Vol 4 _Chapter (14): - တူယှဉ်တွဲကာ ကခုန်ကြသည့် စုံတွဲ

1.6K 278 17
                                    

True Star_ Vol 4 _Chapter (14): - တူယှဉ်တွဲကာ ကခုန်ကြသည့် စုံတွဲ


စီနီယာကျန့်က မျက်နှာပူလို့ထင်သည်။ စားပွဲထိုးမှတဆင့် သူတို့ဆီကို စေ့စပ်ပွဲဖိတ်စာကို ပေးပို့ခဲ့သည်။ ထို နံနက်ခင်းတွင် Tang Feng သည် စောင်ဖြင့်ထွေးကာ အိပ်မောကျနေဆဲဖြစ်လို့ စားပွဲထိုးက မနက်စာ ယူလာတဲ့အခါ ဖိတ်စာကတ်ကိုလည်း ယူလာပေးသဖြင့် Charles က လက်ခံခဲ့သည်။

ဝက်ဝံကြီးက ဖိတ်စာရလိုက်သည်နဲ့ Tang Feng က ဝမ်းသာအားရနဲ့ ပြောခဲ့သည်။

"ကြည့်ရတာ ကိုယ်ထင်တာ မမှားလောက်ဘူး။ သူတို့က ကိုယ်တို့ကို တကယ်ကြီး ဖိတ်စာပို့လိုက်တယ်ကွ။ ဘေဘီ...ကိုယ်တို့သွားမယ် မဟုတ်လား"

Charles က အိပ်ရာပေါ်ပြန်တက်ရင်း Tang Feng ကို စောင်အောက်မှာ ပွေ့ဖက်ထားလိုက်သည်။

"ဖိတ်စာရတော့ လက်ဆောင်မပါဘဲ သွားတာက မယဉ်ကျေးဘူး။ ခင်ဗျားရဲ့လူတွေကို လက်ဆောင်တွေ ပြင်ခိုင်းပြီးပြီ မဟုတ်ဘူးလား၊ ကျွန်တော်တို့သွားမယ်လေ။"

စောင်ထဲက ခေါင်းတစ်လုံး ထွက်လာပြီး Tang Feng က ထိုဖိတ်ခေါ်ချက်ကို သွေးအေးစွာ လက်ခံလိုက်သည်။ ဖိတ်စာကို ကြည့်လိုက်တော့ အတော်လေးရိုးရှင်းပြီး လူကြိုက်များသောစတိုင်တစ်ခုဖြစ်သည်။ Tian Tian chen နှင့် သူ၏ စေ့စပ်ထားသူ ရှောင်အန်း တို့၏ အမည်များကိုလည်း ဖိတ်စာပေါ်တွင် ရေးသားထားသည်။

ဟုတ်တာပေါ့....ပွဲတက်ရောက်ဖို့ သူ့နာမည်ကိုလည်း ရေးထားတယ်။

ဒါက ရိုးရှင်းတဲ့ ဖိတ်စာပဲဖြစ်ဖြစ် တိုက်ပွဲခေါ်သံပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်း မသိရပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့က ဖိတ်စာကို လက်ခံထားပြီးသားပဲ။

"ချားလ်စ်၊ ခင်ဗျားနာမည်ကို အဲဒီပေါ်မှာ မရေးထားဘူး။"

Tang Feng က ဖိတ်စာကို ထိုဝက်ဝံရှေ့မှာ လှုပ်ပြရင်းပြောလိုက်တော့ အရည်ထူသည့် ချားလ်စ်က ခပ်တည်တည်ဖြင့်ပြောလိုက်သည်။

"ကိုယ်နဲ့ မင်းဟာ မိသားစုတစ်ခုပဲလေ။မင်းကို ဖိတ်တာ ကိုယ့်ကိုဖိတ်တာနဲ့အတူတူပေါ့"

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now