Vol 4- Chapter (9): -ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုပဲ မြင်တယ်

1.4K 211 6
                                    

Vol 4- Chapter (9): —ကိုယ့်မျက်လုံးထဲမှာ ကိုယ်ချစ်တဲ့လူတစ်ယောက်ကိုပဲ မြင်တယ်



"ဘေဘီ... ..."

Charles က သူ့ဘေးမှာ အိပ်ပျော်နေတဲ့ လူငယ်တစ်ယောက်ကို ပွေ့ဖက်ဖို့ မကြာခဏ လက်ဖြင့်လှမ်းကာ ထိတွေ့လိုက်သည်။ ဒါပေမယ့် အိပ်မက်ထဲတွင် သူ့လက်က ထိုအမျိုးသားလေးကို ဖမ်းဆုပ်မမိပဲ လေထုကိုသာ ထိတွေ့လိုက်ရသဖြင့် Charles တစ်ယောက် ထိတ်လန့်တကြားဖြင့် ရုတ်တရက် နိုးလာကာ မျက်တောင်ကို ခတ်လိုက်ကာ ညသန်းခေါင်ယံ၏ အမှောင်ထုနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်လိုက်သည်။ သူ ကောင်းကောင်းနိုးလာတော့ သူက Tang Feng အိပ်ပျော်နေသည့်နေရာကို ထိလိုက်သည်၊ ဘာမှ မရှိ၊ ထိုနေရာက ဗလာဖြစ်နေသည်။

အနည်းငယ် အေးစက်သော အထိအတွေ့အရ Tang Fengက ထိုနေရာက ထသွားခဲ့တာ အတော်ကြာပြီဆိုတာ ဖော်ပြနေသည်။

မိုးလင်းနေပြီလား။ Charles က ကုတင်ဘေး စားပွဲပေါ်မှ နာရီကို ကောက်ကိုင်ကြည့် လိုက်တော့ အခုမှ မနက်လေးနာရီကျော်စလေးသာ ဖြစ်ပြီး အပြင်မှာ မှောင်နေသေးတယ်။

ကုတင်ပေါ်မှ ထကာကိုယ်ပေါ်က စောင်ကို ဖယ်ချပြီး ဘေးမှာ ချွတ်ချထားသည့် ညအိပ်ဝတ်စုံများကို ကောက်ဝတ်ကာ အိပ်ခန်းတံခါးကို ဖွင့်ကာ ခြေဗလာဖြင့် ကြမ်းပြင်ပေါ် လျှောက်လာခဲ့သည်။

ဧည့်ခန်းရှိ ဝိုင်ဘီရိုနားတဝိုက်တွင် အလင်းရောင်မှိန်မှိန်ထွန်းထားသော်လည်း Charles က Tang Feng ရဲ့ပုံရိပ်လေးကို လုံးဝ မတွေ့ခဲ့ပေ။ ဝီစကီတစ်ပုလင်းသာ ပွင့်နေသည်ကို သူ မြင်လိုက်ရပြီး ထိုပုလင်းက ငါးပုံတစ်ပုံခန့် လျော့နေသည် ။

လေပြင်းတိုက်လို့ ကန့်လန့်ကာပါးပါးလေးလွင့်သွားစဉ် Charles က လေတိုက်တဲ့ လမ်းကြောင်းအတိုင်း လျှောက်လာစဉ် မနီးမဝေးမှာ ဖွင့်ထားတဲ့ လသာဆောင်မှာ ထိုင်နေတဲ့ လူတစ်ယောက်ရဲ့ နောက်ကျောပြင်လေးတစ်ခုကို တွေ့လိုက်ရသည်။ လေက ကန်လန့်ကာတွေကို ယိမ်းနွဲ့နေစေပြီး ထိုလူငယ်လေးက ညာဘက်လက်မှာ ဝိုင်ဖန်ခွက်ကို ကိုင်ထားရင်း ကုလားထိုင်ပေါ် မှီပြီး ကြယ်ရောင်စုံတဲ့ ညကောင်းကင်ကို မော့ကြည့်နေသည်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now