Volume _3- Chapter 46- ပုံရိပ်အသစ်

2K 410 15
                                    

(ေဇာ္ဂ်ီသမားမ်ားေအာက္ကို ဆြဲခ်ေပးပါ)


Volume _3- Chapter 46- ပုံရိပ်အသစ်


Tang Feng နားမလည်တာက ပထမတော့ ရှောင်ယုက သူ့ပုံရိပ်ကို ဖျက်စီးပစ်မှာစိုးလို့ ဒီဇာတ်ကားရိုက်တာကို သူ့ကို ခါးခါးသီးသီးကန့်ကွက် ခဲ့ပေမယ့် အခုတော့ သူမက သူ့ကို မဆန့်ကျင်ပဲ လိုအပ်တာကို လုပ်ပေးနေခဲ့သည်။

 
ဇာတ်ကားကြောင့် ကိုယ်အလေးချိန်တက်လာပေမယ့် သူက  gym နည်းပြနှင့်ပူးပေါင်းဆောင်ရွက်ရန်သာ လိုအပ်ပြီးနှစ်လအတွင်း မူလပုံကို ပြန်ရအောင် လုပ်နိုင်သည် ။

 
"ပုံရိပ်" ဟုခေါ်သည့်အရာသည် ရှောင်ယုက ထိန်းသိမ်းလိုသောအရာဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် Tang Feng သည် အဲ့ဒါကိုဖျက်ဆီး လိုသည်။ သူက အကာအကွယ်လိုအပ်နေတဲ့နုနယ်တဲ့ ပုံရိပ်ကို မဖော်ပြချင်ဘူး။
 

သရုပ်ဆောင်တစ်ယောက်ရဲ့ ပုံရိပ်က ဘာလဲ။ အချိန်တိုင်း ထိန်းသိမ်းထားသော မျက်နှာအလှအပနှင့် ကိုယ်ဟန်အနေအထားလား? တမင် လုပ်ထားတဲ့ အမူအရာသည် ဘယ်တော့မှ လှပမည်မဟုတ်။ ရုပ်ရှင်သရုပ်ဆောင်တစ် ဦး ၏ ဆွဲဆောင်မှုသည် ရုပ်ရှင်ဇာတ်ကား၏အနက်အဓိပ္ပာယ်ကို နားလည်ခြင်းနှင့်   ဇာတ်ကောင်ရဲ့စရိုက်သဘာဝကို ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခြင်းတို့က ပေါင်းစပ်ပြီး ပေါ်လာသည့်  ကျက်သရေတစ်မျိုး သာ ဖြစ်သည်။

ရုပ်ရှင်ဇာတ်ကားအသစ် "Slayer" ကို လူတချို့က သိကြသည်။ ထိုဇာတ်လမ်းက  လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုဖြစ်သည်။ Tang Feng ရဲ့အခန်းက  ပိုင်ရိလို့ခေါ်တဲ့ ရိုးရှင်းတဲ့နာမည်နဲ့ ဇာတ်ကောင် ဖြစ်သည်။

 

ဤသည်က အခြားသူများက သူ့ကိုပေးသော အမည်ပြောင်ဖြစ်သည်။ သူသည် အမြဲလိုလို အဖြူရောင်အဝတ်အစားကို ၀ တ်ထားပြီး သူ့ဖောင်းကားနေသောခန္ဓာကိုယ်ကြောင့် ပို လုံးဝန်းဝအစ်နေသလို ထင်ရသည်။  သူ့ကို ပထမတစ်ချက်တွင် အံ့သြဖွယ် ဖြစ်ပြီး သူက ရွေ့လျားနေသောနှင်းဘောလုံးတစ်လုံးနှင့်တူသည်။  

ဤအရာသည်ဇာတ်ညွှန်းထဲတွင်  ပိုင်ရိ ဇာတ်ကောင်နဲ့ပတ်သတ်သည့် ဖော်ပြချက်ဖြစ်သည်။ ဒရာမာတစ်ခုလုံးတွင် အကြောက်ရဆုံးနှင့် ကြောက်စရာအကောင်းဆုံးဇာတ်ကောင်သည် ပထမတစ်ချက်တွင် မည်သည့်မကောင်းဆိုးဝါး ပုံမှ မပေါ်ပဲ  အားနည်းချက်ရှိသူတစ် ဦး အဖြစ် ပရိသတ်ကမြင်ရမှာ ဖြစ်သည်။

တရုတ်-အမေရိကန်သွေးနှော အဖြူရောင်အ ၀ တ်များဝတ်ဆင်ထားသော ကလေးကို လမ်းဘေးတွင် စွန့်ပစ်ချပြီး မိဘမဲ့ဂေဟာတစ်ခုတွင်ကြီးပြင်း လာခဲ့သည်။ စိတ်ဝေဒနာကြောင့် သူက အလွန်အကျွံစားခြင်းကိုနှစ်သက်ပြီး သူ့ကို အနည်းငယ်ပိုပိန်စေခဲ့သည်။ စိတ်ဝေဒနာအတွက် ကုသရာတွင် ဝတ်ဆင်ရသော အဖြူရောင် အဝတ်အစား များသည် ယခုအခါ လူ့အဖွဲ့အစည်းအောက်ခြေတွင် နေထိုင်နေပြီး သက်ကြီးရွယ်အိုများကို ပြုစုသည့်အလုပ်ဖြင့်  လစာအနည်းငယ်ရရှိရန်နေ့စဉ် လုပ်နေရသည့် လူတချို့ကပဲ ဝတ်ဆင်နေကြသည်။

 

"မဟုတ်ဘူး၊ အဲဒါ အလုပ်မလုပ်ဘူး။ "

ဆံပင်ရွှေရောင်နှင့်   မိတ်ကပ်ပညာရှင်သည် ပေါင် ၄၀ အလေးချိန် ပိုနေသည်ကိုမြင်သောအခါ Tang Feng က မယုံကြည်နိုင်စွာကြည့်ကာ ပြောလိုက်သဖြင့် သူက ပြုံးပြီးခေါင်းကို ခါလိုက်သည်။

ဒီဇာတ်ကားကို တရားဝင်လက်ခံပြီး တစ်လအကြာမှာ Tang Feng က "ပုံရိပ်သစ်" နဲ့ အမေရိကန်ကို တစ်ဖန်ရောက်လာတယ်။ ပထမဆုံးအချက်မှာ မိတ်ကပ်ပညာရှင်အား သူ၏မိတ်ကပ်ကို အရင်ပြင်ရန်ဖြစ်သည်၊ သို့သော်  မိတ်ကပ်ပညာရှင်သည် Tang Feng ၏ "ပုံသစ်" ကို မကျေနပ်ဖြစ်နေပုံရသည်။

"မင်းက အရမ်းလှနေတုန်းဘဲ၊ ငါ မင်းကိုပွေ့ဖက်လို့ ရမလား"

စိတ်အားထက်သန်သော ဆံပင်ရွှေရောင်သည် ခွင့်ပြုချက်မရှိဘဲရောက်လာပြီး Tang Feng ကိုပွေ့ဖက်လိုက်ပြီး ချီးကျူးစကားအပြည့် ပြောလိုက်သည်။

"မင်းက တရုတ်ပန်ဒါတွေလိုပဲ အရမ်းချစ်စရာ ကောင်းနေတာပဲ။ "

"ငါ မျက်ကွင်းနက်တွေ မလိုချင်ဘူး"

Tang Feng ကပြုံးပြီး ထိုအလှလေးကို ပွေ့ဖက်လိုက်တယ်

"တွေ့ရတာ ဝမ်းသာပါတယ်။ "

လူနှစ်ဦးသည်တစ် ဦး ကိုတစ် ဦး နှုတ်ဆက်ပြီးနောက် သူတို့ အချင်းချင်းသိသွားကြသည်။ အလှပြင် မိတ်ကပ်ပညာရှင်နှင့် အခြားလက်ထောက်များသည် Tang Feng ကိုထိုင်ခုံပေါ်သို့ဖိချလိုက်ပြီး Tang Feng ကို အလှပြင်ရန်စတင် လိုက်သည်။

"မင်းမျက်လုံးတွေက အရမ်းလှတယ်။ ဒီမျက်လုံးတွေက ရုပ်ရှင်မျက်နှာပြင်ပေါ်မှာ အရမ်းဆွဲဆောင်မှု ရှိရမယ်၊ ဒါကြောင့် မင်းရဲ့မျက်လုံးတွေကို ငါတို့ ပေါ်လွင်အောင် လုပ်ပြရမယ်။ "

မိတ်ကပ်ပညာရှင်သည် အနက်ရောင် မျက်ခွံခြယ်သည့် အမှုန့်အချို့ကိုယူလိုက်သည်။ Tang Feng က သူ့အတွက် အရမ်းစုံလင်လွန်းတဲ့ ဒီအလှကုန်မျိုးစုံက ဘာလဲဆိုတာတောင် မသိတော့ ဘူး။

လူအနည်းငယ်သည် Tang Feng အား သူ၏အသားအရောင်ကို လုံးဝ ပြောင်းလဲစေပြီး သူ၏ဆံပင်များကို ရှုပ်ထွေးစေခဲ့သည်။ မြက်ဖုတ်နဲ့ တူသည့် ဆံပင်ကြောင့်  Tang Feng  အပြင်ထွက်လျှင် ဦး ထုပ်ဆောင်းရမည်ဟု ထင်သည်။

မှန်ထဲကနေ ရှောင်ယုက  ဆံပင်ညှပ်ပေးနေတဲ့အခါ သူ့ကို စိုးရိမ်စိတ်နဲ့ကြည့်နေတာကို တွေ့လိုက်ရသည်။

Tang Feng ကအပြုံးနဲ့ပြောလိုက်တယ်။

"ငါ့ဆံပင်ကို မရိတ်တာ ပိုကောင်းတယ်"

"စိတ်အေးအေးထားပါ၊ ငါတို့ ချစ်စရာကောင်းတဲ့ မျက်နှာကို ဆံပင်နဲ့အုပ်လိုက်ရုံပဲ။ "

မိတ်ကပ်ပညာရှင်အချို့က ရယ်ရယ်မောမောနဲ့စကားပြောကြတယ်။

သူက ၂၀ ကီလိုဂရမ်ပိုရသော်လည်း  အမှန်တကယ် ကြည့်ကောင်းသည်ဟု ဆိုလိုသည်၊ Tang Feng သည် အနည်းငယ်သန်မာပြီး မျက်နှာက နည်းနည်း ရင့်လာသလို ထင်ရသည်။ Tang Feng ၏ပြင်းထန်သောအရှိန်အဝါက ပန်ဒါကဲ့သို့ အားနည်းပြီးချစ်စရာကောင်သည့် ပုံထက် အနည်းငယ်ပိုသာပြီး သူ၏မျက်နှာသွင်ပြင်မှာ ခပ်ကြမ်းကြမ်း ယောကျာ်းပုံပေါ်လာသည်။ ထူးချွန်သောကြောင့်မိတ်ကပ်ပညာရှင်များသည် Tang Feng ၏မျက်နှာသွင်ပြင်ကို အားနည်းသွားအောင် ကူညီပေးနေရသည်။

ဤသည်မှာ ပထမဆုံးမိတ်ကပ်ဖြစ်သောကြောင့် မိတ်ကပ်လုပ်ငန်းစဉ်တစ်ခုလုံးသည်နှစ်နာရီကျော်ကြာခဲ့ပြီး အမှန်တကယ် ရလဒ်များမှာ အလွန်ကျေနပ် စရာကောင်းခဲ့သည်။

မိတ်ကပ်ပညာရှင်တွေရဲ့မှော်စွမ်းရည် ဆန်ဆန် လက်တွေရဲ့အောက်မှာ Tang Feng ဟာ ြုမန်မြန်ဆန်ဆန်ပြောင်းလဲသွားခဲ့တယ်။ မူလက မြင်သူတိုင်း နှစ်သက်ရမည့် မျက်နှာက  ရှုပ်ပွနေသောဆံပင်များကြောင့် မျက်လုံးများကို ပိတ်လုမတတ်ဖြစ်နေသည်။  အကြည့်တစ်ချက်နှင့် သူသည် သတိမပြုမိလောက်သောဖြတ်သွား ဖြတ်လာ သာမန်လူတစ်ယောက်ဖြစ်သွားပုံရသည်။ ပရိတ်သတ်များစွာ ဆုံးရှုံးခဲ့သော မူလ Tang Feng နှင့် ထို ပုံစံ ကိုနှိုင်းယှဉ်လို့တောင်ရသည်။

 Lu Tian chenက Tang Feng ၏မိတ်ကပ်ပြင်ပြီး ထွက်လာသည့်ပုံစံ မြင်လိုက်သောအခါ သူ အနည်းငယ်အေးခဲသွားသည်။

"ငါ့ ကို မသိဘူးလား?"

ထိုလူသည် အလွန်ပျော်ရွှင်ပုံရသည်။ Lu Tian chen ၏ ဆွံ့အနေပုံကိုမြင်သောအခါ သူကပင် ရယ်သည်။

"အရမ်းကောင်းတဲ့ မိတ်ကပ်ပဲ။ ရုပ်ရှင်ထဲက ဒီအသွင်အပြင်က လူအများကြီးကိုကြောက်ရွံ့ စေနိုင်တယ်။ မင်းက မင်းရဲ့ပရိသတ်တွေကို အဝေးကြီးရောက်သွားမှာကို ကြောက်ရွံ့မှာမဟုတ်ဘူး။"

Lu Tian chen သည် သူ ယခု ရယ်နေသည်ကို မသိဘဲတုန့်ပြန်သောအနေနှင့် Tang Feng ၏ ချစ်စဖွယ်ရယ်မောသံကြောင့် တုံ့ပြန်မှု ပြန်လည်ရရှိလာသည်။

 
Tang Feng ကအပြုံးလေးနဲ့ရောက်လာတယ်။

 " ငါ့ရဲ့အသွင်အပြင်ကိုကြိုက်တဲ့ပရိသတ်တွေက ငါ့ကို ပိုကောင်းတဲ့ရုပ်ရည်မရှိလို့  မကြာခင် ထားရစ်ပြီး ထွက်သွားလိမ့်မယ်။ ဒါဆို မင်းက ငါ့ထက်ကြောက်နေတာလား "

" အချို့တော့ ကျန်နေဦးမှာပါ။"

တစ်ယောက်ယောက်ကပြတ်ပြတ်သားသားဖြေတယ်။

"တကယ်တော့နောက်ကွယ်မှာ ပိုကြောက်စရာ ကောင်းတဲ့အရာတွေ ရှိသေးတယ်"

သူ၏မျက်လုံးများကိုမှေးစင်းကာ Tang Feng သည် Lu Tian chen ၏ပုခုံးများကို သူ့ပခုံးပေါ်သို့ အလိုအလျောက်တင်လိုက်သည်။

"ငါ ညနေအထိ ဒီအတိုင်းဘဲ မင်းနဲ့အတူနေမယ်။ Lu ရဲ့ ခံစားချက်က ဘယ်လိုနေမလဲ?"

"ဝမ်းသာတယ်၊ ဂုဏ်ယူတယ်၊ အရမ်းကောင်းတယ်။ "


"Tang Feng ရဲ့ ရုပ်သွင်နဲ့ပတ်သတ်ပြီး  မကောင်းဘူးလို့ ငါမထင်ဘူး"

 Lu Tian chen ကပြုံးပြီး  Tang Feng ရဲ့ခါးကိုဖက်လိုက် တယ်။ အင်း၊ ခါးက အရင်ကထက် ပိုထူလာတယ်။

"ကိုယ့်ကိုကိုယ် အတင်းမလုပ်ပါနဲ့။ "

Tang Feng ကခေါင်းယမ်းလိုက်သည်။

 "ကျွန်တော် ဒီရုပ်ရှင်ကိုအမြန်ဆုံးပြသတဲ့အထိ ဒီပုံကို  ထိန်းသိမ်းထားရမယ်။ ခင်ဗျား ကျွန်တော်နဲ့ အတူ လိုက်လုပ်စရာမလိုဘူး။   ခင်ဗျားရဲ့လူအများကြီးက ကျွန်တော်တို့ကိုကြည့်နေတယ်။"


"သူတို့က မင်းအနားမှာရပ်နေတဲ့ ငါ့ကို မနာလိုဖြစ် နေတာ"

ထိုစကားကြောင့် Tang Feng သည်မပြုံး ဘဲမနေနိုင်တော့ပေ။

"Lu Tian chen၊ ခင်ဗျား..ကျွန်တော့်ကို ဘာပြောချင်လဲ၊ ကောင်းပြီ၊ ကျွန်တော် ဗိုက်ဆာနေပြီ၊ ကျွန်တော်တို့ အရင်သွားစားမယ်"

Tang Feng ကမှတ်ချက်ပေးသည်။

"ပြဿနာ မရှိပါဘူး။"

Lu Tian chen သည် သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် လိုက်သည်။

ဤပေါင်းစပ်မှုသည် လူအားလုံးကို အာရုံစိုက်လာ စေသည်။ အထူးသဖြင့် တစ်ယောက်သည် ရုပ်ရည် ချောမောပြီး  အခြားတစ်ခုသည် စိတ်၀ င်စားဖို့ မကောင်းသည့် ရွေ့လျားနေသော  မျက်နှာ ဝါဖန့်ဖန့်နှင့် ပေါက်ဆီလို မျက်နှာ ပုံဖြစ်နေ သည်။

 
ထို့အပြင်ချောမောပြီး ထူးချွန်သောယောက်ျားသည် မျက်နှာအဝါရောင်နှင့်လူ၏လက်ကို အမြဲကိုင်ထားပြီး အရမ်း ဂရုစိုက်ပုံရသည်။ ယခု တစ်ကြိမ် လူအာရုံစိုက်နှုန်းက  ၁၀၀%ကျော်လွန်သွားသည်။

"သူတို့အားလုံးက ကျွန်တော်တို့ကိုကြည့်နေကြတယ်၊ သူတို့ကို မရှက်ဘူးလား"

 Tang Feng က Lu Tian chen အားအပြုံးဖြင့်မေး လိုက်သည်။ အများအားဖြင့် Lu Tian chen သည် ဤမျှလောက်လေးနက်စွာ မပြုမူခဲ့ပေ။ ရည်ရွယ်ချက်ရှိရှိ ဒီနေ့ ဘာဖြစ်လို့ လုပ်နေခဲ့လဲ။

"မင်း ရှက်နေလား?  "

စားသောက်ဆိုင်တွင်ထိုင်ပြီး ကော်ဖီသောက်လိုက်ချိန်မှာ  Lu Tian chen သည် မည်သည့်သတိပေးမှုမှ မရှိဘဲ မတ်တပ်ရပ်လိုက်ပြီး Tang Feng ၏ပါးပြင် ဖောင်းဖောင်းကို နမ်းလိုက် သည်။

"ငါ့နှုတ်ခမ်းတွေ အဝါရောင်မပြောင်းသွားဘူးလား"

 မိတ်ကပ်ပညာရှင်သည်  Tang Feng ၏ ဖြူဖျော့သော မျက်နှာကို လက်ရှိ အဝါရောင်သို့မပြောင်းမီ  Tang Feng ၏မျက်နှာသို့ မိတ်ကပ်အမှုန့်မည်မျှ လိမ်းခဲ့သည်ကို မသိနိုင်ပေ။

"ပေကုန်ပြီ။  မြန်မြန် နုတ်ခမ်းကို သုတ်လိုက်ပါ"

"မင်း ငါ့ကို ကူညီပေးလေ "

Lu Tian chen သည် ပို၍ အရှက်မရှိဘဲ  Tang Feng  ၏ ဘက်ကို   လုံးဝရွေ့လာသည်။

Tang Feng က ရယ်မောကာ တွန်းလိုက်ပြီး တဖက်လူကို ဘာမှန်းမသိပဲ ကြည့်လိုက်သည်။

 
သူက အဆီတက်လာပြီးကတည်းက Lu Tian chen က သူနဲ့သိပ်ခွာခွာမနေပေမယ့်  ဒီပေါက်ဆီလို ဖောင်းအစ်နေတဲ့ သူ့ကိုမကြည့်ချင်ဘူးလို့ သူ ထင်ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ အရာအားလုံးက မျှော်မှန်းထားတဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။ Lu Tian chen သည် သူနှင့်ဝေးဝေးမနေရုံသာမက ရွံမုန်းကြောင်းပြရုံသာမက ချစ်စိတ်တွေတောင် ကြီးထွားလာသည်။

"ငါ မင်းရဲ့ မျက်နှာကိုထိရတာကို သဘောကျတယ်၊ မင်းရဲ့ နူးညံ့တဲ့ဗိုက်ကို ထိရတာ ငါကြိုက်တယ်။ ဒီလောက် နူးညံ့တဲ့ အသားအရေကို ငါ တစ်ခါမှမမြင်ဖူးသလိုပဲ၊ အဲဒါကြောင့် ငါ ိုနေရာတိုင်းကို လိုက်ထိကြည့်နေတာပါ... "

သူတို့နှစ် ဦး သည် ပွင့်ပွင့်လင်းလင်း စကားပြောနေကြပြီး တစ်ယောက်ကရုပ်ဆိုးနေလို့ သူ့ထက်နိမ့်တဲ့ကောင်လို့ မခံစားရဘူး၊ သူ့ဘေးနားကလူတွေက သူ့ကို စိတ်ပျက်ရွံ့ရှာသလို ကြည့်နေတာတောင်  Tang Feng က  မျက်နှာမပျက်ဘူး။

သူတို့ အတူတူ လမ်းလျှောက်တဲ့အချိန်တိုင်းမှာ လမ်းသွားလမ်းလာတွေက ဘာကြောင့် လူကောင်းတစ်ယောက်က နှစ်လိုဖွယ်မကောင်းတဲ့ ဖက်တီးကောင်နဲ့ တွဲလျှောက်နေတာလဲ ဆိုပြီး ကြောင်အပြီး စိုက်ကြည့်နေတာကို ခံလိုက်ရသည်။

 
မဟုတ်ဘူး၊ လူတိုင်းက ရှောင်ဖယ်သွားကြတာတော့ မဟုတ်ဘူး။ ဆောင်းရာသီ ရောက်ပေမယ့် ဒူးလောက် စကဒ်လေးပဲ ဝတ်ထားတဲ့ မိန်းမလှလေးက သူတို့ဘက်ကို လျှောက်လာကြတယ်။ ဒါပေမယ့် သူမက  Tang Feng ရဲ့တည်ရှိမှုကို ဂရုမစိုက်ဘဲ ပြုံးပြီးချောမောတဲ့   Lu tian chen ကိုနှုတ်ဆက် လိုက်တယ်။  

"ကျွန်မ တရုတ်လူမျိုးတွေကိုကြိုက်တယ်။ ရှင်က အရမ်းချစ်စရာကောင်းလို့ ကျွန်မကိုညစာစားဖို့ မဖိတ်ချင်ဘူးလား။ "

 အလှလေးက ယဉ်ကျေးသိမ်မွေ့စွာ ကမ်းလှမ်းခဲ့သည်

  "တကယ်တော့ ကျွန်မက အခုလေးတင် လစာ ထုတ်ခဲ့တာ။ ကျွန်မ ရှင့်ကို ညစာစားဖို့ ဖိတ်ရင်ကော ဘယ်လိုလဲ....  "

"ငါ နိုင်င်ငံခြားသူအမျိုးသမီးတွေကို မကြိုက်ဘူး"

Lu Tian chen သည် အခြားသူတစ် ဦး ဘယ်လိုဖြစ် သွားပါစေ ဂရုမစိုက်ပဲ  တိုက်ရိုက်ငြင်းဆို လိုက် သည်။

"ကျေးဇူးပြုပြီး ထွက်သွားပါ၊ ငါနဲ့ငါ့ချစ်သူတို့  ညစာစားဖို့ သွားနေတာကို မနှောက်ယှက်နဲ့"

"သူက ရှင့်ရဲ့ချစ်သူလား !!"

သူမရဲ့ အသံသည် ရုတ်တရက် မြင့်တက်လာသည်။ အလှလေးသည် မယုံနိုင်စရာကောင်းလောက်အောင် ဝကာ ရုပ်ဆိုးနေသည့် Tang Feng ကိုညွှန်ပြလိုက် သည်။

" သူလား? "

လူတွေအများကြီးရဲ့မျက်လုံးတွေက စားသောက်ဆိုင် ထဲကနေ ရုတ်တရက် ပျံဝဲလာပြီးနေရာတိုင်းက သူတို့ ကို ဝိုင်းကြည့်နေသည်။

 
"ဒီမိန်းမနဲ့ပြောလိုက်ရလို့ ညစ်ပတ်သွားတဲ့ ငါ့ပါးစပ်ကို ဆေးရဦးမယ်  "

Lu Tian chen သည် Tang Feng ကို တရုတ်လိုပြောပြီး မတ်တပ်ရပ်လိုက်ပြီး Tang Feng ၏ခေါင်းကို အောက်သို့ ဆွဲ့ငုံ့လိုက်သည်၊ နေ့ခင်းဘက် လမ်းမထက်၌  Tang Feng သည် အခြားတစ်ယောက်၏ စိုစွတ်သော အနမ်းပေးခြင်းကို ခံခဲ့ရသည်။

 Tang Feng က ပါးစပ်ထောင့်ကို အနည်းငယ် မြှင့်အောင်ပြုံးလိုက်ပြီး Lu Tian chen ထံမှ အနမ်းကို လက်ခံလိုက်သည်။

သူတို့ ဆက်ထွက်လာသောအခါ နိုင်ငံခြားသူ အမျိုးသမီးက မကျေမနပ်ထွက်သွားသည်။

"မင်း..ရှောင်ရှောင်ကို မသနားဘူးလား"

Tang Feng က တစ်ရှုးကိုကောက်ယူလိုက်ပြီး သူ့ပါးစပ်ကို သုတ်လိုက်ပြီးမေးလိုက်သည်။

"ရှောင်ယွီကိုလား? ငါက  Tang Feng ကိုသနား တာ ပဲ သိတယ်။ "

ဒါဟာ လုံးဝရှက်စရာမဟုတ်ပါဘူး။ Lu Tian chen က သူပြောချင်တာကိုပြောခဲ့သည်။ သူ့ရဲ့ စံတန်ဖိုးတွေက ရိုးရှင်းပါတယ်။ သူကြိုက်တဲ့လူကို တန်ဖိုးထားတယ်။ ရယ်စရာ လုပ်နေသည့် သူများတွေရဲ့ မျက်နှာ အမူယာတွေကြောင့် သူချစ်တဲ့ သူများုတွေ စော်ကားပြီး မတရားပြုလိုပ်ဖို့ သူ ဘယ်တော့ မှ ခွင့်ပြုမှာ မဟုတ်ဘူး။

***-***


(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now