True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ်မှန်

1.2K 262 4
                                    

True Star - Volume _4 : Chapter (16) _ Lu Tian Chen ၏ သရုပ်မှန်



တံခါးခေါက်သံကြားတော့ Tang Feng က လမ်းလျှောက်လာပြီး တံခါးကိုဖွင့်လိုက်တော့ နတ်ဆိုးလေးက အပြင်မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ?" Tang Feng က မေးသည်။

"မင်းရဲ့ဝက်ဝံကောင်ကြီးက ဘယ်မှာလဲ" နတ်ဆိုးလေးက အေးစက်စွာ မေးခဲ့သည်။ Tang Feng ရောက်သွားသည့်နေရာတိုင်း Charles က သူ့ကို သောက်ဖင်ကိုရွှေ့ကာ  Tang Feng နောက် တကောက်ကောက်လိုက်နေသလိုပဲ။

တံခါးကနေ အထဲကို လှမ်းကြည့်လိုက်ပေမယ့် Charles ကို မတွေ့ရပေ။

"သူ ရေချိုးခန်းထဲမှာ ရှိနေတယ်၊ မင်း သူ့ကိုရှာနေတာလား" Tang Feng က နောက်ပြောင်ကာ ပြောလိုက်သည်။

"ချီးပဲ....ငါက သူ့ကို ဘာလုပ်ခိုင်းရမှာလဲ။"

အောက်ကိုငုံ့ကြည့်လိုက်တော့ နတ်ဆိုးလေးဟာ Tang Feng ရဲ့ ညဝတ်အင်္ကျီတွေကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

 "သွားပြီးတော့ မင်းရဲ့အဝတ်အစားတွေကို လဲလိုက်ဦး "

"ပြဿနာ တခုခုဖြစ်လို့လား "

စေ့စပ်ပွဲက  ပြန်လာတဲ့အခါ ရေချိုးပြီးတာနဲ့ သူ့အိပ်ယာဝင်ဖို့ ညအိပ်ဝတ်စုံ ပြောင်းလိုက်တယ်။ ဘာလို့ သူ့အဝတ်အစားတွေ ထပ်ပြောင်းနေရမှာလဲ။

"မင်းရဲ့သူငယ်ချင်း ချန်မင်ရွှိ မူးနေပြီ၊ နောက်ဆုံး ကျန်းမျိုးရိုးနဲ့ လူက သူ့ရဲ့ ညံ့ဖျင်းတဲ့  ဂျူနီယာ ကျောင်းသူလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ အလုပ်ရှုပ်နေပြီး အခု ချန်မင်ရွှိက သူ့ကို စောင့်ရှောက်ပေးမယ့်သူ မရှိဘူး။ မင်း သွား မကြည့်ဖူးလား။"

"ငါက လူတွေကို ဂရုမစိုက်တတ်ဘူး။ ချန်မင်ရွှိရဲ့ အခန်းက ဘယ်မှာလဲ မင်းသိနေသားပဲ။ ငါကိုယ်တိုင် သွားခေါ်မှ ဖြစ်မှာလား။  "

အဲ့ဒီနောက်မှာ  နတ်ဆိုးလေးက Tang Fengက သူ့ကို ခိုင်းမှာစိုးလို့ ထွက်ပြေးသွားတော့သည်။

"တစ္ဆေတစ်ကောင်လို မြန်မြန်ပြေးတော့တာပဲ"  

ချန်မင်ရွှိ တစ်ခုခုဖြစ်မှာကိုကြောက်လို့ Tang Feng က သူ့အဝတ်အစားလဲဖို့ အချိန်မရှိလို့ ခေါင်းယမ်းလိုက်တယ်။ သူသည် အိပ်ယာဘေးတွင် မှတ်စုတစ်စောင်ရေးပြီး သူ့အိပ်ဝတ် အဝတ်စားပေါ်တွင် အပေါ်ထပ် တစ်ထည် ထပ်ဝတ်ကာ ချန်မင်ရွှီအခန်းဆီသို့ ပြေးသွားခဲ့သည်။

ပထမတော့ Tang Feng နှင့်   နှစ်ယောက်တည်း ချစ်ကမ္ဘာကြီး တည်ဆောက်ရာမှာ အနှောက်ယှက်ကင်းစေဖို့  Charles သည် ချန်မင်ရွှီနှင့် နတ်ဆိုးလေး၏အခန်းကို သူတို့ဘေးခန်းမှာ ယူရမယ့်အစား   သူတို့အပေါ်ထပ်တွင် တမင်စီစဉ်ပေးခဲ့သည်။

ဓါတ်လှေကားမှ အပေါ်ထပ်သို့ Tang Feng သည် တက်လာပြီး ချန်မင်ရွှီ၏ အခန်းနံပါတ် 035 သို့ တိုက်ရိုက်သွားခဲ့သည်။

မှန်တယ်...အဲ့ဒီမှာ ဒီအဖြစ်ပျက်တွေကို ကြုံလိုက်ရတော့တာပဲ။
 

တံခါးဖွင့်ထားလို့  သူ သိပ်ပြီး မစဉ်းစားခဲ့လိုက်ဘူး။ သူဝင်ပြီးပြီးချင်းမှာပဲ နတ်ဆိုးလေးက  ဘေးတံခါးကနေ ခုန်ထွက်လာတယ်။ အခန်း နံပါတ် 035 ကို မည်သူမျှမမြင်ခင် သူက လဲလှယ်ခဲ့သည်။

Tang Feng ဝင်သွားသည့် အခန်းသည် အမှန်တကယ်က နံပါတ် 037 ဖြစ်သည်။

ဟီး...ဟီး

ကျေနပ်စွာ ပြုံးရင်း လုပ်ကြံမှုကြီးရဲ့တရားခံ ဖြစ်တဲ့ နတ်ဆိုးလေးက နောက်ပြန်လှည့်ပြီး အခန်းတံခါးကို ပိတ်လိုက်တယ်။

"ဘာရယ်နေတာလဲ... ဟယ်လို မင်းက ဘာလို့ ငါ့အခန်းကို လာနေနေရတာလဲ"

ချန်မင်ရွှီက တစ်ဖက်က ရယ်နေတဲ့ နတ်ဆိုးလေးကို ထူးထူးခြားခြားကြည့်ရင်းမေးလိုက်သည်။ နတ်ဆိုးလေးက  ရုတ်တရက် သူ့အခန်းထဲကနေ  ပြေးထွက်သွားပြီး ပြန်လာတော့ ရယ်နေသဖြင့် သူလည်း ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။

Tang Feng အနား ရုတ်တရက်ပေါ်လာတဲ့ ဒီလူအတွက် ချန်မင်ရွှိက တဖက်လူက Tang Feng က အချိန်အတော်ကြာအောင် ငှားထားတဲ့ အစေခံတစ်ယောက်လို့ ထင်ခဲ့ပေမယ့် အစေခံအနည်းငယ်သာ ရုပ်ရည်ချောမောတယ် မဟုတ်လား။

"ဘာလို့ ....ငါ ဒီအခန်းထဲ ရောက်နေတာလဲ၊ ငါ လာလို့ မရဘူးလား"

နတ်ဆိုးလေးသည် ချန်မင်ရွှိ၏ အိပ်ယာကို မျက်နှာမူကာ မှုန်ကုပ်ကုပ်နှင့် ကြည့်လိုက်ပြီး တချက်ပြုံးရင်းပြောလိုက်သည်။

  "ငါထွက်သွားမှာ မဟုတ်ဘူး။"

"မင်း သဘောပဲ"

ချန်မင်ရွှီသည် နတ်ဆိုးလေးကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေး ရေချိုးရန် ရေချိုးခန်းသို့ သွားခဲ့သည်။

ဒီလက်သီးက သဲအိတ်ကို ထိုးနှက်သလို အားနည်းလှတယ်။ မာရ်နတ်ငယ်လေးသည် တဟင့်ဟင့်နှင့် ရယ်မောကာ ရေချိုးခန်းထဲ ဝင်ရောက်သွားသည်၊ ဒီကောင်လေးက  တကယ်ကို ရယ်စရာကောင်းသူဖြစ်သည်။

ကုတင်ပေါ်ပြန်လှဲချလိုက်ရင်း ရေတွေ စီးကျနေသည့် ရေချိုးခန်းကို ကြည့်လိုက်တော့ ရုတ်တရက် အိပ်ပျော်သွားသလို ခံစားလိုက်ရတယ်။ ရေသံကို အမှတ်မှားသံကဲ့သို့ နားထောင်ရင်း မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။

ဘေးအခန်းက Tang Feng က အခန်းထဲဝင်သွားတော့ ဘာမှ မှားနေတယ်လို့ မထင်ဘူး။ တစ်ချိန်တည်းတွင် ဟိုတယ်ရှိ အခန်းများ၏ အပြင်အဆင်က တူညီနေသည်။ ပထမတစ်ချက် ကြည့်လိုက်ပေမယ့် ကွာခြားချက်လုံးဝမရှိပါ။

"မင်ရွှိ?" Tang Feng သည် ချန်မင်ရွှိ ကို မမြင်ရလို့ အိပ်ခန်းထဲသို့ လျှောက်သွားတော့ အိပ်ခန်းသည် သန့်ရှင်းနေပြီး အရင်တခါက မြင်ရတဲ့ ရှုပ်ပွနေသလိုမဟုတ်ပေ။ အရင်တခါက အခန်းကို မြင်ရစဉ်က ချန်မင်ရွှိက  ဆိုဖာပေါ်ပစ်ချလိုက်သော အိတ်နှင့် ခရီးဆောင်အိတ်များဖြင့်  ပွနေသည်။ အခု ဒါတွေ မရှိပေ။

"ထူးဆန်းလိုက်တာ...လူတွေကော"

အိပ်ခန်းထဲကို လှည့်ကြည့်လိုက်ပြီးနောက် Tang Feng က ရေချိုးခန်းထဲက ရေသံကို ကြားလိုက်ရတယ်။ ချန်မင်ရွှိက မူးမူးနဲ့ ရေချိုးခန်းထဲ ပြေးသွားတာလား ? အရက်မူးနေသူသည် အိမ်သာတက်နေစဉ် အော့အန်နေတာလည်း  ဖြစ်နိုင်သည်။

သူက  အမြန်လျှောက်လာပြီး ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။ အတွင်းကလူကလည်း ရေချိုးခန်းထဲက အထွက်  နှစ်ယောက်သား တိုက်မိလုနီးနီးဖြစ်ခဲ့သော်လည်း ထွက်လာသည့်လူများမှာ ချန်မင်ရွှိ မဟုတ်ပေ။ အခုလေးတင်မှ စေ့စပ်ပွဲဖျက်သိမ်းခဲ့သည့်   Lu Tian chen ဖြစ်နေသည်။

"မင်း ဘာလို့ဒီမှာနေတာလဲ ချန်မင်ရွှိကော..."
Tang Feng လန့်သွားသည်။ သူသည် ရေချိုးခန်းထဲသို့ လှမ်းကြည့်လိုက်သည်။ ဘာမှမရှိပဲ လွတ်နေသည်။
  ချန်မင်ရွှိ ဘယ်မှာလဲ။

"ချန်မင်ရွှိလား...?"

 Lu Tian chen က ဒီလူ ဘယ်သူလဲဆိုတာ တွေးနေပုံပဲ။ သူ့မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ်ဖြင့် စဉ်းစားလိုက်စဉ် ချန်မင်ရွှိဆိုတာ Tang Feng နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အစီစဉ်မှုး Host တစ်ယောက် ဖြစ်ကြောင်း သတိရမိသည်။

"ငါ့အခန်းက ဒီမှာပဲလေ၊   တခြားဘယ်သူရှိမှာလဲ။"

Lu Tian chen သည် Tang Feng ကို စိုက်ကြည့်နေသည်။

Tang Feng သည် နတ်ဆိုးလေးက မူလကတည်းက Lu Tian chen ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော နောက်လိုက်လေး ဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားသည်။  သူ့ကို တစ်နေ့လုံး စားလိုက်သောက်လိုက် ဖြင့် သဘောကောင်းစွာ ထားခဲ့မိသည်ကို နောင်တရနေမိပြီ။ နောက်တခါ နတ်ဆိုးလေးကို   ကြမ်းပြင်ကို ဆယ်ကြိမ်လောက် သုတ်ခိုင်းချင်စိတ်ပေါ်လာမိသည်။


"တောင်းပန်ပါတယ်။ ကျွန်တော် အခန်းမှားသွားတယ်။"

စကားပြောပြီးနောက် Tang Feng လှည့်ထွက်သွားသည်။

ကွဲကွာသွားသော ချစ်သူများက ပြကန်လည် ဆက်သွယ်မှုများ မလုပ်သင့်ပေ။
 

"ငါ့ကို မစိမ်းကားပါနဲ့  Tang Feng။"

  ထိုကောင်လေး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး Lu Tian chen သည် လက်မလွှတ်ချင်ပုံဖြင့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"အင်း ကျွန်တော် သွားရတော့မယ်။ ကျွန်တော့် သူငယ်ချင်း မူးနေတာ။ ကျွန်တော် သူ့ဆီလာတာ အခန်းမှားသွားတယ်။"

Tang Feng က ထိုလူနှင့် နီးနီးကပ်ကပ် မနေချင်ပေ။
 

"ကိုယ့်ကို မလွမ်းဘူးလား?" Lu Tian chen သည် ခြေလှမ်းနှစ်လှမ်း တိုးလာပြီး Tang Feng ရှေ့ကို ကပ်လာသည်။
 

"Lu Tian chen၊ လွန်ခဲ့တဲ့တစ်လက ခင်ဗျားပြောခဲ့တာကို မေ့သွားပြီလား။ လက်လွှတ်လိုက်ကတည်းက တစ်ခါတည်း ပြီးသွားပြီ"
 

Tang Feng က ဒီလိုအချိန်မျိုးမှာ လွမ်းဆွတ်ခြင်း သို့မဟုတ် တမ်းတခြင်းအကြောင်း ပြောရတာ ပျင်းဖို့ကောင်းသည်ဟု ထင်သည်။
 

Lu Tian chen က တစ်ခုခုပြောခါနီးမှာ ရုတ်တရက် တံခါးခေါက်သံပေါ်လာသည်။

"ပုန်းနေလိုက်...စကားမပြောနဲ့။"

Tang Feng ကို လက်တစ်ဖက်ဖြင့် ရေချိုးခန်းထဲသို့ ဆွဲခေါ်သွားခဲ့ကာ Lu Tian chen သည် တံခါးကိုပိတ်လိုက်ပြီး Tang Feng ကို အပြင်ဘက်ကနေ သော့ခတ်ထားလိုက်သည်။

"ဟေး..."

သူ့လက်က ရေချိုးခန်းတံခါးကို ခေါက်လုနီးပါးဖြစ်သော်လည်း Lu Tian chen ၏ ယခုမြင်တွေ့နေရသော အသွင်အပြင်ကို တွေးရင်း Tang Feng က သက်ပြင်းတစ်ချက်သာချလိုက်ပြီး ရေချိုးခန်းထဲတွင် တိတ်တဆိတ်စယ နေခဲ့လေသည်။

အိမ်သာခုံမှာ ထိုင်ရင်း Tang Feng က Lu Tian chen ကို အရမ်းစိတ်ပူအောင် လုပ်နိုင်တဲ့သူက သူ့ရဲ့ ဖခင်ဖြစ်မလားလို့ တွေးနေသည်။

သေစမ်း..! ရွံ့စရာကောင်းတဲ့ နတ်ဆိုးလေးက သူ့ကို အသေသတ်ချင်နေတာပဲ...
 

ရေချိုးခန်းထဲတွင် ပုန်းနေသည့် Tang Feng သည် မကြာမီ တံခါးပိတ်သံကို ကြားလိုက်ရပြီး လူတစ်ဦး၏ နက်နဲသိမ်မွေ့သော အသံတစ်ခုထွက်ပေါ်လာသည်။

"ဒီနေ့ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။"

 ပထမရောက်ရောက်ချင်း ပြောလိုက်သည့် စကားက Tang Feng ကို အံ့အားသင့်စေတယ်။ Lu Tian chen ၏ဖခင်က Lu Tian chen ကို အပြစ်တင်ရန် လာနေပြီဟု သူ ထင်ခဲ့သော်လည်း သူက ဘယ်လိုလုပ်ပြီး သူ့သားကို ချီးကျူးနေတာလဲ။  ဒီလူတွေက တကယ်ကို ထူးဆန်းလှတယ်။

နောက်ပိုင်းတွင်၊ Tang Feng သည် Lu Tian chen ၏အသံကိုကြားရပြီး၊ အေးစက်သည်လည်းမဟုတ်၊ လှိုက်လှဲသည်လည်း မဟုတ်ပေ။ တဖက်လူက   သူ့အဖေဖြစ်သောကြောင့် အနည်းငယ်  ရင်းနှီးပုံတော့ပေါ်သည်။
 

"ကျွန်တော့်ရဲ့စွမ်းဆောင်ရည်ကို  အကဲဖြတ်ဖို့ မလိုအပ်ပါဘူး။ ခင်ဗျား ရဲ့စွမ်းဆောင်ရည်လည်း ဟာကွက် မရှိတဲ့အပြင် ကြောက်စရာကောင်းတယ်လို့ ကျွန်တော် ထင်တယ်။"

Lu Tian chen က သူ့အဖေကို ဒီလိုပြောရဲတယ်။

"သြော် ..မင်းက ဒီလိုပြောတယ်ပေါ့" လူလတ်ပိုင်းလူကြီးက လှောင်ရယ်နေပုံရသည်။

"ဒီမိန်းမနဲ့ စေ့စပ်လိုက်တာက ကျွန်တော့် အတွက် ဘာကိုဆိုလိုသလဲ ဆိုတာ သိပါလျက်နဲ့ ခင်ဗျားက  Tang Feng သိအောင် တမင်တကာ ပြောလိုက်တာ။ ကလေးတစ်ယောက်လို မိုက်မဲမနေပါနဲ့။"

Lu Tian chen က တဖက်လူကို စွပ်စွဲတယ်။

" Tang Feng ရဲ့ လာရောက်လည်ပတ်မယ့် အချိန်ဇယားကို သိပြီး ခင်ဗျားရဲ့ လူတွေက Tang Feng ဆီကို တမင်တကာ ချဉ်းကပ်ပြီး စေ့စပ်ဖို့ အမျိုးသမီးတစ်ယောက်ကို ရှာခိုင်းပြီး သူတို့တည်းခိုတဲ့ ဟိုတယ်မှာ စေ့စပ်ပွဲ နေရာကို သတ်မှတ်ခဲ့တယ်။ "

" မင်းကို မကောင်းတဲ့ အရသာလေးကို ခံစားရအောင် လုပ်လိုက်တာပဲ ။ မင်း ကျေနပ်ရဲ့လား။ "


ထိုလူလတ်ပိုင်းလူကြီးက ပြောလိုက်တော့ Lu Tian chen က ရယ်မောလိုက်သည်။

ဒီသားအဖ ကောင်းကောင်းပြောလို့မရဘူးလား။ Tang Feng သည်  သူ လိုချင်သောအဖြေကို ရခဲ့ပြီး ထိုလူက တကယ်ကို Lu Tian chen ၏ဖခင်ဖြစ်နေခဲ့သည်၊ သို့သော် Lu Tian chen ၏စေ့စပ်ထားသူကိုပင် ရှောင်တခင်ရှာတွေ့နိုင်မည်ဟု မမျှော်လင့်ထားမိပေ။

"ဖန်သားပြင်ပေါ်က စွဲမက်ဖွယ်ကောင်းတဲ့ ကြယ်ပွင့်ကြီးတွေက အပြင်မှာ ဆွဲဆောင်မှုရှိ မရှိကို ငါ သိချင်တယ်လေ၊ ဒါမှမဟုတ် တခြားကြယ်ပွင့်တွေလို ကောက်ရိုးအိတ်နဲ့ တူသလားဆိုတာ ကြည့်ချင်လို့ ငါ လုပ်ခဲ့တာပဲ"

 လူလတ်ပိုင်းအရွယ်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။

" အဲလ်ဘတ်နဲ့ ချားလ်စ်တို့ ပြုစုစောင့်ရှောက်ပေးနိုင်တဲ့ သူက  သူ့ရဲ့ ကျက်သရေရှိတဲ့ ဘယ်အရာက မင်းရဲ့စိတ်ကို ဆွဲဆောင်နေတယ်ဆိုတာ ငါသိချင်တယ်။"

" သူက လောဘအရမ်းကြီးတယ်၊ သူ လိုချင်တာကို ကျွန်တော် မပေးနိုင်ဘူး။"

"လောဘကြီးတာက ကောင်းတဲ့အရာပဲ၊ ဘာကိုတောင်းရမှန်းမသိဘဲ ဘာပေးရမယ်မှန်း မသိတာထက် ပိုကောင်းတယ်" ဟု လူလတ်ပိုင်းအရွယ် အမျိုးသားက ဆက်ပြောသည်။

"Tian chen၊ မင်းက ငါအရင်က ပြုစုပျိုးထောင်ခဲ့တဲ့ ကလေးပဲ။ ငါ့ကိုစိတ်မပျက်စေနဲ့။ ယောက်ျားတွေနဲ့ ကစားရတာ အဆင်ပြေပေမယ့် ခံစားချက်တွေက မင်းအတွက်ပဲဖြစ်ပြီး ဘယ်သူ့ကိုမှ ပေးလို့မရဘူးဆိုတာ သတိရဖို့လိုတယ်။"

ခေတ္တနားပြီးနောက် တဖက်လူက ဆက်ပြောခဲ့သည်။

  "လူတစ်ယောက်ကို သတ်ပစ်နိုင်တာ ခံစားချက်ပဲ၊ ခံစားချက်တွေက မရှိသင့်ဘူး။ ဒါပေမယ့် ခံစားချက်ကို ငါတို့ လက်နက်အဖြစ် အသုံးပြုလို့တော့ရတယ် "

" ဒီစကားတွေ ခင်ဗျား ကျွန်တော့်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောပြီးပြီ၊ အခု ကျွန်တော့် အခန်းထဲက ထွက်သွားတော့"

Lu Tian chen က လူကို မောင်းထုတ်လိုက်သည်။
 

"မင်း အခု ပိုကောင်းလာတာ ငါ သိပါတယ်၊ ဒါပေမယ့် Lu မိသားစုရဲ့ အကြီးအကဲက ဘယ်သူလဲ၊ အဖွဲ့အစည်းရဲ့ နာယက က ဘယ်သူလဲဆိုတာ မမေ့ပါနဲ့။"

မသွားခင် Lu Tian chen ရဲ့အဖေက ဆက်ပြောခဲ့သည်။

 "Albert နဲ့ Charles က သူ့ကို တန်ဖိုးထားတယ်ဆိုရင်တောင် ပစ်မှတ်စာအုပ်မှာ Tang Feng တစ်ယောက်ကြောင့်  စာရင်းသွင်းခံရဖို့အထိတော့ သူတို့ စိတ်မဝင်စားပါဘူး။ ဒီလူဟာ ဒီကမ္ဘာကြီးကနေ လုံးလုံးလျားလျား ပျောက်ကွယ်သွားလိမ့်မယ်။ သူက မနက်ဖြန်မနက်အထိတောင် အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး။"

Lu Tian chen က ထိုလူရဲ့စကားကို လျစ်လျူရှုရင်း ပြောလိုက်သည်။

 "အဲ့ဒါက ခင်ဗျား ဖြစ်ချင်တဲ့ဟာပဲလေ"
 

"သူ့ဘဝက ငါ့ဘဝနဲ့ ယှဉ်လို့မရဘူး"
 ခြေသံ ခပ်ပါးပါးနဲ့ နောက်ဆုံးတော့ တံခါးပိတ်သံကို ကြားလိုက်ရသည်။

သားအဖကြားက စကားစမြည်ပြောသမျှကို Tang Feng က အိမ်သာအဖုံးပေါ်မှာ ပေါင်မုန့်လေးတစ်လုံးလို ငြိမ်ငြိမ် ထိုင်နေပြီး နားထောင်သေနည်။  Lu Tian chen က ရေချိုးခန်းတံခါးကို ပြန်မဖွင့်မချင်း သူအဲဒီမှာ ထိုင်နေတုန်းပါပဲ။

"မင်းလည်း လူသတ်သမားလို့ ကျွန်တော့်ကို တစ်ခါမှ မပြောဖူးဘူး။"

Tang Feng သည် Lu Tian chen ၏ ကျွမ်းကျင်မှုနှင့်  လျင်မြန်သည်ကို သိသော်လည်း Lu Tian chen ကို လူသတ်သမား ဆိုသည့် ပုံရိပ်နှင့် မတွဲမိခဲ့ပေ။
 

"လူတော်တော်များများရဲ့ သွေးတွေက ငါ့လက်ပေါ်မှာ စွန်းထင်းနေတယ်။"

တစ်ဝက်လောက်ထိုင်ချလိုက်ပြီး Lu Tian chen က သူ့ရဲ့သန့်ရှင်းတဲ့လက်ကိုဖွင့်ပြီး Tang Feng ရှေ့မှာဖြန့်လိုက်ပါတယ်။

" မင်းကို ညစ်ပတ်စေမှာ ငါ ကြောက်လို့ မင်းကို အကြိမ်ကြိမ် မထိရဲဘူး ။ "  

**********-************

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now