True Star_ Volume 3 _ Chapter 31: ဗင္းနစ္ ႐ုပ္ရွင္ပြဲေတာ္

3.4K 630 20
                                    

True Star_ Volume 3 _ Chapter 31: ဗင္းနစ္ ႐ုပ္ရွင္ပြဲေတာ္


" ခင္ဗ်ား ဘာေၾကာင့္ ဒီအေၾကာင္းေတြကို ကြၽန္ေတာ့္ကို ေျပာျပရတာလဲ "

" ကြၽန္ေတာ္ပဲ စိတ္ထင္လို႔လားမသိဘူး။ ခင္ဗ်ားက သူနဲ႔တူတယ္လို႔ ကြၽန္ေတာ္ အၿမဲခံစားရတယ္။ ဒါေၾကာင့္ သူ႔ကို မေျပာခဲ့ရတဲ့ စကားကို ခင္ဗ်ားကို ေျပာျပခ်င္ေနမိတယ္။ "

" ခင္ဗ်ားက သူ႔ကို ဘယ္လို စကားေျပာခ်င္လို႔လဲ "

" သူ႔ကို ကြၽန္ေတာ္ ခ်စ္တယ္။ အၿမဲတမ္းခ်စ္ခဲ့တယ္။ ဒါေပမယ့္ စိတ္မေကာင္းပါဘူး။ သူနဲ႔အတူ တမလြန္ကို လိုက္ပါဖို႔ ေပးခဲ့တဲ့ ကတိမတည္ဘူး။သူ႔ကို ကြၽန္ေတာ္ အဆုံးထိ အေဖာ္မလုပ္ေပးႏိုငိခဲ့တဲ့အတြက္ ကြၽန္ေတာ့္ ဘဝတစ္သက္တာမွာ ေနာင္တရေနခဲ့မိတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ သူ႔ကို ေတာင္းပန္ပါတယ္လို႔ ေျပာခ်င္တာပါ။ ဒါေပမယ့္ သူက ဘယ္ေတာ့မွ ႏိုးထလာေတာ့မွာ မဟုတ္ေတာ့ဘူး။ ဒီအခ်က္က ကြၽန္ေတာ့္ တသက္တာမွာ အၿမဲ စိတ္မခ်မ္းမသာျဖစ္ေနရမယ့္ အခ်က္ပဲ "

" ရွင္ဘာေၾကာင့္ ေကာ္ေဇာနီေပၚမွာ ၿပဳံးၿပီး ေလွ်ာက္လွမ္းလာရတာလဲ။ ရွင္က အင္တာဗ်ဴးကို လက္ခံေျဖၾကား ၿပီး ဖြင့္ပြဲကိုတက္ေရာက္မွာလား "
 
လုပ္ငန္းစဥ္တစ္ခုလုံးျမန္ဆန္ေနပုံရသည္။ အင္တာဗ်ဴး သမားေၾကာင့္ Harveyနဲ႔စကားစျပတ္ကာ Tang Feng အင္တာဗ်ဴး ေျဖလိုက္ရသည္။ ၿပီးေတာ့ အခမ္းနားစတင္ၿပီး ႐ုပ္ရွင္ပြဲေတာ္ဥကၠဌက မိန႔္ခြန္းေျပာေနစဥ္ Tang Feng  ရဲ႕အေတြးေတြဟာ Harvey ရဲ႕စကားေတြကို ျပန္စဥ္းစား ေနမိသည္။  အရင္ႏွင့္ မတူညီေသာ အေတြးျမင္ကို Tang Feng  သိျမင္လိုက္ရသည္။   Harvey သည္  မိသားစုတစ္ခုကိုတည္ေထာင္ရန္ သူ႔ကိုစြန႔္ခြာရန္ ေ႐ြးခ်ယ္ခဲ့သည္။ Harvey တြင္ ဇနီးႏွင့္သားသမီးမ်ား ရွိေသာ္လည္း သူက ေပ်ာ္ပုံမရေပ။

သူ႔ကိုယ္ပိုင္ ဆႏၵႏွင့္ ခ်စ္ျခင္းတရားကို ေက်ာခိုင္းခဲ့ေသာေၾကာင့္  ေနာင္တရေနၿပီး  သခ်ႋဳင္းသို႔မေရာက္မခ်င္း ထိုေနာင္တတရားက သူ႔ရဲ႕ စိတ္ႏွလုံးထဲတြင္ရွိေနေတာ့မွာ ျဖစ္သည္။

အမ်ိဳးသမီးတစ္ ဦးကို မခ်စ္ေသာ Harvey တြင္ ဇနီးရွိေနသည္။ သူ၏စိတ္ထဲတြင္ရွိေေနေသာ ဆႏၵကိုထုတ္ေဖာ္ႏိုင္ျခင္း မရွိႏိုင္ေတာ့ေပ။ Harveyက သူ႔ကို အမ်ားႀကီးေျပာခဲ့ေပမယ့္ အားလုံး ခ်ဳပ္လိုက္ရင္ သူ လက္လႊတ္လိုက္သည့္အရာကို ဘယ္ေတာ့မွ ျပန္မရႏိုင္ေတာ့သည့္အေပၚ စိတ္ဆင္းရဲေနျခင္းျဖစ္သည္ဟုTang Feng ေကာက္ခ်က္ခ်လိုက္မိသည္။

Feinns ေသသြားၿပီးၿပီျဖစ္သျဖင့္ ဒါေတြအားလုံးက  အတိတ္ေတြျဖစ္ သြားခဲ့ေလၿပီ။ အခုအခ်ိန္တြင္ သူက  Tang Feng အျဖစ္ ဘဝကို  ေရွ႕ဆက္သြားရန္ လိုအပ္ေနသည္။ ယခု သူသည္ခ်စ္ျခင္းေမတၱာႏွင့္ မိသားစုကို လ်စ္လ်ဴရႈတတ္ေနၿပီ။ ဒီလို စိတ္ကူးယဥ္မႈကို လိုခ်င္ေနေသာ ေကာင္ေလးလည္း မဟုတ္ေတာ့ေပ။

 ............

႐ုပ္ရွင္ပြဲေတာ္၏ ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို ပိတ္ပြဲေန႔တြင္ က်င္းပလိမ့္မည္ျဖစ္သည္။ ပိတ္ပြဲ အခမ္းအနားမတိုင္မီ ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္တြင္ Satan's Alley ဆိုသည့္ သူတို႔ လို ၿပိဳင္ပြဲဝင္ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ျပသမည္ျဖစ္ၿပီး တ႐ုတ္႐ုပ္ရွင္ျပပြဲလည္း ျပဳလုပ္မည္ျဖစ္သည္။ ဒါေၾကာင့္ Tang Fengက ေကာ္ေဇာနီပြဲတစ္ပြဲကို ထပ္တက္ရဦးမည္ျဖစ္သည္။

Gino က ႐ုပ္ရွင္ပြဲေတာ္တြင္ အလြန္ကို လူသိမ်ားေက်ာ္ၾကားလွၿပီး သူကေတာ့ ေဘးက အျဖည့္ခံေလး သာသာ ျဖစ္ေနသည္။ ေခ်ာေမာ ခန႔္ညားေသာ အမ်ိဳးသားႏွစ္ေယာက္ တၿပိဳင္နက္တည္း ေကာ္ေဇာနီေပၚ ေျခခ်လိုက္သည့္ ျမင္ကြင္းေၾကာင့္ သတင္းစာတိုက္မ်ားစြာ၏ သတင္းေထာက္မ်ားထံမွ တျဖတ္ျဖတ္လင္းေအာင္ ဓါတ္ပုံ႐ိုက္ျခင္း ခံလိုက္ရသည္။ ဒီသတင္းက ေနာက္ေန႔သတင္းေတြမွာ အုတ္ေအာ္ေသာင္းနင္းျဖစ္ဦးမွာ ေသခ်ာသည္။

"အခု တ႐ုတ္႐ုပ္ရွင္ေဈးကြက္ဟာ ပိုပိုၿပီး ႀကီးထြားလာေနၿပီ။ တ႐ုတ္နဲ႔အေမရိကန္ျပည္ေထာင္စု အၾကားပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ဖလွယ္မႈေတြကလည္း ဒီဟာကို ပိုတိုးတက္ေအာင္ အားျဖည့္ေပးေနတယ္။ အနာဂတ္မွာ ငါတို႔ႏွစ္ေယာက္ ပူးေပါင္းေဆာင္႐ြက္ဖို႔ အခြင့္အလမ္းေတြ ပိုမ်ားလာလိမ့္မယ္။"

ခ်စ္ၾကည္ေရးပြဲတြင္ အစည္းအေဝးမွာ Gino  နဲ႔ Tang Feng  တို႔ ထိုင္ၿပီး စကားေျပာေနၾကျခင္းျဖစ္သည္။

အေရွ႕တိုင္း အာရွတိုက္သား မင္းသားတစ္ေယာက္က ပါဝင္ၿပီး အဓိက ဇာတ္ေဆာင္အေနျဖင့္ သ႐ုပ္ေဆာင္ထားသည့္ ေဟာလိဝုဒ္႐ုပ္ရွင္ကား မ်ားစြာမရွိပါ။  ယခင္ Fiennes မွလြဲရင္ ဒါက ႀကဳံေတာင့္ႀကဳံခဲ ဒုတိယ ေပၚထြက္လာေသာ မင္းသားတစ္ေယာက္ျဖစ္သည္။  

ဒီလိုျဖစ္ရတဲ့ အဓိက အခ်က္က အခ်ိဳ႕ေသာ တ႐ုတ္ အႏုပညာရွင္ ၾကယ္ပြင့္မ်ားသည္ တိုင္းျပည္တြင္းက ႐ိုက္ကူးေရးမ်ားျဖင့္ အလုပ္မ်ားေနၿပီး တခ်ိဳ႕က ႏိုင္ငံတကာ ေဈးကြက္ကို ထိုးေဖာက္ဖို႔ ကိုယ့္အရည္ခ်က္ကို ယုံၾကည္မႈ  နဲ႔ သတၱိ မရွိၾကေပ။ ဒုတိယ အခ်က္မွာ ႏိုင္ငံတကာ  ႐ုပ္ရွင္မ်ားတြင္ သ႐ုပ္ေဆာင္မ်ားက အဂၤလိပ္စကား ကြၽမ္းက်င္ရန္လိုအပ္သည္ ဟူေသာအခ်က္ေၾကာင့္ ျဖစ္သည္။ သ႐ုပ္ေဆာင္အမ်ားစုသည္ ဘာသာစကားကို တတ္ေျမာက္ဖို႔  ခက္ခဲေသာေၾကာင့္ျဖစ္သည္။

႐ုပ္ရွင္အေၾကာင္း၊ အခြင့္အလမ္းႏွင့္ေဈးကြက္ မရွိျခင္းစသည့္ အျခားအေၾကာင္းျပခ်က္မ်ားစြာေၾကာင့္ ႏိုင္ငံတကာ ႐ုပ္ရွင္ေဈးကြက္ တြင္ အေရွ႕တိုင္း မင္းသားမ်ား ပါဝင္မႈ မရွိျခင္းျဖစ္သည္။

Tang Feng သည္ ဒါ႐ိုက္တာ လီေဝ့ ႐ိုက္ကူးထားေသာ ဇာတ္ကားမ်ား၏ အရည္အေသြးႏွင့္ သူ႔ အက်င့္၊ စံသတ္မွတ္ခ်က္ကို ကံေကာင္း ေထာက္မစြာႏွင့္ သိထားသည္။ ဒါ့အျပင္ ကံၾကမၼာေကာင္း အနည္းငယ္ ရွိေသာေၾကာင့္ Tang Feng  ပထမဆုံး ပါဝင္ သ႐ုပ္ေဆာင္ေသာ  "Satan's Alley" ဇာတ္ကားမွာ အရင္က ဒါ႐ိုက္တာ လီေဝ့က  Fiennes ကို အဓိက သ႐ုပ္ေဆာင္ မင္းသားအျဖစ္  ဖိတ္ေခၚခဲ့ေသာ ဇာတ္ကားျဖစ္ေနသည္။ မဟုတ္လွ်င္ ဒီလိုဇာတ္ကားႀကီး တြင္ သူ ပါဝင္ သ႐ုပ္ေဆာင္ခြင့္ရဖို႔က မေသခ်ာႏိုင္ေပ။

 Tang Feng သည္ Fiennes ၏သူငယ္ခ်င္းေကာင္းျဖစ္သူ အသက္ ၃၇ ႏွစ္အ႐ြယ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ Randa ႏွင့္ သူမ၏ခင္ပြန္းေဂ်ာ့ခ္်ကို ဧည့္ခံပြဲတြင္ ေတြ႕ခဲ့ရေသာေၾကာင့္ အံ့အားသင့္ေနမိသည္။

"အေမရိကန္ ႐ုပ္ရွင္ဇာတ္ကားထဲ ပထမဆုံးအႀကိမ္ ပါဝင္ ႐ိုက္ကူးခဲ့တဲ့ အေရွ႕တိုင္းသားတစ္ေယာက္အေနနဲ႔ မင္းရဲ႕အဂၤလိပ္ေလသံဟာ ငါ့ထက္ပိုၿပီး အဂၤလိပ္သံေပါက္လို႔ေနတယ္။  ရွင္က တကယ္ကို အံ့ၾသဖို႔ေကာင္းတာပဲ"

ေငြျဖဴ ပြဲတက္ဂါဝန္ျဖင့္ နတ္ဘုရားမတစ္ ဦး ကဲ့သို႔  လွပေသာ အမ်ိဳးသမီးတစ္ဦးက  Tang Feng ကို စကားေျပာခဲ့သည္။ သူမက လတ္တေလာ နာမည္အႀကီးဆုံး ႐ုပ္ရွင္ ဘုရင္မဟု ေခၚဆိုႏိုင္ေသာ မင္းသမီးျဖစ္ၿပီး လွပေသာ အႏုပညာရွင္ မင္းသမီးမ်ားစြာကို ဖိႏွိပ္ထားႏိုင္ေသာ အလွကို ပိုင္ဆိုင္ထားသည္။

"ရွင္တို႔ရဲ႕႐ုပ္ရွင္ေတြကို ကြၽန္မၾကည့္လိုက္ရတယ္။ ဘုရား..ဘုရား.. တခ်ိဳ႕အကြက္ေတြက တကယ့္ကို အရမ္းရဲရင့္တာပဲ။ ဒါေပမယ့္ ကြၽန္မ ရွင္တို႔ႏွစ္ေယာက္ သ႐ုပ္ေဆာင္တာကို အရမ္းႀကိဳက္တယ္။ "

 
Randa သည္ "Satan's Alley"  ဇာတ္လမ္းကိုၾကည့္ၿပီးေနာက္ ထို သ႐ုပ္ေဆာင္ႏွစ္ဦးကို ေတြ႕ခ်င္ေသာေၾကာင့္ တ႐ုတ္႐ုပ္ရွင္ပြဲေတာ္ကို လာခဲ့ျခင္းျဖစ္ေၾကာင္း မိတ္ဆက္ေျပာခဲ့သည္။

 Randa ႏွင့္ ယွဥ္လွ်င္  ဂ်ဴနီယာတစ္ေယာက္သာျဖစ္ေသာ Gino က ရည္မြန္စြာ ျပန္ေျပာခဲ့သည္။

 ၃၇ ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ ဦးျဖစ္ေပမယ့္  Randa က လုံးဝ အိုမင္းပုံမေပါက္ေပ။ ဒီအ႐ြယ္က အမ်ိဳးသမီးေတြ အတြက္ က်က္သေရအရွိဆုံး အလွဆုံး အခ်ိန္ျဖစ္သည္။ ဒါေၾကာင့္ Randa သည္ နာမည္ႀကီး မင္းသမီးမ်ားအၾကားတြင္ သ႐ုပ္ေဆာင္ေၾကး အမ်ားဆုံးရရွိေသာၾကယ္ပြင့္ မ်ားထဲ မွ တစ္ေယာက္ျဖစ္သည္။ သူမက အမ်ိဳးသမီးၾကယ္ပြင့္ အသစ္အားလုံး၏ စံနမူနာထားရသူျဖစ္ၿပီး သူမ ၏ ႐ုပ္ဆင္းသြင္ျပင္ေၾကာင့္ တ႐ုတ္႐ုပ္ရွင္ပြဲေတာ္ကို တက္ေရာက္ လာၾကေသာ လူအားလုံး   အံ့အားသင့္ေစသည္ဟု ဆိုႏိုင္ပါသည္။

နာမည္ႀကီးျဖစ္ေသာ Randaက ပြဲတိုင္း ဖိတ္ၾကားခံရသူျဖစ္သည္။

" ကြၽန္ေတာ္တို႔နဲ႔စာရင္ လြန္ခဲ့တဲ့ ဆယ္ႏွစ္က    အစ္မနဲ႔ Fiennes တို႔ အတူ သ႐ုပ္ေဆာင္ခဲ့တဲ့ ရင္ခုန္သံဆိုတဲ့ဇာတ္ကားက ေလ့လာစရာ အမ်ားႀကီး ရွိပါတယ္ခင္ဗ်ာ  "

 Tang Feng က ခ်ီးက်ဴးစကားဆိုလိုက္သည္။ Randa က သူ႔ကို အခု မသိဘူးဆိုရင္ေတာင္ သူ အရင္ဘဝက သေဘာက် ႏွစ္သက္ၿပီး လြတ္လပ္စြာေနထိုင္တတ္တဲ့ ဒီအမ်ိဳးသမီးဟာ သူ႔ရဲ႕အေကာင္းဆုံး သူငယ္ခ်င္းျဖစ္ေနဆဲပင္။

သူအခက္ခဲဆုံးအခ်ိန္၊ ႐ုပ္ရွင္ေလာကမွာ ႐ုန္ကန္ေနရခ်ိန္၊ ႏွလုံးေရာဂါကို ျပင္းထန္စြာ ခံစားေနရခ်ိန္တြင္  စိတ္ဓါတ္ခြန္အားႀကီးေသာ အသိဉာဏ္ ရွိေသာ ဒီ အမ်ိဳးသမီး က သူ႔ကို  ႏွလုံးသားထဲက လာသည့္ စိတ္ရင္းျဖင့္ ဂ႐ုစိုက္ေပးခဲ့သည္။

Randa ႏွင့္ ေနာက္တႀကိမ္ ျပန္ေတြ႕ရေတာ့  Tang Feng က နာမည္မရွိေသာ မင္းသားအေနျဖင့္ ျပန္ေတြ႕ရတာ ေပ်ာ္႐ႊင္မႈတစ္မ်ိဳး ျဖစ္ေနခဲ့သည္။

"အိုဘုရားသခင္၊ မင္း က ငါတို႔ရဲ႕ ဟိုးအရင္က ႐ိုက္ခဲ့တဲ့ ႐ုပ္ရွင္ေဟာင္းကို ၾကည့္ဖူးလား။ ႐ိုး႐ိုးသားသားေျပာရရင္၊ Fiennes လိုလူတစ္ေယာက္က အရမ္းကို ဆြဲေဆာင္ႀကီးတာပဲ။ ကံမေကာင္းတာ သူ႔ကို ငါ ထပ္မေတြ႕ႏိုင္ေတာ့တာပဲ။ မဟုတ္ရင္ ငါ့ေဘးမွာရပ္ေနတဲ့ သူက ေသခ်ာေပါက္ Fiennes ပဲ ျဖစ္သင့္တယ္။ ဟား....ဟား။"

  Randaက ေဘးမွာ ခင္ပြန္းသည္ ရပ္ေနေပမယ့္  ေပ်ာ္႐ႊင္စြာေနာက္ေျပာင္ေျပာဆိုလိုက္သည္။ သူမအမ်ိဳးသား ေဂ်ာ့ခ္်က သူတို႔ကို ၿပဳံးၾကည့္ေနသည္။

"သူမရဲ႕စကားကိုၾကားၿပီး  မင္းတို႔ လန႔္မသြားေလာက္ဘူးလို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ သူမ ဒီလိုပဲ ပြင့္ပြင့္လင္းလင္းပဲ ေျပာတတ္တဲ့ စ႐ိုက္ရွိလို႔ပါ။ ေနာက္ ရင္းႏွီးသြားရင္ မင္းတို႔ ဒါကို ႐ိုးသြားလိမ့္မယ္။  "

ေဂ်ာ့ခ္်ကၿပဳံးၿပီး သူ႔ခ်စ္ဇနီးေဘးမွာ မတ္တပ္ရပ္ကာ ေျပာခဲ့သည္။

 Tang Feng က ခ်က္ခ်င္း ျပန္ေျပာလိုက္သည္။

" မဟုတ္ပါဘူး၊  Randa က အရမ္းခ်စ္စရာေကာင္းၿပီး ပြင့္လင္းတဲ့သူလို႔ ကြၽန္ေတာ္ ထင္ပါတယ္။"

"မင္းကို ငါ တကယ္သေဘာက်တယ္။ ေဂ်ာ့ခ္် ေျပာတာ မမွားဘူး။ ငါ့ရဲ႕ ႀကိဳတင္သိစိတ္အရဆိုရင္ ငါတို႔ေတြ ေနာင္မွာ ထပ္ေတြ႕ျဖစ္ၿပီး မိတ္ေဆြေကာင္းေတြျဖစ္သြားမယ္လို႔ ငါ ယုံၾကည္တယ္။"

ဆႏၵအေလ်ာက္ သူမ၏လက္မ်ားကိုဖြင့ ္၍ Randa က Tang Feng ကိုေပြ႕ဖက္လိုက္ ရင္းညည္းတြားစြာေျပာလိုက္သည္။

"ဘာေၾကာင့္လည္း မသိဘူး။ မင္းကို ေတြ႕ရတာ ငါ့ရဲ႕ႏွစ္ေပါင္းမ်ားစြာ ခြဲခြာေနရတဲ့ မိသားစုဝင္ကို ျပန္ေတြ႕ရသလို ခံစားလိုက္ရတယ္။ "

"ကြၽန္ေတာ္လည္း ဒီလိုပဲခံစားရပါတယ္။ ဒါက ကြၽန္ေတာ္တို႔ရဲ႕  ဒီကံၾကမၼာလို႔ထင္တယ္။"

Tang Feng ၿပဳံးၿပီးမ်က္ခုံးပင့္လိုက္သည္။

မိတ္ေဆြေဟာင္းေတြ သူငယ္ခ်င္းေဟာင္းေတြေတြ႕တဲ့အခါ မေရမတြက္ႏိုင္တဲ့အေၾကာင္းအရာေတြ အမ်ားႀကီး စိတ္ဝင္တစား ေျပာဆိုစရာေတြရွိေနသည္။  Tang Feng က သူမ အေၾကာင္းကို တကယ္ေကာင္းေကာင္းသိသည္။ သူမရဲ႕  ဝါသနာ၊ သူမရဲ႕  တန္ဖိုးထားမႈမ်ားႏွင့္ဘဝအေပၚအျမင္မ်ားအေၾကာင္းကို ေသခ်ာသိေနၿပီး စကားလက္ဆုံက်ေနၾကသည္။ ေျပာေနရင္း   Randa လည္း အံ့ၾသလို႔ေနသလို ေဘးကေန ၾကည့္ေနေသာ ေဂ်ာ့ခ်္ပင္ စိတ္ဝင္စားလာသည္။

 
"သူတို႔က အရမ္းကို လိုက္ဖက္ၿပီး အႀကိဳက္ခ်င္းတူၾကတာပဲ။ Fiennes ကလြဲရင္ Randa ကိုခုလို စိတ္ေပ်ာ္ေအာင္ စကားေျပာဆိုႏိုင္တဲ့သူကို ေတြ႕ဖူးတာ ပထမဆုံးပဲ။ "

ေဂ်ာ့ခ္်သက္ျပင္းခ်ၿပီး ေဘးမွာ လ်စ္လ်ဴရႈခံေနရေသာ  Gino  ဘက္ကိုလွည့္ကာ ေျပာလိုက္သည္။

Gino  သည္ Randa နဲ႔ေပ်ာ္႐ႊင္စြာ စကားလက္ဆုံက်ေနေသာ Tang Feng ကိုၾကည့္ေနမိသည္။ သူႏွင့္ Tang Feng တို႔ လေပါင္းမ်ားစြာ အတူတကြ လက္တြဲၿပီး သ႐ုပ္ေဆာင္ခဲ့ၾကသည္။ သူက ဒီလူ ခုလို ရယ္ေမာေနတာ လုံးဝမေတြ႕ရပဲ အၿမဲေလးနက္တည္ၾကည္စြာေနတာကိုပဲ ျမင္ခဲ့ရသည္။ အခုေတာ့ Tang Feng  လြတ္လြတ္လပ္လပ္နဲ႔ လုံးဝ သက္ေတာင့္ သက္သာ စကားေျပာကာ ေပ်ာ္႐ႊင္ေနတာကို သူလည္း ပထမဆုံး ျမင္ဖူးတာျဖစ္ သည္။

"သူက အရမ္း ခ်စ္စရာေကာင္းတဲ့လူတစ္ေယာက္ျဖစ္တယ္။ ေဂ်ာ့ခ္်.... ခင္ဗ်ား  Tang Feng က Randaကို ေခၚၿပီး ထြက္ေျပးသြားမွာကို မေၾကာက္ၾကဘူးလား? "

Gino  ကၿပဳံး႐ႊင္စြာေျပာလိုက္တာၿပီး သူ႔မ်က္လုံးဟာ Tang Feng ကို  အာ႐ုံစိုက္ကာ ေပ်ာ္႐ႊင္စြာၾကည့္ေနသည္။ Tang Feng ရဲ႕ ေပ်ာ္႐ႊင္ေနတဲ့ ပုံကိုၾကည့္ၿပီး သူလည္း အလိုလို ေပ်ာ္ေနသလိုပင္။

 ခရီးသြားျခင္းသည္ အေကာင္းဆုံးကုစားႏိုင္ေသာေဆးမဟုတ္ေပမယ့္ ကိုယ္ သေဘာက်တဲ့လူကို ၾကည့္ေနရတာ ကိုယ့္အတြက္ ေပ်ာ္႐ႊင္ေစသည့္အေကာင္းဆုံးနည္းလမ္းျဖစ္သည္။

သို႔ေသာ္ Tang Feng သည္ သူ၏ ခ်စ္သူ မဟုတ္ေပ။  သူ႔ကို သူငယ္ခ်င္း အျဖစ္သတ္မွတ္လွ်င္ပင္  ကံေကာင္းၿပီဟု ဆိုႏိုင္သည္။  

"ဟားဟား၊ Randa အရမ္းေကာင္းၿပီး အင္မတန္ကို လွတယ္။ ငါသာ အခုလို လိုက္ ပူပန္မယ္ဆိုရင္ ေန႔တိုင္း စိတ္ပူလို႔ေသသြားႏိုင္တယ္။ သူမက ငါ့ရဲ႕ ပါတနာပါ။ သူမကို ငါယုံၾကည္တယ္။ ဒါက ငါ သူမကို ေပးႏိုင္တဲ့ တစ္ခုတည္းေသာ အရာျဖစ္တယ္။ "

ေဂ်ာ့ခ္်ကစိတ္ရင္းမွန္ျဖင့္ၿပဳံးလိုက္ၿပီး Gino ရဲ႕ပခုံးကို ပုတ္ကာ ေျပာလိုက္သည္။

" သြားၾကစို႔၊ သူတို႔ႏွစ္ေယာက္စကားေျပာေနတာကို မေႏွာက္ယွက္နဲ႔ေတာ့ "

Gino သည္အၿပဳံးျဖင့္ေခါင္းညိတ္ၿပီးေဂ်ာ့ခ္်ႏွင့္အတူေသာက္ရန္ထြက္လာ ခဲ့သည္။

ပါတီပြဲအၿပီးတြင္ Tang Feng သည္ Randa ႏွင့္ ေသာက္ရန္ ထြက္ခဲ့သည္။

 "ဒါဟာမယုံႏိုင္စရာပါ။ ငါတို႔ အရင္က ဗင္းနစ္ကိုလာတိုင္း ဒီဘားကို အေျပးလာၾကၿပိး ဒီ ဝိုင္ကို ငါနဲ႔ ဖီးနစ္တို႔ အတူ လာေသာက္တတ္တယ္။ မင္း ဒီစပ်စ္ဝိုင္ကို ေသာက္ခ်င္တယ္လို႔ ေျပာလိုက္တဲ့အခါတုန္းက ငါ အရမ္း လန႔္သြားခဲ့တယ္။ သူ မရွိေတာ့ေပမယ့္  သူက ငါႏွင့္အတူ ေဘးမွာ ရွိေနတုန္းပဲလို႔ ငါ ခံစားလိုက္ရတယ္။  "

အသက္ျပင္းျပင္းရႉမိရင္း Randa က ၿပဳံးၿပီး စပ်စ္ဝိုင္ကို ေမာ့ေသာက္လိုက္သည္။

သူမ၏ပါးျပင္ေလးမ်ားသည္ေတာက္ပေနသည့္အလင္းေရာင္ေအာက္ တြင္ ပန္းသီးလို ပန္းေရာင္သမ္းလို႔ေနသည္။

" ငါ သူ႔ကို အရမ္း သတိရတယ္။ သူ ဆုံးသြားတာ အရမ္းျမန္တယ္။ ႐ုတ္တရက္ႀကီး ႏွလုံးေဖာက္ၿပီး ဆုံးသြားခ်ိန္မွာ သူ႔ေဘးမွာ ဘယ္သူမွ သိပ္မရွိခဲ့ၾကဘူး။ သူ..အရမ္းကို မသက္မသာခံစားခဲ့ရမွာပဲ။ "

စကားေျပာေနရင္း Randa ၏အသံသည္ တျဖည္းျဖည္းတိုး လာၿပီးၾကည္လင္ေသာ မ်က္ရည္စက္တခ်ိဳ႕က သူမပါးျပင္ကို ျဖတ္သန္းကာ အနည္းငယ္က်ဆင္းသြားသည္။

"ဘုရားသခင္က မတရားဘူး။ တခ်ိဳ႕လူေတြက အရမ္းေကာင္းၾကေပမယ့္  သူတို႔ဘဝမွာ ဘယ္ေတာ့မွေနာက္ဆုံး အခ်ိန္ထိ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ မေနခဲ့ရဘူး။ "


  Randa က သူမ ပါးစပ္ကို အသာဖုံးကာ ေခါင္းကိုအနည္းငယ္ခါလိုက္သည္။

 "ငါ စိတ္မေကာင္းပါဘူး၊ ငါ နည္းနည္းလြတ္သြားမိတယ္ "

"သူက အျခားကမာၻတစ္ခုမွာဘ ၀ သစ္ တစ္ခုရၿပီးေကာင္းေကာင္း ေနေနတာ ျဖစ္ႏိုင္ပါတယ္။  Randa ဖီးနစ္က ေသခ်ာေပါက္ ေပ်ာ္႐ႊင္ေနမွာပါ။ "

Tang Feng က အမ်ိဳးသမီးကိုညင္ညင္သာသာေပြ႕ဖက္လိုက္ကာ ႏွစ္သိမ့္ လိုက္သည္။ သူက ဖီးနစ္အျဖစ္နဲ႔မဟုတ္ေတာ့ေပမယ့္  သူကို အမွန္တကယ္ ဂ႐ုစိုက္တဲ့ သူငယ္ခ်င္းေတြ အတြက္ သူေကာင္းေကာင္း ေနထိုင္သြားမည္ျဖစ္သည္။

============



True Star_ Volume 3 _ Chapter 31: ဗင်းနစ် ရုပ်ရှင်ပွဲတော်


" ခင်ဗျား ဘာကြောင့် ဒီအကြောင်းတွေကို ကျွန်တော့်ကို ပြောပြရတာလဲ "

" ကျွန်တော်ပဲ စိတ်ထင်လို့လားမသိဘူး။ ခင်ဗျားက သူနဲ့တူတယ်လို့ ကျွန်တော် အမြဲခံစားရတယ်။ ဒါကြောင့် သူ့ကို မပြောခဲ့ရတဲ့ စကားကို ခင်ဗျားကို ပြောပြချင်နေမိတယ်။ "

" ခင်ဗျားက သူ့ကို ဘယ်လို စကားပြောချင်လို့လဲ "

" သူ့ကို ကျွန်တော် ချစ်တယ်။ အမြဲတမ်းချစ်ခဲ့တယ်။ ဒါပေမယ့် စိတ်မကောင်းပါဘူး။ သူနဲ့အတူ တမလွန်ကို လိုက်ပါဖို့ ပေးခဲ့တဲ့ ကတိမတည်ဘူး။သူ့ကို ကျွန်တော် အဆုံးထိ အဖော်မလုပ်ပေးနိုငိခဲ့တဲ့အတွက် ကျွန်တော့် ဘဝတစ်သက်တာမှာ နောင်တရနေခဲ့မိတယ်။ ဒါကြောင့် ကျွန်တော် သူ့ကို တောင်းပန်ပါတယ်လို့ ပြောချင်တာပါ။ ဒါပေမယ့် သူက ဘယ်တော့မှ နိုးထလာတော့မှာ မဟုတ်တော့ဘူး။ ဒီအချက်က ကျွန်တော့် တသက်တာမှာ အမြဲ စိတ်မချမ်းမသာဖြစ်နေရမယ့် အချက်ပဲ "

" ရှင်ဘာကြောင့် ကော်ဇောနီပေါ်မှာ ပြုံးပြီး လျှောက်လှမ်းလာရတာလဲ။ ရှင်က အင်တာဗျူးကို လက်ခံဖြေကြား ပြီး ဖွင့်ပွဲကိုတက်ရောက်မှာလား "
 
လုပ်ငန်းစဉ်တစ်ခုလုံးမြန်ဆန်နေပုံရသည်။ အင်တာဗျူး သမားကြောင့် Harveyနဲ့စကားစပြတ်ကာ Tang Feng အင်တာဗျူး ဖြေလိုက်ရသည်။ ပြီးတော့ အခမ်းနားစတင်ပြီး ရုပ်ရှင်ပွဲတော်ဥက္ကဌက မိန့်ခွန်းပြောနေစဉ် Tang Feng  ရဲ့အတွေးတွေဟာ Harvey ရဲ့စကားတွေကို ပြန်စဉ်းစား နေမိသည်။  အရင်နှင့် မတူညီသော အတွေးမြင်ကို Tang Feng  သိမြင်လိုက်ရသည်။   Harvey သည်  မိသားစုတစ်ခုကိုတည်ထောင်ရန် သူ့ကိုစွန့်ခွာရန် ရွေးချယ်ခဲ့သည်။ Harvey တွင် ဇနီးနှင့်သားသမီးများ ရှိသော်လည်း သူက ပျော်ပုံမရပေ။

သူ့ကိုယ်ပိုင် ဆန္ဒနှင့် ချစ်ခြင်းတရားကို ကျောခိုင်းခဲ့သောကြောင့်  နောင်တရနေပြီး  သင်္ချိုင်းသို့မရောက်မချင်း ထိုနောင်တတရားက သူ့ရဲ့ စိတ်နှလုံးထဲတွင်ရှိနေတော့မှာ ဖြစ်သည်။

အမျိုးသမီးတစ် ဦးကို မချစ်သော Harvey တွင် ဇနီးရှိနေသည်။ သူ၏စိတ်ထဲတွင်ရှိေနေသော ဆန္ဒကိုထုတ်ဖော်နိုင်ခြင်း မရှိနိုင်တော့ပေ။ Harveyက သူ့ကို အများကြီးပြောခဲ့ပေမယ့် အားလုံး ချုပ်လိုက်ရင် သူ လက်လွှတ်လိုက်သည့်အရာကို ဘယ်တော့မှ ပြန်မရနိုင်တော့သည့်အပေါ် စိတ်ဆင်းရဲနေခြင်းဖြစ်သည်ဟုTang Feng ကောက်ချက်ချလိုက်မိသည်။

Feinns သေသွားပြီးပြီဖြစ်သဖြင့် ဒါတွေအားလုံးက  အတိတ်တွေဖြစ် သွားခဲ့လေပြီ။ အခုအချိန်တွင် သူက  Tang Feng အဖြစ် ဘဝကို  ရှေ့ဆက်သွားရန် လိုအပ်နေသည်။ ယခု သူသည်ချစ်ခြင်းမေတ္တာနှင့် မိသားစုကို လျစ်လျူရှုတတ်နေပြီ။ ဒီလို စိတ်ကူးယဉ်မှုကို လိုချင်နေသော ကောင်လေးလည်း မဟုတ်တော့ပေ။

 ............

ရုပ်ရှင်ပွဲတော်၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပိတ်ပွဲနေ့တွင် ကျင်းပလိမ့်မည်ဖြစ်သည်။ ပိတ်ပွဲ အခမ်းအနားမတိုင်မီ ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင် Satan's Alley ဆိုသည့် သူတို့ လို ပြိုင်ပွဲဝင် ရုပ်ရှင်ဇာတ်ကားများကို ပြသမည်ဖြစ်ပြီး တရုတ်ရုပ်ရှင်ပြပွဲလည်း ပြုလုပ်မည်ဖြစ်သည်။ ဒါကြောင့် Tang Fengက ကော်ဇောနီပွဲတစ်ပွဲကို ထပ်တက်ရဦးမည်ဖြစ်သည်။

Gino က ရုပ်ရှင်ပွဲတော်တွင် အလွန်ကို လူသိများကျော်ကြားလှပြီး သူကတော့ ဘေးက အဖြည့်ခံလေး သာသာ ဖြစ်နေသည်။ ချောမော ခန့်ညားသော အမျိုးသားနှစ်ယောက် တပြိုင်နက်တည်း ကော်ဇောနီပေါ် ခြေချလိုက်သည့် မြင်ကွင်းကြောင့် သတင်းစာတိုက်များစွာ၏ သတင်းထောက်များထံမှ တဖြတ်ဖြတ်လင်းအောင် ဓါတ်ပုံရိုက်ခြင်း ခံလိုက်ရသည်။ ဒီသတင်းက နောက်နေ့သတင်းတွေမှာ အုတ်အော်သောင်းနင်းဖြစ်ဦးမှာ သေချာသည်။

"အခု တရုတ်ရုပ်ရှင်ဈေးကွက်ဟာ ပိုပိုပြီး ကြီးထွားလာနေပြီ။ တရုတ်နဲ့အမေရိကန်ပြည်ထောင်စု အကြားပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်မှုတွေကလည်း ဒီဟာကို ပိုတိုးတက်အောင် အားဖြည့်ပေးနေတယ်။ အနာဂတ်မှာ ငါတို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ပိုများလာလိမ့်မယ်။"

ချစ်ကြည်ရေးပွဲတွင် အစည်းအဝေးမှာ Gino  နဲ့ Tang Feng  တို့ ထိုင်ပြီး စကားပြောနေကြခြင်းဖြစ်သည်။

အရှေ့တိုင်း အာရှတိုက်သား မင်းသားတစ်ယောက်က ပါဝင်ပြီး အဓိက ဇာတ်ဆောင်အနေဖြင့် သရုပ်ဆောင်ထားသည့် ဟောလိဝုဒ်ရုပ်ရှင်ကား များစွာမရှိပါ။  ယခင် Fiennes မှလွဲရင် ဒါက ကြုံတောင့်ကြုံခဲ ဒုတိယ ပေါ်ထွက်လာသော မင်းသားတစ်ယောက်ဖြစ်သည်။  

ဒီလိုဖြစ်ရတဲ့ အဓိက အချက်က အချို့သော တရုတ် အနုပညာရှင် ကြယ်ပွင့်များသည် တိုင်းပြည်တွင်းက ရိုက်ကူးရေးများဖြင့် အလုပ်များနေပြီး တချို့က နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ဖို့ ကိုယ့်အရည်ချက်ကို ယုံကြည်မှု  နဲ့ သတ္တိ မရှိကြပေ။ ဒုတိယ အချက်မှာ နိုင်ငံတကာ  ရုပ်ရှင်များတွင် သရုပ်ဆောင်များက အင်္ဂလိပ်စကား ကျွမ်းကျင်ရန်လိုအပ်သည် ဟူသောအချက်ကြောင့် ဖြစ်သည်။ သရုပ်ဆောင်အများစုသည် ဘာသာစကားကို တတ်မြောက်ဖို့  ခက်ခဲသောကြောင့်ဖြစ်သည်။

ရုပ်ရှင်အကြောင်း၊ အခွင့်အလမ်းနှင့်ဈေးကွက် မရှိခြင်းစသည့် အခြားအကြောင်းပြချက်များစွာကြောင့် နိုင်ငံတကာ ရုပ်ရှင်ဈေးကွက် တွင် အရှေ့တိုင်း မင်းသားများ ပါဝင်မှု မရှိခြင်းဖြစ်သည်။

Tang Feng သည် ဒါရိုက်တာ လီဝေ့ ရိုက်ကူးထားသော ဇာတ်ကားများ၏ အရည်အသွေးနှင့် သူ့ အကျင့်၊ စံသတ်မှတ်ချက်ကို ကံကောင်း ထောက်မစွာနှင့် သိထားသည်။ ဒါ့အပြင် ကံကြမ္မာကောင်း အနည်းငယ် ရှိသောကြောင့် Tang Feng  ပထမဆုံး ပါဝင် သရုပ်ဆောင်သော  "Satan's Alley" ဇာတ်ကားမှာ အရင်က ဒါရိုက်တာ လီဝေ့က  Fiennes ကို အဓိက သရုပ်ဆောင် မင်းသားအဖြစ်  ဖိတ်ခေါ်ခဲ့သော ဇာတ်ကားဖြစ်နေသည်။ မဟုတ်လျှင် ဒီလိုဇာတ်ကားကြီး တွင် သူ ပါဝင် သရုပ်ဆောင်ခွင့်ရဖို့က မသေချာနိုင်ပေ။

 Tang Feng သည် Fiennes ၏သူငယ်ချင်းကောင်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် ရုပ်ရှင်သရုပ်ဆောင် Randa နှင့် သူမ၏ခင်ပွန်းဂျော့ခ်ျကို ဧည့်ခံပွဲတွင် တွေ့ခဲ့ရသောကြောင့် အံ့အားသင့်နေမိသည်။

"အမေရိကန် ရုပ်ရှင်ဇာတ်ကားထဲ ပထမဆုံးအကြိမ် ပါဝင် ရိုက်ကူးခဲ့တဲ့ အရှေ့တိုင်းသားတစ်ယောက်အနေနဲ့ မင်းရဲ့အင်္ဂလိပ်လေသံဟာ ငါ့ထက်ပိုပြီး အင်္ဂလိပ်သံပေါက်လို့နေတယ်။  ရှင်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ"

ငွေဖြူ ပွဲတက်ဂါဝန်ဖြင့် နတ်ဘုရားမတစ် ဦး ကဲ့သို့  လှပသော အမျိုးသမီးတစ်ဦးက  Tang Feng ကို စကားပြောခဲ့သည်။ သူမက လတ်တလော နာမည်အကြီးဆုံး ရုပ်ရှင် ဘုရင်မဟု ခေါ်ဆိုနိုင်သော မင်းသမီးဖြစ်ပြီး လှပသော အနုပညာရှင် မင်းသမီးများစွာကို ဖိနှိပ်ထားနိုင်သော အလှကို ပိုင်ဆိုင်ထားသည်။

"ရှင်တို့ရဲ့ရုပ်ရှင်တွေကို ကျွန်မကြည့်လိုက်ရတယ်။ ဘုရား..ဘုရား.. တချို့အကွက်တွေက တကယ့်ကို အရမ်းရဲရင့်တာပဲ။ ဒါပေမယ့် ကျွန်မ ရှင်တို့နှစ်ယောက် သရုပ်ဆောင်တာကို အရမ်းကြိုက်တယ်။ "

 
Randa သည် "Satan's Alley"  ဇာတ်လမ်းကိုကြည့်ပြီးနောက် ထို သရုပ်ဆောင်နှစ်ဦးကို တွေ့ချင်သောကြောင့် တရုတ်ရုပ်ရှင်ပွဲတော်ကို လာခဲ့ခြင်းဖြစ်ကြောင်း မိတ်ဆက်ပြောခဲ့သည်။

 Randa နှင့် ယှဉ်လျှင်  ဂျူနီယာတစ်ယောက်သာဖြစ်သော Gino က ရည်မွန်စွာ ပြန်ပြောခဲ့သည်။

 ၃၇ နှစ်အရွယ်အမျိုးသမီးတစ် ဦးဖြစ်ပေမယ့်  Randa က လုံးဝ အိုမင်းပုံမပေါက်ပေ။ ဒီအရွယ်က အမျိုးသမီးတွေ အတွက် ကျက်သရေအရှိဆုံး အလှဆုံး အချိန်ဖြစ်သည်။ ဒါကြောင့် Randa သည် နာမည်ကြီး မင်းသမီးများအကြားတွင် သရုပ်ဆောင်ကြေး အများဆုံးရရှိသောကြယ်ပွင့် များထဲ မှ တစ်ယောက်ဖြစ်သည်။ သူမက အမျိုးသမီးကြယ်ပွင့် အသစ်အားလုံး၏ စံနမူနာထားရသူဖြစ်ပြီး သူမ ၏ ရုပ်ဆင်းသွင်ပြင်ကြောင့် တရုတ်ရုပ်ရှင်ပွဲတော်ကို တက်ရောက် လာကြသော လူအားလုံး   အံ့အားသင့်စေသည်ဟု ဆိုနိုင်ပါသည်။

နာမည်ကြီးဖြစ်သော Randaက ပွဲတိုင်း ဖိတ်ကြားခံရသူဖြစ်သည်။

" ကျွန်တော်တို့နဲ့စာရင် လွန်ခဲ့တဲ့ ဆယ်နှစ်က    အစ်မနဲ့ Fiennes တို့ အတူ သရုပ်ဆောင်ခဲ့တဲ့ ရင်ခုန်သံဆိုတဲ့ဇာတ်ကားက လေ့လာစရာ အများကြီး ရှိပါတယ်ခင်ဗျာ  "

 Tang Feng က ချီးကျူးစကားဆိုလိုက်သည်။ Randa က သူ့ကို အခု မသိဘူးဆိုရင်တောင် သူ အရင်ဘဝက သဘောကျ နှစ်သက်ပြီး လွတ်လပ်စွာနေထိုင်တတ်တဲ့ ဒီအမျိုးသမီးဟာ သူ့ရဲ့အကောင်းဆုံး သူငယ်ချင်းဖြစ်နေဆဲပင်။

သူအခက်ခဲဆုံးအချိန်၊ ရုပ်ရှင်လောကမှာ ရုန်ကန်နေရချိန်၊ နှလုံးရောဂါကို ပြင်းထန်စွာ ခံစားနေရချိန်တွင်  စိတ်ဓါတ်ခွန်အားကြီးသော အသိဉာဏ် ရှိသော ဒီ အမျိုးသမီး က သူ့ကို  နှလုံးသားထဲက လာသည့် စိတ်ရင်းဖြင့် ဂရုစိုက်ပေးခဲ့သည်။

Randa နှင့် နောက်တကြိမ် ပြန်တွေ့ရတော့  Tang Feng က နာမည်မရှိသော မင်းသားအနေဖြင့် ပြန်တွေ့ရတာ ပျော်ရွှင်မှုတစ်မျိုး ဖြစ်နေခဲ့သည်။

"အိုဘုရားသခင်၊ မင်း က ငါတို့ရဲ့ ဟိုးအရင်က ရိုက်ခဲ့တဲ့ ရုပ်ရှင်ဟောင်းကို ကြည့်ဖူးလား။ ရိုးရိုးသားသားပြောရရင်၊ Fiennes လိုလူတစ်ယောက်က အရမ်းကို ဆွဲဆောင်ကြီးတာပဲ။ ကံမကောင်းတာ သူ့ကို ငါ ထပ်မတွေ့နိုင်တော့တာပဲ။ မဟုတ်ရင် ငါ့ဘေးမှာရပ်နေတဲ့ သူက သေချာပေါက် Fiennes ပဲ ဖြစ်သင့်တယ်။ ဟား....ဟား။"

  Randaက ဘေးမှာ ခင်ပွန်းသည် ရပ်နေပေမယ့်  ပျော်ရွှင်စွာနောက်ပြောင်ပြောဆိုလိုက်သည်။ သူမအမျိုးသား ဂျော့ခ်ျက သူတို့ကို ပြုံးကြည့်နေသည်။

"သူမရဲ့စကားကိုကြားပြီး  မင်းတို့ လန့်မသွားလောက်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူမ ဒီလိုပဲ ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တဲ့ စရိုက်ရှိလို့ပါ။ နောက် ရင်းနှီးသွားရင် မင်းတို့ ဒါကို ရိုးသွားလိမ့်မယ်။  "

ဂျော့ခ်ျကပြုံးပြီး သူ့ချစ်ဇနီးဘေးမှာ မတ်တပ်ရပ်ကာ ပြောခဲ့သည်။

 Tang Feng က ချက်ချင်း ပြန်ပြောလိုက်သည်။

" မဟုတ်ပါဘူး၊  Randa က အရမ်းချစ်စရာကောင်းပြီး ပွင့်လင်းတဲ့သူလို့ ကျွန်တော် ထင်ပါတယ်။"

"မင်းကို ငါ တကယ်သဘောကျတယ်။ ဂျော့ခ်ျ ပြောတာ မမှားဘူး။ ငါ့ရဲ့ ကြိုတင်သိစိတ်အရဆိုရင် ငါတို့တွေ နောင်မှာ ထပ်တွေ့ဖြစ်ပြီး မိတ်ဆွေကောင်းတွေဖြစ်သွားမယ်လို့ ငါ ယုံကြည်တယ်။"

ဆန္ဒအလျောက် သူမ၏လက်များကိုဖွင့ ်၍ Randa က Tang Feng ကိုပွေ့ဖက်လိုက် ရင်းညည်းတွားစွာပြောလိုက်သည်။

"ဘာကြောင့်လည်း မသိဘူး။ မင်းကို တွေ့ရတာ ငါ့ရဲ့နှစ်ပေါင်းများစွာ ခွဲခွာနေရတဲ့ မိသားစုဝင်ကို ပြန်တွေ့ရသလို ခံစားလိုက်ရတယ်။ "

"ကျွန်တော်လည်း ဒီလိုပဲခံစားရပါတယ်။ ဒါက ကျွန်တော်တို့ရဲ့  ဒီကံကြမ္မာလို့ထင်တယ်။"

Tang Feng ပြုံးပြီးမျက်ခုံးပင့်လိုက်သည်။

မိတ်ဆွေဟောင်းတွေ သူငယ်ချင်းဟောင်းတွေတွေ့တဲ့အခါ မရေမတွက်နိုင်တဲ့အကြောင်းအရာတွေ အများကြီး စိတ်ဝင်တစား ပြောဆိုစရာတွေရှိနေသည်။  Tang Feng က သူမ အကြောင်းကို တကယ်ကောင်းကောင်းသိသည်။ သူမရဲ့  ဝါသနာ၊ သူမရဲ့  တန်ဖိုးထားမှုများနှင့်ဘဝအပေါ်အမြင်များအကြောင်းကို သေချာသိနေပြီး စကားလက်ဆုံကျနေကြသည်။ ပြောနေရင်း   Randa လည်း အံ့သြလို့နေသလို ဘေးကနေ ကြည့်နေသော ဂျော့ချ်ပင် စိတ်ဝင်စားလာသည်။

 
"သူတို့က အရမ်းကို လိုက်ဖက်ပြီး အကြိုက်ချင်းတူကြတာပဲ။ Fiennes ကလွဲရင် Randa ကိုခုလို စိတ်ပျော်အောင် စကားပြောဆိုနိုင်တဲ့သူကို တွေ့ဖူးတာ ပထမဆုံးပဲ။ "

ဂျော့ခ်ျသက်ပြင်းချပြီး ဘေးမှာ လျစ်လျူရှုခံနေရသော  Gino  ဘက်ကိုလှည့်ကာ ပြောလိုက်သည်။

Gino  သည် Randa နဲ့ပျော်ရွှင်စွာ စကားလက်ဆုံကျနေသော Tang Feng ကိုကြည့်နေမိသည်။ သူနှင့် Tang Feng တို့ လပေါင်းများစွာ အတူတကွ လက်တွဲပြီး သရုပ်ဆောင်ခဲ့ကြသည်။ သူက ဒီလူ ခုလို ရယ်မောနေတာ လုံးဝမတွေ့ရပဲ အမြဲလေးနက်တည်ကြည်စွာနေတာကိုပဲ မြင်ခဲ့ရသည်။ အခုတော့ Tang Feng  လွတ်လွတ်လပ်လပ်နဲ့ လုံးဝ သက်တောင့် သက်သာ စကားပြောကာ ပျော်ရွှင်နေတာကို သူလည်း ပထမဆုံး မြင်ဖူးတာဖြစ် သည်။

"သူက အရမ်း ချစ်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်။ ဂျော့ခ်ျ.... ခင်ဗျား  Tang Feng က Randaကို ခေါ်ပြီး ထွက်ပြေးသွားမှာကို မကြောက်ကြဘူးလား? "

Gino  ကပြုံးရွှင်စွာပြောလိုက်တာပြီး သူ့မျက်လုံးဟာ Tang Feng ကို  အာရုံစိုက်ကာ ပျော်ရွှင်စွာကြည့်နေသည်။ Tang Feng ရဲ့ ပျော်ရွှင်နေတဲ့ ပုံကိုကြည့်ပြီး သူလည်း အလိုလို ပျော်နေသလိုပင်။

 ခရီးသွားခြင်းသည် အကောင်းဆုံးကုစားနိုင်သောဆေးမဟုတ်ပေမယ့် ကိုယ် သဘောကျတဲ့လူကို ကြည့်နေရတာ ကိုယ့်အတွက် ပျော်ရွှင်စေသည့်အကောင်းဆုံးနည်းလမ်းဖြစ်သည်။

သို့သော် Tang Feng သည် သူ၏ ချစ်သူ မဟုတ်ပေ။  သူ့ကို သူငယ်ချင်း အဖြစ်သတ်မှတ်လျှင်ပင်  ကံကောင်းပြီဟု ဆိုနိုင်သည်။  

"ဟားဟား၊ Randa အရမ်းကောင်းပြီး အင်မတန်ကို လှတယ်။ ငါသာ အခုလို လိုက် ပူပန်မယ်ဆိုရင် နေ့တိုင်း စိတ်ပူလို့သေသွားနိုင်တယ်။ သူမက ငါ့ရဲ့ ပါတနာပါ။ သူမကို ငါယုံကြည်တယ်။ ဒါက ငါ သူမကို ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဖြစ်တယ်။ "

ဂျော့ခ်ျကစိတ်ရင်းမှန်ဖြင့်ပြုံးလိုက်ပြီး Gino ရဲ့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

" သွားကြစို့၊ သူတို့နှစ်ယောက်စကားပြောနေတာကို မနှောက်ယှက်နဲ့တော့ "

Gino သည်အပြုံးဖြင့်ခေါင်းညိတ်ပြီးဂျော့ခ်ျနှင့်အတူသောက်ရန်ထွက်လာ ခဲ့သည်။

ပါတီပွဲအပြီးတွင် Tang Feng သည် Randa နှင့် သောက်ရန် ထွက်ခဲ့သည်။

 "ဒါဟာမယုံနိုင်စရာပါ။ ငါတို့ အရင်က ဗင်းနစ်ကိုလာတိုင်း ဒီဘားကို အပြေးလာကြပြိး ဒီ ဝိုင်ကို ငါနဲ့ ဖီးနစ်တို့ အတူ လာသောက်တတ်တယ်။ မင်း ဒီစပျစ်ဝိုင်ကို သောက်ချင်တယ်လို့ ပြောလိုက်တဲ့အခါတုန်းက ငါ အရမ်း လန့်သွားခဲ့တယ်။ သူ မရှိတော့ပေမယ့်  သူက ငါနှင့်အတူ ဘေးမှာ ရှိနေတုန်းပဲလို့ ငါ ခံစားလိုက်ရတယ်။  "

အသက်ပြင်းပြင်းရှူမိရင်း Randa က ပြုံးပြီး စပျစ်ဝိုင်ကို မော့သောက်လိုက်သည်။

သူမ၏ပါးပြင်လေးများသည်တောက်ပနေသည့်အလင်းရောင်အောက် တွင် ပန်းသီးလို ပန်းရောင်သမ်းလို့နေသည်။

" ငါ သူ့ကို အရမ်း သတိရတယ်။ သူ ဆုံးသွားတာ အရမ်းမြန်တယ်။ ရုတ်တရက်ကြီး နှလုံးဖောက်ပြီး ဆုံးသွားချိန်မှာ သူ့ဘေးမှာ ဘယ်သူမှ သိပ်မရှိခဲ့ကြဘူး။ သူ..အရမ်းကို မသက်မသာခံစားခဲ့ရမှာပဲ။ "

စကားပြောနေရင်း Randa ၏အသံသည် တဖြည်းဖြည်းတိုး လာပြီးကြည်လင်သော မျက်ရည်စက်တချို့က သူမပါးပြင်ကို ဖြတ်သန်းကာ အနည်းငယ်ကျဆင်းသွားသည်။

"ဘုရားသခင်က မတရားဘူး။ တချို့လူတွေက အရမ်းကောင်းကြပေမယ့်  သူတို့ဘဝမှာ ဘယ်တော့မှနောက်ဆုံး အချိန်ထိ ပျော်ပျော်ရွှင်ရွှင် မနေခဲ့ရဘူး။ "


  Randa က သူမ ပါးစပ်ကို အသာဖုံးကာ ခေါင်းကိုအနည်းငယ်ခါလိုက်သည်။

 "ငါ စိတ်မကောင်းပါဘူး၊ ငါ နည်းနည်းလွတ်သွားမိတယ် "

"သူက အခြားကမ္ဘာတစ်ခုမှာဘ ၀ သစ် တစ်ခုရပြီးကောင်းကောင်း နေနေတာ ဖြစ်နိုင်ပါတယ်။  Randa ဖီးနစ်က သေချာပေါက် ပျော်ရွှင်နေမှာပါ။ "

Tang Feng က အမျိုးသမီးကိုညင်ညင်သာသာပွေ့ဖက်လိုက်ကာ နှစ်သိမ့် လိုက်သည်။ သူက ဖီးနစ်အဖြစ်နဲ့မဟုတ်တော့ပေမယ့်  သူကို အမှန်တကယ် ဂရုစိုက်တဲ့ သူငယ်ချင်းတွေ အတွက် သူကောင်းကောင်း နေထိုင်သွားမည်ဖြစ်သည်။

============




(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now