True Star_Vol_ 4 _ Chapter (3) -ချွေးမ ထံသို့ အလည်လာခြင်း

2.1K 316 7
                                    


True Star_Vol_ 4 _ Chapter (3) —ချွေးမ ထံသို့ အလည်လာခြင်း

 

ယခု Tang Feng သည် Charles တစ်ယောက် ဘယ်လိုကြီးပြင်းလာတယ်ဆိုတာ နားလည်လာလေပြီ။  ဒီလောက်ချမ်းသာတဲ့အမေနဲ့ ယုတ်မာတဲ့သားတစ်ယောက်ရှိတယ်ဆိုတာ အံ့သြစရာမရှိပါဘူး။

"ဝိုး၊ မင်းကို ကြည့်ရတာ ချစ်စရာကောင်းလိုက်တာ၊ ဒီနှစ် ၁၆ နှစ်ရှိပြီလား"

ဆိုဖာပေါ်မှာ လှပသွယ်လျတဲ့ ခြေသလုံးတွေကို ဖော်ပြကာ ဘေးတစ်စောင်းထိုင်နေပြီး ပန်းရောင်လက်သည်းဆိုးဆေးခြယ်ထားတဲ့ လင်ဒါရဲ့ လက်တွေက နတ်ဆိုးလေးရဲ့ မေးစေ့ကို ထိပြီး မေးနေတဲ့မြင်ကွင်းကို ဆေးကြောပြီး လှီးဖြတ်ထားတဲ့ အသီးအနှံတွေကို ကိုင်ကာ ဧည့်ခန်းထဲကို ဝင်သွားတဲ့ Tang Feng က  မြင်လိုက်ရတယ်။  

"မင်းက ၁၆ နှစ်ပဲရှိသေးတယ် ဟုတ်လား!"
လင်ဒါက နတ်ဆိုးလေးရဲ့ဘေးကို လက်ထောက်ပြီး မေးလိုက်သည်။

 Tang Feng ကို မင်းမြင်လိုက်တာနဲ့ ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုပဲ နတ်ဆိုးလေးက ဆိုဖာပေါ်မှ ခုန်ဆင်းကာ Tang Feng ထံသို့ ပြေးသွားပြီး တိုင်ပြောတော့သည်။

"မင်း....မင်း ဘယ်လို ပေါ့ပေါ့တန်တန်နဲ့ ထူးဆန်းတဲ့ မိန်းမတွေကို  အိမ်ကို ခေါ်ပြီး ပြန်လာတာလဲ...."

"ဒါက ထူးဆန်းတဲ့ မိန်းမတော့ မဟုတ်ဘူး။ အဲဒါက Charles ရဲ့ အမေ လင်ဒါပါ။ နတ်ဆိုးလေး၊ အမျိုးသမီးများအပေါ် ယဉ်ကျေးစွာဆက်ဆံစမ်းပါ..."

Tang Feng လျှောက်လာပြီး သစ်သီးပန်းကန်ကို စားပွဲပေါ်တင်လိုက်တယ်။

နတ်ဆိုးလေးသည် လင်ဒါ နှင့်အဝေးတွင်ရပ်နေပြီး သူ၏ရင်ဘတ်ပေါ်တွင် လက်နှစ်ဘက်ဖြင့် ပွေ့ဖက်ကာ ကာထားလိုက်သည်။

"သူမက ငါ့ကိုထိချင်တယ်... ငါ..." မျက်နှာနီမြန်းသွားပြီး နတ်ဆိုးလေးက ဒေါသတကြီးနဲ့ ပြောလိုက်သည်။

"အိပ်တော့မယ်!"

ထို့နောက် နတ်ဆိုးလေးက အခန်းထဲသို့ လှည့်ထွက်ကာ တံခါးကို ဆောင့်ပိတ်လိုက်သည်။

"သူက ကလေးပဲရှိသေးတယ်။"

Tang Feng က ရှင်းပြသော်လည်း အမြန်ပြေးသည့်အတွက် နတ်ဆိုးလေးကို ကျေးဇူးတင်နေသည်။

  လက်ဖက်ရည်သောက်ရင်း လင်ဒါက ပြုံးပြီးပြောတယ် ။

"ကျွန်မ ကလေးတွေကို သဘောကျတယ်။ သူတို့က အမြဲတမ်း တုံးအပြီး ချစ်ခင်တတ်ကြတယ်။ Tang Feng၊ မင်းက အရမ်းတော်တယ်။"


 လင်ဒါ တံခါးပိတ်ထားတဲ့ အခန်းကို ကြည့်လိုက်တယ်။

"သူက ဒီမှာ ခေတ္တပဲ နေထိုင်တယ်။"

Tang Feng လည်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်နေတယ်။ Linda ရဲ့ အမူအရာ အများစုဟာ ပြေပြစ်ပြီး သူမရဲ့ ခန္ဓာကိုယ်မှာ မွှေးပျံ့တဲ့ ရနံ့ထွက်နေသည်။  ဒါတွေက ရည်ရွယ်ချက်ရှိရှိလုပ်နေတာမဟုတ်ပေမယ့် လင်ဒါက  ငယ်ငယ်ကတည်းက  ဒီလိုပဲ နေတတ်တဲ့ အလေ့အထနဲ့ ပိုတူတယ်။

သူက  Charles နဲ့ အတူရှိတုန်းက အဲဒီအမျိုးသားက သူ့မိဘတွေအကြောင်း ဘာမှ မပြောတဲ့အတွက် လင်ဒါဟာ တကယ်တော့ Charles ရဲ့ အမေမှန်း သိလိုက်ရတဲ့အခါ Tang Feng အနည်းငယ် အံ့သြသွားခဲ့တယ်။ ဒါက သူထင်ထားတဲ့အတိုင်းပဲ သူတို့တွေ အတူတူဘဲ။ မိဘအများစုသည် သူတို့၏သားကို ယောက်ျားနှင့် ရောနှောကာ မြင်တတ်ကြောင်း သိခဲ့သည်။  

လင်ဒါက Charles က သူ့ကို လက်ထပ်ဖို့ ပြောနေတာက နောက်ပြောင်နေတာလား ဒါမှမဟုတ် အလေးနနက် ပြောသလားဆိုတာ သိဖို့ ခက်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီချစ်စရာကောင်းတဲ့ မိန်းမက သူ့ကို တမင်သက်သက် ရန်စနေတာ မဟုတ်ဘူးဆိုတာတော့ သိလိုက်တယ်။

"သိပါတယ် ဟင်း..ဟင်း..."

"မင်း...မင်းဘာသိလဲ?" Tang Feng က ပင့်သက်ရှိုက်ကာ  ပြုံးလိုက်သည်။

"မင်းက Charles နဲ့ သူ့ရဲ့ တက္ကသိုလ် အတန်းဖော် Lu Tian chen တို့ကြား က ဆက်ဆံရေး အခြေအနေတွေကို အရင် ပြောခဲ့ပြီးပြီဆိုတာ ငါ သိတယ်၊ သူတို့က မင်းနဲ့ တချိန်တည်း ပေါင်းသင်းဖို့ ဆန္ဒရှိတယ်ဆိုရင် မင်း အဲဒါတွေကို လက်ခံတယ်။"

လင်ဒါက သူမနှင့် Tang Feng အကြား အကွာအဝေးကို အနည်းငယ်ပြောင်းကာ မျက်တောင် တဖြတ်ဖြတ်ခတ်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။
 

"ဟုတ်တယ်၊ ကျွန်တော် အဲ့လို ပြောဖူးတယ်။"

 ချားလ်စ် က သူ့အမေ လင်ဒါကို အရာအားလုံးကို မပြောဖို့ သူ မျှော်လင့်ထားပေမယ့် ချားလ်က အကုန်ကို ပြောထားတယ်ဆိုတာ သိလိုက်ရသည်။ Tang Feng က သူပြောခဲ့တာကို ပွင့်ပွင့်လင်းလင်းပဲ လင်ဒါကို ဝန်ခံခဲ့တယ်။

စိတ်ပိုင်းဆိုင်ရာကိစ္စတွေမှာ လူများစွာပါဝင်တာကို သူ မကြိုက်ပါဘူး။ Charles ၏မိခင်အဖြစ် လင်ဒါ ၏ပုံစံနဲ့ သဘောထားက   ပို၍   အံ့သြစရာဖြစ်သည်။

"Wow.... မင်းက ငါထင်ထားတာထက် ပိုလွတ်လပ်ပြီး ပေ့ါပါးတယ်။ တကယ်တော့ မင်းရဲ့ အဆိုပြုချက်ကို ငါ အရမ်းကြိုက်တယ်။ ငါ ပြောချင်တာက အဲဒီ သောက်ယောက်ျားတွေနဲ့ တပြိုင်နက်တည်း အတူတူနေတော့ကော.... ဘာဖြစ်လို့လဲ၊ ဟား..ဟား..."

လင်ဒါ စိတ်ထဲရှိတာကို ပြောလိုက်ပြီး ရုတ်တရက် ပါးစပ်ကိုပိတ်ကာ ပြုံးလိုက်သည်

 "မင်း ......ငါ့ရဲ့စကား အဓိပ္ပါယ်ကို မင်းနားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ သူတို့မှာ လက်တွဲဖော်တွေ အများကြီးရှိနိုင်တယ်၊ ငါတို့က ဘာလို့ မရှိနိုင်ရမှာလဲ....မင်းရဲ့ အဆိုပြုချက်ကို ငါ မကျေမနပ် မဖြစ်ဘူး...ဟား..ဟား..."

လင်ဒါ က ခဏတာ ရယ်မောတာ  ရပ်လိုက်ချိန်မှာ Tang Feng က သူမ တိုးတိုး ဆက်ပြောတာကို ကြားလိုက်ရသည်။  

 "တကယ်တော့ ငါ့မှာ ချစ်သူတွေရှိတယ်၊ မင်းလည်း သိချင်နေတာလား။"  

 လင်ဒါမှာ သူမ ခင်ပွန်းအပြင်  ချစ်ရတဲ့သူနည်းနည်းရှိတယ်ဆိုတာ  Tang Feng က ကြားလိုက်ရချိန်မှာ   မအံ့သြပါဘူး။ ဒီလိုမျိုး စရိုက်လက္ခဏာရှိတဲ့ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူနဲ့ အိမ်မှာ အချိန်ဖြုန်းချင်တဲ့ ဗီုင်းကောင်းကျောက်ဖိ ဇနီးဖြစ်မှာ မဟုတ်ဘူး၊ သူမတို့က တစ်လင် တစ်မယား စနစ်ကို ထိန်းသိမ်းတဲ့ အစဉ်အလာမရှိဘူး၊ ကိုယ်ကျင့်တရားနဲ့ ချည်နှောင်ထားတဲ့ အမျိုးသမီးတွေဟာ အသက်ဆယ့်ငါးနှစ်မှာ ကလေးမွေးလိမ့်မှာမဟုတ်ဘူး။

Tang Feng က ဒါကို မထောက်ခံပေမယ့် အလိုက်အထိုက်ပြောလိုက်သည်။


"Charles က ကျွန်တော့်မှာ သူငယ်ချင်းကောင်း အနည်းငယ်ရှိတယ်ဆိုတာလည်း သိပါတယ်။တကယ်တော့ သူတို့အားလုံးက ကျွန်တော့်ကို ချော့သိပ်တတ်တဲ့ ချစ်စရာကောင်းတဲ့ ယောက်ျားလေးတွေဖြစ်ပြီး တစ်ခါတလေ အချင်းချင်း ပြိုင်ဆိုင်ကြပြီး ကျွန်တော့်ကို ရယ်အောင်လုပ်တတ်ကြတယ်။"

ထိုအကြောင်းကို သူမ  ပြောသောအခါ လင်ဒါ က ရယ်မောပြီး Tang Feng ကို ပြောလိုက်သည်။

 "လူတွေဆိုတာက ဒီလိုပါပဲ။ လူကို အပိုင်ရတဲ့အခါ အများကြီး မြတ်နိုးရကောင်းမှန်းလည်း မသိပါဘူး။ ပြိုင်ဆိုင်မှုရှိလာရင် သူတို့ တစ်ယောက်တည်း မပိုင်ဆိုင်နိုင်ဘူးဆိုတာ သိလာတော့ ပိုလိုချင်တဲ့ ကလေးတွေလိုပဲ...။ လူတစ်ယောက်ကို လွယ်လွယ်နဲ့ အရှုံးမပေးပါနဲ့၊ တကယ်လို့ လူတစ်ယောက်ကို မင်းက အလွယ်တကူ ပိုင်ဆိုင်ခွင့် ပေးလိုက်ရင် သူတို့က မင်းကို နာကျင်စေလိမ့်မယ်။"

လင်ဒါရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ဝေ့လာပြီး တဖျပ်ဖျပ်တောက်လာပေမယ့် သူမက မကြာခင်မှာပဲ ပြန်ထိန်းလိုက်ပြီး သူမရဲ့ ပုံမှန်အလှကို ပြန်လည်ရရှိလာခဲ့တယ်။

"သူတို့ စိတ်မသက်မသာနဲ့ မင်းကို ထားခဲ့တာလား။"

Tang Feng သည် လင်ဒါ၏ ထူးဆန်းသော ပုံစံကို မြင်လိုက်ရသည်။ ယောက်ျားတစ်ယောက်အနေနဲ့   ဘယ်လောက်ပဲ ရင်းနှီးပါစေ...   မိန်းမရဲ့အတိတ်ကို မေးဖို့ ထိ မလုပ်ချင်ဘူး။
 

"ဟုတ်ပါတယ်။ အစတုန်းကတော့ ခုလိုလုပ်တာက ငါ့ယောက်ျားဂုဏ်သိက္ခာကို စော်ကားသလို ဖြစ်ခဲ့ပေမယ့် ငါလည်း စော်ကားခံရတယ်လို့ ခံစားခဲ့ရလို့ သူတို့က ဘာကြောင့် အဲ့လို ခံစား၇အောင် မလုပ်သင့်တာလဲလို့ တွေးပြီး လုပ်ခဲ့တာပဲ။  အိုး၊ ငရဲပဲ။"

ဒီစကားကို ကြားတော့ Tang Feng မျက်လုံးပြူးသွားပေမယ့် လင်ဒါက ဂရုမစိုက်ပါဘူး။ လင်ဒါက ခေါင်းခါပြီး ဆက်ပြောခဲ့တယ်။
 "ဒါပေမယ့် သူတို့က ငါ့ မပါဘဲ လုပ်လို့မရဘူး။ လောကကြီးက ချောမောလှပတဲ့ မိန်းမတွေ ဘယ်တော့မှ လျော့သွားမှာ မဟုတ်ဘူး၊ များများဆုံတဲ့အခါ ငြီးငွေ့လာလိမ့်မယ်။ ဒါပေမယ့် အရိုးထဲထိ ချစ်စရာကောင်းတဲ့ အမျိုးသမီးတွေကတော့ သိပ်မများဘူး မဟုတ်လား"
 

လင်ဒါရဲ့ နှုတ်ခမ်းနီရဲရဲတွေက ကော့ညွတ်စွာ ပြုံးလိုက်ပြီး လင်ဒါက  Tang Feng ၏ ပခုံးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။


"မင်းရဲ့အချစ်ပေါ်ထားတဲ့ သဘောထားကို ငါကြိုက်တယ်၊ မင်းရဲ့လူငယ်တွေကို ငါ ဂရုမစိုက်သင့်ဘူး၊ ဒါပေမယ့် ငါ့သားကို တစ်သက်လုံး ချစ်သွားအောင် လုပ်ရကျိုးနပ်တဲ့ အရာတစ်ခုကို မင်း လက်လွတ်မခံစေချင်ဘူး။ ငါ့သား .... သူ မိုက်မဲတဲ့ အရာတစ်ခုခုကို လုပ်မိရင်တောင် ငါ့အတွက်ကြောင့် သူ့ကို သိပ်ဂရုစိုက်စရာမလိုဘူး"


  Feng Feng က မျက်တောင်ခတ်ပြီး ကြည့်နေစဉ် လင်ဒါက ဆက်ပြောခဲ့သည်။

  "မင်း သူ့ကို အနာဂတ်မှာ အုပ်ချုပ်ဖို့ အခွင့်အရေး ရှိတယ်။"

ဘာပဲဖြစ်ဖြစ်၊ Tang Feng က ဒီစကားကို ကြားလိုက်တဲ့အချိန် ရုတ်တရက် နွေးထွေးမှုကို ခံစားလိုက်ရတယ်။ Charles ရဲ့ အမေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ သူ့မှာ အဲဒီလို အမေရှိရင် မိသားစုက အေးစက်ပြီး အချည်းနှီးဖြစ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အရာအားလုံးက နောက်ပြန်သွားလို့ မရနိုင်မှတော့ ဒီလို    နွေးထွေးပျော်ရွှင်စရာကို စိတ်ကူးယဉ်လို့ပဲရတော့တယ်။

Charles ဟာ အမြဲတမ်း ရဲဝံ့စွာနဲ့ လုပ်ကိုင်ပြောဆိုတတ်ပြီး ခပ်ပေါ့ပေါ့ပဲ  ပြုံးနေတယ်ဆိုတာ အံ့သြစရာမရှိပါဘူး။

ချားလ်စ်၏မိခင်သည် အလွန်အကျွံ သူ့သားကို ထိန်းချုပ်မထားပေ။ လင်ဒါ  ၏ ပြောကြားချက်အရ သူမသည် ယခုတစ်ကြိမ်တွင် သူမ ချစ်သူတစ်ဦးနှင့် တရုတ်နိုင်ငံသို့ အမှန်တကယ်လာရောက်ခဲ့သည်။ စကားမစပ်၊ သူ့သားက  သေလုမတတ် စွဲလန်းနေတဲ့သူ ဘယ်လိုမျိုး မြင့်မြတ်သလဲဆိုတာသိရအောင် လာကြည့်တာလို့ ဆိုသည်။
 

ချားလ်စ်သည် ဤအရင်က မိန်းကလေး၊ ယောကျာ်းလေးတွေရဲ့ အသည်းနှလုံးကို ဆွတ်ယူကစားခဲ့သည့် အချစ် သူရဲကောင်းတစ်ဦးဖြစ်ခဲ့ဖူးကြောင်း လင်ဒါဆီက ကြားသိခဲ့ရပြီး ယခုတစ်ကြိမ်တွင် သူ လိုချင်တိုင်းမဖြစ်တဲ့အတွက် သူ့ခမျာ ဒါကို ရင်ဆိုင်ဖြတ်သန်းရတာ မလွယ်ကူဘူးဆိုတာ သိလိုက်ရသည်။
 

Tang Feng သည် ပွင့်လင်းသော သဘောထားရှိသည့် လင်ဒါ ကို နှစ်သက်သည်။ ဤအမျိုးသမီးသည် ရိုးရာကျင့်ဝတ်ဆိုင်ရာ အယူအဆများ လွှမ်းမိုးခံထားရသော အမျိုးသမီးအများစုနှင့် ကွဲပြားသည်။ မိသားစု ပညာရေးနှင့် နောက်ခံ ဆက်စပ်မှုကြောင့်လည်း သူမက အခုလို ပွင့်လင်းနေတာလည်း ဖြစ်နိုင်သည်။ လင်ဒါ သည် ရဲရင့်ပြီး ဘဝကို ဘယ်လိုတောင် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်မလဲ....
 တစ်နည်းအားဖြင့် သူမက Tang Feng ကို ကြင်နာသည် ။ ဥပမာအားဖြင့်၊ သူတို့နှစ်ဦးသည် အမှန်တကယ် တူညီသော သက်တူ ရွယ်တူများဖြစ်ကြပြီး အကြောင်းအရာများစွာကို ပြောဆို စကားလက်ဆုံကျဖို့ လွယ်ကူသည်။ အတွေးတူနေတာလည်း များသည်။
 

Tang Feng သည် လင်ဒါ ထွက်သွားပြီးနောက် Charles နှင့်တွေ့ဆုံခဲ့ကြောင်း Tang Feng မသိခဲ့ပေ။ Tang Feng ကို ရအောင် စည်းရုံးဖို့ သူ့အမေကို Charles က တောင်းဆိုခဲ့သည်၊ မဟုတ်ပါက သူသည် အိမ်ပြန်စရာ မလိုပါ။

*****-*****

"မင်း...သူတို့နဲ့ အတူနေခဲ့တယ်ဆိုတာကို တကယ်ပြောပြခဲ့တာလား"

ချန်မင်ရွှိ သည် Tang Feng၏ စကားကို ကြားတော့ ထိတ်လန့်လုနီးပါးဖြစ်ကာ ချက်ချင်း ထခုန် မတတ်ဖြစ်သွားသည်။ ကံကောင်းထောက်မစွာ၊ သူသည် အော်သံတစ်ခုဖြင့်  သတိပြန်ဝင်လာပြီး  အသက်ပြင်းပြင်းရှူရင်း ငြိမ်သက်စွာ ထိုင်နေလိုက်သည်။  

C City ၏ နာမည်ကြီး တီဗီဌာနမှ  ကော်ဖီဆိုင်တွင် လူသိများသော အစီစဉ်တင်ဆက်သူ ချန်မင်ရွှိက  ကော်ဖီသောက်ပြီး သူ၏ သူငယ်ချင်းဟောင်း၊ လက်ရှိ သရုပ်ဆောင် Tang Feng နှင့် စကားစမြည်ပြောနေပါသည်။


Tang Feng သည် ချန်မင်ရွှိ နှင့် သူ၏ လုပ်ဆောင်ချက်ကို  မျှဝေလိုသော်လည်း တဖက်လူက ထိတ်လန့်သွားသည်မှာ ထင်ရှားသည်။

 "မင်း အဲ့လိုပြောပြလိုက်တာက မလွန်လွန်းဘူးလား"


ချန်မင်ရွှိ က Tang Feng ကို လက်ညိုးထိုးပြပြီး ပြောလိုက်ပေမယ့်   Tang Feng က ပြုံးပြီး ပြောလိုက်တယ်။

"ငါက ဘာမှ မဖြစ်ဘူးလေ..."


"Ah! မင်းက အံ့သြစရာကောင်းလွန်းတယ်။ မင်း Charles နဲ့ Lu Tian chen တို့ကို တစ်ပြိုင်နက်တည်း ပေါင်းသင်းဖို့ အဆိုပြုခဲ့တာ။ ပိုက်ဆံ မရှိတဲ့သူတွေကို ဘယ်သူဌေးကမှ ခုလို ဟာသ အဖြစ်ခံပြီး အတူတူနေဖို့ သဘောတူမှာမဟုတ်ဘူး။   မင်း သူတို့ကို တစ်ခါတည်း တွဲဖို့ လက်ခံခဲ့တာ  မကြောက်ဘူးလား။ အချစ်နဲ့အမုန်းကြောင့် မင်းကို သူတို့ ရန်လုပ်နိုင်တယ်လေ "

 သူ့ရင်ဘတ်ကို ပွတ်သပ်ရင်း ချန်မင်ရွှိ က ခေါင်းခါလိုက်ပြီး  စေတနာဖြင့် သတိပေးလိုက်သည်။

"မင်း၊ သတိထားရင် ပိုကောင်းတယ်။"

"ဒီလိုလုပ်တာက ငါ တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့ မင်းထင်လား" Tang Feng က မေးတယ်။

ချန်မင်ရွှိ က သူ့ခေါင်းကို ကုတ်လိုက်ပြီး သူ့ဘေးမှာ ထိုင်နေတဲ့ Tang Feng ကို ကြည့်လိုက်တယ်။ ရိုးရိုးသားသား ပြောရရင် ဒီလူကို ချစ်မိသွားပြီး ဘယ်လို စွန့်လွှတ်ရမှန်းမသိရင်... သူ ဘာပြောပြော သဘောတူမိမှာကို သူ ကိုယ်တိုင်သိသည်။

"ဟေး ငါလည်း မသိဘူး။"

 နောက်ဆုံး ချန်မင်ရွှိက သက်ပြင်းချလိုက်တယ်။

Tang Feng က အနည်းငယ် ပြုံးပြီး စ ကားလမ်းကြောင်းပြောင်းလိုက်သည်။

 "မင်း မကြာသေးခင်က ဘယ်လို အလုပ်ကို လက်ခဲ့တာလဲ"  

 "အရင်ကနဲ့မတူတော့ဘူး၊ ဒါပေမယ့် အခု တီဗီဌာနက ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာတယ်၊ ရုံးချုပ်က အစီအစဉ်အသစ်တွေ အများကြီး ပြင်ဆင်နေတယ်"

ချန်မင်ရွှိက မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ အနီးနားတွင် တစ်ယောက်မျှမရှိသည်ကို တွေ့လိုက်ရပြီး Tang Feng နှင့် အဲဒီလူ အကြောင်းကို အတင်းချလိုက်သည်။

 "အခု အဲ့ဒီလူ ထုတ်ခဲ့တဲ့ သီချင်းကအခြေနေ မကောင်းဘူး။ မင်း အဲ့အကြောင်းရေးထားတဲ့  အစီရင်ခံစာကို ဖတ်ပြီးပြီလား" ဟု တိုးတိုးပြောသည်။

Tang Feng က ခေါင်းခါလိုက်ပြီး မကြာသေးခင်ကမှ ရုပ်ရှင်ကားတွေနဲ့ အလုပ်ရှုပ်နေတယ်၊ အဲဒါတွေ သိပ်မသိပါဘူး။

"သူ ဘာဖြစ်နေတာလဲ?"

"အရင်က ဝေ့တောက်မင် ကို စော်ကားခဲ့တယ် မဟုတ်ဘူးလား။ နောက်တော့ ဖိုရမ်မှာ ချန်ကော စာချုပ်ချုပ်ခံရတာနဲ့ ပတ်သက်ပြီး သတင်းထွက်လာတယ်။ ဘာပဲဖြစ်ဖြစ် သတင်းက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဒီအချိန်မှာ ဆက်လက် ရပ်တည်ဖို့တော့ ခက်မယ်ထင်တယ်။"

Tang Feng နည်းနည်း အံ့သြသွားတယ်။


ဝေ့တောက်မင်က အခုနောက်ပိုင်း သိပ်ပြီး အခြေနေ မကောင်းဘူး မဟုတ်လား။ ဝေ့တောက်မင်ရဲ့ နောက်ကွယ်က စပွန်ဆာ နိုင်ငံရေးသမားက အတိုင်ခံရပြီး စစ်ဆေးခံနေရတဲ့အတွက် ဝေ့တောက်မင်လည်း လာဘ်ငွေလက်ခံမှုထဲမှာ ပါဝင်စစ်ဆေးခဲ့ခဲ့ရတယ်။ ဒါကြောင့် ဝေ့တောက်မင်ကိုယ်တိုင် ခပ်လျှိုလျှိုနေနေရသည်။
 

အချိန်အတော်ကြာအောင် ကျော်ကြားခဲ့တဲ့ ကြယ်တစ်ပွင့်ဟာ အရှုပ်တော်ပုံ သတင်းအနည်းငယ်ကြောင့် ရုတ်တရက် ပြုတ်ကျသွားမှာတော့ မဟုတ်ပါဘူး။

"ဟေး၊ နောက်ခံမရှိတော့လို့ ချန်ကောကပ အရင်က လူတွေကို စော်ကားခဲ့ဖူးသမျှ အခု ပြန်ပေးဆပ်နေရပြီလေ"

 

==================

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now