Volume _4 _ Chapter (15) _ ပျက်စီးသွားသည့် စေ့စပ်ပွဲ

1.3K 258 8
                                    


Volume _4 _ Chapter (15) _ ပျက်စီးသွားသည့် စေ့စပ်ပွဲ



ဂီတ၏ တေးသံသည် နားထဲတွင် ပဲ့တင်ထပ်နေပြီး ဒီ ကမ္ဘာက သူတို့နဲ့ ဝေးကွာသွားသလို ခံစားလိုက်ရသည်။
 

"ဒါဟာ ရူးသွပ်တာပဲ Charles"

  Tang Feng က ပြုံးကာ ပြောရင်း သက်ပြင်းချလိုက်ပြီး Charles ၏ပခုံးပေါ် သူ့ခေါင်းကို ညင်သာစွာ မှေးတင်ကာ တဖက်လူကို ဖက်ထားလိုက်သည်။ ထိုလူ၏ အစွမ်းထက်သောလက်များက သူ့ ကျောပြင်ကို ခိုင်မာစွာ  ပွေ့ဖက်လျက်ရှိနေသည်။

"ဒီအရူးကို မင်း ကြိုက်ရဲ့လား"

Charles က Tang Feng ကို ပွေ့ဖက်လိုက်ပြီး တီးတိုးမေးလိုက်သည်။  နောက်ဆုံးမှာတော့ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်လျက် သိမ်မွေ့သည့် တေးဂီတမှာ ဖြည်းညှင်းစွာ နှလုံးသားချင်း ပေါင်းစည်းခဲ့သည်။ သူတို့လက်တွေကိုလည်း မြဲမြဲ ဆုပ်ကိုင်ထားကြသည်။

"ခင်ဗျားကိုတွေ့တဲ့နေ့ကစပြီး ကျွန်တော့်ဘဝဟာ ရူးသွပ်မှုတွေ၊  စိတ်လှုပ်ရှားစရာတွေနဲ့ အံ့သြစရာတွေ ပြည့်နှက်နေတယ်ဆိုတာ  သိလိုက်ရတယ်။"

 အခု သူ့မှာ ဒီလိုဘဝမျိုး ရှိနေပြီ၊ အရင်ဘဝက မွေးရာပါ နှလုံးရောဂါကြောင့် သူ့တစ်သက်လုံး စိတ်ကူးမယဉ်ရဲတဲ့ ဘဝတစ်ခုကို သူ အခု ပိုင်ဆိုင်ထားနိုင်ပြီ။

"အခု ဘဝကို သဘောကျတယ်။ နည်းနည်းရူးနေပေမယ့်  ဒါက ကျွန်တော်နဲ့  ပိုကိုက်ညီသလိုပဲ။ ကျွန်တော်က  ပုံမှန်ဘဝအတွက် ငြီးငွေ့နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် အခု အရူးတစ်ယောက်ကို ချစ်မိသွားပြီး ရုတ်တရက် ပိုငယ်သွားသလို ခံစားလိုက်ရတယ်။"

Charles ရဲ့လည်ပင်းကို သူ့ပါးနဲ့ ညင်သာစွာ ပွတ်သပ်ရင်း  Tang Feng က ညည်းညူကာ ပြောလိုက်သည်။

ဤသေးငယ်သောလှုပ်ရှားမှုလေးက  Charles တစ်ယောက် အရည်ပျော်သွားစေလောက်အောင်ပင် စိတ်လှုပ်ရှားစေခဲ့သည်။

"ဘေဘီ... မင်း အရမ်းငယ်ပါသေးတယ်။"

Charles က Tang Feng ကို သူ့ရင်ခွင်ထဲမှာ တစ်ချိန်လုံး သိမ်းဆည်းထားဖို့ မစောင့်နိုင်တော့ဘူး။

Tang Feng က တိတ်တိတ်လေး ပြုံးလိုက်တယ်။ သူ့ရဲ့စိတ်သက်က မငယ်တော့ပေမယ့် အခု သူ ယူထားတဲ့ မူလကိုယ်က တကယ်ငယ်ပါသေးတယ်။

ယနေ့ ပွဲက Lu Tian chen ၏ စေ့စပ်ပွဲဖြစ်ပြီး  Tang Feng သည် သတို့သားလောင်း၏ ထင်ရှားကျော်ကြားမှုကို သိမ်းပိုက်ထားရန် မရည်ရွယ်ပါ။ သူသည် Charles နှင့်အတူ ဂုဏ်ပြု အရက်သောက်ပြီးနောက် အကကြမ်းပြင်မှ  ထွက်လာခဲ့သည်။

Lu Tian chen မှ ဖိတ်ကြားထားသော ဧည့်သည်အချို့ကို Charles က သိနေသည်။ အသိမိတ်ဆွေတွေ ဆုံပြီး စကားစမြည်ပြောဖို့ဆိုတာ မလွဲမသွေ ကြုံရမယ့် အရာပါပဲ။ Tang Feng သည် အနားမှာ ရပ်ကာ အခြားသူများပြောနေသည့် စကားများကို နားထောင်လိုစိတ်ရှိသည်။

လူအနည်းငယ်က Lu Tian chen အကြောင်းကို လွယ်လွယ်ကူကူပြောကြသည်။ စေ့စပ်ပွဲ အခမ်းအနားသို့ လွန်ခဲ့သည့် နှစ်ရက်နီးပါးလောက်မှ ဖိတ်ကြားခံခဲ့ရခြင်းကြောင့် လူတိုင်း အလောတကြီးဖြစ်ကာ လေယာဉ်ဖြင့် ရုတ်တရက်လာခဲ့ရသည်ဟု    လူတိုင်းက ပေါ့ပေါ့ပါးပါး ပြောနေကြသည်။  

ဒါပေမယ့် နည်းနည်းဝေးတဲ့ သူတွေက လက်ဆောင်တွေ ပို့ပေးရုံသာ တတ်နိုင်ပြီး ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပေ။  

ဤဖိတ်ကြားချက်ကို ပေးပို့သည့် အချိန်သည် Tang Feng ၊ စီနီယာကျန်းနှင့် ချန်မင်ရွှီတို့နှင့် လွီစန်းတောင်ကို  လာရန် ဆုံးဖြတ်သည့်နေ့ဖြစ်သည်။ ထိုသို့သောအရာက တိုက်ဆိုင်မှုမဟုတ်သော်လည်း Lu Tian chen သည် ဒီလို ကြိုတင် မပြင်ဆင်ပဲ စေ့စပ်မည့် လူမျိုး မဖြစ်နိုင်ပေ။  အလောတကြီးထကာ စေ့စပ်လိုက်ပြီး ချို့ယွင်းချက်ရှိသော အစီအစဉ်သည် လူများကို ရယ်မောစေခဲ့သည်။

"မင်း ဘယ်လိုထင်လဲ?"

ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီးနောက် Tang Feng နှင့် Charles တို့သည် ဘယ်သူမှ မရှိသည့် ဘေးနားသို့ လျှောက်သွားကြသည်။ လူနှစ်ဦးကြားတွင် ရင်းနှီးဟန်ရှိသော စကားပြောဆိုမှုက ပတ်ဝန်းကျင်က လူတွေကို ထူထဲသည့် တံတိုင်းတစ်ခုနီးပါး ကာဆီးထားသလို ဖြစ်ကာ  ဉာဏ်ကောင်းသူများသည် ယခုအချိန်တွင် သူတို့စုံတွဲကို အနှောင့်အယှက်ပေးမည်မဟုတ်ပေ။

တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူ ချစ်မိသည့်အခါ အတူတူရပ်နေတဲ့ အချိန် အချစ်ငွေ့တွေ ထွက်နေသလို ဖြစ်ပြီး လူတွေအမြင်မှာပင်  တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
 

သူတို့နှစ်ယောက်က အစတုန်းကတော့ လိုက်ဖက်မှုမရှိပေမယ့် နောက်ပိုင်းမှာ   ကွဲကွာသွားခဲ့ပြီးနောက် သူတို့ နှလုံးသားကို သေချာနားလည်ခဲ့သည်။ အခုအချိန်အထိ သူတို့နှစ်ယောက်လုံး အတူတကွ ရပ်တည်နေနိုင်ခဲ့လေပြီ။
 

"နည်းလမ်းကို တီထွင်ခဲ့သူက နည်းနည်းတော့ မိုက်မဲတာပဲ ဖြစ်ဖြစ် ... တုံးအတာပဲဖြစ်ဖြစ် တခုခုပဲ။ တခြားသူက ငါ့ကို အလေးအနက်မထားဘူး လို့ဆိုပေမယ့် ငါတောင် ဒီလိုမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။"

Tang Feng ပခုံးတွန့်လိုက်သည်။
 "နောက်ပိုင်းက ဒါက ဟန်ဆောင်လုပ်ထားတဲ့ ပိုဖြစ်နိုင်ခြေ များလာတယ်လို့ ထင်ရတာပဲ။"

Lu Tianchen ရဲ့ စေ့စပ်ထားသူ ရှောင်အန်း ပြောခဲ့သလိုပဲ Tang Feng က ဘယ်လောက်ပဲ နာမည်ကြီးနေပါစေ တချို့လူတွေရဲ့အမြင်မှာတော့ ဒီလူက သူတို့ကို ဖြော်ဖြေပေးရတဲ့ လူပျက်သာသာပဲ။   

"ဒါဟာ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်။"

Tang Feng ခေါင်းခါလိုက်သည်။ ဒီလိုရယ်စရာကောင်းပြီး ငြီးငွေ့စရာကောင်းတဲ့ အရာတွေကို Lu Tian chen က လုပ်ဆောင်ခဲ့တာကို သူ မယုံပေမယ့် Lu Tian chen ကို သူ့ရင်ထဲကနေ မဖယ်ရှားနိုင်ခဲ့ဘူးဆိုတာ သိသာထင်ရှားပါတယ်၊ နောက်ကွယ်ကလူကတော့ Lu Tian chen နဲ့ နီးစပ်သူ ဖြစ်နိုင်ချေများတယ်၊ ဒါမှမဟုတ်ရင် သူ ဒီကိုလာမယ့်အချိန်ကို ချိန်ကိုက်ပြီး ဒီလိုလုပ်ခဲ့မှာမဟုတ်ဘူး။

  စေ့စပ်ပွဲကို ပြည်နယ်တစ်ခုက မြို့လေးမှာ စီစဉ်ထားတာမျိုးက တကယ် ထူးဆန်းလွန်းလှသည်။


Tang Feng သည် စေ့စပ်ပွဲကျင်းပမည့်နေရာကို စီစဉ်ပြီး ဖိတ်ကြားပိုင်ခွင့်ရှိသည့် လူက ဘယ်သူဆိုတာ အပင်ပန်းခံပြီး   စဉ်းစားရန် မလိုအပ်ပေ။

"Lu Tian chen ရဲ့ မိဘတွေကို ခင်ဗျား တွေ့ဖူးလား။" Tang Feng က မေးလိုက်သည်။

သူနှင့် Lu Tian chen သည် အချိန်အတော်ကြာ ရင်းနှီးလာခဲ့သူများဖြစ်သည်။ Lu Tian chen ၏မိသားစုထံ ဒီလို ထူးဆန်းထွေလာ အဖြစ်အပျက်ကို မသိစရာ အကြောင်း မရှိပေ။ တကယ်လို့  Lu Tian chen ၏ ဆွေမျိုးများက ဒီအကွက်ကို ထုတ်သုံးခဲ့မည်ဆိုရင် သေချာတာက တဖက်လူက သူ့ကို ကန်ထုတ်ချင်လို့ လုပ်ခဲ့တာပဲ။
 
ဒါပေမယ့် ဒါက ဘာလဲ။ သူနှင့် Lu Tian chen သည် ပြတ်ပြတ်သားသား လမ်းခွဲပြီးသား မဟုတ်လား။
 
တဖက်လူက  Lu Tian chen သို့မဟုတ် သူ့ကို စမ်းသပ်လိုခြင်း သို့မဟုတ် Lu Tian chen နှင့် သူရဲ့ အကြားက အချစ်ဇာတ်လမ်းက လုံးဝ မဖြစ်နိုင်တော့ကြောင်း ပြောရန်အတွက် စေ့စပ်ပွဲအခမ်းအနားတစ်ခု အသုံးပြုလိုက်တာ   ဖြစ်နိုင်သည်။

"တကယ်တော့ Lu Tian chen နဲ့ ကိုယ်က အတန်းဖော်တွေအဖြစ် နှစ်ပေါင်းများစွာ ပေါင်းလာပေမယ့် သူ့အဖေ ဒါမှမဟုတ် အမေအကြောင်းကို ပြောတာကို ကိုယ် တစ်ခါမှ မကြားဖူးပေမယ့် သူ့ရဲ့ အေးစက်တဲ့ ကိုယ်ရည်ကိုယ်သွေးကိုကြည့်ရင် ဒါက ရင်းနှီးမှုမရှိတဲ့ မိသားစုဆိုတာ ရှင်းနေတယ်လို့ ကိုယ်ထင်တယ်"
 

Charles က ပခုံးတွန့်ပြီး ပြောလိုက်သည်။

 "သူဟာ သူ့မိဘတွေနဲ့ ဆက်ဆံရေး မကောင်းဘူး။"

Tang Feng နှင့် ချားလ်က Lu Tian chen အကြောင်းပြောနေသည်ကို ခဏရပ်လိုက်သည်။

အခမ်းအနားမှူးနှင့်တူသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည်  စင်မြင့်ပေါ်သို့ လှမ်းတက်ကာ မိုက်ခရိုဖုန်းကို လက်ဖြင့် ပုတ်လိုက်ရာ ပွဲရုံအတွင်းရှိ သီချင်းသံများ ရပ်တန့်သွားသည်။

စကားစမြည်ပြောရင်း အရက်သောက်နေကြတဲ့လူတွေက စင်ပေါ်ကို မြန်မြန် အာရုံစိုက်လာကြတယ်။

"အခု စေ့စပ်ပွဲကို တက်ရောက်လာတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..."

ဒါက နိုင်ငံတစ်ခုရဲ့ပွဲမှာ အကြီးကဲတစ်ယောက်ရဲ့ အဖွင့်မိန့်ခွန်းထက် ဘာမှ မပိုပေ။ Tang Feng သည် ဒါကို သိပ်ဂရုမစိုက်ဘဲ Lu Tian chen ဘေးတွင် သူ့ကဲ့သို့ ထင်ရှားပြတ်သားသော အကြည့်များရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးရှိကြောင်း တွေ့ရှိခဲ့သည်။ ဆံပင်နှစ်ချောင်းက အနည်းငယ်ဖြူနေပေမယ့် ထိုလူတွေက ကြည့်ရတာ အသက်ကြီးပုံမပေါ်သလို၊ သူက အရမ်းချောတဲ့လူ သတ်လတ်ပိုင်း လူကြီးတစ်ယောက်ဆိုတာ ထင်ရှားသည်။
 

Tang Feng ကို အထင်ကြီးစေသည့် အရာမှာ တစ်ဖက်လူ၏ စိတ်နေစိတ်ထားက Lu Tian chen နှင့် ဆင်တူနေခြင်းဖြစ်သည်၊ ခက်ခက်ခဲခဲ ဇွဲလုံ့လ အပြည့်ဖြင့် သူတို့လိုချင်သည်ကို ရအောင် ယူမည့် ပုံစံက သတ်လတ်ပိုင်းလူကြီးမျက်နှာထက်တွင် ထင်ဟပ်နေသည်။

  Lu Tian chen က  သူ့အမူယာကို  ထိန်းထားနိုင်ခဲ့ပေမယ့်  ပြတ်သားပြီး ချောမောတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားဟာ လွှမ်းမိုးချုပ်ကိုင်မှုကို ပွင့်လင်းစွာ ထုတ်ဖော်ပြသနေသည်။
 

ဤလူသည် Lu Tian chen ၏ဖခင်ဖြစ်ရမည်။

Tang Feng သည် လူတစ်ယောက်ကို တစ်ချက်ကြည့်ရုံနှင့် ထိုကဲ့သို့ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသည်၊ အထူးသဖြင့် Lu Tian chen နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့ အတူတကွ ရပ်တည်နေချိန်တွင် ဒီမြင်ကွင်းက  အထူးလေးနက်သည်ဟု ခံစားရပြီး Lu Tian chen သည် အနှစ်သုံးဆယ်ကြာပြီးနောက် ရေခဲမှ ကျောက်ရုပ်အဖြစ်သို့ အဆင့်မြှင့်တင်လာမည်ကို မျက်မြင် တွေ့မြင်နေရသလိုပင်။
 

"အဲဒါက သူ့အဖေပဲ။ သူတို့ သားအဖရဲ့ မျက်နှာပေါက်နဲ့ စိတ်နေစိတ်ထားက တစ်ထပ်တည်းပဲ"
 

Charles နဲ့ Tang Feng တို့ဟာ တူညီအတွေးတွေရှိကြသည်။

" ဟား၊ သူတို့တွေက   မျက်နှာထားပုပ်သိုးတဲ့ မိသားစုတွေလား။ "

Tang Feng က Charles နဲ့ တံတောင်ဆစ်ကို တိုက်ကာ သတိပေးလိုက်သည်။

 "ဟေး၊ အသံမထွက်နဲ့လေ။"

Charles က ပခုံးတွန့်ကာ မနှစ်သက်စွာနဲ့  တီးတိုးဆက်ပြောလိုက်သည်။

"ကိုယ့်ရဲ့ ချစ်လှစွာသော ဖခင်ကြီးက  ကြောက်စရာကောင်းလှပေမယ့် ကိုယ့်ရဲ့ လှပပြီး ချစ်စရာကောင်းတဲ့ မေမေ လင်ဒါရှိနေတာ တော်သေးတယ်။ ဒါကြောင့် မင်း စိတ်သက်သာရာရပြီး  ပိုပျော်လာတယ်လို့ ခံစားမိလား"

"ခင်ဗျား အမေကို ကျွန်တော့် ဆီလာခိုင်းတဲ့အကြောင်း ပြောနေတာလား။ "
Tang Feng သတိရသွားတယ်။

Charles က တ ဟား ဟားနှင့်ရယ်မောကာ ပြောလိုက်သည်။

" သူက သူ့ချွေးမကို တွေ့ချင်နေတာလေ"

"မှားတယ်၊ သားမက်ဖြစ်ရမယ်။"

"Tang Feng က ပြင်တယ်။

"မှန်တယ် ...မှန်တယ်...သူမရဲ့ သားမက်လေး။"

Charles  က ရယ်မောပြီး ဖွင့်ပြောပြီး အဲဒီလူကို ပွေ့ဖက်လိုက်တယ်။

" ချစ်လှစွာသောခင်ပွန်းလေး... မင်းစားပြီးရင်   နောင်မှာ ငါတာဝန်ယူမယ်၊ မင်းကို အမြဲတမ်း လျှောက်သွား ခွင့်မပြုဘူး။ "

ဒီကောင်က အရှက်မရှိ ပြောတတ်တာပဲ။ ညက အိပ်ယာထဲမှာ ဘယ်သူက ဘယ်သူ့ကို စားခဲ့တာလဲ။
 
Tang Feng သည် Charles အား တံတောင်ဆစ်ဖြင့်တွတ်ကာ ယဉ်ကျေးစွာ အဖြေပေးလိုက်သည်။

စင်မြင့်ထက်က လူက စကားပြောပြီးတဲ့အခါ၊ ဒီအချိန်မှာ Lu Tian chen က စင်ပေါ် တိုက်ရိုက်လိုက်ပြီး သူ့ရဲ့စေ့စပ်ထားသူ ရှောင်အန်းလက်ကို တွဲကာ  စင်ပေါ်ကို ခေါ်သွားတယ်။ နောက်ဆုံး သတို့သမီးလောင်း ရှောင်အန်း၏ မျက်နှာပေါ်တွင် အနည်းငယ် ရှက်ရွံ့သော အမူအရာ ပေါ်လာပြီး မနေ့က Tang Feng ကို လှောင်ပြောင်ချိန်မှာ တွေ့လိုက်ရသောအမူယာထက် အနည်းငယ် ပိုကောင်းလာသည်။
 

ဒါက စေ့စပ်ပွဲလား ဒါမှမဟုတ် တစ်ခုခုလား။ ဧည့်ခန်းမကြီးတစ်ခုလုံး၏ လေထုသည် အေးခဲသွားသည်။

"ရှောင်အန်း...ကိုယ့်ကို မင်း ပြောစရာရှိတယ် မဟုတ်လား။"

တိုက်ရိုက်စကားပြောဖို့ Lu Tian chen က သဘာပတိထံမှ မိုက်ခရိုဖုန်းကိုယူပြီး အမျိုးသမီးကို ပေးခဲ့သည်။

" သူတို့ကို တခါတည်း ကြားရအောင် ပြောလိုက်ပါ။"

အေးစက်စက် လူလတ်ပိုင်းအရွယ်လူက မျက်မှောင်ကြုတ်လိုက်ပေမယ့် ဘာမှ မပြောဘဲ တိတ်တိတ်လေး ကြည့်နေလိုက်သည်။

ရှောင်အန်းက သိသိသာသာ ထိတ်လန့်သွားပြီး လူတစ်ကိုယ်လုံးက ငှက်ကုလားအုတ်တစ်ကောင်လို တုန်နေပေမယ့် ခေါင်းညိတ်ပြပြီး Lu Tian chen ရဲ့လက်ထဲက  မိုက်ခ်ကို မကိုင်ဝံ့ ဖြစ်နေသည်။


"သူတို့ကို ပြောလိုက်ပါ"

ထပ်ခါထပ်ခါ ပြောလိုက်ရသည့်အတွက် သတို့သားလောင်း၏ လေသံက ပိုကျယ်လောင်လာပေမယ့် လေအေးတိုက်ခတ်မိသလိုမျိုး ပွဲခန်းတစ်ခုလုံး အေးခဲသွားစေတယ်။

ငိုချတော့မလို မျက်နှာနှင့် ရှောင်အန်း သည် တုန်တုန်ယင်ယင်ဖြင့် မိုက်ခရိုဖုန်းကို ယူကာ "ကျွန်မ ... ကျွန်မ ..."ဆိုပြီး ထစ်အနေသည်။

သူမက ကျယ်လောင်စွာ မပြောဝံ့သလို ရှေ့ဆက်မပြောဝံ့သဖြင့် အေးစက်သည့်    Lu Tian chen က လူသတ်လိုသည့် မျက်လုံးများဖြင့် ကြည့်လိုက်ရာ ကောင်မလေးက  မျက်ရည်များဝဲလာသည်။ သူမက ကြောက်ကြောက်နှင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်–

 "ကျွန်မက သူနဲ့ စေ့စပ်ထားတာမဟုတ်ဘူး၊  ကျွန်မ အိမ်ထောင်မပြုချင်ဘူး! အခု စေ့စပ်ပွဲကို ဖျက်တယ်..အားလုံး ပြီးသွားပြီ!  ဒုန်း......."

 မိုက်ကရိုဖုန်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ စင်မြင့်ပေါ်မှ အကြိမ်အနည်းငယ် လှိမ့်ဆင်းသွားကာ လူတွေက ကူကယ်ရာမဲ့စွာ သူမကို ကြည့်နေသည်။ ပျော်ရွှင်သော အမျိုးသမီးတစ်ဦးဖြစ်သင့်သည့် ရှောင်အန်းက ကျယ်လောင်စွာ အော်ဟစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

"ကျွန်မကို အတင်းမခိုင်းနဲ့တော့၊ အိမ်ပြန်ချင်တယ်၊ အိမ်ပြန်....!"

ထိုပြကွက်က အမိုက်စားဖြစ်ပြီး၊ Tang Feng သည်  သူ နားမလည်နိုင်သော အရာတစ်ခုကို မြင်သည်။

"ကောင်းပြီ၊ ဒီနတ်ဆိုးတွေကို ကြည့်စမ်း၊ မိန်းကလေးကို ဒီလိုပုံစံဖြစ်အောင် ခိုင်းနေတာ"

 Charles က Tang Feng ရဲ့ ပခုံးတွေကို သိုင်းဖက်ကာ သနားတဲ့အကြည့်နဲ့   ပျော်ရွှင်စွာပြောလိုက်သည်။

 "Baby၊ ဒီမိသားစုကို ခဏထားခဲ့လိုက်ရအောင်...သူတို့နဲ့ ဝေးဝေးနေဖို့  မမေ့နဲ့။  သူတို့က ထင်ထားသလိုပဲ အရမ်းပျင်းစရာကောင်းတဲ့ လူအုပ်စုပါ။"

တချို့လူတွေက ရှောင်အန်းကို အမြန်ကူညီဖို့ ပြေးလာပေမယ့် Lu Tian chen က ဒါတွေအားလုံးကို အေးအေးဆေးဆေး ရင်ဆိုင်ပြီး လူတိုင်းကို ပြောလိုက်သည်။

 "ဒီပွဲကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်၊ ကျေးဇူးတင် လက်ဆောင်ကို ပြန်ယူသွားဖို့ တောင်းဆိုချင်ပါတယ်။"

"ကောင်းပြီ၊ ဒီလက်ဆောင်တွေကြောင့် ငါ ပိုက်ဆံအများကြီး ချမ်းသာနိုင်ပြီကွ"

Lu Tian chen က ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည့် Charles ကို ကြည့်လိုက်သည်။

  ရည်ရွယ်ချက်ရှိရှိ သရုပ်ပြခြင်းကဲ့သို့ပင် Charles သည် ခေါင်းကိုစောင်းကာ Tang Feng ၏ပါးကို နမ်းကာ သိုင်းဖက်ရင်း    Lu Tian chen ကို ပေါ်တင် ပြုံးပြလိုက်သည်။

Tang Feng သည် နုံချာသော လူတစ်စုက သူတို့ကို စပ်စုသည့် အကြည့်တွေနဲ့ကြည့်လာတာကိုတွေ့ လိုက်ရသည်။

 
Lu Tian chen က သူ့ကို ဂရုမစိုက်သလို စင်ပေါ်ကနေ လှည့်ထွက်သွားတယ်။ သူ့အဖေကို တစ်ခုခု ပြောပြီး စတိုင်ကျကျ စင်ထက်မှ ဆင်းသွားတယ်။ Lu Tian chen မရှိတော့ပြီးနောက် လူလတ်ပိုင်းအရွယ်က ချက်ချင်းထွက်သွားတယ်။

"ငါတို့ပြန်ကြစို့။"

Tang Feng လည်း ထောက်ခံလိုက်သည်။

 "ဒီမှာနေရတာ အဓိပ္ပါယ်မရှိဘူး"

*******-******

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Место, где живут истории. Откройте их для себя