True Star_Vol_ 4_ Chapter (4): - ကျန်းရွှယ်ချန်

1.7K 273 7
                                    

True Star_Vol_ 4_ Chapter (4): — ကျန်းရွှယ်ချန်

လွန်ခဲ့သောရက်အနည်းငယ်က Tang Feng နှင့် ချန်မင်ရွှိ တို့သည် ချန်ကော အကြောင်းပြောခဲ့ကြသည်။ ဒီနေ့တော့ ချန်ကောနဲ့ တွေ့ရမယ်လို့ မမျှော်လင့်ထားခဲ့မိပေ။

ချန်မင်ရွှိ သည် ထိုနေ့က ချန်ကော အကြောင်းပြောပြီးနောက် သူပြန်သွားသည့်အချိန် သတင်းအချို့ကို လိုက်ဖတ် ကြည့်လိုက်သည်။ ချန်ကော နဲ့ပတ်သတ်သည့် သတင်းက သာမန်အရှုပ်အရှင်းတစ်ခုမျှသာဟု သူ ထင်ခဲ့သည်။ ဒါပေမယ့် ချန်ကောက အမျိုးမျိုးသော စုဝေးပွဲတွေ၊ သူဌေးတွေရဲ့ပါတီတွေမှာ အရက်သောက်နေတဲ့ ဓာတ်ပုံတွေ အများကြီးတွေ့ခဲ့ရသည်။ အချို့ပုံတွေက သိသိသာသာ ပင် မရိုးမသားသည့် အရိပ်အခြေတွေပါဝင်နေသည်။ ဓာတ်ပုံတစ်ခုထဲတွင် ချန်ကောက လူတစ်ယောက်ရဲ့ ပေါင်တွေပေါ်မှာ ထိုင်နေပြီး ထိုလူရဲ့ ကျန်တစ်ဖက်က ချန်ကော ရဲ့ တင်ပါးကို ထိနေတာကြောင့် သူတို့က ဟိုလိုလို သည်လိုလို ဆက်ဆံရေးရှိသည်ဆိုတာ ထင်ရှားနေသည်။

ချန်ကောရဲ့ရုပ်သွင်က အရမ်းကို လှပပြီး ကြွေရုပ်လေးလို၊ နတ်သားလေးလို ပုံရိပ်ကို တည်ဆောက်ထားသဖြင့် ထိုအရှုပ်တော်ပုံများ ထွက်ပေါ်လာပြီးနောက် လူအများက လက်မခံနိုင်လောက်အောင်ဖြစ်ကာ ချန်ကောကို ပြင်းထန်သော ဆန့်ကျင်သည့် အုပ်စု တစ်ခုကို ဖန်တီးဖြစ်ပေးလာစေခဲ့သည်။

ရိုးသားဖြူစင်သည့်ပုံလေးကို ကိုးကွယ်သည့် သူ့ ပရိသတ်များက ချန်ကောကို မုန်းတီးလာကြကာ Anti-fan အဖြစ်ကို ကူးပြောင်းသွားသူတွေ အများကြီးရှိလာခဲ့သည်။

ဒီနေ့ ချန်ကော ကြုံတွေ့နေသည့် အရာအားလုံးနဲ့ ပတ်သက်ပြီး Tang Feng က သူ့ခေါင်းကို တိတ်တဆိတ်သာ ခါယမ်း နိုင်တော့သည်။ အဲဒီအရာတွေကို လုပ်တဲ့အခါ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ချန်ကော ကြိုတင် စဉ်းစားရမယ် မဟုတ်လား။ ကံကောင်းတဲ့သူတွေက ပရိသတ်ကို တစ်သက်လုံး ဖုံးကွယ်ထားနိုင်ပေမယ့် ဒီကမ္ဘာမှာ အမှန်တရားကို အချိန် ဘယ်လောက်ထိ ဖုံးကွယ်ထားနိုင်မလဲ။ ထာဝရဖုံးထားနိုင်ပါ့မလား? ယခု Tang Feng သည် တစ်ဖက်မှ တိုက်ခိုက်မှုကို လေ့ကျင့်ပေးတာ ခံယူရန် နံနက်တိုင်း Lu Tian chen နှင့် အတန်းတက်ခဲ့ပြီး နေ့လည်ပိုင်းတွင် သူ့ကိုယ်ပိုင်အချိန်ရှိလာခဲ့သည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now