Superstar Volume III- Chapter (21) - ေလလံပြဲ -1

4.6K 683 9
                                    

Superstar Volume III- Chapter (21) - ေလလံပြဲ -1



ေန႔လည္စာစားၿပီးေနာက္ Tang Feng ကြၽန္းေပၚရွိ  villa ၏ လသာေဆာင္ေပၚ၌ တစ္ေယာက္တည္းရပ္ေနၿပီး ေနေရာင္ေအာက္ ေတာက္ပေနေသာသမုဒၵရာရႈခင္းကိုၾကည့္သည္။

သူသည္ တစ္ပတ္အတြင္း ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္သို႔ တက္ေရာက္ မည္ျဖစ္ေၾကာင္း အဲလ္ဘတ္ႏွင့္ သေဘာတူညီမႈ ရခဲ့ၿပီး Tang Feng ကို ဗင္းနစ္သို႔ႏွစ္ရက္ႀကိဳတင္ေရာက္ရွိေအာင္ ပို႔ေပးရန္ ကတိေပးခဲ့သည္။ သူက Su Qi cheng ႏွင့္  Li Xi တို႔ရွိသလားဟု ေမးေတာ့ အဲလ္ဘတ္က ဒီကြၽန္းေပၚက ဝန္ထမ္းေတြရဲ႕  ဘဝကို ေတြ႕ႀကဳံခံစားေနရသည္ဟုျပန္ေျပာခဲ့သည္။ ကြၽန္းေပၚရွိ ဟင္းသီး ဟင္း႐ြက္ဥယ်ာဥ္ကိုေရေလာင္းေပးေသာ Su Qi cheng  ကို စဥ္းစားမိ ေသာအခါ Tang Feng   ရယ္ခ်င္ေနမိသည္။

Tang Fengက ဒီလူႏွစ္ေယာက္ကိုေတြ႕ခ်င္တယ္လို႔ေျပာေတာ့  Albert က ေတြ႕ခြင့္ေပးပါမည္ဟု ကတိေပး႐ုံသာမက   Su Qi cheng ႏွင့္  Li Xi တို႔၏ဘဝကို ထိခိုက္ေအာင္ လုပ္မည္မဟုတ္ဟုလည္း ကတိေပးခဲ့သည္။ တကယ္လို႔ သူသာ ေတာင္းဆိုမယ္ဆိုရင္ Albert က ဒီလူႏွစ္ ဦး ႏွင့္ Tang Feng တို႔ကို Venice ႐ုပ္ရွင္ပြဲေတာ္သို႔ အတူေခၚသြားခြင့္ေတာင္ ျပဳႏိုင္သည္။ ဒါမွမဟုတ္ သူတို႔ထဲက တစ္ေယာက္ကို ပင္လယ္ထဲ ပစ္ခ်တာလည္း လုပ္ႏိုင္သည္။

Albert က လိမၼာပါးနပ္စြာေျပာဆိုေသာ္လည္း "သူတို႔ထဲမွ တစ္ေယာက္" ဆိုတာက  Su Qi cheng ကို ရည္ၫႊန္းသည္ကို Tang Feng ေကာင္းေကာင္းသိသည္။ အရင္က သူတို႔ ညစာအတူစားရင္း Albert ေျပာထြက္လာသည့္ စကားမ်ားအရ သူ႔ကို Su Qi cheng ေထာင္ေခ်ာက္ဆင္ဖမ္းတာကိုသိထားၿပီး ဒီလူကို လက္တုန႔္ျပန္ခ်င္ေနသည္ကို Tang Feng သိလိုက္သည္။

Albert ကိုယ္တိုင္က အႏၲရာယ္အလြန္ႀကီးမားလြန္းသည္ကလြဲရင္ သူက ဘက္စုံထူးခြၽန္ထက္ျမက္လြန္းလွသည္။ ဒါေပမယ့္ ဒီလိုလူႏွင့္ ေန႔တိုင္း မ်က္ႏွာခ်င္းဆိုင္ နီးနီးကပ္ကပ္ေနလို႔မေကာင္းေပ။ သင့္ေတာ္ေသာ အကြာေဝးမွ ဆက္ဆံထားပိုေကာင္းသည္။ အခန႔္မသင့္ရင္ ဒီလူေၾကာင့္ ကိုယ္ တခုခု ေဘးေတြ႕ႏိုင္သည္။

" မင္းက ဟိုလူႏွစ္ေယာက္ကိုသြားေတြ႕မယ္လို႔ ေျပာခဲ့တာ။ ဘာေၾကာင့္ သြားမေတြ႕ေသးတာလဲ။  "

ဒီစကားႏွင့္အတူ Tang Feng ေနာက္မွ ႏူးညံ့လွပေသာ ေဘာ့စ္ကို ေတြ႕လိုက္ရသည္။ Albert ၏ ေလယူေလသိမ္းက အဂၤလိပ္ေလသံပီသလြန္းလွၿပီး ၾကားသူတိုင္း ႏွစ္သက္သေဘာက်ႏိုင္သည္။ သူပင္လွ်င္ အေမရိကန္ အသံထြက္ႏွင့္သာေျပာႏိုင္သည္။

"သူတို႔ အဆင္ေျပေနတာဆိုတာ သိရင္ရပါၿပီ။"

ဘာပဲျဖစ္ျဖစ္ သူ Su Qi cheng နဲ႔  Li Xi ကို သြားၾကည့္ရင္ေတာင္မွ Albert က ဘာမွ မလုပ္ႏိုင္ေပ။ Tang Feng ျပန္လွည့္လိုက္ေတာ့ ပင္လယ္ေလျပင္းေၾကာင့္ သူ႔ဆံပင္ေတြ ရႈပ္ပြကုန္သည္။ သူ ဒီကိုေရာက္ကတည္းက ဆံပင္မညႇပ္ရေသာေၾကာင့္ သူ႔ဆံပင္လည္း အေတာ္ကို ရွည္လာေလၿပီ။

ေနေရာင္ထဲမွာ အနက္ေရာင္ဆံပင္ေတြက ပိုးသားေတြလို႔ ေတာက္ပေနၿပီး ႐ိုးရွင္းကာ ၾကည့္ေကာင္းလို႔ေနသည္။ ပင္လယ္ျပင္တြင္ မုန္တိုင္းစဲသြားၿပီး ေနသာလို႔လာသည္။


"ဒီဝတ္စုံ မင္းနဲ႔လိုက္ဖက္တယ္။"

Albertရဲ႕အၾကည့္က Tang Feng ဆီပဲေရာက္ေနသည္။ သူ႔အတြက္ သူ စီစဥ္ေပးသည့္ တ႐ုတ္႐ိုးရာ အဝတ္စားမ်ားကို Tang Feng  သေဘာက်ေပမယ့္ ဝတ္တိုင္း တမ်ိဳးခံစားရသည္။

"ေက်းဇူးတင္ပါတယ္။ "

ႏွစ္ေယာက္ၾကား တိတ္ဆိတ္ေနသျဖင့္ Tang Feng  အခ်ိဳ႕ေသာအေၾကာင္းအရာမ်ားကို ေျပာလိုက္သည္။

" မင္း ဒီမွာ လာေနေလ့ရွိ တတ္သလား"

" တခါတေလ လာေနပါတယ္။ ဒီမွာက တိတ္ဆိတ္ၿပီး ေအးခ်မ္းတယ္ေလ။ ငါ ဒီမွာ လြတ္လြတ္လပ္လပ္ သဘာဝအလွကို ခံစားလို႔ရတယ္ "


သူသည္ Tang Feng ၏ေဘးဘက္သို႔ေလွ်ာက္လာၿပီး ေဘးခ်င္း ကပ္ထိုင္ၿပီး ဟိုးအေဝးက  အဆုံးမဲ့သမုဒၵရာရႈခင္းကိုၾကည့္ကာ ေျပာလိုက္သည္။

"ဟုတ္တယ္ "

Tang Feng က ေထာက္ခံလိုက္သည္။

" မင္ သေဘာက်ရင္ ဒီကို လာေနလို႔ရပါတယ္။ "


Albert၏ ဖိတ္ၾကားခ်က္က  Tang Feng ၏နားထဲတြင္ ျအား အဓိပၸာယ္တစ္ခုရွိေနသည္။

"မင္း ငါ့ကို သြားခြင့္ျပဳတာလား?"

"မင္းကို အစကတည္းက  ဒီမွာ အက်ဥ္းခ်ထားဖို႔ ငါ  ဘယ္တုန္း ကမွ မစဥ္းစားခဲ့ဘူး။ အနည္းဆုံးေတာ့ အခု မဟုတ္ေသးဘူး။"

Albert က အနည္းငယ္ၿပဳံးၿပီး Tang Feng  ၏ နဖူးေပၚက ဆံပင္ကို ထိုးဖြကာေျပာလိုက္သည္။

 Tang Feng က အံ့အားသင့္ကာေမးလိုက္သည္။

 "မင္း ဘယ္အခ်ိန္တုန္းက လူႀကီးဆန္သြားတာလဲ။ "

 "အခ်ိန္ေရာက္ၿပီလို႔ ငါ ထင္တဲ့အခါေပါ့  "

သူ႔အေျဖက မေသခ်ာမေရရာမႈမ်ားႏွင့္ျပည့္ႏွက္ေနသည္။

Su Qi cheng ႏွင့္  Li Xi တို႔ကိုလႊတ္ေပးဖို႔  Albert က Tang Feng ကို ကတိေပးၿပီး ေနာက္တစ္ရက္တြင္ ရဟတ္ယာဥ္ျဖင့္ ထို လူ ႏွစ္ေယာက္ကို ေခၚသြားေစသည္။ သူတို႔က ကြၽန္းေပၚတြင္ Tang Feng လည္းရွိေၾကာင္း မသိခဲ့ၾကေပ။

ထိုအခ်ိန္တြင္ Tang Feng သည္ ျပတင္းေပါက္နားတြင္ရပ္ကာ ရဟတ္ယာဥ္မွထြက္ခြာသြားသည္ကိုၾကည့္ေနသည္။ Su Qi cheng ႏွင့္  Li Xi တို႔ကို ေဟာင္ေကာင္ကို႔ျပန္မပို႔ေပးမွာ  Albert ကို ပင္လယ္ထဲသို႔ ပစ္ခ်ခံရမည္ကို မစိုးရိမ္ဘူးလားလို႔ေမးေတာ့ သူက      Albert ကို ယုံၾကည္တယ္လို႔ေျပာလိုက္သည္။

 ဘာေၾကာင့္လဲဆိုေတာ့ Albert စည္းကမ္းလိုက္နာေသာသူျဖစ္ၿပီး သူကိုယ္တိုင္က ခ်မွတ္သည့္ စည္းမ်ဥ္းကို သူ ခ်ိဳးေဖာက္မည္ မဟုတ္ေပ။ သူက ေျပာသည့္ အတိုင္းလုပ္သည္ ဆိုသည့္ လူမ်ိဳးျဖစ္သည္။


Su Qi zheng ႏွင့္  Li Xi တို႔ထြက္ခြာသြားၿပီး မၾကာမီေန႔မြန္းတည့္အခ်ိန္တြင္ Albert သည္ Tang Feng အား ကြၽန္း၏ေဘးတြင္ ရွိသည့္ႀကီးမားေသာ ႐ြက္ေလွႀကီးတစ္စီးေပၚ လာရန္ဖိတ္ေခၚခဲ့သည္။

"ဘယ္သြားမလဲလို႔ ငါ့ကို မေမးနဲ႔"

ေလွေပၚတက္သြားခ်ိန္တြင္ Albert အၿပဳံးျဖင့္ေျပာလိုက္သည္။

 "အနာဂတ္လမ္းေၾကာင္းကို ငါ မေျပာင္းလဲႏိုင္တာကို သိတယ္။ ဒါေၾကာင့္  ဒီခရီးစဥ္ကို ပိုၿပီးေပ်ာ္စရာေကာင္းေအာင္လုပ္ဖို႔ အတြက္ ေငြလမ္းခင္းၿပီး စီစဥ္ထားခဲ့တာပဲ။ "

ညဘက္ေရာက္မွ က်ယ္ျပန႔္သည့္ ပင္လယ္ထဲတြင္ ႐ြက္ေလွကို ေက်ာက္စူးခ်ကာ ရပ္လိုက္သည္။ မၾကာခင္ သူတို႔ ႐ြက္ေလွ နားတြင္ အျခား အမည္မသိ သေဘၤာႀကီးေရာက္လာၿပီး သူတို႔သေဘာေပၤၚကိုတ က္လာၾကသည္။  ဒီအမည္ မသိတဲ့ သေဘၤာေပၚကလူေတြက သာမန္လူေတြမ ဟုတ္ဘူး ဆိုတာျပသ ေနသည္။

Tang Feng က သူ႔ကို အထူးအဆန္း လုပ္ၿပီး လူေတြကို ဝိုင္းမၾကည့္ေစခ်င္ေပ။ အထူးသျဖင့္ ႐ိုးရာတ႐ုတ္ဝတ္စုံကို ဝတ္ထားၿပီး Albert  ေဘးမွာ ရပ္ေနရခ်ိန္တြင္ျဖစ္သည္။ သေဘာႀကႌး၏ပထမထပ္သည္ ႐ုပ္ရွင္႐ုံႏွင့္တူၿပီး တစ္မီတာေလာက္ျမင့္သည့္ စင္ျမင့္ေဆာက္ထားျပီး ေအာက္တြင္ ထိုင္ခံုမ်ားစီခ်ထားသည္။ သူတုိ႕နွစ္ဦးရွိေနသည့္ အခန္းကို မွန္ျဖင့္ကာထားျပီး အထဲကေန အျပင္ကို ျမင္နုိင္ျပီး အျပင္ကလူေတြက အထဲကို မျမင္နုိင္ေပ။

Tang Feng နွင့္ Albert သည္ ထိုမွန္ခန္းထဲတြင္ ရွိေနျပီး သူတို႕ေရွ႕က လူေတြရဲ႕ေနာက္ေက်ာနွင့္ စင္ျမင့္ကို ေကာင္းေကာင္းျမင္နုိင္သည္။

သူတို႔ အေရွ႕ဘက္နဲ႔ေအာက္ဘက္မွာ LCD ဖန္သားျပင္မ်ား တပ္ဆင္ ထားသျဖင့္ စင္ေပၚက အရာေတြကို ထိုေနရာမွ ျမင္နုိင္သည္။

ဒါေလလံပြဲတစ္ခုပဲ

 Tang Feng က စင္ျမင့္ေပၚတြင္ ေလလံပြဲစီစဥ္သူအတြက္ စားပြဲခံုနွင့္ တူတစ္ေခ်ာင္းျပင္ထားတာကိုေတြ႕ရသည္။ ဧည့္သည္ထိုင္ခံု ကိုေတာင္ သူတို႕ ေလလံဆြဲမည့္ အရာရဲ႕ ေစ်းနႈန္းေပၚလိုက္ျပီး ေနရာခ်ထားသည္။ ထိုထုိင္ခံုက ေရွ႕ကိုေရာက္ေလေလ ပိုက္ဆံ ပိုခ်မ္းသာေလျဖစ္သည္။ သို႕ေသာ္ ဒီေရွ႕ပိုင္းထိုင္ခံုမ်ားကို ေငြေႀကးခ်မ္းသာတိုင္းလည္း ထိုင္ခြင့္ရခ်င္မွ ရသည္။

အထူးေလလံပြဲ၏ပိုင္ရွင္က Albert ျဖစ္သည္။ Albert က သာမန္အရာ မ်ားကို ေရာင္းမည္ေတာ့ မဟုတ္ေပ။ ဘာကိုေလလံပစ္ ႀကမည္ကိုေတာ့ ပြဲျပီးမွ သိနုိင္ေပလိ္မ့္မည္။ သူတုိ႕ ေနရာမွာ ထုိင္ျပီး ငါးမိနစ္ႀကာေတာ့ ဧည့္သည္အသီးသီး ထိုင္ခံုတြင္ ဝင္ထို္င္ႀကသည္။

 လူအမ်ားစုက ဒီကို ပထမဆုံးအႀကိမ္ေရာက္ဖူးတာ မဟုတ္ႀကေပ။ သူတိုရဲ႕ ကိုယ္ပိုင္နံပါတ္နွင့္ ထိုင္ခုံမ်ားကိုေတြ႕လိုက္ရသည္။

Albert က သူ႕ေဘးက လူကို ရွင္းျပေနသည္။ ဒီကိုလာသည့္ လူမ်ား က  ခ်မ္းသာႂကြယ္ဝႀက သည္။ ေငြျဖဳန္းနုိ္င္သူေတြျဖစ္ေပမယ့္  သူတို႔ေရွ႕မွာ ထိုင္ေနတဲ့လူအမ်ားစုက သာမန္မဟုတ္ႀကေပ။

"မင္းရဲ႕ေလွေပၚကိုေရာက္ဖို႔ လက္မွတ္တစ္ေစာင္လိုတာလား"

ဘာပဲျဖစ္ျဖစ္အျပင္ဘက္ကလူေတြက အတြင္းပိုင္းကို မျမင္ႏိုင္ေသာေႀကာင့္ Tang Feng သည္  မွန္ေရွ႕တြင္ရပ္ကာ  ေအာက္မွာရွိသည့္ လူအမ်ိဳးမ်ိဳးကိုၾကည့္ေနသည္။

"ဖိတ္စာပဲ လိုတယ္။ ဖိတ္စာရသူက တျခားဧည့္သည္ႏွစ္ဦးကို       ေခၚလို႕ ရတယ္။ လူေတြကို ေပးတဲ့ ဖိတ္စာက မတူဘူး။"

အဲလ္ဘတ္သည္ ကုလားထိုင္ေပၚတြင္ထိုင္ေနရင္း ေျပာလိုက္သည္။

 " ငါ့ေဘးက ဒီထိုင္ခုံမွာ လူတစ္ေယာက္ အရင္က ထိုင္ဖူးတယ္။"

" ဘယ္သူလဲလို႕ ငါေမးလို႕ရမလား  "

"င့ါသမီးပါ...."

Albert ၏ႏႈတ္ခမ္းက ေကာ့ညြတ္စြာျပံုးကာေမးလိုက္သည္။

 " ငါ့မွာကေလးရွိတယ္ဆိုတာ ဘာေၾကာင့္အံ့ၾသတာလဲ"

 " ႐ိုး႐ိုးသားသားေျပာရရင္ မင္းဟာ ဘယ္လို ဖခင္မ်ိဳးလဲ ဆိုတာ ေတြးႀကည့္လို႕မရဘူး။ "

Tang Feng ထိုင္ခုံမွာ ျပန္ထိုင္လိုက္သည္။ ဒီမွာ လူတစ္ေယာက္သာ ထိုင္ခဲ့ဖူးျပီး ဒီလူကလည္း Albert ၏သမီးျဖစ္သည္။

"မင္းမွာ အိမ္ေထာင္ရွိသလား?"

Tang Feng က ဒီလူမွာ မိန္းမ မရွိနုိင္ဘူးလို႕ေတြးေပမယ့္ သမီးေတာင္ ရွိမွေတာ့ သူက မိန္းမ တစ္ေယာက္ရဲ႕ ခင္ပြန္းျဖစ္ ေနျပီေပါ့။

"မရွိဘူး။ မင္း ကေလးတစ္ေယာက္ရဖို႕ အိမ္ေထာင္ျပဳဖို႕မလိုပါဘူး။ "

 "သူမမွာ အေမရွိသင့္တယ္။"

  Tang Feng ကေျပာလိုက္သည္။

" သူက ငါ့ကိုပဲ လိုအပ္တာပါ။ မိန္းမေတြက အၿမဲ စိတ္ကူးယဥ္ဆန္တယ္၊ သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာလည္း အရမ္းမ်ားတယ္၊ ၾကင္နာမႈေတြမ်ားလြန္းတာက မိုက္မဲတဲ့အျပင္ ေပ်ာ့့ညံ့သြားတတ္တယ္။ ငါ့ကေလးေတြ က႐ုဏာကို အမ်ားႀကီး မလိုအပ္ဘူး။ မင္း သေဘာမတူဘူးဆိုတာ ငါသိေပမယ့္ ငါေတာ့ ဒီလိုပဲ ထင္တယ္။ "

Albert သည္ သူ႔အနားမွာရွိသည့္ လူကိုၾကည့္ကာ ေျပာလိုက္သည္။

"ငါ့သမီး ေက်ာင္းေနတဲ့အခါ မိခင္ဆိုတာ လုိလာမယ္ဆိုေပမယ့္ သူ႕မွာ ေမြးအေမရင္း ဘယ့္ေတာ့မွ ရွိလာမွာ မဟုတ္ဘူး။  "

" မင္းရဲ႕ကေလးကို အေမမရွိပဲ မႀကီးျပင္းေစသင့္ဘူး။"

Albert သည္ သေရာ္ဟန္ျဖင့္ ေျပာလိုက္သည္။

" င့ါကေလးရဲ႕အေမက အဌားကိုယ္ဝန္ ေအဂ်င္စီက ေရြးေပးတဲ့ မိန္းမ တစ္ေယာက္ပါ။ ကေလးကိုျပဳစုပ်ိဳးေထာင္ဖို႕ ေငြလိုတဲ့အတြက္ သူမက သူမကေလးထက္ ေငြကို ေရြးခ်ယ္သြားခဲ့တယ္။ "


Albert၏စကားမ်ားေႀကာင့္ Tang Feng လည္း ဘာဆက္ေျပာရမွန္း မသိျဖစ္သြားသည္။ ဘယ္ကေလးက ေႏြးေထြးသည့္မိသားစုကို မလိုအပ္ပဲရွိမလဲ။ အထူးသျဖင့္ အေႀကာင္းအမ်ိဳးမ်ိဳးေႀကာင့္ မိဘနွင့္ ကြဲကြာျပီး မိဘမဲ့ကေလးေက်ာင္းမွာ ႀကီးျပင္းလာတဲ့ သူအတြက္ မိသားစုနဲ႕အတူေနရဖို႕ဆိုတာ သူတို႕ဘဝမွာ မရနုိင္တဲ့ အလိုခ်င္ဆံုး အိပ္မက္တစ္ခုပဲျဖစ္သည္။

သူနွင့္ Albert တို႕ စကားေကာင္းေနစဥ္ ေလလံပြဲစတင္ခဲ့ေလျပီ။ ပထမဆံုး ေလလံတင္သည့္အရာက  တ႐ုတ္ႏိုင္ငံမွ ေရွးေခတ္ လက္ေရးလွဆရာ၏ အစစ္အမွန္လက္ရာျဖစ္သည္။ သူေဌးေတြ တစ္ဦးျပီး တစ္ဦးေလလံဆြဲႀကသည္။ 

Tang Feng သည္ ေလလံခန္းမကို ႀကည့္လိုက္စဥ္ သူနွင့္ ရင္းနွီးေသာ လူတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ ခန္းမ အလယ္၌ ေဒါက္တာဟာေဗးနွင့္တူေသာ လူတစ္ေယာက္ ရွိေနသည္။

=======================

Superstar Volume III- Chapter (21) - လေလံပွဲ -1



နေ့လည်စာစားပြီးနောက် Tang Feng ကျွန်းပေါ်ရှိ  villa ၏ လသာဆောင်ပေါ်၌ တစ်ယောက်တည်းရပ်နေပြီး နေရောင်အောက် တောက်ပနေသောသမုဒ္ဒရာရှုခင်းကိုကြည့်သည်။

သူသည် တစ်ပတ်အတွင်း ဗင်းနစ်ရုပ်ရှင်ပွဲတော်သို့ တက်ရောက် မည်ဖြစ်ကြောင်း အဲလ်ဘတ်နှင့် သဘောတူညီမှု ရခဲ့ပြီး Tang Feng ကို ဗင်းနစ်သို့နှစ်ရက်ကြိုတင်ရောက်ရှိအောင် ပို့ပေးရန် ကတိပေးခဲ့သည်။ သူက Su Qi cheng နှင့်  Li Xi တို့ရှိသလားဟု မေးတော့ အဲလ်ဘတ်က ဒီကျွန်းပေါ်က ဝန်ထမ်းတွေရဲ့  ဘဝကို တွေ့ကြုံခံစားနေရသည်ဟုပြန်ပြောခဲ့သည်။ ကျွန်းပေါ်ရှိ ဟင်းသီး ဟင်းရွက်ဥယျာဉ်ကိုရေလောင်းပေးသော Su Qi cheng  ကို စဉ်းစားမိ သောအခါ Tang Feng   ရယ်ချင်နေမိသည်။

Tang Fengက ဒီလူနှစ်ယောက်ကိုတွေ့ချင်တယ်လို့ပြောတော့  Albert က တွေ့ခွင့်ပေးပါမည်ဟု ကတိပေးရုံသာမက   Su Qi cheng နှင့်  Li Xi တို့၏ဘဝကို ထိခိုက်အောင် လုပ်မည်မဟုတ်ဟုလည်း ကတိပေးခဲ့သည်။ တကယ်လို့ သူသာ တောင်းဆိုမယ်ဆိုရင် Albert က ဒီလူနှစ် ဦး နှင့် Tang Feng တို့ကို Venice ရုပ်ရှင်ပွဲတော်သို့ အတူခေါ်သွားခွင့်တောင် ပြုနိုင်သည်။ ဒါမှမဟုတ် သူတို့ထဲက တစ်ယောက်ကို ပင်လယ်ထဲ ပစ်ချတာလည်း လုပ်နိုင်သည်။

Albert က လိမ္မာပါးနပ်စွာပြောဆိုသော်လည်း "သူတို့ထဲမှ တစ်ယောက်" ဆိုတာက  Su Qi cheng ကို ရည်ညွှန်းသည်ကို Tang Feng ကောင်းကောင်းသိသည်။ အရင်က သူတို့ ညစာအတူစားရင်း Albert ပြောထွက်လာသည့် စကားများအရ သူ့ကို Su Qi cheng ထောင်ချောက်ဆင်ဖမ်းတာကိုသိထားပြီး ဒီလူကို လက်တုန့်ပြန်ချင်နေသည်ကို Tang Feng သိလိုက်သည်။

Albert ကိုယ်တိုင်က အန္တရာယ်အလွန်ကြီးမားလွန်းသည်ကလွဲရင် သူက ဘက်စုံထူးချွန်ထက်မြက်လွန်းလှသည်။ ဒါပေမယ့် ဒီလိုလူနှင့် နေ့တိုင်း မျက်နှာချင်းဆိုင် နီးနီးကပ်ကပ်နေလို့မကောင်းပေ။ သင့်တော်သော အကွာဝေးမှ ဆက်ဆံထားပိုကောင်းသည်။ အခန့်မသင့်ရင် ဒီလူကြောင့် ကိုယ် တခုခု ဘေးတွေ့နိုင်သည်။

" မင်းက ဟိုလူနှစ်ယောက်ကိုသွားတွေ့မယ်လို့ ပြောခဲ့တာ။ ဘာကြောင့် သွားမတွေ့သေးတာလဲ။  "

ဒီစကားနှင့်အတူ Tang Feng နောက်မှ နူးညံ့လှပသော ဘော့စ်ကို တွေ့လိုက်ရသည်။ Albert ၏ လေယူလေသိမ်းက အင်္ဂလိပ်လေသံပီသလွန်းလှပြီး ကြားသူတိုင်း နှစ်သက်သဘောကျနိုင်သည်။ သူပင်လျှင် အမေရိကန် အသံထွက်နှင့်သာပြောနိုင်သည်။

"သူတို့ အဆင်ပြေနေတာဆိုတာ သိရင်ရပါပြီ။"

ဘာပဲဖြစ်ဖြစ် သူ Su Qi cheng နဲ့  Li Xi ကို သွားကြည့်ရင်တောင်မှ Albert က ဘာမှ မလုပ်နိုင်ပေ။ Tang Feng ပြန်လှည့်လိုက်တော့ ပင်လယ်လေပြင်းကြောင့် သူ့ဆံပင်တွေ ရှုပ်ပွကုန်သည်။ သူ ဒီကိုရောက်ကတည်းက ဆံပင်မညှပ်ရသောကြောင့် သူ့ဆံပင်လည်း အတော်ကို ရှည်လာလေပြီ။

နေရောင်ထဲမှာ အနက်ရောင်ဆံပင်တွေက ပိုးသားတွေလို့ တောက်ပနေပြီး ရိုးရှင်းကာ ကြည့်ကောင်းလို့နေသည်။ ပင်လယ်ပြင်တွင် မုန်တိုင်းစဲသွားပြီး နေသာလို့လာသည်။


"ဒီဝတ်စုံ မင်းနဲ့လိုက်ဖက်တယ်။"

Albertရဲ့အကြည့်က Tang Feng ဆီပဲရောက်နေသည်။ သူ့အတွက် သူ စီစဉ်ပေးသည့် တရုတ်ရိုးရာ အဝတ်စားများကို Tang Feng  သဘောကျပေမယ့် ဝတ်တိုင်း တမျိုးခံစားရသည်။

"ကျေးဇူးတင်ပါတယ်။ "

နှစ်ယောက်ကြား တိတ်ဆိတ်နေသဖြင့် Tang Feng  အချို့သောအကြောင်းအရာများကို ပြောလိုက်သည်။

" မင်း ဒီမှာ လာနေလေ့ရှိ တတ်သလား"

" တခါတလေ လာနေပါတယ်။ ဒီမှာက တိတ်ဆိတ်ပြီး အေးချမ်းတယ်လေ။ ငါ ဒီမှာ လွတ်လွတ်လပ်လပ် သဘာဝအလှကို ခံစားလို့ရတယ် "


သူသည် Tang Feng ၏ဘေးဘက်သို့လျှောက်လာပြီး ဘေးချင်း ကပ်ထိုင်ပြီး ဟိုးအဝေးက  အဆုံးမဲ့သမုဒ္ဒရာရှုခင်းကိုကြည့်ကာ ပြောလိုက်သည်။

"ဟုတ်တယ် "

Tang Feng က ထောက်ခံလိုက်သည်။

" မင် သဘောကျရင် ဒီကို လာနေလို့ရပါတယ်။ "


Albert၏ ဖိတ်ကြားချက်က  Tang Feng ၏နားထဲတွင် အြား အဓိပ္ပာယ်တစ်ခုရှိနေသည်။

"မင်း ငါ့ကို သွားခွင့်ပြုတာလား?"

"မင်းကို အစကတည်းက  ဒီမှာ အကျဉ်းချထားဖို့ ငါ  ဘယ်တုန်း ကမှ မစဉ်းစားခဲ့ဘူး။ အနည်းဆုံးတော့ အခု မဟုတ်သေးဘူး။"

Albert က အနည်းငယ်ပြုံးပြီး Tang Feng  ၏ နဖူးပေါ်က ဆံပင်ကို ထိုးဖွကာပြောလိုက်သည်။

 Tang Feng က အံ့အားသင့်ကာမေးလိုက်သည်။

 "မင်း ဘယ်အချိန်တုန်းက လူကြီးဆန်သွားတာလဲ။ "

 "အချိန်ရောက်ပြီလို့ ငါ ထင်တဲ့အခါပေါ့  "

သူ့အဖြေက မသေချာမရေရာမှုများနှင့်ပြည့်နှက်နေသည်။

Su Qi cheng နှင့်  Li Xi တို့ကိုလွှတ်ပေးဖို့  Albert က Tang Feng ကို ကတိပေးပြီး နောက်တစ်ရက်တွင် ရဟတ်ယာဉ်ဖြင့် ထို လူ နှစ်ယောက်ကို ခေါ်သွားစေသည်။ သူတို့က ကျွန်းပေါ်တွင် Tang Feng လည်းရှိကြောင်း မသိခဲ့ကြပေ။

ထိုအချိန်တွင် Tang Feng သည် ပြတင်းပေါက်နားတွင်ရပ်ကာ ရဟတ်ယာဉ်မှထွက်ခွာသွားသည်ကိုကြည့်နေသည်။ Su Qi cheng နှင့်  Li Xi တို့ကို ဟောင်ကောင်ကို့ပြန်မပို့ပေးမှာ  Albert ကို ပင်လယ်ထဲသို့ ပစ်ချခံရမည်ကို မစိုးရိမ်ဘူးလားလို့မေးတော့ သူက      Albert ကို ယုံကြည်တယ်လို့ပြောလိုက်သည်။

 ဘာကြောင့်လဲဆိုတော့ Albert စည်းကမ်းလိုက်နာသောသူဖြစ်ပြီး သူကိုယ်တိုင်က ချမှတ်သည့် စည်းမျဉ်းကို သူ ချိုးဖောက်မည် မဟုတ်ပေ။ သူက ပြောသည့် အတိုင်းလုပ်သည် ဆိုသည့် လူမျိုးဖြစ်သည်။


Su Qi zheng နှင့်  Li Xi တို့ထွက်ခွာသွားပြီး မကြာမီနေ့မွန်းတည့်အချိန်တွင် Albert သည် Tang Feng အား ကျွန်း၏ဘေးတွင် ရှိသည့်ကြီးမားသော ရွက်လှေကြီးတစ်စီးပေါ် လာရန်ဖိတ်ခေါ်ခဲ့သည်။

"ဘယ်သွားမလဲလို့ ငါ့ကို မမေးနဲ့"

လှေပေါ်တက်သွားချိန်တွင် Albert အပြုံးဖြင့်ပြောလိုက်သည်။

 "အနာဂတ်လမ်းကြောင်းကို ငါ မပြောင်းလဲနိုင်တာကို သိတယ်။ ဒါကြောင့်  ဒီခရီးစဉ်ကို ပိုပြီးပျော်စရာကောင်းအောင်လုပ်ဖို့ အတွက် ငွေလမ်းခင်းပြီး စီစဉ်ထားခဲ့တာပဲ။ "

ညဘက်ရောက်မှ ကျယ်ပြန့်သည့် ပင်လယ်ထဲတွင် ရွက်လှေကို ကျောက်စူးချကာ ရပ်လိုက်သည်။ မကြာခင် သူတို့ ရွက်လှေ နားတွင် အခြား အမည်မသိ သင်္ဘောကြီးရောက်လာပြီး သူတို့သဘောင်္ပေါ်ကိုတ က်လာကြသည်။  ဒီအမည် မသိတဲ့ သင်္ဘောပေါ်ကလူတွေက သာမန်လူတွေမ ဟုတ်ဘူး ဆိုတာပြသ နေသည်။

Tang Feng က သူ့ကို အထူးအဆန်း လုပ်ပြီး လူတွေကို ဝိုင်းမကြည့်စေချင်ပေ။ အထူးသဖြင့် ရိုးရာတရုတ်ဝတ်စုံကို ဝတ်ထားပြီး Albert  ဘေးမှာ ရပ်နေရချိန်တွင်ဖြစ်သည်။ သဘောြင်္ကီး၏ပထမထပ်သည် ရုပ်ရှင်ရုံနှင့်တူပြီး တစ်မီတာလောက်မြင့်သည့် စင်မြင့်ဆောက်ထားပြီး အောက်တွင် ထိုင်ခုံများစီချထားသည်။ သူတို့နှစ်ဦးရှိနေသည့် အခန်းကို မှန်ဖြင့်ကာထားပြီး အထဲကနေ အပြင်ကို မြင်နိုင်ပြီး အပြင်ကလူတွေက အထဲကို မမြင်နိုင်ပေ။

Tang Feng နှင့် Albert သည် ထိုမှန်ခန်းထဲတွင် ရှိနေပြီး သူတို့ရှေ့က လူတွေရဲ့နောက်ကျောနှင့် စင်မြင့်ကို ကောင်းကောင်းမြင်နိုင်သည်။

သူတို့ အရှေ့ဘက်နဲ့အောက်ဘက်မှာ LCD ဖန်သားပြင်များ တပ်ဆင် ထားသဖြင့် စင်ပေါ်က အရာတွေကို ထိုနေရာမှ မြင်နိုင်သည်။

ဒါလေလံပွဲတစ်ခုပဲ

 Tang Feng က စင်မြင့်ပေါ်တွင် လေလံပွဲစီစဉ်သူအတွက် စားပွဲခုံနှင့် တူတစ်ချောင်းပြင်ထားတာကိုတွေ့ရသည်။ ဧည့်သည်ထိုင်ခုံ ကိုတောင် သူတို့ လေလံဆွဲမည့် အရာရဲ့ ဈေးနှုန်းပေါ်လိုက်ပြီး နေရာချထားသည်။ ထိုထိုင်ခုံက ရှေ့ကိုရောက်လေလေ ပိုက်ဆံ ပိုချမ်းသာလေဖြစ်သည်။ သို့သော် ဒီရှေ့ပိုင်းထိုင်ခုံများကို ငွေကြေးချမ်းသာတိုင်းလည်း ထိုင်ခွင့်ရချင်မှ ရသည်။

အထူးလေလံပွဲ၏ပိုင်ရှင်က Albert ဖြစ်သည်။ Albert က သာမန်အရာ များကို ရောင်းမည်တော့ မဟုတ်ပေ။ ဘာကိုလေလံပစ် ကြမည်ကိုတော့ ပွဲပြီးမှ သိနိုင်ပေလိမ့်မည်။ သူတို့ နေရာမှာ ထိုင်ပြီး ငါးမိနစ်ကြာတော့ ဧည့်သည်အသီးသီး ထိုင်ခုံတွင် ဝင်ထိုင်ကြသည်။

 လူအများစုက ဒီကို ပထမဆုံးအကြိမ်ရောက်ဖူးတာ မဟုတ်ကြပေ။ သူတိုရဲ့ ကိုယ်ပိုင်နံပါတ်နှင့် ထိုင်ခုံများကိုတွေ့လိုက်ရသည်။

Albert က သူ့ဘေးက လူကို ရှင်းပြနေသည်။ ဒီကိုလာသည့် လူများ က  ချမ်းသာကြွယ်ဝကြ သည်။ ငွေဖြုန်းနိုင်သူတွေဖြစ်ပေမယ့်  သူတို့ရှေ့မှာ ထိုင်နေတဲ့လူအများစုက သာမန်မဟုတ်ကြပေ။

"မင်းရဲ့လှေပေါ်ကိုရောက်ဖို့ လက်မှတ်တစ်စောင်လိုတာလား"

ဘာပဲဖြစ်ဖြစ်အပြင်ဘက်ကလူတွေက အတွင်းပိုင်းကို မမြင်နိုင်သောကြောင့် Tang Feng သည်  မှန်ရှေ့တွင်ရပ်ကာ  အောက်မှာရှိသည့် လူအမျိုးမျိုးကိုကြည့်နေသည်။

"ဖိတ်စာပဲ လိုတယ်။ ဖိတ်စာရသူက တခြားဧည့်သည်နှစ်ဦးကို       ခေါ်လို့ ရတယ်။ လူတွေကို ပေးတဲ့ ဖိတ်စာက မတူဘူး။"

အဲလ်ဘတ်သည် ကုလားထိုင်ပေါ်တွင်ထိုင်နေရင်း ပြောလိုက်သည်။

 " ငါ့ဘေးက ဒီထိုင်ခုံမှာ လူတစ်ယောက် အရင်က ထိုင်ဖူးတယ်။"

" ဘယ်သူလဲလို့ ငါမေးလို့ရမလား  "

"င့ါသမီးပါ...."

Albert ၏နှုတ်ခမ်းက ကော့ညွတ်စွာပြုံးကာမေးလိုက်သည်။

 " ငါ့မှာကလေးရှိတယ်ဆိုတာ ဘာကြောင့်အံ့သြတာလဲ"

 " ရိုးရိုးသားသားပြောရရင် မင်းဟာ ဘယ်လို ဖခင်မျိုးလဲ ဆိုတာ တွေးကြည့်လို့မရဘူး။ "

Tang Feng ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ ဒီမှာ လူတစ်ယောက်သာ ထိုင်ခဲ့ဖူးပြီး ဒီလူကလည်း Albert ၏သမီးဖြစ်သည်။

"မင်းမှာ အိမ်ထောင်ရှိသလား?"

Tang Feng က ဒီလူမှာ မိန်းမ မရှိနိုင်ဘူးလို့တွေးပေမယ့် သမီးတောင် ရှိမှတော့ သူက မိန်းမ တစ်ယောက်ရဲ့ ခင်ပွန်းဖြစ် နေပြီပေါ့။

"မရှိဘူး။ မင်း ကလေးတစ်ယောက်ရဖို့ အိမ်ထောင်ပြုဖို့မလိုပါဘူး။ "

 "သူမမှာ အမေရှိသင့်တယ်။"

  Tang Feng ကပြောလိုက်သည်။

" သူက ငါ့ကိုပဲ လိုအပ်တာပါ။ မိန်းမတွေက အမြဲ စိတ်ကူးယဉ်ဆန်တယ်၊ သူတို့ရဲ့ ချစ်ခြင်းမေတ္တာလည်း အရမ်းများတယ်၊ ကြင်နာမှုတွေများလွန်းတာက မိုက်မဲတဲ့အပြင် ပျော့ညံ့သွားတတ်တယ်။ ငါ့ကလေးတွေ ကရုဏာကို အများကြီး မလိုအပ်ဘူး။ မင်း သဘောမတူဘူးဆိုတာ ငါသိပေမယ့် ငါတော့ ဒီလိုပဲ ထင်တယ်။ "

Albert သည် သူ့အနားမှာရှိသည့် လူကိုကြည့်ကာ ပြောလိုက်သည်။

"ငါ့သမီး ကျောင်းနေတဲ့အခါ မိခင်ဆိုတာ လိုလာမယ်ဆိုပေမယ့် သူ့မှာ မွေးအမေရင်း ဘယ့်တော့မှ ရှိလာမှာ မဟုတ်ဘူး။  "

" မင်းရဲ့ကလေးကို အမေမရှိပဲ မကြီးပြင်းစေသင့်ဘူး။"

Albert သည် သရော်ဟန်ဖြင့် ပြောလိုက်သည်။

" င့ါကလေးရဲ့အမေက အဌားကိုယ်ဝန် အေဂျင်စီက ရွေးပေးတဲ့ မိန်းမ တစ်ယောက်ပါ။ ကလေးကိုပြုစုပျိုးထောင်ဖို့ ငွေလိုတဲ့အတွက် သူမက သူမကလေးထက် ငွေကို ရွေးချယ်သွားခဲ့တယ်။ "


Albert၏စကားများကြောင့် Tang Feng လည်း ဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။ ဘယ်ကလေးက နွေးထွေးသည့်မိသားစုကို မလိုအပ်ပဲရှိမလဲ။ အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် မိဘနှင့် ကွဲကွာပြီး မိဘမဲ့ကလေးကျောင်းမှာ ကြီးပြင်းလာတဲ့ သူအတွက် မိသားစုနဲ့အတူနေရဖို့ဆိုတာ သူတို့ဘဝမှာ မရနိုင်တဲ့ အလိုချင်ဆုံး အိပ်မက်တစ်ခုပဲဖြစ်သည်။

သူနှင့် Albert တို့ စကားကောင်းနေစဉ် လေလံပွဲစတင်ခဲ့လေပြီ။ ပထမဆုံး လေလံတင်သည့်အရာက  တရုတ်နိုင်ငံမှ ရှေးခေတ် လက်ရေးလှဆရာ၏ အစစ်အမှန်လက်ရာဖြစ်သည်။ သူဌေးတွေ တစ်ဦးပြီး တစ်ဦးလေလံဆွဲကြသည်။ 

Tang Feng သည် လေလံခန်းမကို ကြည့်လိုက်စဉ် သူနှင့် ရင်းနှီးသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ခန်းမ အလယ်၌ ဒေါက်တာဟာဗေးနှင့်တူသော လူတစ်ယောက် ရှိနေသည်။

=======================


(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now