Chapter 11: -Unprovoked accident

5.1K 693 14
                                    

True Star - Vol - 3
Chapter 11: -Unprovoked accident


Tang Feng ကသက္ျပင္းခ်လိုက္မိတယ္။  Charles က ငေပြငရႈပ္ဆိုတာ သိေပမယ့္ ဒီလို အင္တာပိုက  Officer Iwan လိုလူကိုေတာင္ သူ႔အိပ္ယာထဲ ဆြဲသြင္းႏိုင္လိမ့္မယ္လို႔ နည္းနည္းေလးမွ မထင္ထားမိဘူး။

အရာရွိ Iwan က သူ႔ခ်စ္သူေဟာင္းလားလို႔ေမးတာေတာင္ စိတ္မေကာင္းတဲ့ အမူယာနဲ႔ က်ိန္တြယ္ေျပာၿပီး အရွက္မရွိတဲ့  Charles က သူ႔တစ္ေယာက္တည္းကိုသာ ခ်စ္ပါတယ္လို႔ ေျပာေနေတာ့ Tang Feng ဘာမွ ဆက္ေျပာခ်င္စိတ္ေတာင္ မရွိေတာ့ဘူး။

သေဘၤာေပၚေရာက္ေနတဲ့ ဒီၿဗိတိသွ်အင္တာပို ေခါင္းေဆာင္အိုင္ဗင္ႏွင့္ သူ႔လူႏွစ္ေယာက္က  Tang Feng ႏွင့္မၾကာေသးမီကမွ ဆက္သြယ္ခဲ့ေသာ သူေတြျဖစ္တယ္။

" အခ်စ္ေလး ကိုယ္ အခု မင္းကိုပဲ ခ်စ္တယ္။ Iwan လား ဘာလား ေကာင္ေတြ ကိုယ္လုံးလုံး မသိပါဘူးကြာ.... "

Charles က သူတို႔ ၾကားက ပတ္သတ္ဆက္ႏြယ္မႈကို ရွင္းရွင္းလင္းလင္း ျဖစ္ေစခ်င္လို႔ ထပ္ခါတလဲလဲရွင္းျပေနတယ္။

" ကိုယ့္လို နာမည္ေက်ာ္တဲ့ လူခ်စ္လူခင္မ်ားတဲ့ လူက ဒီလို သာမန္ ရဲအရာရွိေလးကို သိစရာအေၾကာင္း ဘာမွ မရွိပါဘူးကြာ....."


Tang Feng က သူ႔ကို ရည္႐ြယ္ခ်က္ရွိရွိေလွာင္ေျပာင္လိုက္တယ္။

" ဒါဆိုရင္ Iwan က သာမန္ရဲအရာရွိေတာ့ မဟုတ္ဘူးေပါ့..."

" ေဘဘီ ကိုယ္ အဲ့လို ဆိုလိုတာ မဟုတ္ပါဘူးကြာ။ ကိုယ့္မွာမင္းအျပင္ အျခားလူ မရွိပါဘူး။ "

Charles ကၿငီးေငြ႕ေနဟန္ ဟန္ေဆာင္ၿပီး ဝရန္တာ လက္ရန္းကို မွီၿပီး သက္ျပင္းခ်ရင္းေျပာလိုက္တယ္။ Tang Feng ရဲ႕ အမူယာက Iwan နဲ႔ေတြ႕မွာ ေပ်ာ္စရာေကာင္းလာတယ္လို႔ Charles က ထင္လိုက္တယ္။


" ခင္ဗ်ားရဲ႕ ခ်စ္သူေနာက္တစ္ေယာက္ ထပ္ျဖည့္ဖို႔ ျပန္ေပးဆြဲဖို႔ လိုေသးတာလား။ ေဆးခတ္ဖို႔ လိုေသးတာလား။  "

Charles က အလြန္စိတ္ထိခိုက္တဲ့ အမူယာနဲ႔ေျပာလိုက္တယ္။

" အခ်စ္ေလးေရ...ကိုယ္က အဲ့လို လူမ်ိဳးနဲ႔ တူေနလို႔လားကြာ... .ကိုယ့္ရင္ကို တကယ္ကို ဆြဲေဆာင္ႏိုင္တဲ့ ခ်စ္သူကိုပဲ ကိုယ္ ဖမ္းေခၚခဲ့တာပါ..."

Charles က ကိုယ္ကို ကိုင္းၫြတ္လိုက္ၿပီး သူလိုရာ ဆြဲေျပာလိုက္ျပန္တယ္။

" ေနဦး ကေလး...မင္း ကိုယ့္ကို သဝန္တိုေနတာလား....ဒါက မင္းကိုယ့္ကို ခ်စ္တယ္ဆိုတဲ့သေဘာေပါ့...ဟုတ္လား...."

"အဲ့လိုထင္တာ ခင္ဗ်ားေတာ့ ႐ူးေနၿပီ...ခ်စ္လွစြာေသာ ဝက္ဝံႀကီး..."


Tang Feng က သူ႔ကို ပိတ္ေျပာၿပီး ထလို႔  အခန္းထဲဝင္သြားေတာ့တယ္။


Tang Feng ရဲ႕ ထင္ျမင္ခ်က္အရ အက်ဥ္းသားတိုင္းက ရဲကိုေတြ႕တဲ့အခါ မ်ားေသာအားျဖင့္ေျပးေလ့ရွိၾကတယ္။ ဒါေပမယ့္  Charles က သူ႔ကိုၿဗိတိန္အလွေလးက လိုက္ဖမ္းေနသည္လို႔ ေျပာတာကို ၾကားေတာ့  Charles က Iwan  လိုက္ဖမ္းတာကို ေရွာင္ေနတာလို႔ ထင္ေပမယ့္ လက္ေတြ႕ေတာ့ တက္တက္စင္ေအာင္ လြဲေနတယ္။

မေန႔က လသာေဆာင္မွာ  Charles က အရမ္းခင္မင္ရင္းႏွီးတဲ့ အမူယာနဲ႔  Iwan ကို ေပြ႕ခ်ီေဝွ႔ယမ္းၿပိး ဝမ္းသာအားရအရွက္မရွိ ေအာ္ဟစ္ေန ခဲ့တယ္။

" ေဘဘီ အခ်စ္ေလး Iwan... မင္း ကိုယ့္ေနာက္ကို ဆက္မလိုက္ပါနဲ႔ေတာ့ကြာ။ အခု ကိုယ့္ႏွလုံးသားထဲ ခ်စ္မိေနသူ ရွိေနၿပီကြ။ မင္းနဲ႔ကိုယ္က တကယ့္ကို ေရစက္မပါေတာ့ပါဘူးကြာ... ဒါေၾကာင့္ ေနာက္ထပ္ မင္းကို ကိုယ္ ထပ္မေတြ႕ပါရေစနဲ႔ေတာ့..."


ဒီစကားလုံးေတြအားလုံးကို Tang Feng က အခန္းထဲကေန ၾကားခဲ့တယ္။ သူသာ Iwan ဆိုရင္ ႐ူးသြားမွာ ေသခ်ာတယ္။

"Charles ခင္ဗ်ား အခုငါ့ကို ဘာလုပ္ေစခ်င္တာလဲ၊ ငါ့ကို ဒုကၡေပးတာအျပင္ မင္းက ဘာလုပ္ဦးမွာလဲ။ ငါက သာမန္လူတစ္ေယာက္ပဲ ျဖစ္ခ်င္တယ္၊ ႐ုပ္ရွင္ဇာတ္ကားေကာင္းေလး႐ိုက္ၿပီး့သာမာန္ဘဝမ်ိဳးနဲ႔ေနထိုင္ခ်င္တယ္။အခုေတာ့ မင္းက ႐ုန္းမထြက္ႏိုင္တဲ့ ဝဲဂယက္ထဲ ပါေနၿပီး ငါ့ကိုပါ ဆြဲသြင္းေနတယ္။ ငါ့ဘဝေတာ့ ေရွ႕ေလွ်ာက္ ဇာတ္ကားထဲကထက္ကို သည္းထိတ္ရင္ဖိုေတြ ျဖစ္လာေတာ့မွာ ေသခ်ာတယ္။ "


Tang Feng တစ္ေယာက္တည္း အေတြးေတြ ပြားေနမိတယ္။ အခု သူ ဒီေလွေပၚကို ေရာက္ေနတာ ဒုတိယေန႔ျဖစ္ၿပီး မနက္ျဖန္ဆိုရင္ ေလွက ထိုင္းႏိုင္ငံ ဖူးခက္ကို ဆိုက္ကပ္ေတာ့မယ္။ သူတတ္ႏိုင္မယ္ဆိုရင္ ထိုင္းႏိုင္ငံကေန တ႐ုတ္ျပည္ကို ေလယာဥ္နဲ႔ ျပန္သြားခ်င္တယ္။ ဒါေပမယ့္ သူ႔မွာ ပတ္စ္ပို႔မရွိဘူး။ ပတ္စ္ပို႔က   Lu Tian chen ဆီမွာပဲရွိတယ္။ သူက Lu Tian chen ကို အရင္ ဆက္သြယ္ခ်င္တာ ဒါေၾကာင့္ပဲျဖစ္တယ္။

"မင္းဟာ သာမန္လူတစ္ေယာက္မဟုတ္ပါဘူး၊ မင္းက ငါ့ရဲ႕ ခ်စ္လွစြာေသာမင္းသား တစ္ေယာက္ပါ၊ ငါေတြ႕ခဲ့တဲ့လူေတြထက္ ပိုၿပီးခ်စ္ဖို႔ေကာင္းတယ္၊ ငါ့ရဲ႕ နာမည္ေက်ာ္ ၾကယ္ပြင့္ႀကီး....ငါ တို႔ ခုလို တစ္ေယာက္နဲ႔တစ္ေယာက္ ခက္ခက္ခဲခဲ ေတြ႕ဆုံရၿပီးေတာ့ မင္းက ငါ့ကို အခု ခ်န္ထားခဲ့ေတာ့မွာလား?"

 ႀကီးမားတဲ့ ဝက္ဝံႀကီးက  Tang Feng ရဲ႕ လက္ေမာင္းကိုေပြ႕ဖက္လိုက္ၿပီး သူ႔ပါးျပင္ကို လက္နဲ႔ အသာယာပုတ္ၿပီး ေမးလိုက္တယ္။

Tang Feng က ခါးသီးစြာၿပဳံးရင္းေျပာလိုက္တယ္။

 "ကြၽန္ေတာ့္ကို လာမႏွစ္သိမ့္နဲ႔  "

"မင္းကို ငါ တကယ္ခ်စ္ တယ္။ ငါက တျခားသူေတြကို မၾကာခဏတြဲခဲ့ေပမယ့္ ဒီလို စကားကို ေျပာတာက မင္း တစ္ေယာက္တည္းကိုပါ။ မင္းက ကိုယ့္ရဲ႕ပထမဆုံးနဲ႔ ေနာက္ဆုံး ခ်စ္သူပါပဲ....ကိုယ္က်ိန္ရဲပါတယ္။ "

Charles က က်ိန္တြယ္ၿပီး ကတိျပဳလိုက္တယ္။

"ေကာင္းၿပီ၊ ခင္ဗ်ားရဲ႕အခ်စ္ကို ကြၽန္ေတာ္ လက္ခံတယ္။ အခုေတာ့ ခ်စ္လွစြာေသာ မစၥတာ Charles ကြၽန္ေတာ့္ကို ဘယ္ေတာ့ျပန္ပို႔မလဲ "

Tang Feng ဟာ Charles ကို မျငင္းဆန္ေပမယ့္ သူက ပစ္မွတ္ကို မလြဲေခ်ာ္ေစပဲ တိုက္႐ိုက္လက္သီးနဲ႔ထိုးလိုက္တယ္။ Charles က လက္ကို မကာပဲ အထိုးခံလိုက္ၿပီးေနာက္ နာက်င္တဲ့ပုံနဲ႔ ေျပာလိုက္တယ္။

" အား ေဘဘီ...မင္း ကိုယ့္ကို နာေအာင္ လုပ္လိုက္တာပဲ..."

"ဟုတ္လား? အဲဒါ တကယ္ပဲေက်နပ္တယ္ "

Tang Feng က Charles  သူ႔ကို ဖမ္းေခၚလာတဲ့အတြက္ ကလဲစားေခ်လိုက္တာျဖစ္ၿပီး ေက်နပ္စြာ ၿပဳံးလိုက္တယ္။

ပန္ဒါမ်က္လုံးလို မ်က္လုံးညိဳမည္းေနတဲ့ Charles  က သက္ျပင္းရႈိက္ၿပီး ေျပာလိုက္တယ္။

" မင္းကို ကိုယ္ျပန္သြားခြင့္မျပဳႏိုင္ေတာ့ဘူး ေဘဘီ.."

" ခင္ဗ်ားေလသံအရ အတည္ႀကီးေပါ့..ဘာေၾကာင့္ကြၽန္ေတာ့္ကို ေခၚထားရတယ္ဆိုတဲ့ အေၾကာင္းရင္းေလးကိုေတာ့ေျပာျပပါဦး... "

 "မင္းကို ငါအရမ္းလြမ္းေနလို႔ ေခၚထားတာျဖစ္တယ္"

ဒီစကားကို ၾကားေတာ့ Tang Fengက အခြင့္ေရးမ်ား ရဦးမယ္ဆိုရင္ Charles ရဲ႕ မ်က္ႏွာကို လက္သီးနဲ႔ ထပ္ထိုးပစ္ဦးမယ္လို႔ ေတြးလိုက္မိတယ္။ ၿပီးေတာ့ပင္လယ္ထဲပစ္ခ်ခြင့္ရရင္ သူအဲ့ဒီလို လုပ္မိမွာ ေသခ်ာတယ္။

" ေက်းဇူးျပဳၿပီး ကိုယ္ေျပာတာကို ယုံပါ၊ ကိုယ္က မင္းရဲ႕ လုံၿခဳံေရးအတြက္ လုပ္ရတာပါ "


Charles ေျပာတာကို Tang Feng က နားမလည္ေပမဲ့ Charles က ရွားရွားပါးပါး စိတ္ရင္းမွန္နဲ႔ ေျပာေနတယ္ဆိုတာ သူ ခံစားမိလာတယ္။Tang Feng  က ခါးသီးစြာၿပဳံးရင္း ေမးလိုက္တယ္။

" ကြၽန္ေတာ့္ ဘဝက မေအးခ်မ္းေတာ့ဘူးလား။ ဘယ္သူက ကြၽန္ေတာ့္ အသက္ကို လိုခ်င္လို႔လဲ..."

Tang Feng က သူ႔ဘဝတစ္သက္သာမွာ ဘယ္သူ႔ကိုမွ အေႏွာက္ယွက္မျဖစ္ေစပဲ ေအးေအးခ်မ္းခ်မ္းေနထိုင္လာခဲ့တာပါ။ ဘယ္လိုလုပ္ၿပီး သူ႔အသက္ကို လိုခ်င္တဲ့သူ ေပၚလာတယ္ဆိုတာ စဥ္းစားလို႔ မရဘူး။ သူ႔ဘဝမွာ ပတ္သတ္မိတာဆိုလို႔ Charles ၊ Lu Tian chen နဲ႔ Albert တို႔ပဲျဖစ္တယ္။ ဒီသုံးေယာက္ကလြဲၿပီး ဘယ္သူ႔ကို သူ တခုခု ျပစ္မွားမိတယ္ဆိုတာ မမွတ္မိေတာ့ဘူး။

" အဲ့ဒါ ဘယ္သူလဲ။ Iwan  လား။ ကြၽန္ေတာ့္ အသက္ကို လိုခ်င္တာ Iwan  လား။ "

မေန႔က Iwan   သူ႔ကို စိုက္ၾကည့္ခဲ့တဲ့ မ်က္လုံးေတြက အရင္လက သူ႔ကို ၾကည့္ခဲ့တာနဲ႔ အတူတူပဲ။ တကယ္လို႔ Iwan  က အတိတ္က Charles နဲ႔ဇာတ္လမ္းေဟာင္းေတြရွိခဲ့မယ္ဆိုရင္ အခုခ်ိန္ ျပန္ေတြ႕ေတာ့ သူ႔ကို ေသေစခ်င္တာ Iwan တစ္ေယာက္ပဲ ျဖစ္ႏိုင္တယ္။

" သူက ေအးေဆးပါ။ မင္းကို ဘာမွ မလုပ္ပါဘူး"

Charles က အျပစ္မကင္းစိတ္နဲ႔ ဒီလူငယ္ေလးကို သူ႔လက္ေမာင္းၾကားထဲ ေပြ႕ဖက္ထားၿပီး ေကာင္ေလးကို သူ႔ရင္ခြင္မွာ မ်က္ႏွာအပ္ထားေစတယ္။ ၾကားလိုက္ရတဲ့ Charles ရဲ႕ႏွလုံးခုန္သံ သဲ့သဲ့ကို နားေထာင္ရင္း Charles  တကယ္စိတ္ပူေနတယ္ဆိုတာTang Feng  သိလိုကတယ္။  Charles က ခိုင္မာစြာေျပာလိုက္တယ္။

" မင္းကို ဘယ္သူမွ မထိခိုက္ေစရဘူး ေဘဘီေလး။ မင္းကို ကိုယ္ရေအာင္ ကာကြယ္မယ္။"

Tang Feng က Charles ရဲ႕ေနာက္ေက်ာကို အသာပုတ္လိုက္ၿပီး ဒီေကာင္ေလးက သူ႔ကို အၿမဲတမ္း အကူအညီမဲ့ေစတယ္လို႔ ခံစားလိုက္ရတယ္။


"Lu Tian chen က ကြၽန္ေတာ့္ကို အကာအကြယ္ေပးႏိုင္လိမ့္မယ္လို႔ ခင္ဗ်ား မထင္ဘူးထင္လား"

သူမသိေသးတဲ့အရာေတြ အမ်ားႀကီးရွိတယ္လို႔ Tang Feng က ခံစားလိုက္မိတယ္။ Charles က သူ႔လည္ပင္းကိုနမ္းရင္းေျပာလိုက္တယ္။

" သူ မသိတဲ့ဟာေတြကို သူ ဘယ္လို ကာကြယ္မလဲ။ ဘာျဖစ္ျဖစ္ ကိုယ္ကေတာ့ ကိုယ္ ခ်စ္ျမတ္ႏိုးတဲ့ သူကို ကိုယ့္အနားမွာ ေခၚထားခ်င္တယ္။ "

" အိုေက၊ ဘာေတြျဖစ္ေနလဲ ကြၽန္ေတာ္ မသိေတာ့ဘူး၊ ဒါေပမယ့္ ရဲအရာရွိ Iwan နဲ႔ပတ္သက္လို႔ တစ္ခုခုရွိတယ္လို႔ ကြၽန္ေတာ္ ခံစားေနရတယ္။ ခင္ဗ်ားတို႔ ဘယ္လို ပတ္သတ္ခဲ့တယ္ဆိုတာ ကြၽန္ေတာ့္ကို ေကာင္းေကာင္း ေျပာျပစမ္းပါ။"

  Tang Feng က တစ္ခုကို စဥ္းစားမိလိုက္တာနဲ႔ သူ အေလာတႀကီး ေျပာလိုက္တယ္။

" God,! ကြၽန္ေတာ္ ေနာက္ထပ္ တစ္လေနရင္ ဗင္းနစ္ ႐ုပ္ရွင္ပြဲေတာ္မွာပါ ၀ င္ဖို႔ ဗင္းနစ္ကိုသြားမယ္။ Charles ကြၽန္ေတာ ္အခ်ိန္မွီ အဲ့ေနရာကို မသြားရရင္ ခင္ဗ်ားကို သတ္မယ္လို႔ က်ိန္ဆိုတယ္!"

Charles က သူ႔ ခ်စ္သူေလးကို အလ်င္အျမန္ေပြ႕ဖက္လိုက္ၿပီး ကတိအထပ္ထပ္ေပးလိုက္တယ္။

" အခ်စ္ေလး စိတ္ခ်... အခ်ိန္ကိုက္ မင္းကို ဗင္းနစ္ေရာက္ေအာင္ ္ပို႔ေပးပါ့မယ္..."


ၿပီးေတာ့  Charles က Tang Feng ကို ျဖစ္သမွ် အားလုံးဝန္ခံခဲ့တယ္။

Iwan ကို ၿဗိတိသွ်မင္းမ်ိဳးအႏြယ္ဝင္ မိသားစုမွာ ေမြးဖြားခဲ့တယ္။ သူ႔ဖခင္က လက္ရွိၿဗိတိသွ်အင္တာပိုလ္အႀကီးအကဲျဖစ္ၿပီး သားျဖစ္သူလည္း ဖခင္ရဲ႕လုပ္ငန္းကို အေမြဆက္ခံခဲ့တယ္။ သူက  တကၠသိုလ္က ဘြဲ႕ရရွိၿပီးေနာက္ Iwan က ယူႏိုက္တက္ကင္းဒမ္းရွိ အင္တာပိုလ္႐ုံးသို႔ဝင္ခဲ့ၿပီး ၂ ႏွစ္အတြင္း အဖြဲ႕ေခါင္းေဆာင္အျဖစ္ အမႈထမ္းေဆာင္ခဲ့တယ္။. ေနာက္ပိုင္း ၿဗိတိန္ဌာနခြဲသစ္ကို စီစဥ္သူအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရတယ္။

Charles  နဲ႔ Iwan တို႔အၾကား အျငင္းပြားမႈက လြန္ခဲ့တဲ့ သုံးႏွစ္ကတည္းက ျဖစ္ခဲ့ၿပီး Iwan က ေတာက္ေလွ်ာက္ လိုက္ဖမ္းခဲ့တာျဖစ္တယ္။


လြန္ခဲ့တဲ့ သုံးႏွစ္က Charles ဟာ ဥေရာပမွာ  အျဖဴေရာင္ အနက္ေရာင္ စီးပြားေရးေလာကမွာလူသိမ်ားတဲ့ သူ ျဖစ္ခဲ့တယ္။  အရာရွိငယ္ေလး Iwan က Charles ရဲ႕ေမွာင္ခိုမႈနဲ႔ ပတ္သတ္တဲ့ သက္ေသေတြကို ရေအာင္ရွာၿပီး ေထာင္ထဲပို႔မယ္လို႔ ႀကိမ္းဝါးခဲ့တယ္။


ကံမေကာင္းစြာျဖင့္ လူငယ္ရဲအရာရွိမ်ားသည္ Charles ရဲ႕ လုပ္ရပ္ကို ဘယ္လိုမွ သက္ေသမရပဲ မတားႏိုင္ခဲ့ၾကဘူး။ Charles ရဲ႕ ေသြးေဆာင္ျဖားေယာင္းမႈေၾကာင့္ ေၾကာင္ျဖဴေလးနဲ႔ ဝက္ဝံနက္တို႔က အိပ္ယာထက္မွာ လူးလိမ့္တဲ့ အဆင့္ကို ေရာက္ခဲ့ၾကတယ္။


Charles က သူ႔ရဲ႕ ဆက္ဆံေရးကို အစကတည္းမွ အေလးအနက္ ထားဖို႔ မရည္႐ြယ္ခဲ့ေပမယ့္ Iwan က ဒီလိူ အတူေနခဲ့ၿပီးေနာက္ တကယ့္ကို စိတ္လႈပ္ရွားေနပုံရတယ္။ ေနာက္ဆုံး ေတာ့ Charles က ဆက္မကစားခ်င္ေတာ့လို႔ Iwan ကို အဆက္ျဖတ္လိုက္ေပမယ့္ Iwan က ြဇြဲမေလွ်ာ့ပဲ Charles ေနာက္ကို ေန႔တိုင္း လိုက္ခဲ့ေတာ့တယ္။ သက္ေသအေထာက္အထား ျပည့္တဲ့ေန႔ ဒီဝက္ဝံႀကီးကို ေထာင္ထဲပို႔ဖို႔ ႀကိဳးစားေနေတာ့တယ္။

" ခင္ဗ်ား စိတ္ပ်က္စရာ လူႀကီးပဲ...."
Tang Feng က ဒီလူေျပာတာကို နားေထာင္ၿပီးတဲ့ေနာက္မွာ ဒီလိုပဲ မွတ္ခ်က္ေပးခဲ့တယ္။

Charles က ခ်က္ခ်င္းပဲ ကန္႕ကြက္ေျပာလိုက္တယ္။

"ဒါက သူ႕ဘက္က ခံစားခ်က္ကို မစြန္႕လႊတ္နို္င္လို႕ျဖစ္တာပဲ မလား။ စကတညး္က သူ သိသင့္ပါတယ္။ သူတို႕လို ရာဇဝတ္နွိ္မ္နွင္းေရး မိသားစုက ထြက္လာတဲ့သူက သူတို႕လို ဥပေဒဘက္ေတာ္သား တေယာက္နဲ႕ပဲ လက္ထပ္ျပီး သားသမီးေမြးသင့္တယ္ေလ။ ကိုယ့္လို ေမွာင္ခိုလုပ္တဲ့ လူနဲ႕ တသက္လံုး ဘယ္လို အတူေနလို႕ျဖစ္မွာတဲ့လဲ.... "


"ဒါဆိုရင္ ခင္ဗ်ား အစကတည္းက သူ႕ကို သြားမရႈပ္နဲ႕ေပါ့ဗ်.... "


"ကိုယ္က ရႈပ္တာ မဟုတ္ပါဘူး။ သူ႕ကို ိုေပါ့ေပါ့ပါးပါး အရက္အတူေသာက္ဖို႕ ေခၚမိတာကေန ျဖစ္သြားရံုေလးပါ...ဒီလုိမ်ိဳး သူပါလာမယ္လို႕ ဘယ္ထင္ပါ့မလဲ... "


Charles က ဆက္ေျပာလိုက္တယ္။

" Darley ဟာ ခုလို အတူ ေသာက္မိျပီး လြန္လြန္က်ဴးက်ဴး ျဖစ္ခဲ့တဲ့ အေပၚကို မေက်နပ္တဲ့အျပင္ သူက အျပစ္ရွိသလို ခံစားေနရတယ္။ " ၿဗိတိသွ်မ်ားေတြက အထူးသျဖင့္ ပြင့္လင္းျမင္သာမႈရွိသင့္တယ္ မဟုတ္လား။။ ဘုရားသခင္, ကိုယ္က အရာရွိတ ဦး နဲ႕ အရက္ကို အတူမေသာက္သင့္တာပဲ... ေနာက္ဆံုးေတာ့ ကိုယ့္ေနာက္ကို သည္းသည္းမည္းမည္းလိုက္မယ့္ လူတစ္ေယာက္ တိုးလာတပဲ အဖတ္တင္တယ္။ "

" သူက ခင္ဗ်ားကို တကယ္ခ်စ္ေနတယ္ "

Tang Feng က အဲဒီလိုထင္ခဲ့တယ္။ Charles  က ျငင္းလိုက္တယ္။

"ဟင့္အင္း...မဟုတ္ဘူး။ သူက မာနႀကီးလြန္းတဲ့အတြက္ သူ႕ကို ျငင္းလိုက္တာကို လက္မခံနို္္င္တာပါ... ဒါေႀကာင့္ ကိုယ့္ေနာက္ကို လိုက္ေနတာ..."

"ခင္ဗ်ားကေတာ့ေလ...အျမဲတမ္း အေႀကာင္းျပခ်က္ရွိေနတာခ်ည္းပဲ... "

Charles ကျပံဳးလိုက္ျပီး သူ႕ ခ်စ္သူေလးရဲ႕ ပုခံုးေတြကို ပြတ္သပ္ရင္း ဆက္ေျပာလိုက္တယ္။

"ကိုယ္က အခု သာမန္လူထဲက နာမည္ႀကီး အနုပညာႀကယ္ပြင့္ တစ္ေယာက္ကို ခ်စ္ေနတယ္ဆိုတာ သူသိလိုက္ကတည္းက လံုးဝမေက်နပ္ေတာ့ဘူး။  သူတို႕ကိုယ္သူတို႕ အဆင့္တန္းျမင့္ ေတာ္ဝင္မ်ိဳးႏြယ္ထဲကပါဆိုတဲ့ လူႀကီးလူေကာင္းဆိုတဲ့ေကာင္ေတြက ဘယ္ေလာက္ေတာင္ မာန္မာနႀကီးျပီး ေထာင္လႊားတယ္ဆိုတာ မင္း မသိပါဘူး ေဘဘီရာ...."

Charles ရဲ႕မွတ္ခ်က္ကို ႀကားေတာ့ လူမႈဆက္ဆံေရးမွာ ဒီလိုေတြကို ႀကံဳဖူးေတာ့ သူလည္း ေထာက္ခံတယ္။ Tang Feng က သူ႕ကို လိုရင္းပဲေမးလိုက္တယ္။

"အခု လက္ရွိ အေျခေနကို ေျဖရွင္းဖို႕ ခင္ဗ်ားမွာ နည္းလမ္းရွိလား "

ဒီေမးခြန္းကို ႀကားေတာ့ Charles က ညစ္က်ယ္က်ယ္ျပံုးလိုက္တယ္။ တကယ္ေတာ့ Lu Tian chenက သူတုိ႕နွစ္ေယာက္ေပါင္းျပီး Albert ကို ျပန္တိုက္ခိုက္မယ္လို႕ လာေျပာျပီးေနာက္ အေမရိကားမွာ အတူတူေနႀကကတည္းက သူ႕မွာ အစီစဥ္ရွိျပီးသား။

 Tang Feng ကို သူ တကယ္လိုခ်င္တာ ဘာလဲဆိုတာ ဖြင့္မေျပာခင္ကေတာ ့ဘာမွ မျဖစ္ေပမယ့္ တကယ္ဖြင့္ဟေျပာျပီးေနာက္ သူ ခ်စ္တဲ့သူကို အျခားတေယာက္နဲ႕မွ်ေဝေပးဖို႕ဆိုတာ သူ႕အတြက္ တကယ့္ကို မျဖစ္နုိ္င္ဘူး။ အေမရိကားမွာ အတူ သံုးေယာက္ေနတဲ့အခ်ိန္က သူ႕အတြက္ တကယ့္ကို ခက္ခဲတဲ့ အခ်ိန္ေတြပဲ။

အခုေတာ့ သူ ဘယ္လိုမွ ဆက္သည္းခံမွာ မဟုတ္ေတာ့ဘူး။ သူ႕ခ်စ္သူကို ဘယ္သူနဲ႕မွ မမွ်ေဝေတာ့ဘူး။ Iwan နဲ႕ သူ႕လက္ေထာက္ နွစ္ေယာက္ကို Charles က ဘာေႀကာင့္ သေဘာၤေပၚမွာ ရဲရဲတင္းတင္း အေတြ႕ခံသလဲဆိုတာ ခုမွ  Tang Feng  သေဘာေပါက္ေတာ့တယ္။ တကယ္ေတာ့ Charlesက အထက္ပိုင္း အဆက္သြယ္ေတြနဲ႕ သူ႕ကိုလိုက္ဖမ္းဖို႕ အမိန္႕ကို ပယ္ဖ်က္ျပီးျဖစ္တယ္။ ဒါေႀကာင့္ သူက ဒီေလာက္ ေမာက္မာရဲေနတာေပါ့။

လက္ေအာက္က လူေတြက ဘာေႀကာင့္ Charles ကိုဖမ္းမယ့္အခ်က္ကို ဖ်က္လိုက္တယ္ဆိုတာ နားမလည္ႀကဘူး။ Iwan က ဖမ္းမိန္႕မရွိေတာ့ေပမယ့္ လူလႊတ္ျပီး Tang Feng  ေနာက္ကို ဆက္လိုက္ခို္င္းေနတယ္။ Tang Feng  ကေနတဆင့္  Charles ကို ေျခရာခံမိလာတာျဖစ္တယ္။ Lu Tian chenက Tang Feng   ကို မ်က္ေျချပတ္သြားေပမယ့္ Iwan ကေတာ့ သေဘာၤေပၚမွာ Charlesကို ေတြ႕တဲ့အထိ လိုက္လာနိုင္ခဲ့တယ္။

ဒါေပမယ့္ Charles က အခု လြတ္လပ္သူ ျဖစ္သြားလို႕ Charles နဲ႕ အတူ သူ႕ကို သက္ေသနဲ႕တကြ မိသြားေပမယ့္ သံသယ လူျဖစ္လည္းေကာင္း၊ တရားခံနဲ႕ ပူးေပါင္းသူအျဖစ္ လည္းေကာင္းသူ႕ကို စြဲခ်က္တင္လို႕မရေတာ့ဘူး။ ဒါေပမယ့္ သူက Charles ကို ေတြ႕ခ်င္လို႕ အဆံုးထိ ေျခရာခံလိုက္လာတာပဲ ျဖစ္တယ္။

"သူက မင္းေနာက္ကို လိုက္လာျပီး ကိုယ့္ကို လာေတြ႔႕မယ္ဆိုတာ သိတယ္။ ဒါေႀကာင့္ သူ လာေတာ့ အဆံုးသတ္ေပးလိုက္တာပဲ... "

"ေကာင္းပါျပီဗ်ာ။ ခင္ဗ်ားလညး္ ခင္ဗ်ား ဆံုးျဖတ္ခ်က္နဲ႕ လုပ္ျပီးသားပဲ... "

မႀကာခင္မွာ Tang Feng က သူ႕ကို Charles ဆီေရာက္ေအာင္ ပူးေပါင္းကူညီေပးခဲ့တဲ့ လူနွစ္ေယာက္ကို သတိရလာတယ္။ တေယာက္က Su Qi cheng ျဖစ္ျပီး ေနာက္တစ္ေယာက္က သူတို႕ကို ခုိးေႀကာင္ခုိးဝွက္ ဓါတ္ပံုလိုက္ရိုက္တဲ့ တရုတ္ေက်ာင္းသားေလး Li Dong ျဖစ္တယ္။
=================

True Star - Vol - 3
Chapter 11: -Unprovoked accident


Tang Feng ကသက်ပြင်းချလိုက်မိတယ်။  Charles က ငပွေငရှုပ်ဆိုတာ သိပေမယ့် ဒီလို အင်တာပိုက  Officer Iwan လိုလူကိုတောင် သူ့အိပ်ယာထဲ ဆွဲသွင်းနိုင်လိမ့်မယ်လို့ နည်းနည်းလေးမှ မထင်ထားမိဘူး။

အရာရှိ Iwan က သူ့ချစ်သူဟောင်းလားလို့မေးတာတောင် စိတ်မကောင်းတဲ့ အမူယာနဲ့ ကျိန်တွယ်ပြောပြီး အရှက်မရှိတဲ့  Charles က သူ့တစ်ယောက်တည်းကိုသာ ချစ်ပါတယ်လို့ ပြောနေတော့ Tang Feng ဘာမှ ဆက်ပြောချင်စိတ်တောင် မရှိတော့ဘူး။

သင်္ဘောပေါ်ရောက်နေတဲ့ ဒီဗြိတိသျှအင်တာပို ခေါင်းဆောင်အိုင်ဗင်နှင့် သူ့လူနှစ်ယောက်က  Tang Feng နှင့်မကြာသေးမီကမှ ဆက်သွယ်ခဲ့သော သူတွေဖြစ်တယ်။

" အချစ်လေး ကိုယ် အခု မင်းကိုပဲ ချစ်တယ်။ Iwan လား ဘာလား ကောင်တွေ ကိုယ်လုံးလုံး မသိပါဘူးကွာ.... "

Charles က သူတို့ ကြားက ပတ်သတ်ဆက်နွယ်မှုကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်လို့ ထပ်ခါတလဲလဲရှင်းပြနေတယ်။

" ကိုယ့်လို နာမည်ကျော်တဲ့ လူချစ်လူခင်များတဲ့ လူက ဒီလို သာမန် ရဲအရာရှိလေးကို သိစရာအကြောင်း ဘာမှ မရှိပါဘူးကွာ....."


Tang Feng က သူ့ကို ရည်ရွယ်ချက်ရှိရှိလှောင်ပြောင်လိုက်တယ်။

" ဒါဆိုရင် Iwan က သာမန်ရဲအရာရှိတော့ မဟုတ်ဘူးပေါ့..."

" ဘေဘီ ကိုယ် အဲ့လို ဆိုလိုတာ မဟုတ်ပါဘူးကွာ။ ကိုယ့်မှာမင်းအပြင် အခြားလူ မရှိပါဘူး။ "

Charles ကငြီးငွေ့နေဟန် ဟန်ဆောင်ပြီး ဝရန်တာ လက်ရန်းကို မှီပြီး သက်ပြင်းချရင်းပြောလိုက်တယ်။ Tang Feng ရဲ့ အမူယာက Iwan နဲ့တွေ့မှာ ပျော်စရာကောင်းလာတယ်လို့ Charles က ထင်လိုက်တယ်။


" ခင်ဗျားရဲ့ ချစ်သူနောက်တစ်ယောက် ထပ်ဖြည့်ဖို့ ပြန်ပေးဆွဲဖို့ လိုသေးတာလား။ ဆေးခတ်ဖို့ လိုသေးတာလား။  "

Charles က အလွန်စိတ်ထိခိုက်တဲ့ အမူယာနဲ့ပြောလိုက်တယ်။

" အချစ်လေးရေ...ကိုယ်က အဲ့လို လူမျိုးနဲ့ တူနေလို့လားကွာ... .ကိုယ့်ရင်ကို တကယ်ကို ဆွဲဆောင်နိုင်တဲ့ ချစ်သူကိုပဲ ကိုယ် ဖမ်းခေါ်ခဲ့တာပါ..."

Charles က ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး သူလိုရာ ဆွဲပြောလိုက်ပြန်တယ်။

" နေဦး ကလေး...မင်း ကိုယ့်ကို သဝန်တိုနေတာလား....ဒါက မင်းကိုယ့်ကို ချစ်တယ်ဆိုတဲ့သဘောပေါ့...ဟုတ်လား...."

"အဲ့လိုထင်တာ ခင်ဗျားတော့ ရူးနေပြီ...ချစ်လှစွာသော ဝက်ဝံကြီး..."


Tang Feng က သူ့ကို ပိတ်ပြောပြီး ထလို့  အခန်းထဲဝင်သွားတော့တယ်။


Tang Feng ရဲ့ ထင်မြင်ချက်အရ အကျဉ်းသားတိုင်းက ရဲကိုတွေ့တဲ့အခါ များသောအားဖြင့်ပြေးလေ့ရှိကြတယ်။ ဒါပေမယ့်  Charles က သူ့ကိုဗြိတိန်အလှလေးက လိုက်ဖမ်းနေသည်လို့ ပြောတာကို ကြားတော့  Charles က Iwan  လိုက်ဖမ်းတာကို ရှောင်နေတာလို့ ထင်ပေမယ့် လက်တွေ့တော့ တက်တက်စင်အောင် လွဲနေတယ်။

မနေ့က လသာဆောင်မှာ  Charles က အရမ်းခင်မင်ရင်းနှီးတဲ့ အမူယာနဲ့  Iwan ကို ပွေ့ချီဝှေ့ယမ်းပြိး ဝမ်းသာအားရအရှက်မရှိ အော်ဟစ်နေ ခဲ့တယ်။

" ဘေဘီ အချစ်လေး Iwan... မင်း ကိုယ့်နောက်ကို ဆက်မလိုက်ပါနဲ့တော့ကွာ။ အခု ကိုယ့်နှလုံးသားထဲ ချစ်မိနေသူ ရှိနေပြီကွ။ မင်းနဲ့ကိုယ်က တကယ့်ကို ရေစက်မပါတော့ပါဘူးကွာ... ဒါကြောင့် နောက်ထပ် မင်းကို ကိုယ် ထပ်မတွေ့ပါရစေနဲ့တော့..."


ဒီစကားလုံးတွေအားလုံးကို Tang Feng က အခန်းထဲကနေ ကြားခဲ့တယ်။ သူသာ Iwan ဆိုရင် ရူးသွားမှာ သေချာတယ်။

"Charles ခင်ဗျား အခုငါ့ကို ဘာလုပ်စေချင်တာလဲ၊ ငါ့ကို ဒုက္ခပေးတာအပြင် မင်းက ဘာလုပ်ဦးမှာလဲ။ ငါက သာမန်လူတစ်ယောက်ပဲ ဖြစ်ချင်တယ်၊ ရုပ်ရှင်ဇာတ်ကားကောင်းလေးရိုက်ပြီး့သာမာန်ဘဝမျိုးနဲ့နေထိုင်ချင်တယ်။အခုတော့ မင်းက ရုန်းမထွက်နိုင်တဲ့ ဝဲဂယက်ထဲ ပါနေပြီး ငါ့ကိုပါ ဆွဲသွင်းနေတယ်။ ငါ့ဘဝတော့ ရှေ့လျှောက် ဇာတ်ကားထဲကထက်ကို သည်းထိတ်ရင်ဖိုတွေ ဖြစ်လာတော့မှာ သေချာတယ်။ "


Tang Feng တစ်ယောက်တည်း အတွေးတွေ ပွားနေမိတယ်။ အခု သူ ဒီလှေပေါ်ကို ရောက်နေတာ ဒုတိယနေ့ဖြစ်ပြီး မနက်ဖြန်ဆိုရင် လှေက ထိုင်းနိုင်ငံ ဖူးခက်ကို ဆိုက်ကပ်တော့မယ်။ သူတတ်နိုင်မယ်ဆိုရင် ထိုင်းနိုင်ငံကနေ တရုတ်ပြည်ကို လေယာဉ်နဲ့ ပြန်သွားချင်တယ်။ ဒါပေမယ့် သူ့မှာ ပတ်စ်ပို့မရှိဘူး။ ပတ်စ်ပို့က   Lu Tian chen ဆီမှာပဲရှိတယ်။ သူက Lu Tian chen ကို အရင် ဆက်သွယ်ချင်တာ ဒါကြောင့်ပဲဖြစ်တယ်။

"မင်းဟာ သာမန်လူတစ်ယောက်မဟုတ်ပါဘူး၊ မင်းက ငါ့ရဲ့ ချစ်လှစွာသောမင်းသား တစ်ယောက်ပါ၊ ငါတွေ့ခဲ့တဲ့လူတွေထက် ပိုပြီးချစ်ဖို့ကောင်းတယ်၊ ငါ့ရဲ့ နာမည်ကျော် ကြယ်ပွင့်ကြီး....ငါ တို့ ခုလို တစ်ယောက်နဲ့တစ်ယောက် ခက်ခက်ခဲခဲ တွေ့ဆုံရပြီးတော့ မင်းက ငါ့ကို အခု ချန်ထားခဲ့တော့မှာလား?"

 ကြီးမားတဲ့ ဝက်ဝံကြီးက  Tang Feng ရဲ့ လက်မောင်းကိုပွေ့ဖက်လိုက်ပြီး သူ့ပါးပြင်ကို လက်နဲ့ အသာယာပုတ်ပြီး မေးလိုက်တယ်။

Tang Feng က ခါးသီးစွာပြုံးရင်းပြောလိုက်တယ်။

 "ကျွန်တော့်ကို လာမနှစ်သိမ့်နဲ့  "

"မင်းကို ငါ တကယ်ချစ် တယ်။ ငါက တခြားသူတွေကို မကြာခဏတွဲခဲ့ပေမယ့် ဒီလို စကားကို ပြောတာက မင်း တစ်ယောက်တည်းကိုပါ။ မင်းက ကိုယ့်ရဲ့ပထမဆုံးနဲ့ နောက်ဆုံး ချစ်သူပါပဲ....ကိုယ်ကျိန်ရဲပါတယ်။ "

Charles က ကျိန်တွယ်ပြီး ကတိပြုလိုက်တယ်။

"ကောင်းပြီ၊ ခင်ဗျားရဲ့အချစ်ကို ကျွန်တော် လက်ခံတယ်။ အခုတော့ ချစ်လှစွာသော မစ္စတာ Charles ကျွန်တော့်ကို ဘယ်တော့ပြန်ပို့မလဲ "

Tang Feng ဟာ Charles ကို မငြင်းဆန်ပေမယ့် သူက ပစ်မှတ်ကို မလွဲချော်စေပဲ တိုက်ရိုက်လက်သီးနဲ့ထိုးလိုက်တယ်။ Charles က လက်ကို မကာပဲ အထိုးခံလိုက်ပြီးနောက် နာကျင်တဲ့ပုံနဲ့ ပြောလိုက်တယ်။

" အား ဘေဘီ...မင်း ကိုယ့်ကို နာအောင် လုပ်လိုက်တာပဲ..."

"ဟုတ်လား? အဲဒါ တကယ်ပဲကျေနပ်တယ် "

Tang Feng က Charles  သူ့ကို ဖမ်းခေါ်လာတဲ့အတွက် ကလဲစားချေလိုက်တာဖြစ်ပြီး ကျေနပ်စွာ ပြုံးလိုက်တယ်။

ပန်ဒါမျက်လုံးလို မျက်လုံးညိုမည်းနေတဲ့ Charles  က သက်ပြင်းရှိုက်ပြီး ပြောလိုက်တယ်။

" မင်းကို ကိုယ်ပြန်သွားခွင့်မပြုနိုင်တော့ဘူး ဘေဘီ.."

" ခင်ဗျားလေသံအရ အတည်ကြီးပေါ့..ဘာကြောင့်ကျွန်တော့်ကို ခေါ်ထားရတယ်ဆိုတဲ့ အကြောင်းရင်းလေးကိုတော့ပြောပြပါဦး... "

 "မင်းကို ငါအရမ်းလွမ်းနေလို့ ခေါ်ထားတာဖြစ်တယ်"

ဒီစကားကို ကြားတော့ Tang Fengက အခွင့်ရေးများ ရဦးမယ်ဆိုရင် Charles ရဲ့ မျက်နှာကို လက်သီးနဲ့ ထပ်ထိုးပစ်ဦးမယ်လို့ တွေးလိုက်မိတယ်။ ပြီးတော့ပင်လယ်ထဲပစ်ချခွင့်ရရင် သူအဲ့ဒီလို လုပ်မိမှာ သေချာတယ်။

" ကျေးဇူးပြုပြီး ကိုယ်ပြောတာကို ယုံပါ၊ ကိုယ်က မင်းရဲ့ လုံခြုံရေးအတွက် လုပ်ရတာပါ "


Charles ပြောတာကို Tang Feng က နားမလည်ပေမဲ့ Charles က ရှားရှားပါးပါး စိတ်ရင်းမှန်နဲ့ ပြောနေတယ်ဆိုတာ သူ ခံစားမိလာတယ်။Tang Feng  က ခါးသီးစွာပြုံးရင်း မေးလိုက်တယ်။

" ကျွန်တော့် ဘဝက မအေးချမ်းတော့ဘူးလား။ ဘယ်သူက ကျွန်တော့် အသက်ကို လိုချင်လို့လဲ..."

Tang Feng က သူ့ဘဝတစ်သက်သာမှာ ဘယ်သူ့ကိုမှ အနှောက်ယှက်မဖြစ်စေပဲ အေးအေးချမ်းချမ်းနေထိုင်လာခဲ့တာပါ။ ဘယ်လိုလုပ်ပြီး သူ့အသက်ကို လိုချင်တဲ့သူ ပေါ်လာတယ်ဆိုတာ စဉ်းစားလို့ မရဘူး။ သူ့ဘဝမှာ ပတ်သတ်မိတာဆိုလို့ Charles ၊ Lu Tian chen နဲ့ Albert တို့ပဲဖြစ်တယ်။ ဒီသုံးယောက်ကလွဲပြီး ဘယ်သူ့ကို သူ တခုခု ပြစ်မှားမိတယ်ဆိုတာ မမှတ်မိတော့ဘူး။

" အဲ့ဒါ ဘယ်သူလဲ။ Iwan  လား။ ကျွန်တော့် အသက်ကို လိုချင်တာ Iwan  လား။ "

မနေ့က Iwan   သူ့ကို စိုက်ကြည့်ခဲ့တဲ့ မျက်လုံးတွေက အရင်လက သူ့ကို ကြည့်ခဲ့တာနဲ့ အတူတူပဲ။ တကယ်လို့ Iwan  က အတိတ်က Charles နဲ့ဇာတ်လမ်းဟောင်းတွေရှိခဲ့မယ်ဆိုရင် အခုချိန် ပြန်တွေ့တော့ သူ့ကို သေစေချင်တာ Iwan တစ်ယောက်ပဲ ဖြစ်နိုင်တယ်။

" သူက အေးဆေးပါ။ မင်းကို ဘာမှ မလုပ်ပါဘူး"

Charles က အပြစ်မကင်းစိတ်နဲ့ ဒီလူငယ်လေးကို သူ့လက်မောင်းကြားထဲ ပွေ့ဖက်ထားပြီး ကောင်လေးကို သူ့ရင်ခွင်မှာ မျက်နှာအပ်ထားစေတယ်။ ကြားလိုက်ရတဲ့ Charles ရဲ့နှလုံးခုန်သံ သဲ့သဲ့ကို နားထောင်ရင်း Charles  တကယ်စိတ်ပူနေတယ်ဆိုတာTang Feng  သိလိုကတယ်။  Charles က ခိုင်မာစွာပြောလိုက်တယ်။

" မင်းကို ဘယ်သူမှ မထိခိုက်စေရဘူး ဘေဘီလေး။ မင်းကို ကိုယ်ရအောင် ကာကွယ်မယ်။"

Tang Feng က Charles ရဲ့နောက်ကျောကို အသာပုတ်လိုက်ပြီး ဒီကောင်လေးက သူ့ကို အမြဲတမ်း အကူအညီမဲ့စေတယ်လို့ ခံစားလိုက်ရတယ်။


"Lu Tian chen က ကျွန်တော့်ကို အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ ခင်ဗျား မထင်ဘူးထင်လား"

သူမသိသေးတဲ့အရာတွေ အများကြီးရှိတယ်လို့ Tang Feng က ခံစားလိုက်မိတယ်။ Charles က သူ့လည်ပင်းကိုနမ်းရင်းပြောလိုက်တယ်။

" သူ မသိတဲ့ဟာတွေကို သူ ဘယ်လို ကာကွယ်မလဲ။ ဘာဖြစ်ဖြစ် ကိုယ်ကတော့ ကိုယ် ချစ်မြတ်နိုးတဲ့ သူကို ကိုယ့်အနားမှာ ခေါ်ထားချင်တယ်။ "

" အိုကေ၊ ဘာတွေဖြစ်နေလဲ ကျွန်တော် မသိတော့ဘူး၊ ဒါပေမယ့် ရဲအရာရှိ Iwan နဲ့ပတ်သက်လို့ တစ်ခုခုရှိတယ်လို့ ကျွန်တော် ခံစားနေရတယ်။ ခင်ဗျားတို့ ဘယ်လို ပတ်သတ်ခဲ့တယ်ဆိုတာ ကျွန်တော့်ကို ကောင်းကောင်း ပြောပြစမ်းပါ။"

  Tang Feng က တစ်ခုကို စဉ်းစားမိလိုက်တာနဲ့ သူ အလောတကြီး ပြောလိုက်တယ်။

" God,! ကျွန်တော် နောက်ထပ် တစ်လနေရင် ဗင်းနစ် ရုပ်ရှင်ပွဲတော်မှာပါ ၀ င်ဖို့ ဗင်းနစ်ကိုသွားမယ်။ Charles ကျွန်တော ်အချိန်မှီ အဲ့နေရာကို မသွားရရင် ခင်ဗျားကို သတ်မယ်လို့ ကျိန်ဆိုတယ်!"

Charles က သူ့ ချစ်သူလေးကို အလျင်အမြန်ပွေ့ဖက်လိုက်ပြီး ကတိအထပ်ထပ်ပေးလိုက်တယ်။

" အချစ်လေး စိတ်ချ... အချိန်ကိုက် မင်းကို ဗင်းနစ်ရောက်အောင် ်ပို့ပေးပါ့မယ်..."


ပြီးတော့  Charles က Tang Feng ကို ဖြစ်သမျှ အားလုံးဝန်ခံခဲ့တယ်။

Iwan ကို ဗြိတိသျှမင်းမျိုးအနွယ်ဝင် မိသားစုမှာ မွေးဖွားခဲ့တယ်။ သူ့ဖခင်က လက်ရှိဗြိတိသျှအင်တာပိုလ်အကြီးအကဲဖြစ်ပြီး သားဖြစ်သူလည်း ဖခင်ရဲ့လုပ်ငန်းကို အမွေဆက်ခံခဲ့တယ်။ သူက  တက္ကသိုလ်က ဘွဲ့ရရှိပြီးနောက် Iwan က ယူနိုက်တက်ကင်းဒမ်းရှိ အင်တာပိုလ်ရုံးသို့ဝင်ခဲ့ပြီး ၂ နှစ်အတွင်း အဖွဲ့ခေါင်းဆောင်အဖြစ် အမှုထမ်းဆောင်ခဲ့တယ်။. နောက်ပိုင်း ဗြိတိန်ဌာနခွဲသစ်ကို စီစဉ်သူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတယ်။

Charles  နဲ့ Iwan တို့အကြား အငြင်းပွားမှုက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဖြစ်ခဲ့ပြီး Iwan က တောက်လျှောက် လိုက်ဖမ်းခဲ့တာဖြစ်တယ်။


လွန်ခဲ့တဲ့ သုံးနှစ်က Charles ဟာ ဥရောပမှာ  အဖြူရောင် အနက်ရောင် စီးပွားရေးလောကမှာလူသိများတဲ့ သူ ဖြစ်ခဲ့တယ်။  အရာရှိငယ်လေး Iwan က Charles ရဲ့မှောင်ခိုမှုနဲ့ ပတ်သတ်တဲ့ သက်သေတွေကို ရအောင်ရှာပြီး ထောင်ထဲပို့မယ်လို့ ကြိမ်းဝါးခဲ့တယ်။


ကံမကောင်းစွာဖြင့် လူငယ်ရဲအရာရှိများသည် Charles ရဲ့ လုပ်ရပ်ကို ဘယ်လိုမှ သက်သေမရပဲ မတားနိုင်ခဲ့ကြဘူး။ Charles ရဲ့ သွေးဆောင်ဖြားယောင်းမှုကြောင့် ကြောင်ဖြူလေးနဲ့ ဝက်ဝံနက်တို့က အိပ်ယာထက်မှာ လူးလိမ့်တဲ့ အဆင့်ကို ရောက်ခဲ့ကြတယ်။


Charles က သူ့ရဲ့ ဆက်ဆံရေးကို အစကတည်းမှ အလေးအနက် ထားဖို့ မရည်ရွယ်ခဲ့ပေမယ့် Iwan က ဒီလိူ အတူနေခဲ့ပြီးနောက် တကယ့်ကို စိတ်လှုပ်ရှားနေပုံရတယ်။ နောက်ဆုံး တော့ Charles က ဆက်မကစားချင်တော့လို့ Iwan ကို အဆက်ဖြတ်လိုက်ပေမယ့် Iwan က ွဇွဲမလျှော့ပဲ Charles နောက်ကို နေ့တိုင်း လိုက်ခဲ့တော့တယ်။ သက်သေအထောက်အထား ပြည့်တဲ့နေ့ ဒီဝက်ဝံကြီးကို ထောင်ထဲပို့ဖို့ ကြိုးစားနေတော့တယ်။

" ခင်ဗျား စိတ်ပျက်စရာ လူကြီးပဲ...."
Tang Feng က ဒီလူပြောတာကို နားထောင်ပြီးတဲ့နောက်မှာ ဒီလိုပဲ မှတ်ချက်ပေးခဲ့တယ်။

Charles က ချက်ချင်းပဲ ကန့်ကွက်ပြောလိုက်တယ်။

"ဒါက သူ့ဘက်က ခံစားချက်ကို မစွန့်လွှတ်နိုင်လို့ဖြစ်တာပဲ မလား။ စကတည်းက သူ သိသင့်ပါတယ်။ သူတို့လို ရာဇဝတ်နှိမ်နှင်းရေး မိသားစုက ထွက်လာတဲ့သူက သူတို့လို ဥပဒေဘက်တော်သား တယောက်နဲ့ပဲ လက်ထပ်ပြီး သားသမီးမွေးသင့်တယ်လေ။ ကိုယ့်လို မှောင်ခိုလုပ်တဲ့ လူနဲ့ တသက်လုံး ဘယ်လို အတူနေလို့ဖြစ်မှာတဲ့လဲ.... "


"ဒါဆိုရင် ခင်ဗျား အစကတည်းက သူ့ကို သွားမရှုပ်နဲ့ပေါ့ဗျ.... "


"ကိုယ်က ရှုပ်တာ မဟုတ်ပါဘူး။ သူ့ကို ိုပေါ့ပေါ့ပါးပါး အရက်အတူသောက်ဖို့ ခေါ်မိတာကနေ ဖြစ်သွားရုံလေးပါ...ဒီလိုမျိုး သူပါလာမယ်လို့ ဘယ်ထင်ပါ့မလဲ... "


Charles က ဆက်ပြောလိုက်တယ်။

" Darley ဟာ ခုလို အတူ သောက်မိပြီး လွန်လွန်ကျူးကျူး ဖြစ်ခဲ့တဲ့ အပေါ်ကို မကျေနပ်တဲ့အပြင် သူက အပြစ်ရှိသလို ခံစားနေရတယ်။ " ဗြိတိသျှများတွေက အထူးသဖြင့် ပွင့်လင်းမြင်သာမှုရှိသင့်တယ် မဟုတ်လား။။ ဘုရားသခင်, ကိုယ်က အရာရှိတ ဦး နဲ့ အရက်ကို အတူမသောက်သင့်တာပဲ... နောက်ဆုံးတော့ ကိုယ့်နောက်ကို သည်းသည်းမည်းမည်းလိုက်မယ့် လူတစ်ယောက် တိုးလာတပဲ အဖတ်တင်တယ်။ "

" သူက ခင်ဗျားကို တကယ်ချစ်နေတယ် "

Tang Feng က အဲဒီလိုထင်ခဲ့တယ်။ Charles  က ငြင်းလိုက်တယ်။

"ဟင့်အင်း...မဟုတ်ဘူး။ သူက မာနကြီးလွန်းတဲ့အတွက် သူ့ကို ငြင်းလိုက်တာကို လက်မခံနို်င်တာပါ... ဒါကြောင့် ကိုယ့်နောက်ကို လိုက်နေတာ..."

"ခင်ဗျားကတော့လေ...အမြဲတမ်း အကြောင်းပြချက်ရှိနေတာချည်းပဲ... "

Charles ကပြုံးလိုက်ပြီး သူ့ ချစ်သူလေးရဲ့ ပုခုံးတွေကို ပွတ်သပ်ရင်း ဆက်ပြောလိုက်တယ်။

"ကိုယ်က အခု သာမန်လူထဲက နာမည်ကြီး အနုပညာကြယ်ပွင့် တစ်ယောက်ကို ချစ်နေတယ်ဆိုတာ သူသိလိုက်ကတည်းက လုံးဝမကျေနပ်တော့ဘူး။  သူတို့ကိုယ်သူတို့ အဆင့်တန်းမြင့် တော်ဝင်မျိုးနွယ်ထဲကပါဆိုတဲ့ လူကြီးလူကောင်းဆိုတဲ့ကောင်တွေက ဘယ်လောက်တောင် မာန်မာနကြီးပြီး ထောင်လွှားတယ်ဆိုတာ မင်း မသိပါဘူး ဘေဘီရာ...."

Charles ရဲ့မှတ်ချက်ကို ကြားတော့ လူမှုဆက်ဆံရေးမှာ ဒီလိုတွေကို ကြုံဖူးတော့ သူလည်း ထောက်ခံတယ်။ Tang Feng က သူ့ကို လိုရင်းပဲမေးလိုက်တယ်။

"အခု လက်ရှိ အခြေနေကို ဖြေရှင်းဖို့ ခင်ဗျားမှာ နည်းလမ်းရှိလား "

ဒီမေးခွန်းကို ကြားတော့ Charles က ညစ်ကျယ်ကျယ်ပြုံးလိုက်တယ်။ တကယ်တော့ Lu Tian chenက သူတို့နှစ်ယောက်ပေါင်းပြီး Albert ကို ပြန်တိုက်ခိုက်မယ်လို့ လာပြောပြီးနောက် အမေရိကားမှာ အတူတူနေကြကတည်းက သူ့မှာ အစီစဉ်ရှိပြီးသား။

 Tang Feng ကို သူ တကယ်လိုချင်တာ ဘာလဲဆိုတာ ဖွင့်မပြောခင်ကတော့ဘာမှ မဖြစ်ပေမယ့် တကယ်ဖွင့်ဟပြောပြီးနောက် သူ ချစ်တဲ့သူကို အခြားတယောက်နဲ့မျှဝေပေးဖို့ဆိုတာ သူ့အတွက် တကယ့်ကို မဖြစ်နိုင်ဘူး။ အမေရိကားမှာ အတူ သုံးယောက်နေတဲ့အချိန်က သူ့အတွက် တကယ့်ကို ခက်ခဲတဲ့ အချိန်တွေပဲ။

အခုတော့ သူ ဘယ်လိုမှ ဆက်သည်းခံမှာ မဟုတ်တော့ဘူး။ သူ့ချစ်သူကို ဘယ်သူနဲ့မှ မမျှဝေတော့ဘူး။ Iwan နဲ့ သူ့လက်ထောက် နှစ်ယောက်ကို Charles က ဘာကြောင့် သဘောၤပေါ်မှာ ရဲရဲတင်းတင်း အတွေ့ခံသလဲဆိုတာ ခုမှ  Tang Feng  သဘောပေါက်တော့တယ်။ တကယ်တော့ Charlesက အထက်ပိုင်း အဆက်သွယ်တွေနဲ့ သူ့ကိုလိုက်ဖမ်းဖို့ အမိန့်ကို ပယ်ဖျက်ပြီးဖြစ်တယ်။ ဒါကြောင့် သူက ဒီလောက် မောက်မာရဲနေတာပေါ့။

လက်အောက်က လူတွေက ဘာကြောင့် Charles ကိုဖမ်းမယ့်အချက်ကို ဖျက်လိုက်တယ်ဆိုတာ နားမလည်ကြဘူး။ Iwan က ဖမ်းမိန့်မရှိတော့ပေမယ့် လူလွှတ်ပြီး Tang Feng  နောက်ကို ဆက်လိုက်ခိုင်းနေတယ်။ Tang Feng  ကနေတဆင့်  Charles ကို ခြေရာခံမိလာတာဖြစ်တယ်။ Lu Tian chenက Tang Feng   ကို မျက်ခြေပြတ်သွားပေမယ့် Iwan ကတော့ သဘောၤပေါ်မှာ Charlesကို တွေ့တဲ့အထိ လိုက်လာနိုင်ခဲ့တယ်။

ဒါပေမယ့် Charles က အခု လွတ်လပ်သူ ဖြစ်သွားလို့ Charles နဲ့ အတူ သူ့ကို သက်သေနဲ့တကွ မိသွားပေမယ့် သံသယ လူဖြစ်လည်းကောင်း၊ တရားခံနဲ့ ပူးပေါင်းသူအဖြစ် လည်းကောင်းသူ့ကို စွဲချက်တင်လို့မရတော့ဘူး။ ဒါပေမယ့် သူက Charles ကို တွေ့ချင်လို့ အဆုံးထိ ခြေရာခံလိုက်လာတာပဲ ဖြစ်တယ်။

"သူက မင်းနောက်ကို လိုက်လာပြီး ကိုယ့်ကို လာတွေ့မယ်ဆိုတာ သိတယ်။ ဒါကြောင့် သူ လာတော့ အဆုံးသတ်ပေးလိုက်တာပဲ... "

"ကောင်းပါပြီဗျာ။ ခင်ဗျားလည်း ခင်ဗျား ဆုံးဖြတ်ချက်နဲ့ လုပ်ပြီးသားပဲ... "

မကြာခင်မှာ Tang Feng က သူ့ကို Charles ဆီရောက်အောင် ပူးပေါင်းကူညီပေးခဲ့တဲ့ လူနှစ်ယောက်ကို သတိရလာတယ်။ တယောက်က Su Qi cheng ဖြစ်ပြီး နောက်တစ်ယောက်က သူတို့ကို ခိုးကြောင်ခိုးဝှက် ဓါတ်ပုံလိုက်ရိုက်တဲ့ တရုတ်ကျောင်းသားလေး Li Dong ဖြစ်တယ်။
=================


(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Där berättelser lever. Upptäck nu