Chapter (18) သီးသန့်ကျွန်း ( Zawgyi+ Unicode)

4.6K 766 41
                                    

Chapter (18)   သီးသန့်ကျွန်း ( Zawgyi+ Unicode)


Charlesသည် သင်္ဘောပေါ်သို့ဆင်းလာသည့် ရဟတ်ယာဉ်ပေါ်တွင် တက်လိုက်မိသည်နှင့် သူ၏လက်ကိုင်ဖုန်းကို ထုတ်ယူပြီး ဖုန်းခေါ်ရန် ပြင်ဆင်သော်လည်း  ဖုန်းလိုင်းကို  အမှန်တကယ်ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ သူတို့ကို လူများဝိုင်းခံထားပြီး မည်သူတစ် ဦး တစ်ယောက်မှ ကြိုတင်သတိပေးမှု မပြုခဲ့ခြင်းက အံ့အားသင့်စရာ မဟုတ်တော့ပေ။

"ဒီအရူးကောင်က တကယ့်ကို ကောင်းကောင်းပြင်ဆင်ထားတာပဲ"

Charles ကဖုန်းကို သူ၏လက်ထဲတွင် နည်းနည်းဒေါသဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူက ဖုန်းကို ပင်လယ်ထဲပစ်ချလိုက် ချင် ပေမယ့် ဒီဖုန်းထဲမှာ သူချစ်တဲ့လူရဲ့ ဖုန်းနံပါတ်ရှိသေးသည်ဟုတွေးပြီး လက်ထဲ ပြန်ဆုပ်ကိုင်ထားလိုက်သည်။

"သူက Albert ရဲ့လက်ထဲမှာရှိနေသေးတယ်။ မင်း ဘယ်လိုလုပ် သူ့ကို ထားပြီး သွားနိုင်လဲ။ "

Ivan လည်း ရဟတ်ယာဉ်တွင်ရှိနေသည်။ သူထိုင်နေတဲ့ထိုင်ခုံပေါ်မှာ လက်နှစ်ဖက်နဲ့တင်းနေအောင် ဆုပ်ကိုင်ထားပြီး Charles ကိုတစ်ချိန်လုံးကြည့်နေခဲ့သည်။

 " မင်းရဲ့အကျိုးစီးပွားအတွက် မင်းက Albert ကို အရှုံးပေးဖို့ ရွေးလိုက်တယ် ဟုတ်လား။ Tang Feng နဲ့ပတ်သက်ပြီး ထည့်မစဉ်းစားတော့ဘူးလား?"

Charles က Ivan ကို ပါးရိုက်လိုက်သည်။ Ivanရဲ့ အဝတ်အစားကို Charles က  တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး တင်းမာစွာပြောလိုက်သည်။

" ဒီအချိန်ထိ မင်းက အရေးမပါတာကို ပြောနေတုန်းပဲလား။ တကယ်လို့ ပာဖို့အပန်းဖြေနေတုန်းပဲ။ အကယ်၍ Tang Feng သာ တခုခုဖြစ်သွားတယ်ဆိုရင် မင်း ကို ငါးမန်းစာကျွေးဖို့ အပိုင်းပိုင်းဖြတ်ပြီး ပင်လယ်ထဲ ပစ်ချင်လိုက်မယ်လို့ ငါ ကျိန်ဆိုတယ်။ "

" ခင်ဗျား... "

" ဘာဖြစ်သွားတာလဲ။ မင်းကို ငါ မထိရဲတော့ဘူးလို့ ထင်နေတာလား။ အရင်က မင်း ငါနဲ့ အိပ်ခဲ့ရင်တောင် မင်းရဲ့မိုက်မဲမှုက ဒီနေ့ငါ့ကို ဒေါသထွက်အောင် လုပ်ဖို့လုံလောက်ပြီလေ!"

ချားလ်စ်က  လက်သီး နှင့် Ivan ကို တချက်ထိုးလိုက်ပြီး ပြောလိုက်သည်။

"   ဒီလက်သီးက Tang Feng အတွက်ပဲ။ " 

"  Charles "

Ivan က အလန့်တကြား အော်လိုက်မိသည်။

"Ivan Grace ငါ ပြောတာကို သေချာနားထောင်ပါ။  မင်းပြန်လာပြီး မင်းရဲ့ သခင်ကို အသက်ရှင်လျက် လူကိုယ်တိုင် သွားပြောလိုက်ပါ။  Albert ကို သူလုပ်ထားတာတွေ အားလုံးကို ငါ သေချာမှတ်တားတယ်လို့။ ပြီးတော့ ဒီအတွက် သူ့ဆီကို ငါ ပြန်ပေးဖို့ လုပ်နေတယ်ဆိုတာ ပြောလိုက်၊ ပြီးတော့ ငါ့ ဘေဘီလေးရဲ့ ဆံပင်တပင် ကျွတ်သွားတာနဲ့ ငါ ပြန်ပေးမယ့် လက်ဆောင်က နှစ်ဆဖြစ်သွားမယ်ဆိုတာ သေချာ ပြန်ပြောလိုက်။ "

Charles က Ivan ရဲ့  င်္အကျီ ကော်လာကို လွှတ်ပေးလိုက်သည်။ အရာရှိငယ်လေး Ivanက  မျက်မှောင်ကြုတ်ပြီး သူ့ရင်ထဲ တင်းကျပ်နေသည်ကို မအောင့်နိုင်သဖြင့်  မေးလိုက်သည်။

"ဒီလူက မင်းအတွက် ဒီလောက်အရေးကြီးသလား။"

" သူက မင်းရဲ့ အသက်ကိုကယ်တင်ခဲ့တာတောင် မင်းက ခုလိုမေးသေးတာလား "

Charles က တန်ပြန်မေးလိုက်သည်။ Ivan  စကားသံတို့တိတ်သွားခဲ့ သည်။

" သူက ငါ့အတွက် ဒီလောက် အရေးကြီးတာ မဟုတ်ဘူး။ အရမ်းအရမ်းကို အရေးကြီးတဲ့သူဖြစ်တယ်။  "

Charlesသည်အေးဆေးတည်ငြိမ်သောပင်လယ်ကိုကြည့်ပြီး ညအမှောင်ထဲမှ ဝေးကွာသောမိုးကုပ်စက်ဝိုင်း၏ အစွန်းတွင် ကျန်ရစ်ခဲ့သည့် ခမ်းနားကြီးကျယ်သော သင်္ဘောတစ်ခု၏ ရေနွေးငွေ့လေးကို ငေးနေခဲ့သည်။

Tang Feng ကို  သူ ချစ်ခင်မြတ်နိုးတာက လွန်ခဲ့သော နှစ်ဝက်ခန့် ကစတင်ခဲ့ပြီး နည်းနည်းလေးမှ လျော့မသွားသည့် အပြင် မီးတောင်တစ်ခုလို ပိုမိုပူလောင်လာခဲ့သည်။

ဘယ်လိုလုပ်ပြီး ဒီလိုလူတစ်ယောက်က သူ့ကို မချစ်ပဲ နေနိုင်တာလဲ။   

---------------------------

Albert သည် နာရီဝက်ကြာအောင် မစောင့်ခဲ့ပဲ ဆယ်မိနစ်ခန့်အကြာတွင် သူတို့သည်ဝိုင်အနည်းငယ်သောက်ပြီး အခြားလှေတစ်စီးကိုယူပြီး တစ်နာရီခန့်အကြာ ခရီးနှင်ကာ အခြားသဘောင်္ကို ပြောင်းခဲ့ပြီး   ရဟတ်ယာဉ်ဖြင့် ခရီးဆက်ခဲ့သည်။

နက်ရှိုင်းသော ည၊ အဆုံးမဲ့ကောင်းကင်၊ နက်ရှိုင်းသောပင်လယ်နှင့် မကြာခဏ လွှဲပြောင်း စီးနင်းရမှုများ။ Tang Feng တစ်ယောက် ခရီးဆောင်အိတ် သယ်ဖို့မလိုပဲ ခရီးရှည်ကြီးကို ဆက်ခဲ့ရသည်။

တစ်ကမ္ဘာလုံးကိုကြည့်လိုက်ရင် မှောင်မိုက်နေပုံရသည်။ သူတို့သည် ညကောင်းကင်ယံတွင်  ပျံသန်းနေပြီး ရဟတ်ယာဉ် အသံများက သူတို့နားထဲတွင် ဆူညံနေသည်။ ရုတ်တရက်သူ့လက်က အေးစက်သည့် အထိတွေ့ကို ခံစားလိုက်ရပြီး  Tang Feng  အတွေးလွန်နေရာမှ သူအနားတွင် ထိုင်နေသောလူကို ကြည့်လိုက်သည်။

သူနှင့် Albertတို့သည် တစ် ဦး နှင့်တစ် ဦး တွေ့ဆုံခြင်းမရှိခဲ့သလို စကားများများ မပြောဆိုခဲ့ဖူးပေ။ သို့သော် သူတို့  တစ် ဦး နှင့်တစ် ဦး သိကျွမ်းနေသလို ရှိသည်ဆိုသည့် အချက်က  ထူးဆန်းနေသည်။ Albert သည် စင်းလုံးချော ပြီးပြည့်စုံသောသူကို နှစ်ခြိုက်စွဲလမ်းသူ ဖြစ်ပြီး  အကြောက်လွန်ရောဂါရှိသူ ဖြစ်သည်။ ထိုကဲ့သို့သော ကိုယ်ရည် ကိုယ်သွေး ရှိပေမယ့် ဒီလူက  သူ့ကိုယ်သူအောင်မြင်မှု ရရှိစေဖို့ လွယ်ကူနေသည်။

"မစိုးရိမ်နဲ့၊ ငါ မင်းကို နာကျင်အောင် မလုပ်ပါဘူး၊ ငါက သူတို့နဲ့ မတူဘူး။"

Albertရဲ့အသံက  Tang Feng ရဲ့နားထဲကို နားကြပ်ကနေတဆင့် ရဟတ်ယာဉ် ပျံသန်းသံနှင့် ရောထွေးပြီး ရောက်ရှိလာသည်။ Tang Feng သည် Albert အား ကြည့်လိုက်တော့ သူက  နူးညံ့သိမ်မွေ့သောအပြုံးဖြင့် ငုံ့ကြည့်လိုက်ပြီး Tang Feng ၏ လက်များကိုဖြည်းဖြည်းချင်း ထိလိုက်သည်။ Albert ထိထားသည့် လူက သူ ကြိုတင်မခန့်မှန်းနိုင်သလို အေးတိအေးစက်ဖြစ်နေသည်။ ဒါကလည်း မနက်စောစော ဘာမှမမြင်ရသည့် ကောင်းကင်ပြင်ကြီးကို ဖြတ်ကာ ခရီးသွားနေရသည့် အတွက် တဖက်လူက ခုလို အေးစက်သည့် အမူယာဖြစ်နေတာလည်း ဖြစ်နိုင်သည်။


လမ်းက ဘယ်မှာရှိတယ်ဆိုတာ သူ မသိဘူး။ ဘယ်ကို ရောက်လို့ ဘယ်ကို ပေါက်နေတယ်လည်း မသိဘူး။ ဘယ်ကို ဦး တည်နေလဲ မသိဘူး။ ဒါပေမဲ့သူတို့က ဆက်ပြီး  ခရီးဆက်နေဆဲဖြစ်သည်။

"အပြင်ကိုကြည့်လိုက်ရင် မှောင်နေသလို ဘာမှမမြင်ရဘူး။ မင်း စိတ်ရှုပ်နေတာလား ဒါမှမဟုတ် ဘာကိုမှ မသိတာရတာကြောင့် မင်း ကြောက်နေတာလား"

Albert က တဖက်လူ၏ လက်ကိုဆုပ်ကိုင် ထားပြီး စကားပြောနေစဉ် သူ့ကျန်သည့် လက်တစ်ဖက်က  Tang Feng ၏လက်ကို ညင်သာစွာပွတ်သပ်နေသည်။

" မဟုတ်ပါဘူး။ "

"  ဒါဆို ဘာကြောင့်မင်း လက်တွေ အေးစက်နေတယ်ဆို ငါ့ကို ပြောပြပါလား။ "
Albert ကပြုံးပြီးမေးလိုက်သည်။

" ဘာလို့ငါမပြောခဲ့တာလဲတော့ ငါ မသိလို့ပဲပေါ့ "

Tang Feng ကအပြင်ဘက်ကိုကြည့်ရင်း ပြောလိုက်သည်။

Albertသည် ထိုလူ၏လက်ကိုပွတ်သပ်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

" ပင်လယ်ရေက အရမ်းအေးပြီးနက်ရှိုင်းတယ်။ ပြုတ်ကျသွားရင်   မင်းပတ်ပတ်လည်မှာ ဘာမှမရှိဘူး။ မင်းအနားမှာလှည့်လည်သွားနေတဲ့  ငါးမန်းတွေက မင်းရဲ့   အရိုးပျောက်ဆုံးတဲ့ အထိ မင်းရဲ့ ခန္ဓာကိုယ်ကို ကိုက်ဖြတ်စားသောက်ပြီး နောက်ဆုံး မင်းက ပင်လယ်ရေအောက်ကို နစ်မြှုပ်သွားလိမ့်မယ်။"

"မင်း ငါ့ကို ပစ်ချတော့မလို့လား"

"ကြောက်သွားလား ဟား....ဟား...ဟား... ငါက နောက်တာပါ"

"ဒါက ဟာသနဲက မတူဘူး"

" ငါ မင်းကို ပစ်မချချင်ပါဘူး။ ဒါပေမယ့် သေဖို့က နည်းလမ်း အများကြီးရှိပေမယ့် အဆုံးစ မရှိတဲ့ ပင်လယ်ထဲက အေးစက်စက် ကျွန်းလေးမှာ ဖမ်းခံထားရပြီး အထီးကျန်တဲ့ ခံစားချက်က တကယ်ကို မကောင်းဘူးနော်.... "


Tang Feng ကပြတင်းပေါက်ကနေ လက်ကို ထုတ်ပြီး ပင်လယ်လေးကို ခံကြည့်သည်။

" ခုနက မေးခွန်း မင်းကိုဖြေပေးရမယ်ဆိုရင် အနည်းနဲ့ အများတော့ သံသယနဲ့ ကြောက်ရွံ့မှုကို ခံစားရမှာ သေချာပေမယ့် ဘာမှ လုပ်စရာ ရှိတယ် မရှိဘူးဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပါ။ ဘယ်နေရာမှာ နေနေ အထီးကျန်တယ် အထီးမကျန်ဘူးဆိုတာ ကိုယ့်ရဲ့စိတ်ပေါ်မှာပဲ မူတည်ပါတယ် "

" အိုး? "

"နေ့နှင့်ညအကြားက တစ်ခုတည်းသောခြားနားချက်ဆိုတာ နေက ကောင်းကင်မှာ ရှိနေတာပဲ ဖြစ်တယ်။ တကယ်လို့ နေ့ခင်းအခါမှာ ဒီနေရာမှာ လမ်းရှိတယ်ဆိုရင် ညအခါလည်း ဒီမှာ လမ်းက ရှိနေမှာပဲ။ အလင်းရောင်မရှိလို့ မမြင်ရတာနဲ့ပဲ လမ်း မရှိဘူးလို့ ပြောလို့မရဘူး။ "

Tang Feng က Albert  လက်ထဲက သူ့လက်ကို ပြန် ဆွဲယူပြီး မေးလိုက်သည်။

"Albert မင်းရဲ့ လမ်းက ဘယ်မှာလဲ"

"ဒီမှာ။ "

မာနထောင်လွှားစွာနှင့် သူက သူ့ရင်ဘတ်ကို လက်ညှိုးနှင့် ထိုးပြလိုက်သည်။

ထိုညတညလုံး ရဟတ်ယာဉ်သည် ပျံသန်းခရီးဆက်နေပြီး Tang Feng လည်း တစ်ညလုံး မအိပ်လိုက်ရပေ။ သူပြန်လည်မွေးဖွားပြီးနောက် ပထမဆုံးအကြိမ် ကောင်းကင်ကြီးထဲမှ နေလုံးကြီး ထွက်ပြူလာသည်ကို အတူကြည့်ရသည့်သူက Albert ဖြစ်နေသည်။

ရေပြင်နှင့်ကောင်းကင်တို့ ဆုံမိသည့်နေရာတွင် ငါးဖြူဖြူ၏ ဝမ်းထွက်လို ဖြူဖွေးနေပြီး အကြာခင်  လိမ္မော်နီရောင် အလင်းစလေးက အရိပ်အမြွင် ထွက်ပေါ်လာပြီး ဟိုးအဝေးဆီကို ဖြည်းဖြည်းချင်း အလင်းများ ယိုစီးသွားသလို အလင်းတို့ ဖြာကျလာခဲ့သည်။ Tang Feng သည် ပြတင်းပေါက်ဘက်ကို တည့်တည့်လှည့်ကြည့်ရင်း သဘာဝတရား၏လှပမှုနှင့် မှော်ဆန်မှုကိုလေးစားစွာ တိတ်ဆိတ်စွာ ကြည့်နေသည်။ နေထွက်လာသဖြင့် ပင်လယ်မျက်နှာပြင်ပေါ်တွင် အလင်းနုနုတို့ ဖုံးအုပ်နေပြီး အနီရောင် အလွှာတစ်လွှာက ပင်လယ်၏ အထက်နှင့်အောက်သို လွှမ်းခြုံကာ တောက်ပလို့နေသည်။

ဟိုးအဝေးတစ်နေရာတွ ကျွန်းငယ်လေးတဖြည်းဖြည်းပေါ်လာပြီး သူတို့ နှင့် ပိုပို နီးကပ်လာသည်။ နေ၏ ပူနွေးသောနေခြည်အောက်တွင်  ရဟတ်ယာဉ်သည် ပင်လယ်ထဲရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ဖြည်းဖြည်း ချင်း ဆင်းသက်ခဲ့သည်။

လေယာဉ်ပေါ်မှာ အချိန်ကြာမြင့်စွာ စီးနင်းလာတဲ့သူဟာငြီးငွေ့ပြီး အိပ်ချင်နေပေမယ့် Tang Feng နဲ့ Albert တို့က ရဟတ်ယာဉ်ထဲမှ အတူတကွ ဆင်းလိုက်သည်။ သူက တညလုံး ခရီးထွက်လာပြီး ရုတ်တရက် အလယ်ခေတ်ဥရောပကို ရောက်ရှိလာသည်ဟု ခံစားလိုက်ရသည်။

သူတို့ဆင်းလာသည့်အခါ ဥရောပဝတ်စုံများ ဝတ်ဆင်ထားသော အမျိုးသားနှင့်အမျိုးသမီးများသည် လမ်းနှစ်ဖက်စလုံးတွင် ဒူးထောက် ကာ ကြိုဆိုနေပြီး လေးနက်သော အမူယာနှင့် လူလတ်ပိုင်း အမျိုးသား တစ်ဦး က Albert နှင့် Tang Feng ကို ရေနွေးစိမ်ထားသည့် လက်သုတ်ပုဝါကို လေးစားစွာ  ကမ်းပေးခဲ့သည်။

Albertက ပုဝါကို ယူကာ ပုံမှန်လို သုတ်ပြီးနောက် ဘေးမှ အိမ်ဖော်မလေးက ထိုလက်သုတ်ပြီးသား ပုဝါကို လှမ်းယူလိုက်သည်။

"သွားကြစို့ "

Albertသည်ပြုံးပြီး  Tang Feng ၏ လက်ကိုကိုင်ပြီး  ဒီသီးသန့်ကျွန်း ပေါ်သို့ တက်ခဲ့သည်။ ရဟတ်ယာဉ်သည် ကျွန်းပေါ်ရှိ နန်းတော် ကဲ့သို့သော အိမ်၏ခေါင်မိုးပေါ်တွင်  ဆိုက်ထားသဖြင့် ထိုနေရာမှ တကျွန်းလုံးကို ကြည့်ရှုရန်အကောင်းဆုံးနေရာဖြစ်သည်။ Tang Feng က ပတ်ဝန်းကျင်ကို အနည်းငယ်ကြည့်ရှုလိုက်သည်။ ကျွန်းပေါ်ရှိ အနက်ရောင်ဝတ်စုံဝတ်ကိုယ်ရံတော်များသည် ရံဖန်ရံခါကင်းလှည့် နေကြသည်။ ရွက်လှေကို လူတွေကစောင့်ရှောက်ပေးထားပြီး သူတို့ ကိုမြင်သောအခါ ပျင်းရိနေကြပုံပေါ်သည်။

ထို့နောက် သူတို့ အာက်သို့ဆင်းလာကြပြီး Albert သည် Tang Feng အတွက် အခန်းတစ်ခန်း စီစဉ်ပေးခဲ့သည်။ အိမ်ဖော်များသည် ရေပူပြင်ပေးပြီး သူ၏ဖိနပ်များချွတ်မည့်အချိန်ကိုစောင့်နေခဲ့ကြသည်။

သာမန်ဆိုရင် သူကိုယ်တိုင်လုပ်မှာဖြစ်ပေမယ့်  မနေ့က အတွေ့အကြုံတွေ အများကြီးကြောင့် Tang Feng က အရမ်းပင်ပန်းနေပြီ ဖြစ်လို့ အိမ်ဖော် မလေး များ ဒူးတုပ်ကာ ဖိနပ်နှင့် ခြေအိတ်ချွတ်ပေးသည်ကို လက်ခံလိုက်သည်။ ပြီးတော့မှ ရေပူထဲ စိမ်ချိုးပြီး အိပ်ယာထက်မှာ ပစ်လှဲပြီး အိပ်မောကျသွားတော့သည်။

ထူးဆန်းတဲ့အခန်း၊ ထူးဆန်းတဲ့အိပ်ရာ၊ ပြီးတော့သူစိမ်းတစ်ယောက်...

Albertက ဒီမှာ သူ့ကို လှောင်ပိတ်ထားဖို့ ဖို့မရည်ရွယ်ဘူးလား။
မေ့လိုက်ပါတော့။ ဖြစ်မယ့်ဟာကို တားဆီးလို့မှ မရတာပဲ။
ဘာဖြစ်မလဲဆိုတာ မစဉ်းစားနိုင်တော့ပဲ ပင်ပန်းလွန်းလို့ သူ အိပ်ပျော်သွားတော့သည်။
Tang Feng  အိပ်မက်မက် နေခဲ့သည်။  ထိုအိပ်မက်၌ အနီရောင် A ဆိုသည့် သင်္ကေတ တစ်ခုကို အန်နေသည့်  မြွေနီကိုတွေ့လိုက်ရသည်။  အေးစက်စက်နှင့်ချောကျိကျိ မြွေ၏ ကိုယ်ခန္ဓာသည် သူ၏ကိုယ်ခန္ဓာ၏ အထက်သို ရွေ့သွားနေသည်။ မြွေ၏အေးသောအထိအတွေ့က  ညင်ညင်သာသာနှင့် သူ့အသားရေကီုထိတွေ့မှုက သူ့ကို ထိရှပြီး ရှုပ်ထွေးတဲ့ခံစားမှုတစ်ခုဖြစ်ပေါ်စေပြီး မြွေက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး သတ်တော့မလို တင်းကျပ်သည်ထက် တင်းကျပ် တင်းကျပ်အောင် ညစ်နေခဲ့သည်။

"Ah-"

Tang Feng သည် အိပ်မက်မှ နိုးလာပြီး  ကြောက်စရ အိပ်မက်ကြောင့် ကြောက်လန့်ကာမျက်လုံးများဖွင့်သောအခါ  ပိုလန့်သွားခဲ့သည်။

Albert ၏  မျက်နှာသည် သူ့ရှေ့တွင်ပေါ်လာပြီး အိပ်ယာနိုးစဖြစ်သဖြင့် မူးဝေနေပြီး သူ၏ခေါင်းကို ယမ်းကာ  ၂-၃ စက္ကန့်အကြာတွင် Tang Feng  တဖြည်းဖြည်းတုံ့ပြန်နိုင်ခဲ့သည်။  ဘာကြောင့် Albert သူ့ ရှေ့မှောက်မှာ ရောက်နေတာလဲ။

 မနေ့က Albert က သူ့ကို ပင်လယ်ထဲက ကျွန်းတစ်ကျွန်းဆီကို ခေါ်လာတယ်ဆိုတာ သတိရသွားခဲ့သည်။

"မင်း ဘာလုပ်နေလဲ?"

 ချွေးတွေက သူ့ရဲ့နောက်ကျောကို မှာ ဖုံးအုပ်ထားသည်ကို သိလိုက်ရသည်။ Tang Feng သည်နိုးနိုးချင်း  အနည်းငယ် မူးဝေနေသော်လည်း သူ၏လက်ကို ထောက်ကာ အိပ်ယာထက်မှ ထထိုင်ရန် ကြိုးစားလိုက်သည်။  ထို့နောက်  သူ့ ဦးခေါင်းကို ထောင်ကြည့်လိုက်တော့ သူ့ကိုယ်အပေါ်ပိုင်းက ခြုံထားတဲ့ စောင်ကို ဖယ်ခွာထားပြီး ဗလာကျင်းနေသည်ကို တွေ့လိုက်ရသည်။
Albert ၏အေးစက်သော လက်ချောင်းများသည် သူ၏ခါးနားတဝိုက်တွင် ရှိနေဆဲဖြစ်ပြီး ဟိုသည်ပွတ်သပ်ကိုင်တွယ်နေသည်ကို တွေ့လိုက်ရသည်။

ဒါကြောင့် သူ အိပ်မက်ထဲမှာ မြွေကြီးကို မက်တာ ဖြစ်ရမယ်... ဒီလူကြောင့်..


"မင်းမှာ အဖျားရှိတယ်။"

Albert သည် သူ၏ ဘေးတွင် အဝတ်စား အပြည့်စုံနှင့် ဝတ်ကာ ထိုင်ပြီး စကားပြောနေပေမယ့် သူ့ကိုယ်ပေါ် တင်ထားသည့် သူ့လက်ကို ဖယ်မည့်ပုံမပေါ်ပေ။ Tang Feng သည် သူ့ကိုယ်သူ ပြပွဲတစ်ခုနှင့် တူနေပြီး Albert သည် အနုပညာကိုတန်ဖိုးထားကာ  မှန်ဘီလူး ကိုင်ထားပြီး သေချာလေ့လာနေသော ကောင်လေးနှင့်တူသည်ဟု တွေးနေမိသည်။ အနေထားက ထိုသို့ တွေးချင်စရာဖြစ်နေသည်။

"မင်း ငါ့ကို ဒီလို ထားမှာတော့ အအေးမိပြီပေါ့"

Tang Feng က စောင်ကို လှမ်းယူပြီးကိုယ်ပေါ်မှာ လွှမ်းခြုံလိုက်သည်။ နွေးထွေးသော ခံစားချက်က သူ့ကို သက်တောင့်သက်သာ ဖြစ်စေသည်။ သူက Albert ၏ လက်များကို ဖယ်ထုတ်ပစ်ပြီး ကိုယ်ကို လုံအောင် စောင့်ဖြင့် ရစ်ပတ်ထားလိုက်သည်။


Albert၏စကားနှင့်အပြုအမူများသည် အမြဲတမ်း အတိကျ ခန့်မှန်းလို့ မရနိုင်ပေ။   Tang Feng သည်နွေ ဦး လိပ်ပြာလေးလို  မိမိကိုယ်ကို လုံခြုံအောင် စောင်နှင့် ဖုံးထားသည်ကို ကြည့်ပြီး ထိုသူက စောင်ပေါ်က နေပြီး သူ့ကို ဖက်လိုက်ကာ Tang Feng၏ လည်ပင်းနားတွင် သူ့ ခေါင်းကို ထားလိုက်သည်။ ညင်ညင်သာသာ အသက်ရှုထုတ်လိုက်သဖြင့် သူ့ကို ပြောလိုက်ရသည်။

  "ငါ အအေးမိနေတယ်၊ ငါ့နားကို မကပ်နဲ့   "

Tang Feng က သူ့နဖူးကို လက်နဲ့ အသာထိလိုက်ပြီး စမ်းကြည့်တော့ ပူနေသည်ကို တွေ့လိုက်ရတာ အံ့သြစရာမဟုတ်ပေ။  မနေ့ညက ရဟတ်ယာဉ်ပေါ်မှာ လေအလွန်တိုက်နေပြီး အကြာကြီး ညောင်းနေအောင် စီးခဲ့ရတော့မှတော့ အအေးမိပြီပေါ့။

Albert ကTang Feng ကို တင်းနေအောင်  ပွေ့ဖက်ပြီးနားနားကပ်ကာ တီးတိုးပြောလိုက်သည်။

" ဒါက မမျှော်လင့်ထားတဲ့ ရလဒ်တစ်ခုပါ.."

" မင်းဘာကို ပြောတာလဲ..."

Tang Feng က Albert ပြောလိုက်သည့် စကားကို နားမလည်ပါ။ သူ့လည်ချောင်းထဲ အက်ကွဲခြောက်သွေ့နေသလို ခံစားလိုက်ရလို့ Albert ကိုပြောလိုက်သည်။

" ငါ့ကို ရေတခွက်လောက်ယူပေးပါလား"

" ပျော်ရွှင်စွာ ကူညီပေးပါရစေဗျာ..."
Albert က ရေတဖန်ခွက်နှင့် ဆေးကို ယူလာပြီး Tang Feng ကိုပွေ့ထူကာ ရေနှင့်ဆေးကို ငြင်သာစွာ တိုက်ပေးလိုက်သည်။ Tang Feng ဆေးသောက်နေသည်ကို သူက မျက်လုံးမလွဲတမ်း မြိုချ ချင်သလိုကို စိုက်ကြည့်လို့နေသည်။

" မင်း င့ါကို ခုလို တချိန်လုံး စိုက်ကြည့်မနေပါနဲ့လား.."

" ငါ့မှာ ကလေးရှိတယ်။ ဒါက သူ့အမေကို ချစ်လို့ မဟုတ်ပဲ ငါက ကလေးတစ်ယောက်လိုချင်လို့ ရလာခဲ့တာပါ။ ဒီဟာက မမျှော်လင့်ထားတဲ့ ရလဒ်တစ်ခုပဲ။ ငါ တလောကလုံးက လူတွေကို မြင်ခဲ့ ပေမယ့် မင်း အိပ်မက်ဆိုးမက်နေတာကို မြင်လိုက်ရချိန်မှာ ငါ အရေးတကြီး လိုချင်သွားတာ တစ်ခုပဲ ရှိတယ်။ "

Albert က Tang Feng ကို အိပ်ယာထက်ကို ညင်သာစွာ လှဲအိပ်စေပြီး Tang Feng ရဲ့ပါးပြင်ကို သူ့လက်ချောင်းတွေနဲ့ ညင်ညင်သာသာ ထိတွေ့ပြီး ပြောလိုက်သည်။

" မင်း မမျှော်လင့်ပဲ လိုချင်တဲ့ အရာက ဘာလဲ မင်းသိလား..."

" ငါနဲ့ ခပ်ခွာခွာနေပေးစမ်းပါ..."

" မရဘူး..." .

Albert က Tang Feng ရဲ့နဖူးကို ငြင်သာစွာ ဖိကပ်နမ်းလိုက်ပြီး တီးတိုးပြောလိုက်သည်။

" ငါ မင်းကို သိမ်းပိုက်လိုက်ချင်တယ်..."

==========================

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now