Chapter (9-2) (zawgyi+Unicode)

4.7K 718 14
                                    

Chapter (9-2) (zawgyi+Unicode)


" မျဖစ္ေတာ့ဘူး။ ကြ်န္ေတာ္ ဒီအတုိင္း ေစာင့္ႀကည့္မေနနို္င္ေတာ့ဘူး။ ျပန္ေပးဆြဲခံရတဲ့သတင္းကို ရဲကို တုိ္င္မွျဖစ္ေတာ့မယ္။ အရင္ဆံုး သံရံုကို အေႀကာင္းႀကားရမယ္ "

"ေဟး...ေနဦး  "

တရုတ္လူရြယ္က ဖုန္းကို ေကာက္ကိုင္လိုက္တာနဲ႕ လုထ်န္းခ်န္က ဖုန္းကို လက္နဲ႕ဖိထားလိုက္တယ္။

" အႀကီးကဲလု.... "

တရုတ္လူရြယ္က ေႀကာက္မက္ဖြယ္ ေအးစက္စက္ အရိပ္ေငြ႕ေတြ ထုတ္လႊတ္ေနတဲ့ မ်က္ဝန္းတစ္စံုေႀကာင့္ ရင္ထဲ ထိတ္သြားတယ္။

" ကိုယ္နူတ္ အမူယာ ေစာင့္ထိန္းျပီး ကိုယ့္ဖာသာ ေအးေဆးေနစမ္း..  "

လုထ်န္းခ်န္ ဒီလိုေျပာလိုက္တာနဲ႕ ဝတ္စံုနက္ဝတ္ အေစာင့္နွစ္ေယာက္က ခ်က္ခ်င္း တရုတ္လူရြယ္ကို ဆြဲေခၚျပီး ထိုင္ခံုမွာ ထိုင္ခုိင္းလိုက္တယ္။ ေကာင္ေလးက ရုန္းေတာင္ မရုန္းရဲဘူး။

အခုျဖစ္ေနတာက သူ၊ ခ်ားလ္နဲ႕ ထ်န္းဖိန္းတို႕ႀကားက ကိစၥျဖစ္တယ္။ ဒီဟာကို သူ႕ဖာသာ ကိုင္တြယ္ေျဖရွင္းနိုင္တယ္။ ေလာေလာဆယ္ ျဖစ္ေနတာက ခ်ားလ္ကို အင္တာပို (နုိင္ငံတကာမႈခင္းရဲတပ္ဖြဲ႕)က လိုက္ရွာေနလို႕ ဒီအေႀကာင္းကို လူသိရွင္ႀကားထုတ္ေျပာလို႕မျဖစ္ဘူး။ ျပီးေတာ့ ခ်ားလ္ကို သူ ကတိေပးထားတာလည္း ရွိေသးတယ္။

အခန္းတြင္းအေျခေနက မုန္တိုင္းလာခါနီး အေျခေနလို တင္းမာလာခဲ့တယ္။ လုထ်န္းခ်န္က ေကာခ်န္ကို စိုက္ႀကည့္လိုက္ေတာ့ ေကာခ်န္က တရုတ္လူရြယ္ထက္ ပိုျပီး ပါးနပ္ျပီး အေျခေနကို သေဘာေပါက္စြာနဲ႕ ခ်က္ခ်င္း ကတိေပးလိုက္တယ္။

" ကြ်န္ေတာ္ ဘာလုပ္ရမယ္ဆိုတာ သိပါတယ္... "

ထ်န္းဖိန္ကို ေခၚသြားတာ ဘယ္အဖြဲ႕ကျဖစ္ျဖစ္ ျပန္မပို႕ေစခ်င္ဘူး။ ျဖစ္နုိ္င္ရင္ ထ်န္းဖိန္းကို ပင္လယ္ထဲ ျပစ္ခ်ျပီး ငါးစာေကြ်းလိုက္နုိင္ရင္ အေကာင္းဆံုးပဲလို႕ ေကာခ်န္က ေတြးေနတယ္။

ဒါေပမယ့္ ဒီအေတြးကို လုထ်န္းခ်န္ မသိဖို႕ အေရးႀကီးတယ္လို႕ ေကာခ်န္က ေတြးျပီး ရင္ထဲ သိမ္းထားလိုက္တယ္။

တရုတ္လူမ်ိဳးေက်ာင္းသားေလးက ငတံုးေတာ့ မဟုတ္ဘူး။ လက္ရွိ မ်က္စိေရွ႕မွာ ျမင္ေနရတဲ့ အေျခေနအရ ဒီ ကိစၥက သူထင္ထားတာထက္ ပိုရႈပ္ေထြးတယ္ဆိုတာ ရိပ္မိလိုက္တယ္။ ဒါေႀကာင့္ ထုတ္ေတာင္ မေမးဝံ့ဘူး။ သူနဲ႕ ေကာခ်န္ကို လုထ်န္းခ်န္က ဗီယက္နမ္မွာရွိတဲ့ ဟိုတယ္တစ္ခုမွာ ေခၚေဆာင္ထားျပီး အေစာင့္အျပည့္နဲ႕ထားတယ္။

ဒီအေျခေနမွာ သူတုိ႕က အျပင္လူေတြနဲ႕ အဆက္သြယ္လုပ္လို႕မရသလို စကားေျပာလို႕လည္းမရဘူး၊ ဒါေႀကာင့္ ေက်ာင္းသားေလးက ေန႕တုိင္း အရက္ေလးေသာက္လိုက္၊ အနွိပ္ေလး ခံလိုက္နဲ႕ သာသာယာယာပဲ ဘဝကို ျဖတ္သန္းေနလိုက္တယ္။ တကယ္ေတာ့ သူက စုႀကည္ခ်န္းရဲ႕ အေထာက္ပံ့ခံေကာင္ေလးျဖစ္တယ္။

သူ႕ကို စပြန္ဆာေပးတဲ့ သူေဌးနဲ႕ ဒီလူေတြႀကားက ယွဥ္ျပိဳင္မႈက ျပင္းထန္ေပမယ့္ လက္ရွိ လုထ်န္းခ်န္က သူတို႕နွစ္ေယာက္ေပၚ ႀကမ္းတမ္းစြာ ဆက္ဆံျခင္းမရွိပဲ သတင္းမေပါက္ႀကားေအာင္ ထိန္းသိမ္းထားတာပဲ ရွိတယ္။ စုႀကည္ခ်န္းလည္းမရွိေတာ့ သူလည္း ညဆို အိပ္ယာထက္မွာ ေဖ်ာ္ေျဖစရာမလိုသလုိ နာက်င္ခံစားမႈ၊ သာယာမႈလည္း ခံယူစရာမလိုေတာ့ဘူး။ ခုအေျခေနမွာေတာ့ ဒီလို လိုက္ေလ်ာညီေထြေနမွ သူ႕ကို ရွင္းပစ္တာ မခံရမွာျဖစ္တယ္ဆိုတာ ေက်ာင္းသားေလးက ေကာင္းေကာင္းနားလည္ထားတယ္။

သူနဲ႕ဆန္႕က်င္ဘက္ကေတာ့ ေကာခ်န္ပဲျဖစ္တယ္။ လက္ရွိမွာ သူက တရုတ္ျပည္ အနုပညာေလာက ကေန ကန္ထုတ္ခံရလုနီးပါးျဖစ္ေနျပီ။ သူက ေနာက္ကေန ေထာက္ပံ့ေပးဖို႕ ေမွ်ာ္လင့္ခ်က္နဲ႕ စုႀကည္ခ်န္း ေခၚေဆာင္ရာ အလည္ပတ္ခရီးကို လိုက္ခဲ့တာ မေမွ်ာ္လင့္ပဲ ျပသနာေတြနဲ႕ ခရီးကာလက ႀကာရွည္လာရျပီ။ လက္ရွိ သူ႕အလုပ္ေတြ ေနွာင့္ေနွးပ်က္ကြက္ကုန္ျပီး နာမည္ပ်က္ရဖို႕ ေသခ်ာေနျပီ။ ဒါဆိုရင္ ဒီအနုပညာေလာကမွာ သူလုပ္စားလို႕မရေတာ့ပဲ ေစာေစာနားလိုက္ရေတာ့မွာပဲလို႕ ခံုတန္းေပၚထိုင္ျပီး ညည္းညဴလို႕ေနတယ္။ ဒါေႀကာင့္ သူ႕ ေအးဂ်င့္ေတြနဲ႕ ဆက္သြယ္ေပးဖို႕ အိပ္ငိုက္ေနတဲ့ အေစာင့္ေတြကို လွမ္းေျပာလိုက္တယ္။ သူ႕ရည္ရြယ္ခ်က္ကေတာ့ စုႀကည္ခ်န္း ၊ လုထ်န္းခ်န္တို႕ထက္ အင္အားေတာင့္တဲ့ စပြန္ဆာကို ရွာဖို႕ပဲျဖစ္တယ္။

လက္ရွိ အေျခေနထဲမွာ ထ်န္းဖိန္းရဲ႕ အေျခေနက အဆိုးဆံုးပဲ။ သူက  လုထ်န္းခ်န္ရဲ႕သတင္းကို လံုးလံုးမရပဲ ခ်ားလ္လက္ထဲမွာ က်ေရာက္ေနတယ္။

ေန႕လည္တေရးအိပ္ျပီးေတာ့ ထ်န္းဖိန္းက ေရခ်ိဳး အဝတ္လဲျပီး အျပင္ထြက္လာတယ္။ သေဘာၤရဲ႕ ေလသာေဆာင္မွာ စားစရာေတြ ခင္က်င္းထားတာကို ေတြ႕လိုက္ရေတာ့ ထ်န္းဖိန္းက ေတြးလိုက္မိတယ္။ သူ အခု ငါးဖမ္းသေဘာၤေပၚေရာက္ေနတာလား။ ဇိမ္ခံ အေပ်ာ္စီးသေဘာၤေပၚ ေရာက္ေနသလားလို႕။ တကယ္ေတာ့ သူေရာက္ေနတာက သူတို႕ အျပင္ လူ 2000 ေလာက္ရွိတဲ့ ဇိမ္ခံအေပ်ာ္စီး သေဘာၤပဲျဖစ္တယ္။ သူတို႕ရဲ႕ ေနာက္ဆိုက္ေရာက္မယ့္ ဆိပ္ကမ္းက ထုိင္းဆိပ္ကမး္ျဖစ္ျပီး ေနာက္ဆံုး ပန္းတိုင္က ေဟာင္ေကာင္ပဲျဖစ္တယ္။

ခ်ားလ္က လူႀကီးလူေကာင္းဆန္ဆန္ဝတ္ထားျပီး ထ်န္းဖိန္းကို နုတ္ဆက္လိုက္တယ္။ သူက အနက္ေရာင္ အာမန္နီဝတ္စံုကို အျဖဴေရာင္ နက္ခ္တိုင္ကို တြဲဖက္ဝတ္ထားျပီး သူ႕ဆံပင္ေတြက ေလတုိက္လို႕ နည္းနည္းဖရိုဖရဲျဖစ္ေနတယ္။ သူ႕ကိုႀကည့္ရတာ သေဘာၤအရာရွိလိုလုိ ကပ္ပတိန္လိုလို ခန္႕ညားလို႕ေနတယ္။

" ေရခ်ိဳးရတာ အဆင္ေျပလား အခ်စ္ေလး ထ်န္း။ ကိုယ္ ေရကန္ထဲမွာ အေမႊးဆီနည္းနည္းထည့္ထားတယ္။ မင္း သေဘာက်မယ္ထင္တာပဲ... "

ဒီလို စားပြဲကို လာထိုင္စားေနတဲ့ ခရီးသြားတခ်ိဳ႕က ဂြင္းထိုးဖိနပ္နဲ႕ ေဘာင္းဘီတိုကိုပဲ ဝတ္ထားသလို တခ်ိဳ႕ကေတာ့ အထက္တန္းက်က်ဝတ္ထားတယ္။ တခ်ိဳ႕က ကိုယ္မွာ ပင္လယ္ဆားငန္ေရနံ႕ေတာင္ စြဲေနတယ္။ တခ်ိဳ႕ကေတာ့ ကိုယ့္ကိုယ္ကိုယ္ ယံုႀကည္မႈ မရွိတာကို ဝတ္ေကာင္းစားလွနဲ႕ ဖံုးကြယ္ထားျပီး လူအထင္ႀကီးေအာင္ လုပ္ေနႀကတယ္။

ထ်န္းဖိန္းက ခ်ားလ္ကို မနက္ခင္းတုန္းက ကိုယ္တံုးလံုးနဲ႕ ျမင္ခဲ့ျပီး ခုလို လူႀကီးလူေကာင္းဆန္ဆန္ဝတ္ထားတာ ျမင္ရေတာ့ ျပံုးလိုက္မိတယ္။ ရုပ္ရည္ခန္႕ညားေခ်ာေမာတဲ့ ခ်ားလ္က အရို္င္းဆန္တဲ့ စရိုက္လည္း ရွိတယ္။ သူ႕ဘယ္ဘက္မ်က္ဝန္းတဖက္က စိမ္းျပာေရာင္ျဖစ္ျပီး သူ႕ကို ရုပ္မဆိုးေစပဲ သူနဲ႕ တကယ့္ကို လိုက္ဖက္ေနတယ္။

" ခ်ားလ္ ခင္ဗ်ား အရမ္းႀကည့္ေကာင္းတာပဲ "

ထ်န္းဖိန္းက ျပံုးျပီး ေခါင္းျငိမ့္္လိုက္ရင္း သူ႕ေဘးမွာ ဝင္ထိုင္လုိက္တယ္

" ေဟး...ကိုယ္ ႀကည့္ေကာင္းတာ သိတာေပါ့... မင္း အဲ့ဒါကို သတိမထားမိဘူး မဟုတ္လား။ တကယ္ေတာ့ လုထ်န္းခ်န္က မ်က္နွာေလးပဲ ႀကည့္ေကာင္းတာ။ တကယ့္ေယာက်ာ္းဆိုတာ ကိုယ့္လိုလူမ်ိဳးကို ေခၚတယ္ကြ "

လုထ်န္းခ်န္က ထ်န္းဖိန္းဆီက အသိမွတ္ျပဳမႈကို ရေကာင္းရနုိင္ေပမယ့္ ခ်ားလ္က စိတ္ထဲေတာင္ထည့္မထားဘူး။ ကိုယ့္ကိုယ္ကိုယ္ ယံုႀကည္မႈနဲ႕ တဖက္သားအေပၚ ဂရုတစိုက္ ဆက္ဆံတတ္ျခင္းက ေယာက်ား္တစ္ေယာက္ကို ပိုျပီး ဆြဲေဆာင္မႈရွိေစတယ္။ ဒါေႀကာင့္ ခ်ားလ္ဆီမွာ စင္းလံုးေခ်ာမဟုတ္ပဲ မ်က္နွာေပၚက အနာရြတ္ အျပစ္အနာဆာေလး ရွိတယ္ဆိုရင္ေတာင္ ဒီအခ်က္က သူ႕ကို ပိုျပီး ခ်စ္စရာေကာင္းတယ္လို႕ ခံစားရေစတယ္။ ဒါေပမယ့္ မ်က္လံုးနားက အမာရြတ္က သူ႕ကို နည္းနည္း ေျပာင္စပ္စပ္ရုပ္ျဖစ္ေစတယ္။


"  ကိုယ့္ရဲ႕ ခံနိုင္ရည္နဲ႕ သက္လံုက လုထ်န္းခ်န္ထက္ပိုေကာင္းမယ္ဆိုတာ ေသခ်ာတာေပါ့.... အခ်စ္ေလး..ညတုန္းက မင္း မသိပဲနဲ႕ ကိုယ့္ကို အရွိန္ေလ်ာ့ခုိင္းေနေသးတယ္။ ဒါေပမယ့္ မင္းသိလား။ မင္း ကိုယ့္နာမည္ကို ေအာ္ညည္းေလ... ကိုယ့္ကို ပိုျပီး စိတ္ႀကြေအာင္ လုပ္ေနေလပဲ...."

ခ်ားလ္က တကယ့္ကိုပဲ အရွက္မရွိ အိပ္ယာထဲက စြမ္းရည္ကို ႀကြားဝါးေျပာေနေတာ့တယ္။ ျပီးေတာ့ သူ႕ကိုလည္း မီးေတာက္မတတ္ မ်က္ဝန္းႀကီးနဲ႕ စုန္ဆန္ႀကည့္ျပီး ျပံုးရင္းေျပာေနေသးတယ္။

" ခ်ားလ္... "

ထ်န္းဖိန္းက ျပံုးလိုက္ျပီး သူ႕ကို ဟန္႕လိုက္တယ္။ ဘယ္နွယ့္။ ေနေရာင္ေအာက္မွာ သူက ဒီလို အထာႀကီးနဲ႕ျပံဳးေနရသလား။

လက္ထပ္တယ္ဆုိတာ သမီးရည္းစားဘဝေလာက္ မေကာင္းဘူး။ ဒါေႀကာင့္ သံုးနွစ္တိတိေစာင့္သင့္တယ္လို႕ ေျပာဆိုႀကတယ္။ အခုဆိုရင္ ခ်ားလ္က ထ်န္းဖိန္းကို မေတြ႕ရတာ 2 လရွိျပီ။ ေနေရာင္ေအာက္မွာ ထ်န္းဖိန္းကအ ရမ္းကို ေတာက္ပလို႕ေနတယ္လို႕ သူ ခံစားေနရတယ္။ ဒါေႀကာင့္ သူ ဒီလိုမ်ိဳး မေျပာပဲကို မေနနုိင္ေတာ့ဘူး။


" ထ်န္း..မင္းက ကိုယ့္ဘဝရဲ႕ ေနမင္းတစ္စင္းပဲ... ကိုယ္မင္းကို မခ်စ္ပဲ မေနနုိင္ဘူး။ "


" ေကာင္းျပီ။ ဒါဆို ဒီနား နည္းနညး္တုိးလာ... "

ထ်န္းဖိန္းက သူ႕ကို လွမ္းေခၚလို္က္ေတာ့ သူက အရိုးေတြ႕တဲ့ ေခြးႀကီးလို အနားကို ခ်က္ခ်င္းေရာက္လာတယ္။ ထ်န္းဖိန္းက သူ႕ကို လက္သီးနဲ႕ထိုးလို္က္တယ္။ ဒီတစ္ခါေတာ့ ဒီလက္သီးက ဘာမွ အရာမထင္လိုက္ဘူး။ ခ်ားလ္က လက္သီးကို ဖမ္းလိုက္ျပီး ေမးလိုက္တယ္။

"အခ်စ္ေလး..မင္းက ကိုယ့္ကို တစ္စစီ လုပ္ခ်င္တာလား...  "

=================
Chapter (9-2) (zawgyi+Unicode)


" မဖြစ်တော့ဘူး။ ကျွန်တော် ဒီအတိုင်း စောင့်ကြည့်မနေနိုင်တော့ဘူး။ ပြန်ပေးဆွဲခံရတဲ့သတင်းကို ရဲကို တိုင်မှဖြစ်တော့မယ်။ အရင်ဆုံး သံရုံကို အကြောင်းကြားရမယ် "

"ဟေး...နေဦး  "

တရုတ်လူရွယ်က ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ လုထျန်းချန်က ဖုန်းကို လက်နဲ့ဖိထားလိုက်တယ်။

" အကြီးကဲလု.... "

တရုတ်လူရွယ်က ကြောက်မက်ဖွယ် အေးစက်စက် အရိပ်ငွေ့တွေ ထုတ်လွှတ်နေတဲ့ မျက်ဝန်းတစ်စုံကြောင့် ရင်ထဲ ထိတ်သွားတယ်။

" ကိုယ်နူတ် အမူယာ စောင့်ထိန်းပြီး ကိုယ့်ဖာသာ အေးဆေးနေစမ်း..  "

လုထျန်းချန် ဒီလိုပြောလိုက်တာနဲ့ ဝတ်စုံနက်ဝတ် အစောင့်နှစ်ယောက်က ချက်ချင်း တရုတ်လူရွယ်ကို ဆွဲခေါ်ပြီး ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်တယ်။ ကောင်လေးက ရုန်းတောင် မရုန်းရဲဘူး။

အခုဖြစ်နေတာက သူ၊ ချားလ်နဲ့ ထျန်းဖိန်းတို့ကြားက ကိစ္စဖြစ်တယ်။ ဒီဟာကို သူ့ဖာသာ ကိုင်တွယ်ဖြေရှင်းနိုင်တယ်။ လောလောဆယ် ဖြစ်နေတာက ချားလ်ကို အင်တာပို (နိုင်ငံတကာမှုခင်းရဲတပ်ဖွဲ့)က လိုက်ရှာနေလို့ ဒီအကြောင်းကို လူသိရှင်ကြားထုတ်ပြောလို့မဖြစ်ဘူး။ ပြီးတော့ ချားလ်ကို သူ ကတိပေးထားတာလည်း ရှိသေးတယ်။

အခန်းတွင်းအခြေနေက မုန်တိုင်းလာခါနီး အခြေနေလို တင်းမာလာခဲ့တယ်။ လုထျန်းချန်က ကောချန်ကို စိုက်ကြည့်လိုက်တော့ ကောချန်က တရုတ်လူရွယ်ထက် ပိုပြီး ပါးနပ်ပြီး အခြေနေကို သဘောပေါက်စွာနဲ့ ချက်ချင်း ကတိပေးလိုက်တယ်။

" ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ သိပါတယ်... "

ထျန်းဖိန်ကို ခေါ်သွားတာ ဘယ်အဖွဲ့ကဖြစ်ဖြစ် ပြန်မပို့စေချင်ဘူး။ ဖြစ်နိုင်ရင် ထျန်းဖိန်းကို ပင်လယ်ထဲ ပြစ်ချပြီး ငါးစာကျွေးလိုက်နိုင်ရင် အကောင်းဆုံးပဲလို့ ကောချန်က တွေးနေတယ်။

ဒါပေမယ့် ဒီအတွေးကို လုထျန်းချန် မသိဖို့ အရေးကြီးတယ်လို့ ကောချန်က တွေးပြီး ရင်ထဲ သိမ်းထားလိုက်တယ်။

တရုတ်လူမျိုးကျောင်းသားလေးက ငတုံးတော့ မဟုတ်ဘူး။ လက်ရှိ မျက်စိရှေ့မှာ မြင်နေရတဲ့ အခြေနေအရ ဒီ ကိစ္စက သူထင်ထားတာထက် ပိုရှုပ်ထွေးတယ်ဆိုတာ ရိပ်မိလိုက်တယ်။ ဒါကြောင့် ထုတ်တောင် မမေးဝံ့ဘူး။ သူနဲ့ ကောချန်ကို လုထျန်းချန်က ဗီယက်နမ်မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ခေါ်ဆောင်ထားပြီး အစောင့်အပြည့်နဲ့ထားတယ်။

ဒီအခြေနေမှာ သူတို့က အပြင်လူတွေနဲ့ အဆက်သွယ်လုပ်လို့မရသလို စကားပြောလို့လည်းမရဘူး၊ ဒါကြောင့် ကျောင်းသားလေးက နေ့တိုင်း အရက်လေးသောက်လိုက်၊ အနှိပ်လေး ခံလိုက်နဲ့ သာသာယာယာပဲ ဘဝကို ဖြတ်သန်းနေလိုက်တယ်။ တကယ်တော့ သူက စုကြည်ချန်းရဲ့ အထောက်ပံ့ခံကောင်လေးဖြစ်တယ်။

သူ့ကို စပွန်ဆာပေးတဲ့ သူဌေးနဲ့ ဒီလူတွေကြားက ယှဉ်ပြိုင်မှုက ပြင်းထန်ပေမယ့် လက်ရှိ လုထျန်းချန်က သူတို့နှစ်ယောက်ပေါ် ကြမ်းတမ်းစွာ ဆက်ဆံခြင်းမရှိပဲ သတင်းမပေါက်ကြားအောင် ထိန်းသိမ်းထားတာပဲ ရှိတယ်။ စုကြည်ချန်းလည်းမရှိတော့ သူလည်း ညဆို အိပ်ယာထက်မှာ ဖျော်ဖြေစရာမလိုသလို နာကျင်ခံစားမှု၊ သာယာမှုလည်း ခံယူစရာမလိုတော့ဘူး။ ခုအခြေနေမှာတော့ ဒီလို လိုက်လျောညီထွေနေမှ သူ့ကို ရှင်းပစ်တာ မခံရမှာဖြစ်တယ်ဆိုတာ ကျောင်းသားလေးက ကောင်းကောင်းနားလည်ထားတယ်။

သူနဲ့ဆန့်ကျင်ဘက်ကတော့ ကောချန်ပဲဖြစ်တယ်။ လက်ရှိမှာ သူက တရုတ်ပြည် အနုပညာလောက ကနေ ကန်ထုတ်ခံရလုနီးပါးဖြစ်နေပြီ။ သူက နောက်ကနေ ထောက်ပံ့ပေးဖို့ မျှော်လင့်ချက်နဲ့ စုကြည်ချန်း ခေါ်ဆောင်ရာ အလည်ပတ်ခရီးကို လိုက်ခဲ့တာ မမျှော်လင့်ပဲ ပြသနာတွေနဲ့ ခရီးကာလက ကြာရှည်လာရပြီ။ လက်ရှိ သူ့အလုပ်တွေ နှောင့်နှေးပျက်ကွက်ကုန်ပြီး နာမည်ပျက်ရဖို့ သေချာနေပြီ။ ဒါဆိုရင် ဒီအနုပညာလောကမှာ သူလုပ်စားလို့မရတော့ပဲ စောစောနားလိုက်ရတော့မှာပဲလို့ ခုံတန်းပေါ်ထိုင်ပြီး ညည်းညူလို့နေတယ်။ ဒါကြောင့် သူ့ အေးဂျင့်တွေနဲ့ ဆက်သွယ်ပေးဖို့ အိပ်ငိုက်နေတဲ့ အစောင့်တွေကို လှမ်းပြောလိုက်တယ်။ သူ့ရည်ရွယ်ချက်ကတော့ စုကြည်ချန်း ၊ လုထျန်းချန်တို့ထက် အင်အားတောင့်တဲ့ စပွန်ဆာကို ရှာဖို့ပဲဖြစ်တယ်။

လက်ရှိ အခြေနေထဲမှာ ထျန်းဖိန်းရဲ့ အခြေနေက အဆိုးဆုံးပဲ။ သူက  လုထျန်းချန်ရဲ့သတင်းကို လုံးလုံးမရပဲ ချားလ်လက်ထဲမှာ ကျရောက်နေတယ်။

နေ့လည်တရေးအိပ်ပြီးတော့ ထျန်းဖိန်းက ရေချိုး အဝတ်လဲပြီး အပြင်ထွက်လာတယ်။ သဘောၤရဲ့ လေသာဆောင်မှာ စားစရာတွေ ခင်ကျင်းထားတာကို တွေ့လိုက်ရတော့ ထျန်းဖိန်းက တွေးလိုက်မိတယ်။ သူ အခု ငါးဖမ်းသဘောၤပေါ်ရောက်နေတာလား။ ဇိမ်ခံ အပျော်စီးသဘောၤပေါ် ရောက်နေသလားလို့။ တကယ်တော့ သူရောက်နေတာက သူတို့ အပြင် လူ 2000 လောက်ရှိတဲ့ ဇိမ်ခံအပျော်စီး သဘောၤပဲဖြစ်တယ်။ သူတို့ရဲ့ နောက်ဆိုက်ရောက်မယ့် ဆိပ်ကမ်းက ထိုင်းဆိပ်ကမ်းဖြစ်ပြီး နောက်ဆုံး ပန်းတိုင်က ဟောင်ကောင်ပဲဖြစ်တယ်။

ချားလ်က လူကြီးလူကောင်းဆန်ဆန်ဝတ်ထားပြီး ထျန်းဖိန်းကို နုတ်ဆက်လိုက်တယ်။ သူက အနက်ရောင် အာမန်နီဝတ်စုံကို အဖြူရောင် နက်ခ်တိုင်ကို တွဲဖက်ဝတ်ထားပြီး သူ့ဆံပင်တွေက လေတိုက်လို့ နည်းနည်းဖရိုဖရဲဖြစ်နေတယ်။ သူ့ကိုကြည့်ရတာ သဘောၤအရာရှိလိုလို ကပ်ပတိန်လိုလို ခန့်ညားလို့နေတယ်။

" ရေချိုးရတာ အဆင်ပြေလား အချစ်လေး ထျန်း။ ကိုယ် ရေကန်ထဲမှာ အမွှေးဆီနည်းနည်းထည့်ထားတယ်။ မင်း သဘောကျမယ်ထင်တာပဲ... "

ဒီလို စားပွဲကို လာထိုင်စားနေတဲ့ ခရီးသွားတချို့က ဂွင်းထိုးဖိနပ်နဲ့ ဘောင်းဘီတိုကိုပဲ ဝတ်ထားသလို တချို့ကတော့ အထက်တန်းကျကျဝတ်ထားတယ်။ တချို့က ကိုယ်မှာ ပင်လယ်ဆားငန်ရေနံ့တောင် စွဲနေတယ်။ တချို့ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာကို ဝတ်ကောင်းစားလှနဲ့ ဖုံးကွယ်ထားပြီး လူအထင်ကြီးအောင် လုပ်နေကြတယ်။

ထျန်းဖိန်းက ချားလ်ကို မနက်ခင်းတုန်းက ကိုယ်တုံးလုံးနဲ့ မြင်ခဲ့ပြီး ခုလို လူကြီးလူကောင်းဆန်ဆန်ဝတ်ထားတာ မြင်ရတော့ ပြုံးလိုက်မိတယ်။ ရုပ်ရည်ခန့်ညားချောမောတဲ့ ချားလ်က အရိုင်းဆန်တဲ့ စရိုက်လည်း ရှိတယ်။ သူ့ဘယ်ဘက်မျက်ဝန်းတဖက်က စိမ်းပြာရောင်ဖြစ်ပြီး သူ့ကို ရုပ်မဆိုးစေပဲ သူနဲ့ တကယ့်ကို လိုက်ဖက်နေတယ်။

" ချားလ် ခင်ဗျား အရမ်းကြည့်ကောင်းတာပဲ "

ထျန်းဖိန်းက ပြုံးပြီး ခေါင်းငြိမ့််လိုက်ရင်း သူ့ဘေးမှာ ဝင်ထိုင်လိုက်တယ်

" ဟေး...ကိုယ် ကြည့်ကောင်းတာ သိတာပေါ့... မင်း အဲ့ဒါကို သတိမထားမိဘူး မဟုတ်လား။ တကယ်တော့ လုထျန်းချန်က မျက်နှာလေးပဲ ကြည့်ကောင်းတာ။ တကယ့်ယောကျာ်းဆိုတာ ကိုယ့်လိုလူမျိုးကို ခေါ်တယ်ကွ "

လုထျန်းချန်က ထျန်းဖိန်းဆီက အသိမှတ်ပြုမှုကို ရကောင်းရနိုင်ပေမယ့် ချားလ်က စိတ်ထဲတောင်ထည့်မထားဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ တဖက်သားအပေါ် ဂရုတစိုက် ဆက်ဆံတတ်ခြင်းက ယောကျာ်းတစ်ယောက်ကို ပိုပြီး ဆွဲဆောင်မှုရှိစေတယ်။ ဒါကြောင့် ချားလ်ဆီမှာ စင်းလုံးချောမဟုတ်ပဲ မျက်နှာပေါ်က အနာရွတ် အပြစ်အနာဆာလေး ရှိတယ်ဆိုရင်တောင် ဒီအချက်က သူ့ကို ပိုပြီး ချစ်စရာကောင်းတယ်လို့ ခံစားရစေတယ်။ ဒါပေမယ့် မျက်လုံးနားက အမာရွတ်က သူ့ကို နည်းနည်း ပြောင်စပ်စပ်ရုပ်ဖြစ်စေတယ်။


"  ကိုယ့်ရဲ့ ခံနိုင်ရည်နဲ့ သက်လုံက လုထျန်းချန်ထက်ပိုကောင်းမယ်ဆိုတာ သေချာတာပေါ့.... အချစ်လေး..ညတုန်းက မင်း မသိပဲနဲ့ ကိုယ့်ကို အရှိန်လျော့ခိုင်းနေသေးတယ်။ ဒါပေမယ့် မင်းသိလား။ မင်း ကိုယ့်နာမည်ကို အော်ညည်းလေ... ကိုယ့်ကို ပိုပြီး စိတ်ကြွအောင် လုပ်နေလေပဲ...."

ချားလ်က တကယ့်ကိုပဲ အရှက်မရှိ အိပ်ယာထဲက စွမ်းရည်ကို ကြွားဝါးပြောနေတော့တယ်။ ပြီးတော့ သူ့ကိုလည်း မီးတောက်မတတ် မျက်ဝန်းကြီးနဲ့ စုန်ဆန်ကြည့်ပြီး ပြုံးရင်းပြောနေသေးတယ်။

" ချားလ်... "

ထျန်းဖိန်းက ပြုံးလိုက်ပြီး သူ့ကို ဟန့်လိုက်တယ်။ ဘယ်နှယ့်။ နေရောင်အောက်မှာ သူက ဒီလို အထာကြီးနဲ့ပြုံးနေရသလား။

လက်ထပ်တယ်ဆိုတာ သမီးရည်းစားဘဝလောက် မကောင်းဘူး။ ဒါကြောင့် သုံးနှစ်တိတိစောင့်သင့်တယ်လို့ ပြောဆိုကြတယ်။ အခုဆိုရင် ချားလ်က ထျန်းဖိန်းကို မတွေ့ရတာ 2 လရှိပြီ။ နေရောင်အောက်မှာ ထျန်းဖိန်းကအ ရမ်းကို တောက်ပလို့နေတယ်လို့ သူ ခံစားနေရတယ်။ ဒါကြောင့် သူ ဒီလိုမျိုး မပြောပဲကို မနေနိုင်တော့ဘူး။


" ထျန်း..မင်းက ကိုယ့်ဘဝရဲ့ နေမင်းတစ်စင်းပဲ... ကိုယ်မင်းကို မချစ်ပဲ မနေနိုင်ဘူး။ "


" ကောင်းပြီ။ ဒါဆို ဒီနား နည်းနည်းတိုးလာ... "

ထျန်းဖိန်းက သူ့ကို လှမ်းခေါ်လိုက်တော့ သူက အရိုးတွေ့တဲ့ ခွေးကြီးလို အနားကို ချက်ချင်းရောက်လာတယ်။ ထျန်းဖိန်းက သူ့ကို လက်သီးနဲ့ထိုးလိုက်တယ်။ ဒီတစ်ခါတော့ ဒီလက်သီးက ဘာမှ အရာမထင်လိုက်ဘူး။ ချားလ်က လက်သီးကို ဖမ်းလိုက်ပြီး မေးလိုက်တယ်။

"အချစ်လေး..မင်းက ကိုယ့်ကို တစ်စစီ လုပ်ချင်တာလား...  "

=================

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now