Chapter (49-1)_ ပင်ဒါဝက်ဝံလေး Tang ကို လုနေသည့် Lu Tian Chen နဲ့ Charles

2K 365 21
                                    

Chapter (49-1)_ ပင်ဒါဝက်ဝံလေး Tang ကို လုနေသည့် Lu Tian Chen နဲ့ Charles



ယေဘုယျအားဖြင့်ပြောရလျှင် Tang Feng သည် ဒီနေ့ သူ့ရဲ့ သရုပ်ဆောင် စွမ်းဆောင်ရည်အတွက် အလွန်ကျေနပ်နေမိသည်။ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုက မထင်မှတ်ပဲ မြန်ဆန်နေပြီး ကိုယ်နှင့်တွဲဖက် သရုပ်ဆောင်ကလည်း ကောင်းကောင်း လုပ်ဆောင်သည်ကို ခံစားမိနိုင်သည်။ ဒီဇာတ်ကားက Box Office မှာ ရုံတင်ဝင်ငွေ စံချိန် မချိုးရင်တောင်မှ ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရတာကို အရမ်းသဘောကျမိသည်။

အလုပ်ပြီးတာနဲ့ Tang Feng က Lu Tian chen ကို ကားထဲမှာ စောင့်နေတာတွေ့လိုက်ရသည် ။

"ခင်ဗျား ဒီကို ဘယ်တုန်းက ရောက်နေတာလဲ"

ရုပ်ရှင်ဇာတ်ကားထဲ သရုပ်ဆောင်ရာတွင် အာရုံစိုက်နေသူက Lu Tian chen ရောက်လာပြီး ဘယ်လောက်ကြာနေပြီလဲဆိုတာကို သတိမထားလိုက်မိပ။

"အဖွဲ့သားတွေက မင်းကို ချီးကျူးနေတာကို ငါ ကြားလိုက်ရတယ်။ ဒီဇာတ်ကား ဇာတ်ညွှန်းထွက်လာတဲ့အခါ ဇာတ်ညွှန်းကို လိုချင်တဲ့သူတွေ အများကြီးရှိပေမယ့် ကုန်ကျစရိတ် သက်သာပြီး သရုပ်ဆောင်တွေရဲ့ ပေးဆပ်ရမယ့် လိုအပ်ချက်တွေ မြင့်မားတာကြောင့် ဘယ်သူမှ လက်မခံနိုင်ရကြဘူး။ သရုပ်ဆောင်က တကယ်ကို ကိုယ်အလေးချိန် တိုးအောင်လုပ်ပြီး ဇာတ်ကားပြီးရင် မနည်း အလေးချိန် ပြန်ချရမှာကိုး..."

Lu Tian chen သည် သူ၏ ချီးကျူးစကားများကို ဖုံးကွယ်မထားပဲ ပွင့်လင်းစွာပြောလိုက်သည်။

"ဒါပေမယ့် မင်းနဲ့က သူများနဲ့ မတူဘူး။ မင်းရဲ့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ခဲ့တယ်"

"ဒီအသား ဝဝတုတ်တုတ်တွေကို ဆိုလိုတာလား။"

Tang Feng ရယ်ချင်သည့်ပုံဖြင့် မေးလိုက်သည်။

"လျှော့လို့ ရတယ်မဟုတ်လား?" Lu Tian chen က မေးသည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now