True Star _Vol 4_ Chapter (12): ရေခဲတုံးကြီး စေ့စပ်တော့မယ်

1.3K 246 13
                                    

True Star _Vol 4_ Chapter (12): ရေခဲတုံးကြီး စေ့စပ်တော့မယ်


စားသောက်ဆိုင်ထဲကို ဝင်လာသည့် လူစုထဲတွင် Tang Feng သိသည့် လူတချို့ ပါဝင်နေသည်။ ထိုအုပ်စုထဲတွင်ပါဝင်သည့် စီနီယာကျန့် (ကျန့်ရွှယ်ချန်) က သူ့ကို အဝေးကတည်းက အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ လူအုပ်စုရဲ့ရှေ့ဆုံးမှ မျက်နှာသေ ဖြင့်ဦးဆောင်လာသည့် Lu Tian chen က သူ့ကိုမြင်တော့ အနည်းငယ် အံ့သြသည့်အမူအရာဖြင့် ချက်ချင်းပေါ်လာသည်။

Tang Feng က ဒီအမူယာကိုမြင်တော့ သူ့ စိတ်ထဲတွင် အရာများစွာ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။ ဥပမာအားဖြင့်၊ ယနေ့နံနက် ဟိုတယ်ဘေးရှိ ကုန်စုံဆိုင်တံခါးတွင် Lu Tian chen ကို သူတွေ့ခဲ့သည်။ Lu Tian chen လည်း ဒီဟိုတယ်မှာတည်းခိုနေခဲ့ တာလား။ ဒါကြောင့် စီနီယာကျန့် (ကျန့်ရွှယ်ချန်) နှင့် Lu Tian chenတို့ အတူတူ ဟိုတယ်စားသောက်ဆိုင်ထဲကို အတူဝင်လာတာလား။ Lu Tian chen လည်း အခုဟိုတယ်မှာလုပ်မယ့် တခြားသူရဲ့ မင်္ဂလာဆောင်ကို လာတက်တာလား။

Tang Feng တစ်ယောက်အတွေးပွားနေစဉ် Lu Tian chen ရဲ့လက်မောင်းကို ဖက်ထားတဲ့ အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ပြီးနောက် Tang Feng က တခြားလူတွေကိုလည်း သတိထားမိသွားခဲ့သည်။

စီနီယာကျန့် (ကျန့်ရွှယ်ချန်) နှင့် Lu Tian chen တို့ကြားတွင် ရှိနေသည့် အမျိုးသမီးသည် အသက်နှစ်ဆယ်ခန့် သာ ရှိသေးပြီး ငယ်ရွယ်လှပပြီး အရပ်မြင့်မြင့် ကိုယ်ဟန်ကျစ်လစ် ကာ ချောမောသည့် Tian chen ကို ပျော်ရွှင်သော မျက်နှာဖြင့် မော့ကြည့်နေသည်။

ကောင်းပြီ၊ ဒီမြင်ကွင်းက နည်းနည်းတော့ စုံတွဲတွေ ချစ်ကြည်နူးကာ ပတ်ဝန်းကျင်က လူတွေကို ခွေးစားကျွေးနေသလို ဖြစ်မနေဘူးလား။

Tang Feng သည် စီနီယာကျန့် (ကျန့်ရွှယ်ချန်) ကိုကြည့်ကာ ပြုံးပြီး အရင်နူတ်ဆက် လိုက်သည်။

"စီနီယာကျန့်.... တကယ့်ကို တိုက်ဆိုင်တာပဲ။"

စီနီယာကျန့် (ကျန့်ရွှယ်ချန်) ၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် တောက်ပလာပြီး မေးလိုက်သည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now