Volume - 3 _ Chapter (26) - ေအာင္ျမင္မႈ၏ဆုလာဘ္ကို ခံစားျခင္း(Z+U)

3.6K 683 26
                                    

Volume – 3 _ Chapter (26) - ေအာင္ျမင္မႈ၏ဆုလာဘ္ကို ခံစားျခင္း

ေနာက္ႏွစ္ရက္အၾကာမွာ W ဗင္းနစ္ၿမိဳ႕ လီဒိုကြၽန္းတြင္ ႐ုပ္ရွင္ပြဲေတာ္ကို က်င္းပေတာ့မည္ျဖစ္သည္။ 'ေစတန္အယ္လီ' ႐ုပ္ရွင္ဇာတ္ကားထဲ ပါဝင္သူမ်ား အသီးသီးေရာက္လာၾကၿပီး ဒါ႐ိုက္တာလီေဝ့က တျမန္မေန႔ကတည္းက ေရာက္ႏွင့္ေနသည္။ Tang Feng က လူမ်ားကို ႏႈတ္ဆက္ၿပီးေနာက္ Gino က မနက္ျဖန္ေရာက္မည္ကို သိလိုက္သည္။

ဒါ႐ိုက္တာလီေဝ့၏ ေျပာစကားအရ သူတို႔ဇာတ္ကားကို အကဲျဖတ္အဖြဲ႕ဝင္မ်ားက အေတာ္ခ်ီးမြမ္းထားၾကေၾကာင္း သိရသည္။ Tang Feng က ဆုရဖို႔မေမွ်ာ္လင့္ထားေပမယ့္ အေကာင္းဆုံး သ႐ုပ္ေဆာင္အသစ္ဆုႏွင့္ အေကာင္းဆုံးသ႐ုပ္ေဆာင္အျဖစ္ အေ႐ြးခံရရင္ေတာ့ အေကာင္းဆုံးပဲေပါ့..။

ဒါ႐ိုက္တာလီေဝ့က ဖုန္းဆက္ၿပီး Tang Feng ကို ဆန္ကာတင္စာရင္းထဲ ပါေသာေၾကာင့္ ဂုဏ္ျပဳစကားဆိုၿပီး အေကာင္းဆုံးသ႐ုပ္ေဆာင္အသစ္ဆုႏွင့္ အေကာင္းဆုံးသ႐ုပ္ေဆာင္တို႔၏ ဆန္ကာတင္စာရင္းထဲ ပါဝင္သူက အရမ္းနည္းသည္ကို သိလိုက္ရသည္။

Tang Feng က Charles, Albert ႏွင့္ Lu Tian Chen တို႔၃ေယာက္ၾကား ဟိုဟိုသည္သည္ ပါသြားေသာေၾကာင့္ ႐ုပ္ရွင္ပြဲေတာ္က ဆန္ကာတင္စာရင္းကို ႀကိဳတင္ထုတ္ျပန္ေၾကာင္းကို သတိေမ့ေနခဲ့သည္။ ဒီလိုဆန္ကာတင္စာရင္းထဲ ပါသည္ဆိုတာက Tang Feng အတြက္ မဟာေအာင္ျမင္မႈႀကီးဟုပင္ ေျပာလို႔ရသည္။

သူေဘးကင္းေၾကာင္း Lu Tian Chen ႏွင့္ Charles ကို ဖုန္းဆက္ေျပာမလို႔ ဖုန္းေကာက္ကိုင္လိုက္စဥ္ သူ႔ကိုစိုက္ၾကည့္ေနေသာ Albert ကို သတိထားလိုက္မိသည္။ Albert က သူ႔ကိုသေဘာက်ေနတယ္ဆိုေပမယ့္ Albert ၏လုပ္ပိုင္ခြင့္အာဏာကို သူေလွ်ာ့တြက္လို႔မရေပ။ ဘယ္သူက ကိုယ့္ကို တစ္ဘဝလုံးခ်စ္ႏိုင္မွာတဲ့လဲ။ လူတစ္ေယာက္က အခုခ်ိန္ ကိုယ့္ကိုခ်စ္လွပါခ်ည္ရဲ႕ဆိုၿပီး လက္ထပ္ခြင့္ေတာင္းရင္ေတာင္မွ ေနာက္ 5 ႏွစ္အၾကာမွာ တျခားတစ္ေယာက္ကို ေျပာင္းခ်စ္သြားႏိုင္ေသးတာပဲ။ အထူးသျဖင့္ စိတ္ခံစားခ်က္ ေျပာင္းလဲထိရွလြယ္ေသာ Albert လိုလူ၏အခ်စ္က တစ္သက္တာခိုင္ၿမဲဖို႔ ဘယ္လိုမွမျဖစ္ႏိုင္ေပ။

Tang Feng က တစ္ဘဝလုံးစာအတြက္ သူ Albert ကို ဆြဲေဆာင္ထားႏိုင္ၿပီဟု မထင္ေပ။ ခုေလာေလာဆယ္ သူက Albert အတြက္ အသစ္အဆန္းျဖစ္ေနၿပီး စူးစမ္းလိုစိတ္ေၾကာင့္ ဆြဲေဆာင္ထားႏိုင္ေပမယ့္ ႏုပ်ိဳလန္းဆန္းမႈမရွိေတာ့သည့္အခါ၊ သူ႔ကို႐ိုးသြားသည့္အခါ Albert က သူ႔ကို ရန္မူလာႏိုင္သည္။

"ကိုယ္က ဗင္းနစ္ကိုႀကိဳေရာက္လာေစရမယ္လို႔ ေျပာထားတယ္မလား.. အခု ဒါ႐ိုက္တာလီေဝ့နဲ႔လည္း ဖုန္းေျပာၿပီးၿပီဆိုေတာ့ စိတ္ခ်လက္ခ် နားေပေတာ့.."

Albert က သူ႔ဆီေလွ်ာက္လာၿပီး လက္ထဲကဖုန္းကိုဆြဲယူကာ ေအးေဆးစြာထပ္ေျပာလိုက္သည္။

"အိုး.. ဖြင့္ပြဲေန႔က်ရင္ မင္း ေကာ္ေဇာနီေပၚျဖတ္ေလွ်ာက္ၿပီး ပါဝင္ဆင္ႏႊဲလို႔ရတယ္.. ဒါေပမယ့္ ဒီလိုပြဲမ်ိဳးမွာ ႐ုပ္ရွင္မင္းသမီးေတြက လူေခ်ာေတြအတြက္ ယွဥ္ၿပိဳင္တိုက္ခိုက္ၿပီး လုယက္ေလ့ရွိတယ္.. ကိုယ့္ရဲ႕ Tang Feng ေလးက ဒီလိုမိန္းမေတြနဲ႔ ေဝးေဝးေနမယ္လို႔ ယုံၾကည္တယ္.."

လူတိုင္းက သူ႔ကို အမ်ိဳးမ်ိဳးေခၚေဝၚၾကသည္။ Lu Tian Chen က သူ႔နာမည္ကို တိုက္႐ိုက္ေခၚရတာႀကိဳက္ၿပီး Charles က ေဘဘီဟုေခၚသည္။ Albert က ကိုယ့္ရဲ႕ Tang Feng ေလးဟုေခၚသည္။ ဘယ္သူကဘယ္လိုေခၚေခၚ သူ႔ကိုေတာ့ မဆြဲေဆာင္ႏိုင္ေပ။ ဒီလူ၃ေယာက္ၾကား ပိတ္မိေနတယ္ဆိုေတာ့ ငါ့ရဲ႕ခ်စ္စရာေကာင္းတဲ့အခ်က္က မိုးထိုးေနလို႔ပဲျဖစ္မည္ဟု Tang Feng ေတြးလိုက္မိသည္။

Albert က ပြဲတက္ဖို႔ သူ႔အတြက္ ဝတ္စုံတခ်ိဳ႕ကို ခ်ဳပ္ေပးခဲ့သည္။ လတ္တေလာ သူဝတ္ထားသမွ်က Albert ဆင္ထားတာေတြျဖစ္သည္။ သူ႔အဝတ္ေသတၱာက Lu Tian Chen ဆီမွာက်န္ရစ္ခဲ့ၿပီး Lu Tian Chen ထံက Charles က သူ႔ကိုခိုးခဲ့သည္။ ၿပီးေတာ့ Albert က Charles လက္ထဲက ျပန္ၿပီးလုယူခဲ့ျပန္သည္။ လဝက္အတြင္း သူက Charles ရဲ႕သေဘၤာကေန Albert ဆီကို ေရာက္လာျခင္းျဖစ္သည္။

Albert ဆီေရာက္ကတည္းက သူက Lu Tian Chen ႏွင့္ Charles ၏သတင္းကို လုံးဝမရေတာ့သလို သူဘယ္ေရာက္ေနတယ္၊ ဘာလုပ္ေနတယ္ဆိုတာ ဟိုႏွစ္ေယာက္က လုံးဝမသိေပ။ သူ႔ကို သူတို႔ လက္ေလွ်ာ့လိုက္ၾကၿပီလား..။

ဒီလိုလက္ေလွ်ာ့လိုက္ၿပီး သူ႔ကိုလိုက္မရွာၾကရင္ေတာင္ Tang Feng က ဝမ္းနည္းစိတ္ပ်က္ေနမည္မဟုတ္ေပ။ သူက တစ္ကိုယ္တည္းသမားျဖစ္လို႔ ဒီလိုမဟာ့မဟာပုဂၢိဳလ္မ်ားႏွင့္ ယွဥ္ၿပိဳင္ႏိုင္စြမ္းမရွိေပ။ တစ္ဦးတည္းရပ္တည္ေနရေသာ အမ်ိဳးသားေတြက အကာအကြယ္မဲ့တဲ့ အမ်ိဳးသမီးေတြလိုပဲ ေျပာင္းလဲျခင္း၏သားေကာင္ ျဖစ္ခဲ့ရတာခ်ည္းပဲျဖစ္သည္။ ဒါေၾကာင့္ အမ်ိဳးသမီး၊ အမ်ိဳးသားတခ်ိဳ႕သာ ေဒါသတႀကီးႏွင့္ ထိုသားေကာင္ဘဝက ႐ုန္းထြက္ႏိုင္ခဲ့ၾကသည္။

Tang Feng သည္ Albert ႏွင့္အတူ ဗင္းနစ္ကို ေန႔ခင္းပိုင္းေရာက္ရွိလာခဲ့သည္။ ဒါ႐ိုက္တာလီေဝ့ႏွင့္ ဖုန္းေျပာၿပီးေတာ့ Albert စီစဥ္ထားေသာ အပ္ခ်ဳပ္သမားမ်ား ေရာက္လာၿပီး Tang Feng ၏ပြဲတက္ဝတ္စုံကို ကိုယ္တိုင္းလာယူၾကသည္။ ဖြင့္ပြဲက ၂ရက္ၾကာမည္ဆိုေတာ့ အရမ္းအလ်င္မလိုေပ။ လိုအပ္တာကို ေဆးေဆးျပင္ဆင္ခ်ိန္ရသည္။

ထို႔ေနာက္ Tang Feng က Hotel ခန္း၏ ျပတင္းေပါက္နားက ခုံမွာထိုင္ကာ ေကာ္ဖီေသာက္ရင္း စာအုပ္တစ္အုပ္ကို ေအးေဆးစြာဖတ္ေနသည္။ တခါတေလ မုန႔္စားရင္း ေအးေဆးစြာ အနားယူေနသည္။ သူ႔ေဘးမွာ Albert လည္း တစ္ေနကုန္စာဖတ္ကာ အေဖာ္ျပဳေနသည္။ အတူေနၾကည့္မွ Albert ဘဝက အေတာ္ေလး ပ်င္းစရာေကာင္းသည္ကို Tang Feng သိလာသည္။

Lu Tian Chen က သူႏွင့္မရင္းႏွီးေသာလူမ်ားကို စကားေျပာေလ့မရွိသလို ၿပဳံးရယ္ျခင္းကင္းသည့္ မ်က္ႏွာတည္ကို ပိုင္ဆိုင္ထားသည္။ ဒါေပမယ့္ Lu Tian Chen က သူႏွင့္ရင္းႏွီးသူႏွင့္ဆိုလွ်င္ ထိုသူသေဘာအက်ဆုံး အေၾကာင္းအရာကို ေျပာဆိုကာ စကားလက္ဆုံက်ေလ့ရွိသည္။ Charles လိုဝက္ဝံႀကီးက တစ္ဖက္သားကို ဘယ္လိုေခ်ာ့ရမည္ကိုသိၿပီး ရယ္ေမာဖို႔ ဝန္မေလးတတ္ေပ။ Lu Tian Chen ႏွင့္ Charles တို႔နဲ႔ယွဥ္ရင္ Albert က ပ်င္းစရာေကာင္းသည္။

Tang Feng ထပ္ေတြ႕ရတာက Albert က စာဖတ္ရတာကို ႏွစ္သက္ၿပီး ေဘးကေန စကားေျပာတာကို မႏွစ္သက္ေပ။ သူ႔ေဘးမွာ ၿငိမ္ၿငိမ္ေလးစာဖတ္ေနေသာသူကိုသာ သေဘာက်သည္။ တစ္ေယာက္ကိုတစ္ေယာက္ မေႏွာင့္ယွက္တာေကာင္းေပမယ့္ အၾကာႀကီးႏႈတ္ဆက္ၿပီး စာဖတ္ေနၾကတာက နည္းနည္းထူးဆန္းလို႔ေနသည္။

Tang Feng က တိတ္တိတ္ေလးသမ္းလိုက္သည္။ အရင္ဘဝက ႏွလုံးေရာဂါေၾကာင့္ သူ လႈပ္လႈပ္ရွားရွား မလုပ္ႏိုင္သျဖင့္ နာမည္ႀကီးစာအုပ္ အကုန္နီးပါး ဖတ္ထားၿပီးျဖစ္သည္။ ဒါေၾကာင့္ ခုဘဝေတာ့ စာျမင္တာႏွင့္ အိပ္ခ်င္လာသည္။

ငါ လက္ေဝွ႔ထိုးမေလ့က်င့္ရတာ အေတာ္ၾကာၿပီ.. ငါ လက္ေဝွ႔ေလ့က်င့္ခ်င္လိုက္တာ..။

"ကိုယ္နဲ႔အတူရွိတာ ပ်င္းစရာေကာင္းတယ္မလား.."

Albert က တိတ္တိတ္ေလးသမ္းလိုက္သည့္ Tang Feng ကိုေတြ႕ၿပီး ေမးလိုက္သည္။

"ငါ ဒီမွာ ထိုင္ေနတာ စာဖတ္ေနတဲ့မင္းကို အေႏွာင့္အယွက္ျဖစ္ေလာက္တယ္.. ငါ gym ခန္းကိုသြားၿပီး အားကစားေလ့က်င့္လိုက္ဦးမယ္.."

"ဒီလိုအလုပ္ေတြကို ေန႔တိုင္းလုပ္စရာမလိုပါဘူး.."

"ငါ မင္းလက္ကေန ဘယ္မွထြက္မေျပးႏိုင္ပါဘူးကြာ.."

Tang Feng က Albert ကို ထပ္ျဖည့္ေျပာလိုက္သည္။

"မင္း ခုလိုေျပာေတာ့ ကိုယ္ အျပစ္မကင္းသလို ခံစားရတာေပါ့.. မင္း ကြန္ဖူးကစားရတာ သေဘာက်တာ ကိုယ္သိတယ္.. ဒါကို အရင္က သူမ်ားကိုေျပာဖူးလား.."

Albert က လက္ထဲကစာအုပ္ကိုခ်ကာ ေမးလိုက္သည္။

"အရင္ကေတာ့ Lu Tian Chen နဲ႔ ေျပာဖူးတယ္.."

အရင္က Lu Tian Chen ႏွင့္ Charles တို႔ႏွင့္ သိုင္းေလ့က်င့္တယ္ဆိုေပမယ့္ သူခ်ည္းပဲ တစ္ဖက္သတ္အႏိုင္က်င့္ခံရသည့္ပုံစံသာျဖစ္သည္ကို ျပန္သတိရလာသည္။ Lu Tian Chen ႏွင့္ Charles ၏ တိုက္ရည္ခိုက္ရည္က ျမင့္မားကာ သူဘယ္လိုမွ လိုက္မမွီႏိုင္ေပ။ ဒါေပမယ့္ သူတို႔နဲ႔ေနရတာ Albert နဲ႔ေနရတာထက္ေတာ့ အပ်င္းေျပေသးသည္။

"သူ မအံ့ၾသဘူးလား.."

"အင္း.."

Tang Feng ေခါင္းညိတ္ျပလိုက္သည္။ Albert က သူ႔အေပၚထပ္ကုတ္အက်ႌကို ခြၽတ္လိုက္ကာ မတ္တပ္ရပ္ရင္း လက္ကမ္းကာေျပာလိုက္သည္။

"ေကာင္းၿပီ.. ဒါဆို ကိုယ္မင္းကို သင္ေပးမယ္.."

တကယ္ႀကီးလား.. ဒီလူက သူသိုင္းတတ္တယ္ဆိုတာ တစ္ခါမွေတာင္ ထုတ္မေျပာဖူးေပ။ Tang Feng က Albert ၏လက္ကို ဆုပ္ကိုင္မိသည္ႏွင့္ ေျမေပၚကိုလဲက်သြားေတာ့သည္။

"အိုး.."

Tang Feng က နာသြားေသာခါးကို ပြတ္လိုက္သည္။ ပထမက သိုင္းသင္ရင္း Lu Tian Chen ဆီက အႏိုင္က်င့္တာခံရၿပီးၿပီ။ ခုေေတာ့ Albert ကိုင္ေပါက္တာခံရၿပီလား..။ ေကာင္းၿပီ ေနာက္တစ္ခါဆိုရင္ Albert ကို ေျမျပင္ေပၚလွဲသိပ္ႏိုင္ရမည္။

"မင္း.. ထႏိုင္ရဲ႕လား.."

Albert က ၿပဳံးၿပီးေမးသည္။

"ေနာက္တစ္ခါ ျပန္လုပ္မယ္.."

Tang Feng က ထရပ္ၿပီး အံႀကိတ္ကာေျပာလိုက္သည္။

Albert က Lu Tian Chen ႏွင့္စာရင္ တိုက္ခိုက္တာပိုျငင္သာသည္။ ႏွစ္ခါတိုက္ၿပီးေတာ့ Tang Feng ေျမေပၚလဲက်သြားျပန္သည္။

"မင္းက ငါ့ကို အရင္တိုက္ခဲ့တာခ်ည္းပဲ.. ခု ငါ့ဘက္ကစတိုက္မယ္.. မင္းကို ငါဘယ္လိုလုပ္ပစ္မယ္ဆိုတာ ေသခ်ာၾကည့္ထား.."

"ေကာင္းပါၿပီ.."

Tang Feng က အသက္ျပင္းျပင္းရႈကာ ခဏက Albert ၏တိုက္ကြက္ကို ျပန္စဥ္းစားလိုက္သည္။ Albert က သူ႔လက္သီးခ်က္ကို ထိပ္တိုက္မေတြ႕ဘဲ ေရွာင္ကာ ခ်က္ခ်င္းတုံ႔ျပန္,ျပန္သည္။ သူလည္း Albert ၏လက္သီးကို ေရွာင္ႏိုင္ရင္ သူ႔ကိုျပန္တိုက္ခြင့္ရႏိုင္သည္။

Tang Feng က အာ႐ုံစိုက္ကာ Albert ကို တိုက္ခိုက္လိုက္သည္။ Albert ထိုးလာသည့္လက္သီးကို ဂ႐ုစိုက္ကာ ေရွာင္လိုက္ၿပီး ျပန္ထိုးလိုက္ႏိုင္သည္။ ဒါေပမယ့္ Albert ကာလိုက္သည့္လက္ႏွင့္ထိကာ Tang Feng မနည္းလြတ္ေအာင္ေရွာင္လိုက္ရသည္။ သူ႔ရင္ဘတ္တစ္ခုလုံး တဒိန္းဒိန္းျဖစ္ကာ ေမာလာသည္။ အေပ်ာ္တမ္းေလ့က်င့္ျခင္းနဲ႔ ပေရာ္ဖက္ရွင္နယ္သမား၏ တိုက္ကြက္အၾကား ကြာဟခ်က္က ႀကီးမားလွသည္။ တိုက္ခိုက္ေရးသမားက တစ္ဖက္လူကို အသက္ရႉခြင့္မေပးဘဲ ဆက္တိုက္ တိုက္ခိုက္ထိုးႏွက္တတ္သည္။

တတိယအႀကိမ္ ထိပ္တိုက္ေတြ႕ေတာ့ Albert က တမင္သက္သက္ ဟာကြက္ျပကာ Tang Feng ကိုခ်ဳပ္ၿပီး ေျမေပၚလွဲခ်ပစ္လိုက္သည္။ Tang Feng ကိုဖိထားၿပီး Albert က သူ႔နက္ခ္တိုင္ကိုျဖဳတ္ကာ Tang Feng ၏လက္ေကာက္ဝတ္ႏွစ္ဖက္ကို လက္ျပန္တုတ္လိုက္သည္။ ၾကမ္းေပၚကေကာ္ေဇာေပၚ မ်က္ႏွာအပ္ၿပီး Tang Feng က ေအာ္လိုက္သည္။

"Albert.. မင္း ဘာလုပ္တာလဲ.."

Albert က ႏူးညံ့ေသာေကာ္ေဇာေပၚ Tang Feng ကိုဆြဲလွန္လိုက္ၿပီး Tang Feng ၏အက်ႌၾကယ္သီးမ်ားကို ဆြဲျဖဳတ္ေနသည္။

"ကိုယ္က ႏိုင္သြားၿပီေလ.. ဒါေၾကာင့္ ေအာင္ႏိုင္ျခင္းရဲ႕ဆုလာဘ္ကို ခံစားမလို႔.."

ဒါေၾကာင့္ သူက တိုက္ခိုက္နည္းကို သင္ေပးမယ္လို႔ေျပာခဲ့တာကိုး.. ဒီလိုေဘာ့စ္အႀကီးစားေတြက သူတို႔အက်ိဳးမရွိဘဲ ဘာမွမလုပ္တတ္ၾကပါလား..။

"မင္း ဒါလုပ္လို႔မရဘူး.."

Tang Feng က ေအာ္ဟစ္႐ုန္းကန္ေပမယ့္ Albert က သူ႔ရွပ္အက်ႌကို စုတ္ၿဖဲပစ္လိုက္သည္။

"ေခါင္းေလာင္းထိုးသမား ခါးကုန္းႀကီးရဲ႕ အဓိကအမွားက သူခ်စ္ေနတဲ့ အလွနတ္သမီးေလးကို အရမယူရဲတာပဲ.. ဒါေပမယ့္ ကိုယ္ကေတာ့ သူ႔လိုမဟုတ္ဘူး.."

Albert က ၿပဳံးကာ ငုံ႔ကိုင္းလာၿပီး ဆက္ေျပာလိုက္သည္။

"သူရဲေကာင္းႏွစ္ေယာက္ၾကားက တိုက္ပြဲမွာ အႏိုင္ရသူက ရႈံးတဲ့လူဆီက သူလိုခ်င္တာကို ယူလို႔ရတယ္ေလ.."

=========================

Volume – 3 _ Chapter (26) - အောင်မြင်မှု၏ဆုလာဘ်ကို ခံစားခြင်း

နောက်နှစ်ရက်အကြာမှာ W ဗင်းနစ်မြို့ လီဒိုကျွန်းတွင် ရုပ်ရှင်ပွဲတော်ကို ကျင်းပတော့မည်ဖြစ်သည်။ 'စေတန်အယ်လီ' ရုပ်ရှင်ဇာတ်ကားထဲ ပါဝင်သူများ အသီးသီးရောက်လာကြပြီး ဒါရိုက်တာလီဝေ့က တမြန်မနေ့ကတည်းက ရောက်နှင့်နေသည်။ Tang Feng က လူများကို နှုတ်ဆက်ပြီးနောက် Gino က မနက်ဖြန်ရောက်မည်ကို သိလိုက်သည်။

ဒါရိုက်တာလီဝေ့၏ ပြောစကားအရ သူတို့ဇာတ်ကားကို အကဲဖြတ်အဖွဲ့ဝင်များက အတော်ချီးမွမ်းထားကြကြောင်း သိရသည်။ Tang Feng က ဆုရဖို့မမျှော်လင့်ထားပေမယ့် အကောင်းဆုံး သရုပ်ဆောင်အသစ်ဆုနှင့် အကောင်းဆုံးသရုပ်ဆောင်အဖြစ် အရွေးခံရရင်တော့ အကောင်းဆုံးပဲပေါ့..။

ဒါရိုက်တာလီဝေ့က ဖုန်းဆက်ပြီး Tang Feng ကို ဆန်ကာတင်စာရင်းထဲ ပါသောကြောင့် ဂုဏ်ပြုစကားဆိုပြီး အကောင်းဆုံးသရုပ်ဆောင်အသစ်ဆုနှင့် အကောင်းဆုံးသရုပ်ဆောင်တို့၏ ဆန်ကာတင်စာရင်းထဲ ပါဝင်သူက အရမ်းနည်းသည်ကို သိလိုက်ရသည်။

Tang Feng က Charles, Albert နှင့် Lu Tian Chen တို့၃ယောက်ကြား ဟိုဟိုသည်သည် ပါသွားသောကြောင့် ရုပ်ရှင်ပွဲတော်က ဆန်ကာတင်စာရင်းကို ကြိုတင်ထုတ်ပြန်ကြောင်းကို သတိမေ့နေခဲ့သည်။ ဒီလိုဆန်ကာတင်စာရင်းထဲ ပါသည်ဆိုတာက Tang Feng အတွက် မဟာအောင်မြင်မှုကြီးဟုပင် ပြောလို့ရသည်။

သူဘေးကင်းကြောင်း Lu Tian Chen နှင့် Charles ကို ဖုန်းဆက်ပြောမလို့ ဖုန်းကောက်ကိုင်လိုက်စဉ် သူ့ကိုစိုက်ကြည့်နေသော Albert ကို သတိထားလိုက်မိသည်။ Albert က သူ့ကိုသဘောကျနေတယ်ဆိုပေမယ့် Albert ၏လုပ်ပိုင်ခွင့်အာဏာကို သူလျှော့တွက်လို့မရပေ။ ဘယ်သူက ကိုယ့်ကို တစ်ဘဝလုံးချစ်နိုင်မှာတဲ့လဲ။ လူတစ်ယောက်က အခုချိန် ကိုယ့်ကိုချစ်လှပါချည်ရဲ့ဆိုပြီး လက်ထပ်ခွင့်တောင်းရင်တောင်မှ နောက် 5 နှစ်အကြာမှာ တခြားတစ်ယောက်ကို ပြောင်းချစ်သွားနိုင်သေးတာပဲ။ အထူးသဖြင့် စိတ်ခံစားချက် ပြောင်းလဲထိရှလွယ်သော Albert လိုလူ၏အချစ်က တစ်သက်တာခိုင်မြဲဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။

Tang Feng က တစ်ဘဝလုံးစာအတွက် သူ Albert ကို ဆွဲဆောင်ထားနိုင်ပြီဟု မထင်ပေ။ ခုလောလောဆယ် သူက Albert အတွက် အသစ်အဆန်းဖြစ်နေပြီး စူးစမ်းလိုစိတ်ကြောင့် ဆွဲဆောင်ထားနိုင်ပေမယ့် နုပျိုလန်းဆန်းမှုမရှိတော့သည့်အခါ၊ သူ့ကိုရိုးသွားသည့်အခါ Albert က သူ့ကို ရန်မူလာနိုင်သည်။

"ကိုယ်က ဗင်းနစ်ကိုကြိုရောက်လာစေရမယ်လို့ ပြောထားတယ်မလား.. အခု ဒါရိုက်တာလီဝေ့နဲ့လည်း ဖုန်းပြောပြီးပြီဆိုတော့ စိတ်ချလက်ချ နားပေတော့.."

Albert က သူ့ဆီလျှောက်လာပြီး လက်ထဲကဖုန်းကိုဆွဲယူကာ အေးဆေးစွာထပ်ပြောလိုက်သည်။

"အိုး.. ဖွင့်ပွဲနေ့ကျရင် မင်း ကော်ဇောနီပေါ်ဖြတ်လျှောက်ပြီး ပါဝင်ဆင်နွှဲလို့ရတယ်.. ဒါပေမယ့် ဒီလိုပွဲမျိုးမှာ ရုပ်ရှင်မင်းသမီးတွေက လူချောတွေအတွက် ယှဉ်ပြိုင်တိုက်ခိုက်ပြီး လုယက်လေ့ရှိတယ်.. ကိုယ့်ရဲ့ Tang Feng လေးက ဒီလိုမိန်းမတွေနဲ့ ဝေးဝေးနေမယ်လို့ ယုံကြည်တယ်.."

လူတိုင်းက သူ့ကို အမျိုးမျိုးခေါ်ဝေါ်ကြသည်။ Lu Tian Chen က သူ့နာမည်ကို တိုက်ရိုက်ခေါ်ရတာကြိုက်ပြီး Charles က ဘေဘီဟုခေါ်သည်။ Albert က ကိုယ့်ရဲ့ Tang Feng လေးဟုခေါ်သည်။ ဘယ်သူကဘယ်လိုခေါ်ခေါ် သူ့ကိုတော့ မဆွဲဆောင်နိုင်ပေ။ ဒီလူ၃ယောက်ကြား ပိတ်မိနေတယ်ဆိုတော့ ငါ့ရဲ့ချစ်စရာကောင်းတဲ့အချက်က မိုးထိုးနေလို့ပဲဖြစ်မည်ဟု Tang Feng တွေးလိုက်မိသည်။

Albert က ပွဲတက်ဖို့ သူ့အတွက် ဝတ်စုံတချို့ကို ချုပ်ပေးခဲ့သည်။ လတ်တလော သူဝတ်ထားသမျှက Albert ဆင်ထားတာတွေဖြစ်သည်။ သူ့အဝတ်သေတ္တာက Lu Tian Chen ဆီမှာကျန်ရစ်ခဲ့ပြီး Lu Tian Chen ထံက Charles က သူ့ကိုခိုးခဲ့သည်။ ပြီးတော့ Albert က Charles လက်ထဲက ပြန်ပြီးလုယူခဲ့ပြန်သည်။ လဝက်အတွင်း သူက Charles ရဲ့သင်္ဘောကနေ Albert ဆီကို ရောက်လာခြင်းဖြစ်သည်။

Albert ဆီရောက်ကတည်းက သူက Lu Tian Chen နှင့် Charles ၏သတင်းကို လုံးဝမရတော့သလို သူဘယ်ရောက်နေတယ်၊ ဘာလုပ်နေတယ်ဆိုတာ ဟိုနှစ်ယောက်က လုံးဝမသိပေ။ သူ့ကို သူတို့ လက်လျှော့လိုက်ကြပြီလား..။

ဒီလိုလက်လျှော့လိုက်ပြီး သူ့ကိုလိုက်မရှာကြရင်တောင် Tang Feng က ဝမ်းနည်းစိတ်ပျက်နေမည်မဟုတ်ပေ။ သူက တစ်ကိုယ်တည်းသမားဖြစ်လို့ ဒီလိုမဟာ့မဟာပုဂ္ဂိုလ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။ တစ်ဦးတည်းရပ်တည်နေရသော အမျိုးသားတွေက အကာအကွယ်မဲ့တဲ့ အမျိုးသမီးတွေလိုပဲ ပြောင်းလဲခြင်း၏သားကောင် ဖြစ်ခဲ့ရတာချည်းပဲဖြစ်သည်။ ဒါကြောင့် အမျိုးသမီး၊ အမျိုးသားတချို့သာ ဒေါသတကြီးနှင့် ထိုသားကောင်ဘဝက ရုန်းထွက်နိုင်ခဲ့ကြသည်။

Tang Feng သည် Albert နှင့်အတူ ဗင်းနစ်ကို နေ့ခင်းပိုင်းရောက်ရှိလာခဲ့သည်။ ဒါရိုက်တာလီဝေ့နှင့် ဖုန်းပြောပြီးတော့ Albert စီစဉ်ထားသော အပ်ချုပ်သမားများ ရောက်လာပြီး Tang Feng ၏ပွဲတက်ဝတ်စုံကို ကိုယ်တိုင်းလာယူကြသည်။ ဖွင့်ပွဲက ၂ရက်ကြာမည်ဆိုတော့ အရမ်းအလျင်မလိုပေ။ လိုအပ်တာကို ဆေးဆေးပြင်ဆင်ချိန်ရသည်။

ထို့နောက် Tang Feng က Hotel ခန်း၏ ပြတင်းပေါက်နားက ခုံမှာထိုင်ကာ ကော်ဖီသောက်ရင်း စာအုပ်တစ်အုပ်ကို အေးဆေးစွာဖတ်နေသည်။ တခါတလေ မုန့်စားရင်း အေးဆေးစွာ အနားယူနေသည်။ သူ့ဘေးမှာ Albert လည်း တစ်နေကုန်စာဖတ်ကာ အဖော်ပြုနေသည်။ အတူနေကြည့်မှ Albert ဘဝက အတော်လေး ပျင်းစရာကောင်းသည်ကို Tang Feng သိလာသည်။

Lu Tian Chen က သူနှင့်မရင်းနှီးသောလူများကို စကားပြောလေ့မရှိသလို ပြုံးရယ်ခြင်းကင်းသည့် မျက်နှာတည်ကို ပိုင်ဆိုင်ထားသည်။ ဒါပေမယ့် Lu Tian Chen က သူနှင့်ရင်းနှီးသူနှင့်ဆိုလျှင် ထိုသူသဘောအကျဆုံး အကြောင်းအရာကို ပြောဆိုကာ စကားလက်ဆုံကျလေ့ရှိသည်။ Charles လိုဝက်ဝံကြီးက တစ်ဖက်သားကို ဘယ်လိုချော့ရမည်ကိုသိပြီး ရယ်မောဖို့ ဝန်မလေးတတ်ပေ။ Lu Tian Chen နှင့် Charles တို့နဲ့ယှဉ်ရင် Albert က ပျင်းစရာကောင်းသည်။

Tang Feng ထပ်တွေ့ရတာက Albert က စာဖတ်ရတာကို နှစ်သက်ပြီး ဘေးကနေ စကားပြောတာကို မနှစ်သက်ပေ။ သူ့ဘေးမှာ ငြိမ်ငြိမ်လေးစာဖတ်နေသောသူကိုသာ သဘောကျသည်။ တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်တာကောင်းပေမယ့် အကြာကြီးနှုတ်ဆက်ပြီး စာဖတ်နေကြတာက နည်းနည်းထူးဆန်းလို့နေသည်။

Tang Feng က တိတ်တိတ်လေးသမ်းလိုက်သည်။ အရင်ဘဝက နှလုံးရောဂါကြောင့် သူ လှုပ်လှုပ်ရှားရှား မလုပ်နိုင်သဖြင့် နာမည်ကြီးစာအုပ် အကုန်နီးပါး ဖတ်ထားပြီးဖြစ်သည်။ ဒါကြောင့် ခုဘဝတော့ စာမြင်တာနှင့် အိပ်ချင်လာသည်။

ငါ လက်ဝှေ့ထိုးမလေ့ကျင့်ရတာ အတော်ကြာပြီ.. ငါ လက်ဝှေ့လေ့ကျင့်ချင်လိုက်တာ..။

"ကိုယ်နဲ့အတူရှိတာ ပျင်းစရာကောင်းတယ်မလား.."

Albert က တိတ်တိတ်လေးသမ်းလိုက်သည့် Tang Feng ကိုတွေ့ပြီး မေးလိုက်သည်။

"ငါ ဒီမှာ ထိုင်နေတာ စာဖတ်နေတဲ့မင်းကို အနှောင့်အယှက်ဖြစ်လောက်တယ်.. ငါ gym ခန်းကိုသွားပြီး အားကစားလေ့ကျင့်လိုက်ဦးမယ်.."

"ဒီလိုအလုပ်တွေကို နေ့တိုင်းလုပ်စရာမလိုပါဘူး.."

"ငါ မင်းလက်ကနေ ဘယ်မှထွက်မပြေးနိုင်ပါဘူးကွာ.."

Tang Feng က Albert ကို ထပ်ဖြည့်ပြောလိုက်သည်။

"မင်း ခုလိုပြောတော့ ကိုယ် အပြစ်မကင်းသလို ခံစားရတာပေါ့.. မင်း ကွန်ဖူးကစားရတာ သဘောကျတာ ကိုယ်သိတယ်.. ဒါကို အရင်က သူများကိုပြောဖူးလား.."

Albert က လက်ထဲကစာအုပ်ကိုချကာ မေးလိုက်သည်။

"အရင်ကတော့ Lu Tian Chen နဲ့ ပြောဖူးတယ်.."

အရင်က Lu Tian Chen နှင့် Charles တို့နှင့် သိုင်းလေ့ကျင့်တယ်ဆိုပေမယ့် သူချည်းပဲ တစ်ဖက်သတ်အနိုင်ကျင့်ခံရသည့်ပုံစံသာဖြစ်သည်ကို ပြန်သတိရလာသည်။ Lu Tian Chen နှင့် Charles ၏ တိုက်ရည်ခိုက်ရည်က မြင့်မားကာ သူဘယ်လိုမှ လိုက်မမှီနိုင်ပေ။ ဒါပေမယ့် သူတို့နဲ့နေရတာ Albert နဲ့နေရတာထက်တော့ အပျင်းပြေသေးသည်။

"သူ မအံ့သြဘူးလား.."

"အင်း.."

Tang Feng ခေါင်းညိတ်ပြလိုက်သည်။ Albert က သူ့အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်လိုက်ကာ မတ်တပ်ရပ်ရင်း လက်ကမ်းကာပြောလိုက်သည်။

"ကောင်းပြီ.. ဒါဆို ကိုယ်မင်းကို သင်ပေးမယ်.."

တကယ်ကြီးလား.. ဒီလူက သူသိုင်းတတ်တယ်ဆိုတာ တစ်ခါမှတောင် ထုတ်မပြောဖူးပေ။ Tang Feng က Albert ၏လက်ကို ဆုပ်ကိုင်မိသည်နှင့် မြေပေါ်ကိုလဲကျသွားတော့သည်။

"အိုး.."

Tang Feng က နာသွားသောခါးကို ပွတ်လိုက်သည်။ ပထမက သိုင်းသင်ရင်း Lu Tian Chen ဆီက အနိုင်ကျင့်တာခံရပြီးပြီ။ ခုေတော့ Albert ကိုင်ပေါက်တာခံရပြီလား..။ ကောင်းပြီ နောက်တစ်ခါဆိုရင် Albert ကို မြေပြင်ပေါ်လှဲသိပ်နိုင်ရမည်။

"မင်း.. ထနိုင်ရဲ့လား.."

Albert က ပြုံးပြီးမေးသည်။

"နောက်တစ်ခါ ပြန်လုပ်မယ်.."

Tang Feng က ထရပ်ပြီး အံကြိတ်ကာပြောလိုက်သည်။

Albert က Lu Tian Chen နှင့်စာရင် တိုက်ခိုက်တာပိုငြင်သာသည်။ နှစ်ခါတိုက်ပြီးတော့ Tang Feng မြေပေါ်လဲကျသွားပြန်သည်။

"မင်းက ငါ့ကို အရင်တိုက်ခဲ့တာချည်းပဲ.. ခု ငါ့ဘက်ကစတိုက်မယ်.. မင်းကို ငါဘယ်လိုလုပ်ပစ်မယ်ဆိုတာ သေချာကြည့်ထား.."

"ကောင်းပါပြီ.."

Tang Feng က အသက်ပြင်းပြင်းရှုကာ ခဏက Albert ၏တိုက်ကွက်ကို ပြန်စဉ်းစားလိုက်သည်။ Albert က သူ့လက်သီးချက်ကို ထိပ်တိုက်မတွေ့ဘဲ ရှောင်ကာ ချက်ချင်းတုံ့ပြန်,ပြန်သည်။ သူလည်း Albert ၏လက်သီးကို ရှောင်နိုင်ရင် သူ့ကိုပြန်တိုက်ခွင့်ရနိုင်သည်။

Tang Feng က အာရုံစိုက်ကာ Albert ကို တိုက်ခိုက်လိုက်သည်။ Albert ထိုးလာသည့်လက်သီးကို ဂရုစိုက်ကာ ရှောင်လိုက်ပြီး ပြန်ထိုးလိုက်နိုင်သည်။ ဒါပေမယ့် Albert ကာလိုက်သည့်လက်နှင့်ထိကာ Tang Feng မနည်းလွတ်အောင်ရှောင်လိုက်ရသည်။ သူ့ရင်ဘတ်တစ်ခုလုံး တဒိန်းဒိန်းဖြစ်ကာ မောလာသည်။ အပျော်တမ်းလေ့ကျင့်ခြင်းနဲ့ ပရော်ဖက်ရှင်နယ်သမား၏ တိုက်ကွက်အကြား ကွာဟချက်က ကြီးမားလှသည်။ တိုက်ခိုက်ရေးသမားက တစ်ဖက်လူကို အသက်ရှူခွင့်မပေးဘဲ ဆက်တိုက် တိုက်ခိုက်ထိုးနှက်တတ်သည်။

တတိယအကြိမ် ထိပ်တိုက်တွေ့တော့ Albert က တမင်သက်သက် ဟာကွက်ပြကာ Tang Feng ကိုချုပ်ပြီး မြေပေါ်လှဲချပစ်လိုက်သည်။ Tang Feng ကိုဖိထားပြီး Albert က သူ့နက်ခ်တိုင်ကိုဖြုတ်ကာ Tang Feng ၏လက်ကောက်ဝတ်နှစ်ဖက်ကို လက်ပြန်တုတ်လိုက်သည်။ ကြမ်းပေါ်ကကော်ဇောပေါ် မျက်နှာအပ်ပြီး Tang Feng က အော်လိုက်သည်။

"Albert.. မင်း ဘာလုပ်တာလဲ.."

Albert က နူးညံ့သောကော်ဇောပေါ် Tang Feng ကိုဆွဲလှန်လိုက်ပြီး Tang Feng ၏အင်္ကျီကြယ်သီးများကို ဆွဲဖြုတ်နေသည်။

"ကိုယ်က နိုင်သွားပြီလေ.. ဒါကြောင့် အောင်နိုင်ခြင်းရဲ့ဆုလာဘ်ကို ခံစားမလို့.."

ဒါကြောင့် သူက တိုက်ခိုက်နည်းကို သင်ပေးမယ်လို့ပြောခဲ့တာကိုး.. ဒီလိုဘော့စ်အကြီးစားတွေက သူတို့အကျိုးမရှိဘဲ ဘာမှမလုပ်တတ်ကြပါလား..။

"မင်း ဒါလုပ်လို့မရဘူး.."

Tang Feng က အော်ဟစ်ရုန်းကန်ပေမယ့် Albert က သူ့ရှပ်အင်္ကျီကို စုတ်ဖြဲပစ်လိုက်သည်။

"ခေါင်းလောင်းထိုးသမား ခါးကုန်းကြီးရဲ့ အဓိကအမှားက သူချစ်နေတဲ့ အလှနတ်သမီးလေးကို အရမယူရဲတာပဲ.. ဒါပေမယ့် ကိုယ်ကတော့ သူ့လိုမဟုတ်ဘူး.."

Albert က ပြုံးကာ ငုံ့ကိုင်းလာပြီး ဆက်ပြောလိုက်သည်။

"သူရဲကောင်းနှစ်ယောက်ကြားက တိုက်ပွဲမှာ အနိုင်ရသူက ရှုံးတဲ့လူဆီက သူလိုချင်တာကို ယူလို့ရတယ်လေ.."

=========================


(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now