာ တီးတိုးပြောလိုက်သည်။

"Tang Feng.."

Albert က Tang Feng ၏နာမည်ကို တီးတိုးခေါ်လိုက်တော့ ထွက်သက်နွေးနွေးများက Tang Feng ၏ပါးပြင်ကို တိုးဝှေ့သွားခဲ့သည်။

Albert က Tang Feng ၏ဆံပင်ကို သပ်ပေးကာ ပြောလိုက်သည်။

"Esmeralda  က ခေါင်းလောင်းထိုးတဲ့ ခါးကုန်းကြီးက သူ့ကိုအရမ်းချစ်တယ်ဆိုတာကို သိတယ်ထင်သလား.. သူမက သူ့ကိုမချစ်ခဲ့ဘူး.."

Albert က ဖြည်းညင်းစွာနှင့် သူ့ရင်ထဲက မြိုသိပ်ထားသည့်စကားများကို ထုတ်ပြောလာခဲ့သည်။

"ငါက Esmeralda မဟုတ်သလို မင်းလည်း ခါးကုန်းကြီးမဟုတ်ပါဘူး.."

Tang Feng က Albert ၏ပါးပြင်နှစ်ဖက်ကို လက်နှင့်ဆုပ်ကိုင်ကာ မျက်လုံးချင်းဆိုင်ကြည့်ပြီး ပြောလိုက်သည်။

"ဒါပေမယ့် မင်းက တကယ့်စာအုပ်ကြီးသမားဖြစ်ပြီး Esmeralda လိုလူ၊ ငါ့လိုလူကို သဘောကျတယ်ဆိုတာ ငါသိတယ်.."

"ငါ မင်းကို သဘောကျသလား.."

Albert က ပြန်မေးခဲ့သည်။

"ဟုတ်တယ်.. မင်း ငါ့ကို သဘောကျတယ်.."

သူတို့နှစ်ယောက်ကြားက အကွာအဝေးက နီးကပ်နေသည်။ Tang Feng က ပထမဆုံး Albert ၏နဖူးပေါ် အနမ်းခြွေလိုက်သည်။ ပြီးတော့ သူ့လက်ဖဝါးက Albert ၏ရင်ဘတ်ပေါ်တင်ကာ စမ်းလိုက်တော့ နှလုံးခုန်သံက မြန်လာတာသိလိုက်ရသည်။

"တွေ့လား.. ငါမင်းကို နမ်းရုံလေးနမ်းလိုက်တာနဲ့ မင်းရင်ခုန်သံမြန်လာပြီ.. ကိုယ်ခန္ဓာက ပိုရိုးသားစွာနဲ့ တုံ့ပြန်ပါတယ်.."

ဒါက ပထမဆုံး Albert နဲ့ Tang Feng ကြားက ရိုးသားစွာ ဆက်ဆံပြောဆိုခြင်းဖြစ်ပြီး သူ၏နက်ရှိုင်းသည့်ခံစားချက်ကို ဆွေးနွေးနေကြသည်။ Albert က Tang Feng ဘာကြောင့်နမ်းလိုက်သည်ကို သဘောပေါက်သွားတော့ ပြောလိုက်သည်။

"ငါက ခုလိုရုတ်တရက် အံ့အားသင့်တာမျိုးကို သဘောကျတယ်.."

Albert ၏နှုတ်ခမ်းက ကော့ညွတ်သွားပြီး ကျေနပ်စွာပြုံးလိုက်သည်။

**************

မနက်ရောက်တော့ လေလံပွဲကျင်းပရာ သင်္ဘောပေါ်တွင် အသက် 30 အရွယ် အမေရိကန်လူရွယ်တစ်ဦးက ဆိုဖာပေါ်မှာထိုင်ကာ နေရောင်ဖြာသောပင်လယ်ရေပြင်ကို ငေးကြည့်နေသည်။

"ဒီတစ်ပတ်တွင်း ဖြစ်ပျက်ခဲ့တာကို ကျွန်တော် မယုံနိုင်သေးဘူး.."

သူက နောက်လှည့်ကြည့်ရင်း ပြောလိုက်သည်။ သူက တစ်ညလုံးအိပ်ထားပုံမပေါ်ပေ။

"John.. Gino က ပြန်ရောက်သွားပါပြီ.. ကျွန်တော် သူ့ကိုစစ်ဆေးပြီးပါပြီ.. သူ ဘာမှထိခိုက်ထားတာ မရှိပါဘူး.. နည်းနည်းလန့်နေတာပဲ ရှိတာပါ.. သူ့စိတ်အခြေအနေ သိပ်မကောင်းလို့ နည်းနည်းနားဖို့လိုနေရုံပါပဲ.."

Harvey က John ၏ပုခုံးကိုပုတ်ကာ နှစ်သိမ့်ရင်း ပြောလိုက်သည်။

"အဆင်ပြေသွားပါပြီ John.."

"Harvey.. ကျွန်တော် ခင်ဗျားကို သေချာတောင် မေးချိန်မရသေးဘူး.. ကျွန်တော်တို့ ပိုက်ဆံတစ်ပြားမှမကုန်ဘဲ Gino ကို ဘယ်လိုပြန်ရလာတာလဲ.."

John က သူ့ညီကိုရွေးဖို့ ဒေဝါလီခံရဖို့တောင် ပြင်ဆင်ထားပြီးဖြစ်ပေမယ့် ပိုက်ဆံတစ်ပြားမှမသုံးရသေးခင် သူ့ညီပြန်လွတ်လာသည့်ကိစ္စကို မယုံနိုင်အောင်ဖြစ်နေသည်။ ခု သူ့ညီက အိမ်ကိုဘေးကင်းစွာပြန်ရောက်နေလေပြီ။ ပထမ သူ့ညီကို အကြမ်းဖက်ခံလိုက်ရမှာကို စိုးရိမ်မိပေမယ့် စစ်ဆေးပြီးတော့ ဘာမှမဖြစ်တာသိရမှာ စိတ်အေးသွားခဲ့သည်။ ဒါကြောင့် သူ့ညီလွတ်လာသည့်ကိစ္စက ထူးဆန်းလို့နေသည်။

Gino ပျောက်သွားပြီး တစ်ပတ်အကြာမှာ သူတို့မိသားစုဆီ ဖိတ်စာရောက်လာခဲ့သည်။ Gino ၏အသက်ဘေးအတွက် သူတို့ရဲမတိုင်ဝံ့ပေ။ ရဲတိုင်ရင်လည်း Gino ကို ပြန်ပေးဆွဲသည့်လူစု၏ အာဏာစက်က မထင်မှတ်လောက်အောင် ကြီးမားနေမည်ကိုသိလို့ ဘာမှမထူးနိုင်ပေ။ အထက်တန်းလွှာမိသားစုဖြစ်လို့ ခုလိုကိစ္စမှာ ရဲတိုင်လိုက်ရင် သူတို့ညီ Gino ထာဝရပျောက်သွားနိုင်သည်ကို သိသည်။

"ကျွန်တော်လည်း သေချာမသိဘူး.. လေလံပွဲကလူတစ်ယောက်က ကျွန်တော့်ကို လူလွှတ်ပြောခိုင်းလိုက်တာ.. လူတစ်ယောက်က Gino ကို ကျွန်တော်တို့အတွက လေလံဆွဲပြီး ပြန်ပို့ခိုင်းလိုက်တယ်တဲ့.."

Harvey က Tang Feng မှာလိုက်သည့်စကားကြောင့် John ကိုဘယ်လိုပြောရမည်ကို ကြိုတင်တွေးထားပြီးဖြစ်သည်။

"တကယ်လား.."

John က အံ့အားသင့်နေပြီးမှ ခေါင်းငုံ့ကာပြုံးရင်း ဆက်ပြောလိုက်သည်။

"ကျွန်တော့်အဖေရဲ့မိတ်ဆွေတစ်ယောက် ဖြစ်ပုံပေါ်တယ်.. ကျွန်တော်တို့က မိတ်ဆွေပေါင်းဘယ်လောက်တောင် အကူအညီတောင်းမိမှန်း မသိတော့ပါဘူး.. အားလုံးက ငြင်းခဲ့ကြတယ်.. ကြည့်ရတာ လူတစ်ယောက်ကို ဒေါသထွက်အောင် လုပ်မိမှာစိုးလို့ထင်တယ်.. အခုကူညီပေးတဲ့လူက ဒီလေလံပွဲပိုင်ရှင်နဲ့ ရင်းနှီးတဲ့သူပဲဖြစ်ရမယ်.. ဒီလိုလူက သူတို့ဘယ်သူဆိုတာ အလွယ်တကူဖော်ပြမှာမဟုတ်ဘူး.."

ဒီစကားကိုကြားတော့ Harvey က ခါးသီးစွာပြုံးလိုက်သည်။ Gino ကိုကယ်တင်ပေးတဲ့သူက Tang Feng ဆိုတာ သူဘယ်လိုမှ မထင်ထားမိပေ။ Tang Feng က လေလံပွဲပိုင်ရှင်နှင့် ဘာကြောင့်ဒီလောက်ရင်းနှီးနေသည်ကိုလည်း မသိရပေ။ လက်တွေ့တွင်တော့ Gino က ဘေးကင်းစွာနှင့် ပြန်တော့လွတ်လာလေပြီ။

"ဗင်းနစ်ရုပ်ရှင်ပွဲတော်က မကြာခင်ရောက်လာတော့မယ်.. Gino ဆုရမယ်လို့ ကျွန်တော်ထင်တယ်.. ဒါကြောင့် သူ့ကိုသေချာနားခိုင်းပြီး ပွဲတော်ကို ကြိုသွားခိုင်းတာ ပိုကောင်းမယ်ထင်တယ်.."

"ကောင်းပြီ John.. ဒီလိုဟာက နောက်ထပ်မဖြစ်တော့ပါဘူး.."

Harvey က အပြုံးနှင့်ပြောလိုက်သည်။

ဒီစကားကို ထိုနေ့က Tang Feng ပြောခဲ့တာဖြစ်ပြီး ဘာကြောင့်ရယ်မသိ Harvey ယုံကြည်နေမိသည်။

"ဒီလိုပဲမျှော်လင့်ရတာပေါ့.."

John က တစ်ခုကိုတွေးပြီး စိတ်ပူနေဟန်ပေါ်သည်။

"ဒီတစ်ခါ Tang Feng ဆိုတဲ့ကောင်လေးလည်း ရုပ်ရှင်ပွဲတော်ကိုလာလိမ့်မယ်.. ခုခေတ်မှာ နာမည်မရှိတဲ့သရုပ်ဆောင်တွေက နာမည်ကြီးတွေကိုဖြားယောင်းပြီး နာမည်ကြီးလာကြတယ်.. Gino က နိုင်ငံတကာ နာမည်ကြီးသရုပ်ဆောင်ဆိုတော့ သူ့ကိုလာကပ်နေတာဖြစ်မယ်.."

မကြာသေးခင်ကမှ Gino နှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့် တရုတ်လူမျိုး သရုပ်ဆောင်ငယ်လေးအကြောင်း တွေးပြီး John စိတ်ပူလာခဲ့သည်။

"Harvey.. ကျွန်တော် Gino အတွက် စိတ်ပူတယ်.. Gino က ခုလောလောဆယ် ဒီလိုခြောက်ခြားစရာကို ကြုံတွေ့ခဲ့ရတယ်.. ဒီအချိန်မှာ Gino ရဲ့စိတ်က အထိမခံဆုံးပဲ.. Tang Feng က Hollywood ရုပ်ရှင်လောကကိုဝင်လာပြီး တမင်သက်သက် Gino နားကပ်ဖို့ကြိုးစားမှာ စိုးရိမ်ရတယ်.. Tang Feng က လူတိုင်းမရိုက်ဝံ့တဲ့ဇာတ်ကားကိုတောင် ရိုက်ရဲတယ်ဆိုတော့ သူက Gino ကိုဆွဲဆောင်ပြီး အသုံးချဖို့ သတ္တိရှိမှာသေချာတယ်.."

"Tang Feng.. က ဒီလိုလူမျိုးမဟုတ်ပါဘူး.."

Harvey က ချက်ချင်းပြောလိုက်သည်။

"Harvey.. ခင်ဗျားက သူ့ဘက်က စကားကောင်း ပြောပေးနေတာလား.."

John က အံ့သြသွားခဲ့သည်။

"Tang Feng က ယဉ်ကျေးသိမ်မွေ့တယ်.. တစ်ချိန်တည်း သူက လူတွေကို အကွာအဝေးတစ်ခုထားပြီး ဆက်ဆံတယ်.. သူက ဘယ်နည်းမဆိုသုံးပြီး တွယ်တက်မယ့်ပုံမပေါ်ပါဘူး.. Tang Feng က Gino လို သရုပ်ဆောင်ကောင်းတစ်ယောက်ပါ.."

"ကောင်းပြီ.. ကျွန်တော်က ကျွန်တော့်ညီလေးအတွက်စိုးရိမ်လို့ လျှောက်တွေးနေမိတာပါ.. ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို ကျွန်တော်လိုက်သွားချင်ပေမယ့် Gino က လက်ခံမှာမဟုတ်ဘူး.."

John က စကားစရပ်ပြီးမှ ဆက်ပြောလိုက်သည်။

"Harvey.. ခင်ဗျား ကျွန်တော့်ကို တစ်ခုကူညီပေးပါလား.. Gino ရုပ်ရှင်ပွဲတော်သွားရင် အတူလိုက်သွားပေးပါလား.. သူတစ်ခုခုဖြစ်ရင် ကူညီပေးလို့ရတာပေါ့.. သူ့ကျန်းမာရေးကိုလည်း စောင့်ရှောက်လို့ရတာပေါ့.."

John က သက်ပြင်းရှိုက်ကာ Harvey ၏ပုခုံးကိုဆုပ်ကိုင်ကာ ဆက်ပြောလိုက်သည်။

"ခုလို ဆိုးဆိုးဝါးဝါးကြုံတွေ့ခဲ့ရတဲ့ ညီလေးအတွက် ကျွန်တော်စိုးရိမ်နေတယ်ဗျာ.. သူက ငယ်ကတည်းက ဒီလိုပဲ.. တစ်ခုခုဖြစ်ရင် ဖွင့်မပြောပြတတ်ဘူး.. ဒီကိစ္စက သူ့ရင်ထဲမှာ စိတ်ဒဏ်ရာဖြစ်သွားမှာကိုပဲ ကြောက်နေမိတယ်.."

"ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်.."

ဗင်းနစ်ရုပ်ရှင်ပွဲတော်က မကြာခင်စတော့မှာဖြစ်လို့ Harvey က မကြာခင် Tang Feng နဲ့ဆုံရဖို့ကို မျှော်လင့်နေမိတယ်။ Tang Feng ကို လှေပေါ်မှာမဆုံခဲ့ဘူးဆိုရင် John ပြောသလို နာမည်ကြီးကို ဆွဲဆောင်ဖြားယောင်းပြီး အမြင့်ကိုတက်လှမ်းချင်သော မင်းသားငယ်လေးဟုသာ Harvey ထင်မိမှာဖြစ်သည်။

ဒါကြောင့် လူတစ်ယောက်အကြောင်း သေချာမသိဘဲ မဝေဖန်သင့်ဘူး ဆိုတာပေါ့။ လေလံပွဲပိုင်ရှင်နှင့်သိကျွမ်းကာ Gino ကိုပင်ကယ်တင်နိုင်သူက ဒီလိုတစ်ဖက်သားကိုမှီခိုပြီး အမြင့်တက်လှမ်းချင်သူ ဖြစ်နိုင်ပါ့မလား..။

Tang Feng...... Fiennes Tang......

သူတို့နှစ်ယောက်က ဘာကြောင့်တူတယ်လို့ သူ ခံစားနေရတာလဲ..။

ကံမကောင်းစွာနဲ့ Fiennes Tang ကတော့ ဒီလောကမှာမရှိတော့ပေ။ သူ့ပုံစံက တက်ကြွနေဆဲဆိုပေမယ့် သူ့နှလုံးသားက ဗလာဖြစ်နေတာကြာမြင့်လှပြီဆိုတာ Harvey သူ့ဘာသာသိသည်။

==================




(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now