volume (4) _ Chapter (30+31) _မင်းက ငါအရမ်းတန်ဖိုးထားတဲ့လူပဲ

933 144 2
                                    

True Star – volume (4) _  Chapter (30) _မင်းက ငါအရမ်းတန်ဖိုးထားတဲ့လူပဲ


Tang Feng သည်   တိတ်ဆိတ်နေဆဲဖြစ်သည်။

"မင်းရဲ့ လက်ရှိအနေအထားကနေ ပြောင်းလဲလိုက်တာနဲ့ မင်းရဲ့အောင်မြင်မှုက တကယ်ကို ထိုးတက်သွားတာပဲ။ ဒါက မတော်တဆမဟုတ်ဘူး။ ရုပ်ရှင်တွေရိုက်ဖို့ စိတ်အားထက်သန်တဲ့ လူငယ်သရုပ်ဆောင်အများစုနဲ့ ယှဉ်လိုက်ရင် မင်းဟာ မြန်မြန်နာမည်ကြီးလာဖို့အတွက် သူတို့ရဲ့စံပြပုဂ္ဂိုလ်ပဲ။

လုထျန်းကျီက ဆက်ပြောသည် ။
ဒီချီးကျူးစကားက ထျန်းဖုန်းအတွက် ဘာမှ မထူးခြားပေ။ ဒီလူရဲ့စိတ်ထဲမှာ သူက အဆင့်နိမ့် သရုပ်ဆောင်သာ ဖြစ်ပြီး  လုထျန်းချန် နှင့် ထိုသို့သော ဆက်ဆံရေးရှိခြင်းသည် ပြီးပြည့်စုံပုံရသော လုထျန်းချန် ကို စွန်းထင်းစေခြင်းနှင့် ညီမျှကာ လုထျန်းချန်ကို အောက်ကို ဆွဲချစေသူဟု အမြဲထင်နေတယ် မဟုတ်လား။   ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပထမအကြိမ်တွေ့ဆုံပြီးကတည်းက မှားနေပုံရတယ်။

လုထျန်းကျီနဲ့ သူက အနာဂတ်မှာ တစ်ယောက်နဲ့တစ်ယောက် မတွေ့ချင်ဘူးလို့ ခန့်မှန်းလို့ရနိုင်ပါတယ်။ ကံကောင်းထောက်မစွာ၊ Tang Feng သည် လုထျန်းကျီကို သဘောကျဖို့ မုန်းဖို့ မလိုအပ်ပါ။

"အနည်းဆုံးတော့ ကျွန်တော် အောင်မြင်ခဲ့တယ်၊ အရင်က လူမသိတဲ့ သရုပ်ဆောင်ဘဝလို အလွယ်တကူ အနိုင်ကျင့်ခံရတဲ့ ကြယ်လေးတစ်ပွင့်တော့ မဟုတ်တော့ဘူး။"

Tang Feng က ပြုံးပြီးပြောလိုက်သည်။

" မင်းအောင်မြင်တယ်ဆိုတော့လည်း အောင်မြင်တယ်ပေါ့...ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ လူအများစု မက်မက်မောမောနဲ့ လိုချင်နေတဲ့၊ လိုချင်ပေမယ့် မရနိုင်တဲ့ အရာတွေကို ကျွန်တော် ရခဲ့တယ်။"

 သူက ရုပ်ရှင်ကောင်းတစ်ကားကို တကယ်ရိုက်နိုင်ခဲ့ပြီး ကောချန်က ရိုက်ချင်ပေမယ့် ရိုက်ခွင့်မရခဲ့ပေ။ ဒါ့အပြင် ကောချန်က လုပ်ငန်းရှင်တချို့နှင့် ရှု့ပ်ထွေးသည့် ဆက်ဆံရေးရှိပြီး အရာအားလုံးကို ထိန်းချုပ်ချင်ပေမယ့် မထိန်းချုပ်နိုင်ခဲ့ပေ။ ဒါတွေအားလုံးကို မပြောင်းလဲနိုင်တဲ့အခါ၊ သူ လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက နာကြည်းနေရမည့်အစား ဘဝနဲ့လိုက်လျော ညီထွေဖြစ်အောင်နေလိုက်ခြင်းပင်။

Tang Feng ၏ "ပြတ်သားစွာပြောလိုက်သည့် စကားများ" သည် လုထျန်းကျီရယ်မောစေခဲ့ပြီး ဆက်ပြောခဲ့သည်။

  "မင်း အခုပြောနေတာတွေကို ငါ့သား ထျန်းချန်ကို တကယ်နားထောင်ခွင့်ပေးသင့်တယ်။ လေနံ နှစ်ဖက် နင်းရင် Charles မင်းကို စိတ်ပျက်ပြီး ထားသွားမှာ  မကြောက်ဘူးလား။ "ပြုံးနေတဲ့ကျား ဆိုတဲ့ သူ့ရဲ့ နာမည်ပြောင်က အလကားမဟုတ်ဘူး။ သူက သင့်အပေါ် စေတနာပျက်ပြီး မျက်နှာလွှဲသွားနိုင်တယ်။"

 အလုပ်ဆက်လုပ်ဖို့ ငုံ့လိုက်ပြီး  လုထျန်းကျီက Tang Feng နဲ့ စကားပြောနေသည်။

"ဒါပေမယ့် တောင်အာရှမှာ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့က ပြန်ပေးဆွဲခံရတာလိုမျိုး အခက်အခဲတွေနဲ့ ကြုံလာရတဲ့အခါ အဲလ်ဘတ်  က ကျွန်တော့်ကို ကယ်တင်ခဲ့တယ်။"

Tang Feng က ခေါင်းယမ်းပြီး တမင်တကာပြောလိုက်သည်။

 "ကျွန်တော်က ငယ်ငယ်ရွယ်ရွယ်နဲ့ အရင်းအနှီးရှိနေပြီ၊ သူတို့က ကျွန်တော့်ကို အခု ဝိုင်းအလိုလိုက်ပြီး ကျွန်တော် ရုပ်ရှင်ဇာတ်ကားကြီးတွေ  ရိုက်ဖို့ အရင်းနှီးတွေ ပေးနေကြတယ်။ ကျွန်တော် အသက်ကြီးလာတဲ့အချိန် သူတို့ ငြီးငွေ့သွားတဲ့အချက်လား...? "

Tang Feng က ဂရုမစိုက်သည့်ဟန်ဖြင့် နူးညံ့စွာ ပြုံးလိုက်သည်။

" ယောက်ျားတွေရဲ့ ခံစားချက်တွေက ဈေးပေါပါတယ်၊ ကျွန်တော့်အတွက်  အကျိုးအရှိဆုံး လမ်းကြောင်းကိုပဲ ကျွန်တော် ရွေးလိုက်မှာပါ"

"အဲလ်ဘတ်က အန္တရာယ်များတဲ့လူပဲ။ Charles က မင်းကို မကျေနပ်စေဘူးလား? "
လုထျန်းကျီက ပြောလိုက်သည်။

 "ရင်းနှီးမြုပ်နှံမှုဆိုတာ မကြာခဏဆိုသလို စွန့်စားမှုတွေနဲ့ ပါဝင်ပါတယ်။ အန္တရယ်ကင်းတဲ့ ရင်းနှီးမြှုပ်နှံမှုက ကိုယ်လိုချင်တဲ့ ရလဒ်ကို မရနိုင်ဘူး။ အဲလ်ဘတ်က ကျွန်တော် လုထျန်းချန်  ဒါမှမဟုတ် Charles တို့ထက် ကျွန်တော့်ကို ကာကွယ်ပေးဖို့ သြဇာပိုရှိတယ်။ ကျွန်တော် သူ့ကို ရွေးလိုက်လို့ ချားလ်က ဘာကြောင့် ကျွန်တော့်ကို စိတ်ဆိုးသွားရမှာလဲ"
   Tang Feng သည် လုထျန်းကျီနှင့် ဆက်ပြောနေသည်။ မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူ၏ နှလုံးသားထဲတွင် သူက ဘယ်လိုလူဆိုတာ လုထျန်းကျီတွေးနေမည်ကို  စိတ်ကူးမိသည်နှင့် ထျန်းဖုန်း  ကျေနပ်မိသည်။

"Charles သိမှာကြောက်လို့လား" လုထျန်းကျီက အေးစက်စွာ ရယ်မောလိုက်သည်။

"ကျွန်တော် အမေရိကကို သွားမယ်။"

လုထျန်းကျီက ထိုလူငယ်ကို လှမ်းကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်-

 "လောဘကြီးတာက ကောင်းတဲ့အရာပဲ၊ ဒါပေမယ့် လောဘလွန်ကဲတာက တစ်ခါတလေ လူတစ်ယောက်ကို ပျက်စီးစေနိုင်ပါတယ်။"

"အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ် မစ္စတာလု။"

ဒီကျေးဇူးတင်စကားကို ကြားရုံနှင့် ဒါက လေးလေးနက်နက်ပြောတာမဟုတ်ကြောင်း သိသာသည်။
  ငယ်ငယ်တုန်းကဆိုရင် ထျန်းဖုန်းတစ်ယောက် အခုချိန် ဒေါသူပုန်ထနေလောက်ပြီ။   သူက  ထက်မြက်သော်လည်း သူ့ ခံစားချက်က ဉာဏ်ပညာ ထက်မြက်သူကဲ့သို့ မထက်မြင်နိုင်ပေ။

လုထျန်းကျီသည် Tang Feng ၏ စကားသံထဲမှ စိတ်မရှည်မှုကို ကြားလိုက်ရသည်။ သူက အေးစက်စက်ပြုံးပြီး ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ထွက်သွားတော့..."

"ဒါဆို ကျွန်တော် ထွက်သွားတော့မယ်"

Tang Feng က ဥက္ကဌရုံးကနေ အမြန်ထွက်ခဲ့သည်။  

တံခါးပိတ်ပြီးနောက် ပိတ်ထားသော တံခါးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ဒီ လုမိသားစုက ဘာကြောင့် ဒီလိုဖြစ်တာလဲ။

လုထျန်းကျီက သူ ကောင်းနေလျက်နဲ့ ဘာကြောင့် ဒီလို စကားတွေ လာလာပြောနေရတာလဲ။ ဒီလို လာပြီး သြဝါဒခြွေနေမယ့်အစား သူ့ရဲ့ အမြဲတမ်း ရက်စက်ပြီး ချစ်စရာမကောင်းတဲ့သားက ဘာကြောင့်   ယောက်ျားတစ်ဦးကို ရုတ်တရက် ချစ်မိသွားသည်ကို သိအောင် စုံစမ်းသင့်တယ်။

 လုထျန်းကျီသည် သူ့ကို ငတုံး တစ်ယောက်လို မြင်ပေမယ့်    ဖခင်တစ်ဦးအနေဖြင့် သူ့သားကို နားဝင်အောင် မပြောနိုင်လို့  လုထျန်းကျီ စိတ်ပျက်နေပုံရသည်။

Tang Feng က လုထျန်းချန် ကို လုထျန်းကျီ ပြုစုပျိုးထောင်ခဲ့ပုံကို နားမလည်သော်လည်း အစပိုင်းတွင် သူနှင့်ထိတွေ့ဆက်ဆံခဲ့စဉ်က သူ့ကို လျစ်လျူရှုခဲ့ပေမယ့် အရမ်းကို ထက်မြက်သည့် လုထျန်းချန်၏ပုံကို ပြန်တွေးကြည့်လိုက်စဉ် ကလေးတစ်ယောက်၏ ငယ်စဉ်   မိသားစုသင်ကြားရေး ပုံစံက အရေးကြီးသည်ဟု သူ ထင်လိုက်သည်။

ဘာပဲဖြစ်ဖြစ် Charles ဟာ အရောင်အသွေးစုံတဲ့ ပျော်စရာ နွေးထွေးသည့် ကလေးဘဝကို ပိုင်ဆိုင်ခဲ့တယ်။ လုထျန်းချန် ကတော့ မီးခိုးရောင်နဲ့ စိတ်ဓာတ်ကျဖွယ်ကောင်းသည့် နေ့ရက်ကို ဖြတ်သန်းခဲ့ရတယ်လို့ ခန့်မှန်းရတယ်။

ထျန်းဖုန်း  စိတ်ကူးမယဉ်နိုင်တဲ့ တစ်ခုတည်းသော အရာကတော့ အဲလ်ဘတ်ပဲ။ သူ့  ရဲ့ ကလေးဘဝက ဘယ်လိုမျိုးပါလိမ့်။ ဒီကောင်လေးက သူ့မိဘတွေကို သေလောက်အောင် ခြိမ်းခြောက်ခဲ့တောတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။

Tang Feng ပြန်လာပြီးနောက် Charles ကို ဘယ်လိုပြောရမလဲ စဉ်းစားနေတုန်း ဒီလူက သူ့နောက်ကို လိုက်မလာစေဖို့ ဆုတောင်းမိသည်။  ဒါပေမယ့် တဖက်လူက  သူ အမေရိကန်ကို သွားမယ်ဆိုတာ မမျှော်လင့်ဘဲ သိထားပြီးသားမို့ ခဏလောက် လိုက်နေဖို့ ကမ်းလှမ်းရုံသာ ရှိတော့သည်။

"ချစ်ရတဲ့ ဘေဘီလေး... ငါ မင်းကို တစ်ယောက်တည်း မလွှတ်နိုင်ပေမယ့် မတတ်နိုင်တော့ဘူး။ ကိုယ့်မှာ လုပ်စရာ တချို့ရှိနေတယ်။ ကိုယ့် ချစ်လှစွာသော မာမီက   ချိန်းတွေ့တာကိုပဲ သိတယ်လေ။"

Charles က Tang Fengကို ပွေ့ဖက်ကာ နာကျင်ကြေကွဲနေဟန် လုပ်နေတာက တကယ့်ကို သရုပ်ဆောင်တစ်ယောက်လိုပင်။

Tang Feng က Charles ၏ ခါးကို လှမ်းကြည့်သည်-

 "ခင်ဗျားက  အဲလ်ဘတ်  လိုပဲ ကျွန်တော့်ကို ပြဇာတ်ဆန်ဆန် ချဉ်းကပ်နေတာလား။ ဇာတ်ဆောင်မင်းသားနဲ့ နောက်ခံစကားပြောဆိုသူ အလုပ်ကို ခင်ဗျား တစ်ယောက်တည်း တွဲလုပ်နိုင်လို့လား"

"အို ဘုရားသခင်၊ အဲဒါကို တွေးကြည့်ရင် ရှက်စရာကြီး။"

ချားလ်စ် ချက်ချင်း ရွံရှာသွားတယ်။

"မင်း အမေရိကန်ကို သွားတဲ့အခါ သတိထားပါ။"

လုထျန်းချန် က သူ့အဝတ်အစားတွေကို သူ့ဘေးမှာ ကူထည့်ပေးကာ ပြောခဲ့သည်။

Tang Feng မှာ အားနည်းချက်တွေ ရှိတယ်လို့ ပြောနိုင်တယ်။ သူက  ပန်းကန်ဆေးတာ၊ အဝတ်ခေါက်တာလိုမျိုး ကြမ်းပြင်သုတ်တာ၊ အိမ်ရှင်းတာမျိုး အိမ်မှုကိစ္စတွေကို  မကြိုက်ဘူး။

ဒါနဲ့ တစ်ယောက်ယောက်က သူ့ကို အားလုံးကို ကူညီပေးနိုင်လို့ အရမ်းပျော်တယ်။

"မင်း ဘယ်အချိန် သွားမလို့လဲ?"

Tang Feng ဘေးနားထိုင်ပြီး လုထျန်းချန် ခေါက်ထားတဲ့ သူ့အဝတ်အစားတွေကို ကြည့်ရတာ တော်တော်ကောင်းတယ်။

"အချိန်နီးပြီ။"

ခပ်ဝါးဝါးပြောရင်း လုထျန်းချန် က Tang Feng ရဲ့ ခရီးဆောင်အိတ်တွေကို အမြန်စီစဉ်ပေးခဲ့တယ်။ သူသည် Charles ၏ အိမ်တွင်အမြဲတမ်းပုန်းမနေနိုင်ပေ။

ဒီတစ်ခါ ထျန်းဖုန်းက အမေရိကန်ကို ကြိုသွားဖို့ အဲလ်ဘတ်က စီစဉ်ခဲ့ရခြင်းက  သူ့ကို ဒီနေရာကနေ ပထုတ်လိုက်ပြီးနောက်  ဒီသားအဖရဲ့ တိုက်ပွဲကနေ ထွက်သွားဖို့ ရည်ရွယ်ချက်ရှိရှိ ခိုင်းခဲ့တာလား မသိဘူး။

"ကျွန်တော် ဘာပြောရမှန်းမသိပေမယ့်..ဘာပဲဖြစ်ဖြစ်၊ ခင်ဗျားက အမြဲတမ်း အထင်ကြီး စရာကောင်းတဲ့သူပါ။ ခင်ဗျား အချိန်ရမယ်ဆိုရင် ကျွန်တော့် အတန်းကို တချက်လာကြည့်ပေးဖို့ မျှော်လင့်ပါတယ်  "

 Tang Feng က စဉ်းစားရင်း လက်ဆွဲနှုတ်ဆက်ပြီး လုထျန်းချန် ၏ ပုခုံးကို ညင်သာစွာ ပုတ်ကာ ပြောလိုက်သည်။

"ဖြစ်ရပ်တော်တော်များများက ကိုယ့်ကိုကိုယ် လုပ်နိုင်တယ်ဆိုတာ သက်သေပြရတယ်။"

Tang Feng ကိုကြည့်လိုက်တော့ လုထျန်းချန် က ပြုံးပြီး ခေါင်းညိတ်ပြတယ်

 "ဟုတ်ပါတယ်၊ မင်းက ငါ့ဝန်ထမ်းပဲ"

... Charles သူ့ကို တစ်ယောက်တည်း လွှတ်လိုက်တာ မဟုတ်ဘူး။

  Tang Feng သည် ရှောင်ယု  နှင့်သာ လေယာဉ်ဖြင့် အမေရိကန်သို့ ပျံသန်းခဲ့သည်။ သူ့ကိုမြင်တဲ့အခါ တုံ့ဆိုင်းနေတဲ့မြင်ကွင်းကို သူ တကယ်မကြိုက်ဘူး။

Charles က မလိုက်ခဲ့ဘူး။ ကောင်လေးက ခဏလောက် ထွက်သွားဖို့ ပြောခဲ့တယ်။ Tang Feng သည် နောက်ဆုံးတွင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု အနည်းငယ် ခံစားခဲ့ရသည်။ တနေကုန် ဘာအလုပ်မှ မလုပ်ပဲ ဝင်ငွေရနေတဲ့ ကောင်တွေကို သူတကယ် မနာလိုဖြစ်မိသည် ။

လုထျန်းချန်လည်း လိုက်မလာဘူး။ ဒါ တစ်ဖက်သားရဲ့ အိမ်တွင်းရေးကိစ္စဖြစ်သည်။ Tang Feng သည် သူ့ကို ကူညီရန် အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ပြီး ရှုပ်ရှက်ခတ်နေသည့် အဖြစ်ပျက်ကြားမှ လုထျန်းချန်ကို သူ မကယ်တင်နိုင်သည့်အပြင် ဆွဲချမိမည်ကို စိုးရွံံ့မိသည်။    ဤအချိန်တွင် ထိုနေရာက ယာယီစွန့်ခွာကာ အကောင်းဆုံပါပဲ။

သို့သော် မူလက သူ့ပတ်ဝန်းကျင်က သက်ဝင်လှုပ်ရှားနေပြီး ယခု သူ့ပတ်ဝန်းကျင်တွင် မည်သူမျှမရှိတော့၊ အနည်းငယ် အထီးကျန်နေမိသည်။

အထီးကျန်မှုကို ကျင့်သားရသူများသည် ပြုစုစောင့်ရှောက်ခံရသည့်ခံစားချက်ကို မြည်းစမ်းပြီးသည်နှင့်  အဆိပ်ခတ်ခံထားရသလို ခံစားရကာ အထီးကျန်ဘဝသို့ ဘယ်တော့မှ မပြန်ချင်ကြတော့ပေ။ ထိုသို့နေထိုင်ရခြင်းက အရမ်းကို အထီးကျန်လွန်းတယ်၊ အေးစက်လွန်းတယ်၊ စိတ်ဓာတ်ကျချင်စရာကောင်းလွန်းလှတယ်။

မကြာခင် ကြုံတွေ့နေရသည့် ဒုက္ခအားလုံး ပြေလည်နိုင်မယ်လို့ မျှော်လင့်မိတာပဲ...

13 နာရီကြာ လေယာဉ်ဖြင့် ပျံသန်းလာပြီးနောက် အချိန် Time Zone မတူညီသည်ကို ဖြတ်သန်းလာခြင်းကြောင့်   ပင်ပန်းနွမ်းနယ်နေပါသည်။ လေယာဉ်ပေါ်ကဆင်းပြီး ဟိုတယ်ကို တိုက်ရိုက်မောင်းသွားစေခဲ့သည်။  Tang Feng က လေယာဉ်ပေါ်မှာ တစ်ခုခုစားပြီးခဲ့လို့ ညစာမစားတော့ပေ။ သူ့အခန်းထဲရောက်တဲ့အခါ အိတ်တွေကို   လွှတ်ချလိုက်ပြီး ကုတင်ပေါ် ပြေးတက်ရန်  ရေချိုးလိုက်သည်။

ကံကောင်းထောက်မစွာ၊ သူသည် အားလပ်ရက် နှစ်ပတ်နီးပါးရှိခဲ့လို့သာပေါ့။ မဟုတ်ပါက လေယာဉ်မှဆင်းပါက အလုပ်သွားရမည်ဖြစ်သည်။ ဒါဆိုရင်  သူ တကယ်သေချင်စော် နံနေတော့မည်။

Tang Feng သည် ခေါင်းအုံးပေါ် ခေါင်းချကာ စောင်ကို ခြုံလျက် အိပ်ပျော်သွားသည်။ မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ။ သူ နိုးလာပြီး အနည်းငယ် စိတ်ရှုပ်လာသောအခါတွင် သူသည် ထုံးစံအတိုင်း ဘေးဘက်သို့ မှီကာ သက်တောင့်သက်သာရှိသော လူ့အသားခေါင်းအုံးကို လိုချင်နေမိသည်။

Tang Feng ဟာ သူ့အိပ်ယာထဲမှာ လူနှစ်ယောက်အစား တစ်ယောက်တည်း အိပ်ရမယ်ဆိုတာကို မေ့နေသောကြောင့် သူ့ပတ်ဝန်းကျင်က အေးမြတဲ့ အရာဝတ္ထုအစား ပူနွေးသည့် အရာကို တွေ့တဲ့အခါ မဆိုင်းမတွဘဲ  မှီလိုက်စဉ် တစ်ဖက်လူက သူ့လက်ကို လှမ်းကိုင်လိုက်တယ်။ ထိုသူက သူ့ခါးကို လက်ဖြင့် သိုင်းဖက်ကာ  နဖူးနဲ့ ပုခုံးတွေကို စပြီးနမ်းလိုက်တယ်။

အလွန်အကျွံ ယားယံခြင်းကြောင့် Tang Feng မျက်မှောင်ကြုတ်ကာ  အနည်းငယ်ညည်းပြီး  အသက်ရှုရတာ ပိုပို အားနည်းလာသည်။

"အင်း... ရပ်လိုက်တော့"

ထျန်းဖုန်းက တစ်ဖက်လူကို တွန်းဖို့ကြိုးစားပေမယ့် ခွန်အားနည်းတဲ့ သူ့လက်တွေက တစ်ဖက်လူကို တွန်းမပစ်နိုင်ခဲ့ပေ။

ထိုလူက Tang Feng ကို နမ်းရှိုက်ရင်း သူ့နယ်မြေကို စူးစမ်းနေသကဲ့သို့ ထိုလူသားလေး၏ အသားအရည် အရပ်ရပ်ကို ကျူးကျော်ဝင်ရောက်ခဲ့သည်။

သာမာန်လူတစ်ယောက်အနေနဲ့ အိပ်မက်ထဲမှာ ဒေါသအရမ်းထွက်ရလျှင် နေမကောင်းချင်သလို ဖြစ်ခဲ့သည်။

 Tang Feng ကတော့ ဤစိတ်လှုပ်ရှားဖွယ်ဆန္ဒကြောင့် မကြာမီ နိုးထလာသည်။ မျက်လုံးဖွင့်ပြီး ပထမဆုံးတွေးတာက အိပ်မက်ထဲမှာ သူက လိင်ဆက်ဆံခဲ့တာကို အိပ်မက်မက်ခဲ့တာလား။ ဒါက ထင်ယောင်ထင်မှားလား? ဒါပေမယ့်  ရုတ်တရက်  ပြင်းပြသည့် ဆောင့်ထိုးမှုနှင့်အတူ သူ့နောက်ပေါက်လေးမှ နာကျင်မှုက   အိပ်မက်မဟုတ်ဘူးဆိုတာ သက်သေပြနေသည်။

 တကယ့်အိပ်မက်ထဲမှာ ဘယ်သူက လိင်ဆက်ဆံရင်နာကျင်မှာလဲ...
 
သူသည် ကုတင်ဘေး စားပွဲဘေးရှိ လက်ကိုင်ဖုန်းကို ကိုင်လိုက်ပြီး Tang Feng က သူ့ကို ဖိနှိပ်ကွပ်ပြီး မကောင်းမှုတွေ လုပ်နေတဲ့ ယောက်ျားကို တိုက်ရိုက် ရိုက်ချိုးလိုက်ပါတယ်။

"မင်း ငါ့ကို သတ်ချင်နေတာလား။"

နောက်မှလူက  Tang Feng ၏လက်ကို အမြန်ဆွဲယူ လိုက်သည်။ မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် ရင်းနှီးသောမျက်နှာဖြင့် Tang Feng သည် ခဏတာမျှ အံ့အားသင့်သွားခဲ့သည်။

ခဏလောက်ကြာတော့ သူ့လက်ကိုင်ဖုန်းကို ဖြုတ်ချလိုက်တော့ အရမ်းအံ့သြသွားတယ်။

"ဟား-"

 ရုတ်တရက် နှိုးဆွမှုမှာ မှန်းဆ၍မရနိုင်ဘဲ၊ Tang Feng သည် သူ၏လည်ချောင်းထဲတွင် အနည်းငယ် အက်ရှသည့်  အော်သံတစ်ခု ထွက်ပေါ်လာပြီး နောက်ဆက်တွဲ ပြင်းထန်လှသော တုန်ခါမှုကြောင့် တစ်ဖက်လူ၏ ပခုံးများကို ဆုပ်ကိုင်ထားသည်။

သူကျိန်ဆဲချင်ပေမယ့် အခုကျတော့ စကားတောင် မပြောနိုင်တော့ဘူး။

ကလဲ့စားချေတဲ့အနေနဲ့ သူက တစ်ဖက်လူရဲ့ ပခုံးနဲ့ နောက်ကျောကို ပြင်းထန်စွာ ကုတ်ခြစ်ကာ ဆုပ်ကိုင်လိုက်တယ်။ လက်သည်းတွေကို အချိန်မီ ညှပ်ထားပေမယ့် သွေးထွက်တာကို တားဖို့မလွယ်ပေ။

သွေးနံ့အနည်းငယ်က သူ့ကို နှိုးဆွနေသလိုပဲ၊ ထိုလူ၏ ရူးသွပ်မှုသည် Tang Feng အနည်းငယ် သည်းမခံနိုင်တော့ပေ။

 ဟင်း...... အပြင်ထွက်ပြီးရင် သူ့ကိုယ်ပိုင် တံခါးသော့ကို ယူလာပြီး ဟိုတယ်ခန်းကို ခတ်ရတော့မှာလား။


******-*********







volume (4) _  Chapter (31) - အိပ်ယာထက် ကြမ်းတမ်းသည့် သားရဲ အဲလ်ဘတ်

Tang Feng သည် ကုတင်ဘေးကို မှီကာ ဘာဂါကို ကိုင်လိုက်ပြီး Coke ကို တစ်ငုံသောက်လိုက်သည်။ ရေတွေကျလာတဲ့ ရေချိုးခန်းကို မျက်လုံးတွေက စိုက်မကြည့်ဘဲ မနေနိုင်တော့ပေ။ ရေချိုးခန်း တံခါးက တင်းတင်းစေ့ထားတယ်။

တကယ့်ကို ကြောက်စရာပါ။ တစ်ယောက်ယောက်က သူ့အသက်ကို လိုချင်ရင်   လွယ်လွယ်နဲ့ တိတ်တိတ်လေး ချဉ်းကပ်နိုင်တယ်။ လူတစ်ဦးသည် ပင်ပန်းနွမ်းနယ်မှုကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည့်အခါ လက်တစ်ချက်ယမ်းလိုက်တာနဲ့  သူ့အသက်ကို သတ်လိုက်နိုင်တယ်။

အဲဒီလို အရည်အချင်းနဲ့  ရှင်သန်နေတဲ့ လူတချို့ အမြဲရှိတယ်။ Tang Feng က ဒီလူတွေနဲ့ အဆက်အသွယ်မလုပ်ချင်ပေမယ့်၊ အိုး၊ မတတ်သာစွာနဲ့ သူ အိပ်ပျော်နေတုန်း Fuck  ခံလိုက်ရတယ်..
 
ဘာဂါ တစ်ဝက်စားပြီးတာနဲ့ ဗိုက်ဝသွားတယ်လို့ ခံစားလိုက်ရတယ်။ Tang Feng သည် အဝေးထိန်း ခလုတ်ကို ကောက်ယူလိုက်ပြီး TV ကို စတင်ကြည့်ရှုသည်။ မနက်ခင်းသတင်းကို တီဗီမှာ ဖွင့်လိုက်တယ်။ အမေရိကန်စံတော်ချိန် မနက်စောစောပဲ၊ အရမ်းစောနေသေးတယ်။

ရေချိုးခန်းတံခါးကို အတွင်းမှ တွန်းဖွင့်လိုက်သည်။ စိုစွတ်သော ရွှေရောင်ဖျော့ဖျော့ဆံပင်ကို သူ့ခေါင်းဆီသို့ ပြန်ဖြီးလိုက်ပြီး အနက်ရောင် မျက်နှာသုတ်ပုဝါတစ်ထည်သာ သူ့ခါးမှာ ပတ်ထားသည်။ ရေချိုးပြီးတဲ့လူရဲ့ ပတ်ပတ်လည်မှာ အပူရှိန်က တဝဲလည်လည် ရှိနေပေမယ့် အဲလ်ဘတ်ဆီက ရတဲ့အငွေ့အသက်က ထျန်းဖုန်းကို အေးစက်စေခဲ့သည်။ သူ့ရဲ့ ပတ်ဝန်းကျင်က အပူတွေကတောင် ရေခဲအခိုးအငွေ့လို အေးစက်နေပုံပါပဲ။

အဲလ်ဘတ်ရဲ့ချောမောအေးစက်သေည့် ပုံရိပ်က သူက  ညသန်းခေါင်မှာ ရုတ်တရက်ရူးသွပ်တဲ့လူလို သူ့အိပ်ခန်းထဲ ဖောက်ဝင်ကာ ကြမ်းတမ်းစွာ လုပ်ခဲ့မယ်လို့ ထင်ရက်စရာပင်မရှိပေ။
 

မူလက Tang Feng က သူ ဘယ်မှာနေသလဲ၊ ဘယ်အခန်းကသော့က အဲလ်ဘတ်လက်ထဲ ဘယ်လိုရောက်နေလဲဆိုတာ မသိခဲ့ပေ။ ဒါပေမယ့် ဒီတစ်ခေါက်ခရီးစဉ်ကို Albert က မစီစဉ်ထားဘူးဆိုရင်တောင် အဲဒီလူက သူလိုချင်တာကို ရဖို့အတွက် နည်းလမ်းရှိနေပြီလေ။  

သူနှင့် လုထျန်းကျီပြောသည့်အတိုင်းပင်၊ သူသည် ဤလူများ၏ ဘဝ နဲ့ သူတို့ ကျင်လည်သည့် ကမ္ဘာကို နားမလည်သော်လည်း၊ သို့သော် သူ့အတွေ့အကြုံအရ Albert ထိန်းချုပ်ထားသော ပါဝါသည် Lu Tian chen နှင့် Charles တို့ထက်သာလွန်သည်။

Albert သည် သူ့ကိုယ်သူ သစ္စာစောင့်သိသူဖြစ်သည်။ သူလိုချင်တာကို ရအောင်ယူလိမ့်မယ်၊ ရဖို့အတွက် အသေအလဲ ကြိုးစားတယ်။ ဒါကြောင့် သူလိုချင်လျက်နဲ့ မရနိုင်တာ မရှိပေ။
 
 Albert မရနိုင်သောအရာက အနည်းငယ်သာ ရှိကြောင်း Tang Feng က ခန့်မှန်းခဲ့သည်။

"ခင်ဗျားက လုပ်ချင်တာကို အမြဲ ဇွတ်တရွတ်လုပ်တယ်။ နောင်မှာ ကျွန်တော် ကောင်းကောင်း အိပ်ပျော်နိုင်မှာ မဟုတ်တော့ဘူး။ ညသန်းခေါင် ကျွန်တော် အိပ်မောကျနေချိန်  တစ်ယောက်ယောက်ဝင်လာမှာကို  အမြဲစိုးရိမ်နေရတောမယ်"

ဘယ်သူမှ ညလယ်မှာ တိုက်ခိုက်တာကို မခံချင်ပါဘူး။ သတိနဲ့အိပ်နေရတော့မယ်။ ဒါဆိုရင် Tang Feng တစ်ယောက်တည်း အိပ်တဲ့ညမှာ စိတ်မသက်မသာ ဖြစ်ပါလိမ့်မယ်။ တံခါးသော့ခတ်ထားမိသလားလို့ တွေးမိလိမ့်မယ်။  

"မင်း ငါနဲ့ အိပ်လို့ရတယ်လေ"

Albert က အနားကို ရောက်လာပြီး Tang Feng အနားမှာ ထိုင်ပြီး ဘာဂါတစ်ဝက်နဲ့ Cola တစ်ဝက်လောက်စားတဲ့လူကို ကြည့်လိုက်ပြီး ပြောခဲ့သည်။

 "အမှိုက်အစားအစာက ခန္ဓာကိုယ်အတွက် မကောင်းပါဘူး၊ ဒါကို မစားသင့်ဘူး။"

ညသန်းခေါင်မှာ ရုတ်တရက် တိုက်ခိုက်ခံရတာက လူတွေအတွက် ပိုဆိုးတယ် မဟုတ်ဘူးလား....

ခေါင်းအုံးကို ဖက်ထားရင်း Tang Feng အနည်းငယ် အိပ်ငိုက်လာသည် ။ သူသည် ၁၃ နာရီ လေယာဉ်နှင့် ခရီးနှင်ကာ နှစ်နာရီကြာ ကားစီးခဲ့ရသည်။ ဟိုတယ်ကိုရောက်တဲ့အခါ ကောင်းကောင်းအိပ်ချင်ပေမယ့် အိပ်မောအကျဆုံး အချိန်မှာတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။

ယခုအခါတွင် သူ၏ ကြံ့ခိုင်မှုကို ပြန်လည်ရရှိမည့်အစား ပိုမိုပင်ပန်းလာသည်ဟု ခံစားရသော်လည်း အဲလ်ဘတ်ပြောခဲ့သည့်အတိုင်း၊ သူ့ဘေးတွင် လုံလောက်သော အန္တရာယ်ရှိသော လူ တစ်ဦးရှိနေပြီဆိုလျှင်   အိပ်နေစဉ်   အန္တရာယ်များသည် ရုတ်တရက် ကြီးကြီးမားမား မရှိတော့လောက်ပေ ထို့ကြောင့် ထိုကဲ့သို့ အန္တရာယ်ရှိသော လူအနားတွင်  ရှိနေသည်ဟုတွေးမိပါက သူ သေချာပေါက် နှစ်ခြိုက်စွာ အိပ်ပျော်သွားတယ်။

............

သူ့လက်ချောင်းတွေနဲ့ ရေတွက်ကြည့်တော့ သူက အဲလ်ဘတ်နဲ့ အိပ်ခဲ့သည့် အကြိမ်ရေက လက်တစ်ဖက်ထက်   မပိုဘူး။ အကြိမ်တိုင်းတွင် ထူးခြားသောအရသာကို ယူဆောင်လာသော်လည်း ယခင်က တစ်ကြိမ်တစ်ခါမျှ ထိုသို့ ညသန်းခေါင်ထိုးဖောက်ဝင်လာတာမျိုး မရှိသည်မှာ ထူးဆန်းသည်။  

ညဆယ့်နှစ်နာရီထိုးခါနီးတွင် Tang Feng နိုးလာပြီး သူ့ဘေးမှာ လဲလျောင်းနေသော လူတစ်ယောက်ကိုတွေ့ရန် မျက်လုံးဖွင့်ကြည့်လိုက်တော့ ချက်ချင်းမထဘဲ မနေ့ညက တစ်ဝက်တစ်ပျက်နဲ့ နိုးတစ်ဝက်ကြားက ဖြစ်ပျက်ခဲ့တာတွေကို ခဏလောက် ပြန်တွေးကာ  ငြိမ်ငြိမ်လေးအိပ်လိုက်တယ်။ သူ စစ်ဆေးကြည့်တော့ သူ့ဘေးနားကလူက အဲလ်ဘတ်ဖြစ်ကြောင်း အတည်ပြုလိုက်တယ်။

စောင်ကိုဆွဲကာ အဲလ်ဘတ်ခေါင်းကို အုပ်ထားရင်း Tang Feng သည် အပေါ်မှ ဖိကာ လှိမ့်လိုက်သည်။

စောင်ကိုဖြတ်၍ Albert ၏  လက်က ထိုလူငယ်၏ကျောကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ နူးညံ့သိမ်မွေ့သော ဤအမူအရာသည် မနေ့ညက တစ်စုံတစ်ယောက်၏ တောရိုင်းကောင်ကြီးလို ကြမ်းတမ်း ရိုင်းစိုင်းမှုနှင့် ကွာခြားလွန်းလှသည်။
"မင်းငါ့ကို ရေတစ်ခွက်ထည့်ပေးမလား"

Tang Feng ၏ ရှုပ်ယှက်ခတ်နေသော အသံသည် စောင်မှ ထွက်လာပြီး သူ့ခြေလက်များ အနည်းငယ် ပျော့ကျနေသည် ။

"ဂုဏ်ယူစွာနဲ့ အမှုတော် ထမ်းပါ့မယ်"

Albert က ပြန်ဖြေတယ်။

Tang Feng သည် မကြာမီ ခွက်ထဲသို့ ရေကျသံကို ကြားလိုက်ပြီးနောက် တစ်စုံတစ်ယောက်သည် သူ့အနားသို့ လျှောက်လာပြီး သူ့ပုခုံးကို ညင်သာစွာ ပွတ်သပ်ရင်း မေးလိုက်သည်။

 "ဆရာဝန်လိုသေးလား"

"ဟင့်အင်း.. "
Tang Feng က အေးအေးဆေးဆေး ဖြေလိုက်သည်။

သက်ပြင်းတစ်ချက်ချရင်း ထျန်းဖုန်း စောင်ထဲက ထွက်လာတယ်။ အဲလ်ဘတ်သည် ခေါင်းအုံးတစ်လုံးကို ကျောနောက်တွင် ခုပေးကာ ထျန်းဖုန်း ပိုသက်တောင့်သက်သာရှိစေရန်   ထားလိုက်သည်။

ထျန်းဖုန်း ထထိုင်လိုက်တာနဲ့ စောင်က ကိုယ်ပေါ်က ကွာသွားပြီး အနမ်းဖုံးနေတဲ့ ရင်ဘတ်ကို ငုံ့ကြည့်လိုက်သည်။  Tang Feng သည် ပုဝါကို တစ်ဖန်ဆွဲထုတ်လိုက်ပြီး အဲလ်ဘတ် ကမ်းပေးသည့် ရေဖန်ခွက်မှရေကို သောက်ရန် လက်လှမ်းမှီကာ တစ်ငုံသောက်လိုက်ပြီး သူ့လည်ချောင်းမှာ အနည်းငယ် သက်သာသွားကာ အခုမှ  အဆင်ပြေသွားတော့တယ်။

ဖြစ်စဉ်တစ်ခုလုံးမှာ Albert က တိတ်တိတ်လေးပဲ စောင့်ကြည့်နေပြီး သူ့မျက်လုံးတွေက တစ်ခုခုကို သဘောကျနေပုံရပြီး ကြောက်စရာကောင်းလောက်အောင်ကို သဘောကျနေပုံပေါ်သည်။

"မင်း ငါ့ကို စိုက်မကြည့်လို့မရဘူးလား။"

ရေ ဖန်ခွက်တစ်ဝက်လောက်သောက်ပြီးရင် Tang Feng ဖန်ခွက်ကို ဘေးဖယ်ထားလိုက်တယ်။

အဲလ်ဘတ်သည် ပါးစပ်ထောင့်ကို ညင်သာစွာ ပွတ်သပ်ရင်း ဗီရိုကိုဖွင့်ကာ ကုတင်ပေါ်တင်ရန် ဗီရိုထဲမှ အဝတ်တစ်ထည်ကို ထုတ်ကာ ပြောလိုက်သည်။

"ရေ အဆင်သင့်ဖြစ်ပြီ။ ရေချိုးလိုက်ပါလား..ပြီးမှ နည်းနည်းစားဖို့ ထွက်တာပေါ့.. "

စကားပြောပြီးနောက် အဲလ်ဘတ်သည် ဥရောပစတိုင် နို့ဖြူရောင်ရွှေရောင်အနားကွပ်ကုလားထိုင်ကို ဆွဲထုတ်ကာ Tang Feng ထမည်ကို စောင့်ဆိုင်းနေသကဲ့သို့ ငြိမ်သက်စွာ ထိုင်နေလိုက်သည်။

ကောင်းပြီ၊ လုပ်သင့်သည်ကိုလည်း လုပ် ပြီးသလို မလုပ်သင့်သည်ကိုလည်း  အကြိမ်များစွာ လုပ်ပြီးပြီဆိုတော့ ထူးပြီး  ရှက်နေစရာမလိုတော့ဘူး..ထားလိုက်ပါတော့..

စောင်ကိုဆွဲချွတ်ပြီး Tang Feng သည် အဝတ်ဗလာဖြင့် အိပ်ရာမှ ထကာ အဲလ်ဘတ်၏ အကြည့်အောက်တွင် ကိုယ်လုံးတီးဖြင့် ရေချိုးခန်းထဲသို့ ဝင်သွားသော်လည်း ရေချိုးခန်းတံခါးက ပိတ်တော့မည့်အချိန်တွင် အဲလ်ဘတ်သည် တံခါးဝတွင်ရပ်နေပြီး သူ့လက်ထဲမှာ လိမ်းဆေးကို ကိုင်ထားကာ ခိုင်းခဲ့သည်။

"ငါ့အတွက် လိမ်းပေးပါ"

 ထိုသို့ပြောပြီး Albert က သူ့ကိုယ်ပေါ်က ညအိပ်ဝတ်စုံကို ချွတ်လိုက်တယ်။ Tang Feng ဟာ အပြစ်ကင်းစင်တဲ့ ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်ပြီး "ရင့်ကျက်တဲ့ ဦးလေးကြီးအရွယ်" ဖြစ်ပေမယ့် အခု သူ့ထက် ကြီးမားသည့် လက်နက်ကြီးနဲ့ လူကို သူ တွေ့လိုက်ရသည်။ ဒါတွေက သူ့ရှေ့မှာ ဘာမှ မထူးခြားတော့ပေ။

"နည်းတဲ့ကောင်ကြီး မဟုတ်ဘူး"

သူ့ပါးစပ်ထောင့်တွေတွန့်သွားပြီး Tang Feng က ရေထဲမှာထိုင်နေရင်း "ဘယ်မှာ လိမ်းပေးရမလဲ။ " ဟု မေးလိုက်သည်။

 Albert က Tang Feng ကို ကျောပေးပြီး ရေချိုးကန်အနားကို လာထိုင်ခဲ့သည်။  ဒါက Albert ရဲ့ နောက်ကျောမှာ အနီရောင်နဲ့ ခရမ်းရောင် လက်သည်း ခြစ်ရာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေပြီး ပခုံးနဲ့ နီးတဲ့နေရာတွေ အများကြီးရှိနေသည်။  ခြစ်မိပြီး သွေးထွက်များလာသဖြင့် ယခုအခါ သွေးများ ခဲသွားကာ အမာရွတ်အသစ်များသာ ကျန်တော့သည်။

မနေ့ညက သူ့လက်တုန့်ပြန်မှုက အရမ်းရက်စက်ခဲ့တာလား။ ကျူးလွန်သူအနေနဲ့ Tang Feng မှာ နောင်တရစရာ မရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ဒါဟာ Albert ကိုယ်တိုင် အရမ်းကြမ်းတမ်းခဲ့တာကြောင့်ပါပဲ။

"မင်းက တောထဲက ကျားသစ်လိုပဲ။"

Albert က ရုတ်တရက်ပြောလိုက်တယ်။

"ဒါဆို မင်းက ဘာဖြစ်မလဲ၊ မင်းဟာ သန်းခေါင်ယံမှာ အသွင်ပြောင်းတဲ့ ဝံပုလွေတစ်ကောင်လား။"

လိမ်းဆေးကို အဖုံးဖွင့်ကာ Tang Feng က Albert ရဲ့ ဒဏ်ရာကို ဆေးဆီဖြင့် စပြီး လိမ်းလိုက်သည်။  နောင်တရစရာ မရှိပေမယ့် ဒါသူပေးခဲ့သည့် ဒဏ်ရာဖြစ်ပြီးနောက် Tang Feng က တစ်ယောက်နဲ့ တစ်ယောက် အပြင်းအထန် ဆေးလိမ်းပေးနေတုန်းပါပဲ။

အထူးသဖြင့် Tang Feng သည် အမှန်တကယ်တွင် Albert တွင် သူ့ခန္ဓာကိုယ်တွင် အမာရွတ်မရှိသလောက်ဖြစ်ပြီး သူ့ကုတ်ခြစ်တာကို ခံရသည့် ဒဏ်ရာများသာ ရှိကြောင်း Tang Feng သိလိုက်သောအခါ။

ဆေးဆီကို ညှစ်ပြီး အနည်းငယ် ပွတ်ပေးကာ Tang Feng က အမာရွတ်ပေါ် လိမ်းပေးသည်။ ပူနွေးသောလက်ဖဝါးသည် အမာရွတ်ကိုထိလိုက်သောအခါ၊  လိမ်းဆေး၏လုပ်ဆောင်ချက်အောက်တွင် အနည်းငယ်ယားယံစေသည်။ Albert က သူ့မျက်လုံးကို စိုက်ကာ အနည်းငယ် ငုံ့ကြည့်သည်။ Tang Feng ၏ ပခုံးကို ထောက်ထားပြီး သူ့အပေါ်ပိုင်းကို ကိုင်ထားသည်။

"ထိုင်"

Tang Feng ၏ အမှတ်တမဲ့ အမိန့်ပေးသံအောက်တွင် Albert သည် သူ့လည်ချောင်းအတွင်းမှ လာသည့်    ရယ်မောသံထုတ်လွှတ်ကာ ရင်းနှီးသောနည်းဖြင့် ထိကိုင်ပြီး ထိုလူ၏ ပုခုံးကို လွှတ်လိုက်သည်။

"အင်း ပြီးပြီ...ထွက်သွားလို့ရပြီ"


ဆေးကို မြန်မြန်ပွတ်ပြီးတာနဲ့ Tang Feng က ချက်ချင်းပဲ မြန်မြန် မောင်းထုတ်လိုက်သည်။

" တံခါးကိုပိတ်ဖို့ မမေ့နဲ့။"

.........

နာရီဝက်လောက်ကြာတော့ Tang Feng ရေချိုးခန်းထဲက ထွက်လာပြီး အစားအသောက်တွေက စားပွဲပေါ် သပ်သပ်ရပ်ရပ် ခင်းထားသည်ကို တွေ့လိုက်ရသည်။  Albert က သူ့အဝတ်အစားတွေကို သပ်ရပ်စွာ ဝတ်ထားပြီး အရောင်ဖျော့ဖျော့နဲ့ အထက်တန်းကျလွန်းသည့် ဝတ်စုံ၊ ရွှေရောင်ဖျော့ဆံပင်၊ မြနတ်ဘုရား၏  မျက်လုံးများနှင့် ပြတင်းပေါက်မှ ထွန်းလင်းနေသော နေရောင်တို့ကဲ့သို့ ကြည်လင်တောက်ပမှု အားလုံးပေါင်းလိုက်ချိန် အဲလ်ဘတ်ကို ရုပ်ရှင်ထဲက ဘုရင်ငယ်လေးကဲ့သို့ ကျက်သရေရှိလာစေသည်။

ကြည့်ကောင်းပေမယ့် မင်းကို မော့ကြည့်လိုက်ချိန် မြင်လိုက်ရသည့်  စိမ်းစိုလှပတဲ့ မျက်လုံးတွေက အဆိပ်ပြင်းတဲ့ မြွေမျက်လုံးတွေနဲ့ တူနေတာကို တွေ့လိုက်ရတယ်။

"စားရာတချို့ကို ဖုန်းဆက်ပြီးမှာထားတာ။ မင်း ကြိုက်တာရွေးလိုက်လေ"

အဲလ်ဘတ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး နှလုံးသားနှင့် နွေးထွေးမှုတို့ ပေါင်းစပ်ဖြစ်နေတာ ရှားပါးလှသည့်မြင်ကွင်းပင်။

"မင်းထွက်သွားမှာ မဟုတ်ဘူးလား။" Tang Feng က ဘာအရသာရှိတဲ့ စားစရာများလဲ ဆိုတာ ကြည့်ဖို့ စားပွဲမှာ ထိုင်လိုက်တယ်။

"မင်း ငါ့ကို ထွက်သွားစေချင်လား"

Albert သည် Tang Feng ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသည်။

 "ကိုယ့်မှာ အားလပ်ရက် နှစ်ပတ်ရှိတယ်။"

အာလူးထောင်းနှစ်ကိုက်စားတဲ့ Tang Feng က ရင်တွေပူနေပြီ။ သူပြောတာမှန်တယ်။ နှစ်ပတ်ကြာ အားလပ်ရက်မှာ အဲလ်ဘတ်က ဘာလုပ်မယ်လို့ ပြောနေတာလဲ။ Tang Feng က ဆန့်ကျင်ဘက်လူကို   မျက်လုံးမှိတ်ပြီး ပြောတယ်၊ တစ်ခုခုမှားနေပြီ။

 "မင်းနဲ့ အပန်းဖြေခရီးထွက်ဖို့ ငါ စိတ်ကူးမရှိဘူး။

"ဟုတ်ပြီ "

အဲ့ဒီငတုံးကောင်.....မင်း ငါ့ကို အတင်းလုပ်လို့မရဘူး။

"မင်းပြောတာ မှန်ပါတယ်၊ ငါက ခါးကုန်းကြီး ကွာစီမိုဒို မဟုတ်သလို မင်းလည်း ခါးကုန်းကြီးအပေါ် ကြင်နာတဲ့ ဂျပ်စ်ဆီ မလေး အက်စ်မရာဒါ မဟုတ်ဘူး။ ဒါကြောင့် ငါ စိတ်ဓာတ်ကျပြီး သနားစရာကောင်းတဲ့ လူတစ်ယောက်အနေနဲ့ ဆက်ကစားနေဖို့ မလိုတော့ဘူး။"

Albert သည် သူ၏နေ့လည်စာအား ဖြည်းညှင်းစွာ စားပြီး သဘာဝနှင့် အေးဆေးသောလေသံဖြင့် ဆက်ပြောခဲ့သည်။

"ငါက  တစ်ကိုယ်ကောင်းဆန်တဲ့လူဖြစ်ပြီး ငါလိုချင်တာကို ရအောင်ယူလိမ့်မယ်"

စကားပြောပြီးနောက် Albert က Tang Feng ကို အနည်းငယ် ပြုံးပြလိုက်သည် -

 " လုထျန်းကျီရှေ့မှာ မင်းသရုပ်ဆောင်တာ မဟုတ်ရင်တောင် ငါ့အတွက် အခွင့်အရေးတစ်ခု ပေးခဲ့လို့ ငါ ပျော်နေတယ်။ "

"ကျွန်တော်က ကုန်ပစ္စည်းမဟုတ်ဘူး။"

"အင်း...မင်းက ငါအရမ်းတန်ဖိုးထားတဲ့လူပဲ။"

Albert က ပြုံးပြုံးလေးပြောလိုက်သည် ။

 
********-**************

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now