Chapter (34): ငါ သေသွားမယ်ဆိုရင်တောင် မင်းကို မလိုချင်တော့ဘူး....

986 149 6
                                    

Volume _ 4_ Chapter (34): ငါ သေသွားမယ်ဆိုရင်တောင် မင်းကို မလိုချင်တော့ဘူး....

ဆန်ခါကွက်ကဲ့သို့ ကုလားကာများမှတဆင့် ရွှေရောင်အလင်းတန်းများ အဖြူရောင်ကုတင်ကြီးပေါ်သို့ ဖြာကျလာသည်။ အိပ်ပျော်နေသော လူတစ်ယောက်သည် နေရောင်ထိုးသောကြောင့် နိုးလာကာ ညက အကြောင်းကို မတွေးမီတွင် မျက်လုံးများကို အချိန်အနည်းငယ် ပြန်မှိတ်ထားလိုက်သည်။

ထုံးစံအတိုင်း သူက ခေါင်းအုံးကို ပါးဖြင့်အပ်ထားချင်လို့ ဘေးကို စောင်းလိုက်ပေမယ့် ခေါင်းအုံးက ခါတိုင်းလို နူးညံ့မနေပဲ နည်းနည်း တောင့်တင်းတာကို မထင်မှတ်ပဲ တွေ့လိုက်ရသည်။ ထျန်းဖုန်း မျက်လုံး ဖွင့်ကြည့်လိုက်တော့ အဲလ်ဘတ်ကို မြင်လိုက်ရသဖြင့် ရုတ်တရက် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

မနေ့ည စအိပ်စဉ်က လူတစ်ဦးစီမှာ စောင်တစ်ထည်စီခြုံထားပေမယ့် မနက်မိုးလင်းတော့ စောင်တစ်ထည်က မြေပြင်ပေါ် ပြုတ်ကျကာ အခြားစောင်တစ်ထည်ကို သူ့ခါးတစ်ဝိုက်တွင် ဖုံးအုပ်ထားပြီး ရေဘဝဲတစ်ကောင်လို သူ့ခြေလက်တွေက အဲလ်ဘတ်ကိုယ်ကို သိုင်းဖက်ထားပြီး တကိုယ်လုံးက တစ်ဖက်လူပေါ်ရောက်လုနီးပါးပင်။

ယောကျာ်း တစ်ယောက်ဟာ မနက်ခင်းမှာ ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုအချို့ကို မလွဲမသွေ ခံစားရမှာ သေချာသည်။ Tang Feng က အဲလ်ဘတ်ကို မော့ကြည့်လိုက်တော့ သူက ဘယ်လောက်ကတည်းက နိုးနေမှန်းမသိပေမယ့် သူ့မျက်လုံးတွေက ကြည်လင်လို့နေသည်။ သူတို့နှစ်ဦး မျက်တောင်ပုတ်ခတ် ပုတ်ခတ်နှင့် တစ်ယောက်ကို တစ်ယောက် ငေးကြည့်နေမိသည်။

ဒါနဲ့ နေဦး... သူတို့နှစ်ယောက်လုံး အဝတ်စားတွေ မဝတ်ရသေးဘူး။

"ကျွန်တော် ရေချိုးလိုက်မယ်။"

ထျန်းဖုန်းက ဖက်တွယ်ထားသည့် လက်တွေကို ရုတ်သိမ်းကာ ပြောလိုက်ပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။

အဲလ်ဘတ်သည် စကားတစ်ခွန်းမှ မနက်ခင်း နိုးကြားစွာ ထောင်မတ်နေသည့် သူ့ညီတော်မောင်ကို လက်နှင့် ဆုပ်ကိုင်လိုက်သည်။ ဒါကို မြင်တော့ ထျန်းဖုန်းက အမြန် ခုတင်ပေါ်က ခက်ခဲစွာ ဆင်းပြေးဖို့လုပ်ရတော့သည်။ မဟုတ်ရင် အဲလ်ဘတ်က သူ့ကို တခုခုလုပ်လိမ့်မည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Wo Geschichten leben. Entdecke jetzt