Chapter (5)

6.6K 853 17
                                    

Chapter (5) -

"ကိုယ့္အတြက္ ဆုလာဘ္ေကာ.."

Lu Tian Chen က Tang Feng ရဲ့လက္ကို ခ်ဳပ္ထားရာကေန ေျဖေလ်ာ့ေပးရင္း ေျပာလိုက္တယ္။ သူ႔လက္ေတြက Tang Feng ရဲ့အ၀တ္ေတြကို ပြတ္သပ္ရာကေန ခါးေနာက္ကေနသိုင္းဖက္ၿပီး ရင္ဘတ္ဆီကို လက္ေတြက က်ဴးေက်ာ္လာခဲ့တယ္။ Tang Feng က Lu Tian Chen ကိုၾကည့္ၿပီး ေျပာလိုက္တယ္။

"ခင္ဗ်ားကို ကၽြန္ေတာ္ မလွည့္စားပါဘူး.."

Tang Feng က Lu Tian Chen ႏွင့္ လူခ်င္းပူးကပ္ေနေပမယ့္ သူက ၾကည္ၾကည္လင္လင္ပဲ ေျဖၾကားလိုက္တယ္။ Tang Feng ရဲ့မ်က္ႏွာက ပူရွိန္းတက္လာတယ္။ ဒီလို လူခ်င္းပူးကပ္ေနတာေၾကာင့္လား၊ ဒါမွမဟုတ္ လိုရင္းကို တည့္တိုးေတာင္းဆိုေနတဲ့ Lu Tian Chen ေၾကာင့္လားေတာ့ မသိေတာ့ဘူး။

"ကၽြန္ေတာ္ အခု အတူမေနခ်င္ေသးဘူး.. ကၽြန္ေတာ့္ကို မထိနဲ႔.."

"မင္းပဲ မင္း႐ံႈးရင္ ထိလို႔ရတယ္ဆို.."

Lu Tian Chen က Tang Feng ရဲ့ကိုယ္ကို ပြတ္သပ္ေနရင္း မ်က္ႏွာက Tang Feng ရဲ့ လည္ပင္းမွာအပ္လို႔ မုန္႔ပူဆာတဲ့ကေလးလို တပူဆာဆာလုပ္ေနတယ္။ ခုေလာေလာဆယ္ Lu Tian Chen က ဆာေလာင္ေနတဲ့သားရဲလိုျဖစ္ေနၿပီး ပါးစပ္နားေရာက္ခါနီးအစာကို ဘယ္လိုလုပ္ အလြတ္ေပးႏိုင္မွာလဲ။

"ကၽြန္ေတာ္ ခုခ်က္ခ်င္းထိလို႔ရတယ္လို႔ မေျပာဘူးေလ.."

ဒီစကားကိုေျပာၿပီးၿပီးခ်င္း သူ စကားေထာင္ေခ်ာက္ထဲက်သြားၿပီဆိုတာ Tang Feng သိလိုက္တယ္။

Lu Tian Chen က Tang Feng ဆီက ဒီစကားကိုၾကားလိုက္တာနဲ႔ ေက်နပ္သြားၿပီး Tang Feng ရဲ့လက္ကို လႊတ္ေပးၿပီး ခါးကို တစ္ခါတည္းဖက္လိုက္တယ္။ Lu Tian Chen က သူ႔ေခါင္းကိုငံု႔လာၿပီး Tang Feng ရဲ့ႏႈတ္ခမ္းကို နမ္း႐ိႈက္ရင္းေျပာလိုက္တယ္။

"ေကာင္းၿပီ.. ဒါဆို ညက်ေတာ့ ထိတာေပါ့.."

Tang Feng လည္း Lu Tian Chen ရဲ့အနမ္းကို မျငင္းပယ္ႏိုင္ေတာ့ဘဲ အနမ္းနဲ႔တံု႔ျပန္ရင္း ေျပာလိုက္တယ္။

"ခင္ဗ်ားက တကယ္ဆိုးတဲ့လူပဲဗ်ာ.."

"ေဟး.. ဒါက တကယ့္ကို ႏူးညံ့ခ်ိဳသာတာပဲ.. ငါတို႔ေတာ့ ဒီလုိလူသားဆန္ဆန္မ်ိဳး မဟုတ္ဘူးထင္ပါရဲ့.. အရမ္းသိမ္ေမြ႕ၿပီး တစ္ေယာက္ခံစားခ်က္ကို တစ္ေယာက္ ညွိယူေနႏိုင္တာပဲ.. မင္းကို Ge Chen က သတ္ပစ္မယ္ဆိုရင္ အံ့ၾသစရာမရွိပါဘူး.."

Tang Feng နဲ႔ ရင္းႏွီးကၽြမ္း၀င္တဲ့ ခပ္ေထ့ေထ့ေျပာလိုက္တဲ့စကားသံေၾကာင့္ ခ်က္ခ်င္း တံခါး၀ကိုလွမ္းၾကည့္လိုက္တယ္။

၀တ္စံုနက္၀တ္ထားတဲ့လူတခ်ိဳ႕က Su Qi Cheng ကို တားထားတဲ့အတြက္ သူက တံခါး၀မွာပဲရပ္ေနၿပီး Gym ခန္းထဲကိုေတာ့ ၀င္မလာႏိုင္ဘူး။ သူတို႔ထဲကတစ္ေယာက္ကေတာ့ မျမင္ရတာ လခ်ီၾကေနၿပီျဖစ္တဲ့ Ge Chen ပဲျဖစ္တယ္။ Ge Chen ကိုၾကည့္ရတာ ျဖဴဖပ္ျဖဴေယာ္ျဖစ္ၿပီး ေနမေကာင္းသလိုပဲ။ ဒါေပမယ့္ ဒါက တကယ္လား၊ ဟန္ေဆာင္ေနသလားဆိုတာေတာ့ ဘယ္သူမွမသိႏိုင္ဘူး။

သူတို႔ႏွစ္ေယာက္အျပင္ တျခားလူကိုေတာ့ Tang Feng မေတြ႕ရဘူး။ ဒါက Chen Minxu ေျပာတဲ့တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံေတာ္ႀကီးကေပးတဲ့ အံအားသင့္မႈအရသာပဲလား..?

Su Qi Cheng က အခ်ိန္ကိုက္ကို ေရာက္လာေတာ့တာပဲ။ သူ ပထမဆံုး Su Qi Cheng ကိုျမင္လိုက္တဲ့အခ်ိန္ Su Qi Cheng က သူ႔ကို ေတာက္ေလွ်ာက္ စုိက္ၾကည့္ေနလို႔ မ်က္လံုးကို ထိုးေဖာက္ပစ္ခ်င္လာမိတယ္။ အဲ့ဒီအခ်ိန္မွာပဲ Su Qi Cheng က ယဥ္ေက်းသိမ္ေမြ႕စြာနဲ႔ ၿပံဳးလိုက္တယ္။ လူတစ္ေယာက္ရဲ့အမူအယာက လိုအပ္တာထက္ပိုၿပီး ယဥ္ေက်းေဖာ္ေရြျပေလ အဲ့ဒီမ်က္ႏွာဖံုးေအာက္မွာ ဖံုးကြယ္ထားတဲ့အရာေတြက ပိုလို႔ ဆိုးယုတ္ေလပဲျဖစ္တယ္။

Lu Tian Chen က Tang Feng ရဲ့ကိုယ္ေပၚက ထလိုက္ၿပီး Tang Feng ထႏိုင္ဖို႔ လက္ကမ္းေပးလိုက္တယ္။ Tang Feng က Lu Tian Chen ကမ္းေပးတဲ့လက္ကိုဆုပ္ကိုင္ၿပီး ထရပ္လိုက္တယ္။

ခႏၶာကိုယ္ေခၽြးထြက္တဲ့အထိ ေလ့က်င့္ၿပီးတဲ့ေနာက္ Tang Feng က ပင္ပန္းတယ္လို႔ မခံစားရဘူး။ ဒါက သူ၀ါသနာပါတာကို အာ႐ံုစိုက္လုပ္ေနတာျဖစ္လို႔ အခုဆိုရင္ ေခၽြးထြက္ၿပီး ေနလို႔ထိိုင္လို႔ ပိုေကာင္းလာသလိုခံစားရတယ္။

Tang Feng က ေဘးကေနရပ္ၿပီး သူတို႔သံုးေယာက္ကို ေအးေဆးၾကည့္ေနလိုက္တယ္။ Tang Feng ပထမဆံုးျမင္လိုက္တာက Su Qi Cheng ေတာ့မဟုတ္ဘူး။ Ge Chen ကို အရင္ျမင္လိုက္တာျဖစ္တယ္။ Tang Feng ၾကည့္ေနတာကိုေတြ႕ေတာ့ Ge Chen က ဂုဏ္ေမာက္တဲ့မ်က္လံုးနဲ႔ ျပန္ၾကည့္ခဲ့တယ္။

Tang Feng က Ge Chen ရဲ့အၾကည့္ကိုေတြ႕ေတာ့ ႏႈတ္ခမ္းဖ်ားက ေကာ့တက္ၿပီး ၿပံဳးေယာင္ေယာင္ျဖစ္သြားတယ္။ သူ Ge Chen ကို စိတ္မဆိုးပါဘူး။ Ge Chen က Su Qi Cheng အပါအ၀င္ ဒီကလူေတြကို ဆြဲေဆာင္ႏိုင္ေအာင္ကို တကယ္လွပပါတယ္။

Su Qi Cheng ရဲ့ႏႈတ္ဖ်ားက ဓားသြားလိုပဲ Ge Chen နဲ႔ Lu Tian Chen ကိုေခၚလိုက္တယ္။ ၾကည့္ရတာ Tang Feng က ဟိုးအတိတ္တုန္းကလိုပဲ..။ Lu Tian Chen နဲ႔ Ge Chen တို႔အတြဲၾကားက ဘာမွလုပ္ႏိုင္စြမ္းမရွိတဲ့ အျပင္လူလိုသေဘာထားၿပီး ဆက္ဆံခ်င္ေနပံုပဲ။ ၿပီးေတာ့ Su Qi Cheng က Ge Chen သူ႔နားမွာ သူလွ်ိဳလုပ္တာကိုသိလို႔ အျပစ္ေပးတဲ့အေနနဲ႔ ဒီကို တမင္ေခၚလာပံုရတယ္။

Su Qi Cheng ရဲ့လုပ္ရပ္နဲ႔ ေျပာဆိုေနတာက Ge Chen ကို ထိခုိက္ေစသလား၊ မထိခိုက္ေစသလားေတာ့ မသိဘူး။ သူ႔ကိုေတာ့ လံုး၀ မထိခိုက္ေစပါဘူး။

"Su Qi Cheng.. မင္း ဘာေၾကာင့္ တံခါးနားမွာရပ္ေနတာလဲ.. မင္း အထဲကိုလာၿပီး ငါ့ဆီက ပညာသင္ခ်င္လို႔လား.."

Lu Tian Chen ဆီက သင္ယူထားရတာနဲ႔ Tang Feng က Su Qi Cheng ရဲ့လႈပ္ရွားမႈေတြကို ႏိႈင္းယွဥ္ၾကည့္လိုက္တယ္။ Lu Tian Chen က သူတို႔ကို စကားလံုးေတြနဲ႔ ေလွာင္ေျပာင္ေနတာျဖစ္တယ္။

Su Qi Cheng ရဲ့ မ်က္ႏွာေပၚကအမူအယာက စကၠန္႔ပိုင္းေလး တင္းမာသြားၿပီး သူက ခ်က္ခ်င္း ပံုမွန္ပံုစံ ေယာက္်ားပီသၿပီး သေဘာထားႀကီးတဲ့အမူအယာ လုပ္လိုက္တယ္။ ၿပီးေတာ့ Tang Feng ကို ခ်ိဳခ်ိဳသာသာၿပံဳးၾကည့္ၿပီး ေမးလိုက္တယ္။

"Tang Feng.. မင္းက သနားစရာ Lu Tian Chen ဆီက လက္ေတြ႕ဆည္းပူးေနရတာေပါ့.."

သူ႔ေလသံက Tang Feng ကို ႏွိမ္ခ်ေလွာင္ေျပာင္ေနတယ္။

Tang Feng ရဲ့စိတ္က သက္ေတာင့္သက္သာပဲျဖစ္ေနလို႔ Su Qi Cheng ေျပာတဲ့စကားက သူ႔ကို နည္းနည္းမွ မထိခိုက္ေစဘူး။ ဒါေပမယ့္ Lu Tian Chen က တံခါးကိုေစာင့္ၾကပ္ေနတဲ့ သူ႔လူေတြကို သတိေပးတဲ့အၾကည့္နဲ႔ ၾကည့္လိုက္ေတာ့ ကိုယ္ရံေတာ္ေတြက ခ်က္ခ်င္း သူတို႔သူေဌးဆိုလိုတာကို သိလိုက္ၿပီး သူတို႔သူေဌးနဲ႔ Tang Feng အျပင္ထြက္လာေတာ့ Su Qi Cheng တို႔ကို အနားကိုနည္းနည္းမွမကပ္ႏိုင္ေအာင္ တြန္းကာထားလိုက္တယ္။

"ငါ့ကိုမထိနဲ႔.."

Ge Chen က ကိုယ္ရံေတာ္ေတြရဲ့လက္ သူ႔ကိုထိတာနဲ႔ ေဒါသတႀကီး ေအာ္ေျပာလိုက္သံက နည္းနည္းေလးမွ အားနည္းေနတဲ့့ပံုမေပၚဘူး။

တျခားလူေတြကေတာ့ Su Qi Cheng ရဲ့ေနာက္နားမွာ အၿပံဳးမ်က္ႏွာနဲ႔ အသာရပ္ေစာင့္ေနၾကတယ္။

"Lu.. မင္း တကယ္ပဲ ကန္႔လန္႔တုိက္ေတာ့မလို႔လား.."

Su Qi Cheng က Lu Tian Chen ကို ခပ္လွမ္းလွမ္းက လွမ္းၾကည့္ၿပီး နည္းနည္းခါးသက္သက္နဲ႔ ေမးလိုက္တယ္။

Lu Tian Chen က ခ်က္ခ်င္း Su Qi Cheng ကိုေက်ာခိုင္းလိုက္ၿပီး Tang Feng ဆီကိုလာၿပီး ဆြဲေခၚသြားေတာ့တယ္။ သူတို႔ Gym ခန္းကထြက္လာေတာ့ Tang Feng က Su Qi Cheng တို႔ကို တစ္ခ်က္ေတာင္ လွမ္းမၾကည့္ေတာ့ဘူး။ Lu Tian Chen ရဲ့အျပဳအမူကို Su Qi Cheng ေသခ်ာေပါက္ ေဒါကန္ေနမွာပဲ။

"သူ မင္းကို စိတ္ဆိုးေနတာလား.."

မာနႀကီးတဲ့လူက သူတို႔ကို စကားျပန္ေျပာတာထက္ လ်စ္လ်ဴ႐ႈလိုက္တာကို ပိုနာတတ္ၾကတယ္။ သူတို႔ကို အဖက္မတန္သလို ဆက္ဆံတာက သူတို႔ကို ေသလုေအာင္ ေဒါသထြက္ေစတဲ့အခ်က္ျဖစ္တယ္။

"သူကလား.."

Lu Tian Chen က Tang Feng ရဲ့ခါးကိုဖက္ၿပီး ကိုယ္ကို သူ႔ဘက္ကိုတိုးကပ္ၿပီး လည္ပင္းကိုတိုးေ၀ွ႔ရင္း ေျပာလိုက္တယ္။

"Su Qi Cheng က လြယ္လြယ္နဲ႔ စိတ္ဆိုးတတ္တဲ့သူ မဟုတ္ဘူး.."

"ခင္ဗ်ား ဘာေၾကာင့္ နမ္းရတာလဲ.. ေခၽြးနံ႔ေတြနဲ႔ စိတ္ပ်က္စရာႀကီးကိုမ်ား.."

Tang Feng က ႐ုတ္တရက္နမ္းခံလိုက္ရလို႔ Lu Tian Chen ကို တြန္းလႊတ္လိုက္တယ္။ ၿပီးေတာ့ Lu Tian Chen ကို ၿပံဳးၿပီး အံ့အားသင့္သြားေအာင္ ႐ုတ္တရက္ေျပာလိုက္တယ္။

"ခင္ဗ်ားကို အစားစာေကၽြးမယ္.."

Tang Feng က Lu Tian Chen ကိုၾကည့္ၿပီး ဆက္ေျပာေနလိုက္တယ္။

"ေျခာက္ညအိပ္ခုနစ္ရက္ ပင္လယ္ခရီးမွာ ခင္ဗ်ားရဲ့အသိကၽြမ္းနဲ႔တိုးတာ တကယ့္ကို တိုက္ဆိုင္လြန္းတယ္.. ကမာၻႀကီးက တကယ့္ကို ေသးေသးေလးပဲ.."

"မင္းေျပာခ်င္တာက... Su Qi Cheng က ငါတို႔ ဘယ္သြားမယ္ဆိုတာသိလို႔ ေနာက္က တမင္လိုက္လာတာေပါ့.."

Tang Feng လည္း ပုခံုးပဲ တြန္႔ျပလိုက္ေတာ့တယ္။ ဘာပဲျဖစ္ျဖစ္ Su Qi Cheng သာမက Ge Chen ပါ ဒီသေဘၤာေပၚပါလာတာက ႐ိုး႐ိုးသားသားတိုက္ဆိုင္မႈေတာ့ မျဖစ္ႏိုင္ဘူးမဟုတ္လား။

ေရခ်ိဳးၿပီးေတာ့ Tang Feng က အိပ္ယာထက္မွာ လွဲလို႔အနားယူရင္း လက္က ေသာက္စရာဖန္ခြက္ကို ဆုပ္ကိုင္ထားၿပီး သူ႔ထင္ျမင္ခ်က္ကို ေျပာလိုက္တာျဖစ္တယ္။ တကယ္လို႔ Su Qi Cheng သာ သူထင္သလို ေနာက္က တမင္လိုက္လာတာဆိုရင္ သူနဲ႔ Lu Tian Chen ကို တစ္ခုခုမေကာင္းႀကံမွာကိုပဲ စိုးရိမ္ရတယ္။

"သူတို႔က မင္းကိုခ်စ္လို႔ ေနာက္ကလိုက္လာတာပါ.."

Lu Tian Chen က Tang Feng ေျပာတာကို စိတ္၀င္စားဟန္မျပဘဲ ေဆးရည္ကို လက္ထဲေလာင္းခ်ရင္း လွဲေနတဲ့ Tang Feng ရဲ့ေနာက္ေက်ာကို ေဆးရည္နဲ႔ ပြတ္သပ္လိမ္းက်ံေပးေနတယ္။
ဒါက ေန႔လည္က သူတို႔တိုက္ခိုက္ရင္း ရလာတဲ့ဒဏ္ရာအညိဳမည္းေတြ ျဖစ္တယ္။ သိုင္းေလ့က်င့္တဲ့အခါ ဒီလိုျဖစ္မွာပဲလို႔ ေျပာေပမယ့္ Lu Tian Chen က လက္မခံဘူး။ သူက Tang Feng ရဲ့ဒဏ္ရာကို အတင္းပဲ ေဆးလိမ္းေပးေနတယ္။

Lu Tian Chen ခါးနဲ႔ေနာက္ေက်ာမွာ အညိဳမည္းဒဏ္ရာ နည္းနည္းပဲရွိတယ္။ ဒါေၾကာင့္ Lu Tian Chen က Tang Feng တစ္ကိုယ္လံုးက အညိဳမည္းဒဏ္ရာကို ေဆးလူးေပးၿပီး အိပ္ယာထက္ကထၿပီး လက္သြားေဆးလိုက္တယ္။

သူျပန္လာတဲ့အထိ Tang Feng က အိပ္ယာထက္မွာ ေမွာက္လ်က္ ေဆးလိမ္းတာခံေနတဲ့အတိုင္း အေနအထား မေျပာင္းလဲေသးဘူး။

"ေနရာေလး ေရႊ႕မေပးခ်င္ဘူးလား.."

Lu Tian Chen က သူ႔ဆီေလွ်ာက္လာရင္း ၿပံဳးၿပီးေမးလိုက္တယ္။

Lu Tian Chen က ကုတင္စြန္းမွာထိုင္လိုက္ၿပီး Tang Feng ရဲ့ပုခံုးကို နမ္းလိုက္တယ္။ သူ႔လက္ေအာက္မွာ ဒီေကာင္ေလးရဲ့အသားအေရက ပိုးသားလို ႏူးညံ့ေခ်ာမြတ္လို႔ေနတယ္။

"ေနာက္ႏွစ္ရက္ေနမွ ျပန္ေလ့က်င့္ၾကတာေပါ့.."

Lu Tian Chen က သူ႔ကို ညႊန္ၾကားလိုက္တယ္။ Tang Feng က Lu Tian Chen ကို ေတာက္ပစြာစိုက္ၾကည့္ၿပီး ေျဖလိုက္တယ္။

"ကၽြန္ေတာ္ ခုေလးတင္စဥ္းစားေနတာ.. ကၽြန္ေတာ့္မွာ တကယ္တိုက္ခိုက္တဲ့ အေတြ႕အႀကံဳ မရွိဘူးျဖစ္ေနတယ္.. ကၽြန္ေတာ္ ဒီထက္တိုးတက္ခ်င္တယ္ဆိုရင္ ခင္ဗ်ားဆီက သင္ယူမွျဖစ္မယ္.."

"ေနာက္ႏွစ္ရက္ေနမွ.."

Lu Tian Chen က သူ႔ကိုယ္ကို Tang Feng ကိုယ္ေပၚကိုင္းညြတ္ၿပီး ပုခံုးအႏွံ႔နမ္းရင္း ေျပာလိုက္တယ္။ သူ႔လက္ေတြက Tang Feng ရဲ့လက္ေတြကို ပြတ္သပ္ႏွိပ္နယ္ရင္း အေၾကာေလွ်ာ့ေပးေနတယ္။

"မင္း သေဘာတူရဲ့လား.."

Tang Feng က Lu Tian Chen ကို အိပ္ယာေပၚတြန္းလွဲၿပီး အေပၚကေနဖိထားတယ္။ သူက Lu Tian Chen ရဲ့ကိုယ္ေပၚက ဖိမိုးၿပီး ႏႈတ္ခမ္းကိုနမ္းရင္း ၿပံဳးစစနဲ႔ေျပာလိုက္တယ္။

"ဒီႏွစ္ရက္အတြင္း ေလ့က်င့္မယ္.. ကၽြန္ေတာ္ အနာဂတ္ကို မယံုၾကည္ဘူး.. မနက္ျဖန္မွာ ဘာမဆိုျဖစ္သြားႏိုင္တယ္.. ခင္ဗ်ား ေလ့က်င့္ေပးဖို႔ သေဘာတူရဲ့လား.."

Lu Tian Chen က Tang Feng ရဲ့ေပါင္ေတြကို ျဖည္းျဖည္းခ်င္းပြတ္သပ္ရင္း သူ႔ကိုယ္က မာေက်ာစျပဳလာတဲ့အရာနဲ႔ Tang Feng ကို ပြတ္သပ္လိုက္တယ္။ Lu Tian Chen က Tang Feng ရဲ့ညီေလးကို ပြတ္သပ္လာေတာ့ Tang Feng က သူ႔လက္ကို ဆုပ္ကိုင္တားဆီးၿပီး ထပ္ေမးလိုက္တယ္။

"ကၽြန္ေတာ္ေမးတာကို ေျဖဦး.."

သူက ေမးလိုက္တယ္။

"မင္းေျပာတာကို မင္း ျပန္ဖ်က္လို႔ရေသးတယ္ေနာ္.."

Lu Tian Chen က သက္ျပင္းဖြဖြခ်လိုက္ၿပီး Tang Feng ရဲ့လည္ပင္းကို လွမ္းဖမ္းဆုပ္ရင္း ေျပာလိုက္တယ္။

ေနာက္ဆံုးတစ္ႀကိမ္တုန္းက Su Qi Cheng က သူတို႔ကို အေႏွာင့္အယွက္ေပးဖို႔ လုပ္ခဲ့ေပမယ့္ သူပဲ အရွက္တကြဲျဖစ္ခဲ့ရတယ္။

Tang Feng အားကစား႐ံုကိုသြားေတာ့ Su Qi Cheng က စက္ဘီးစီးေနခဲ့တယ္။ Tang Feng က သူ႔ကိုလ်စ္လွ်ဴ႐ႈၿပီး ေျပးစက္ေပၚ နာရီ၀က္ၾကာေအာင္ေျပးရင္း Lu Tian Chen နဲ႔ စကားတေျပာေျပာနဲ႔ ေက်နပ္ႏွစ္သိမ့္တဲ့အမူအယာနဲ႔ ရွိေနတယ္။ Ge Chen လိုလူက ဒီလိုေခၽြးထြက္တဲ့ေနရာကို လာမွာမဟုတ္ဘူး။ ဒါေပမယ့္ ဆန္႔က်င္ဘက္အေနနဲ႔ Xiao Sheng ဆိုတဲ့ တ႐ုတ္ေကာင္ေလးက Su Qi Cheng နဲ႔ Gym ကိုလိုက္လာၿပီး ေျပးစက္ေပၚမွာ လမ္းေလွ်ာက္ေလ့ရွိတယ္။ သူ႔ကိုယ္က ေခၽြးေတြထြက္ၿပီး ျဖဴေဖြးတဲ့အသားအေရက ၾကြက္သားေရးေရးေတာ့ ေပၚေနတယ္။ တစ္ခါတစ္ေလ Tang Feng က Ge Chen ထက္ပိုၾကည့္ေကာင္းတဲ့ ေကာင္ေလးကို ခင္မင္ရင္းႏွီးဟန္အၿပံဳးနဲ႔ လွမ္းၾကည့္မိတယ္။

ဒီလိုကေတာ့ ပံုမွန္အျပဳအမူပဲျဖစ္တယ္။ Ge Chen နဲ႔ Su Qi Cheng ရဲ့တုိက္ခိုက္မႈေၾကာင့္ သူက တျခားလူကို လိုက္ၿပီး ရန္လုပ္စရာမလိုဘူး။ တကယ္လို႔ သူက ဘယ္သူ႔ကိုမွ မထိခိုက္ေစရင္ သူ႔ကို ရန္သူလိုသေဘာထားစရာမလိုဘူး။

"သူတို႔ လာျပန္ၿပီ.."

ပက္လက္ခံုမွာ ေနပူဆာလံႈရင္း ပင္လယ္ေလညွင္းေအာက္မွာ Tang Feng က Tablet နဲ႔သတင္းဖတ္ေနရင္း Su Qi Cheng တို႔သံုးေယာက္က တျခားဖက္မွာထိုင္တာကို ေတြ႕လိုက္တယ္။ Su Qi Cheng နဲ႔တ႐ုတ္ေကာင္ေလးက ေရကူးေဘာင္းဘီကို ၀တ္ဆင္ထားၾကတယ္။ Ge Chen ကိုၾကည့္မိေတာ့ မ်က္စိေတာင္က်ိန္းသြားတယ္။ သူက အျဖဴမွအျဖဴ၊ အျဖဴကလြဲၿပီး ဘာမွမ၀တ္တတ္ဘူး။ အခုလည္း ေတာက္ပလင္းထိန္တဲ့ ေကာင္းကင္ႀကီးေအာက္မွာ အျဖဴေရာင္ရွပ္ကို၀တ္ထားၿပီး ေနကာမ်က္မွန္တပ္ထားပံုက ျဖဴေဖြးတဲ့သူ႔အလွကို ပိုထင္းေအာင္လုပ္ေနတယ္။ ကြာတားေဘာင္းဘီက ျဖဴေဖြးေခ်ာမြတ္တဲ့ ေျခေထာက္ေတြကို ေပၚလြင္ေစၿပီး အေခ်ာလွေလးဆိုတဲ့ပံုရိပ္ကို ေပၚေနေစတယ္။ သူ႔ပံုစံက သေဘၤာေပၚက က်ားက်ားမမေတြရဲ့ အၾကည့္ကို ဆြဲေဆာင္ႏိုင္ေစတယ္။

Tang Feng လည္း Ge Chen ကို မၾကည့္ဘဲမေနႏိုင္ဘူး။ သူစိုက္ၾကည့္ေနတုန္း အရိပ္ထဲထိုင္ေနတဲ့ Lu Tian Chen ရဲ့ ေလခၽြန္သံကိုၾကားေတာ့ လွမ္းၾကည့္လိုက္တယ္။

"မင္းက ေကာင္ငယ္ေလးေတြကို သေဘာက်တာလား.."

Lu Tian Chen က Tang Feng ရဲ့ပါးျပင္ကိုပြတ္ရင္း ေမးလိုက္တယ္။

"မိန္းမလွေလးကိုၾကည့္တာ ဘာမွားေနလို႔လဲ.. အဲ့ဒီမိန္းမလွေလးရဲ့နာမည္က ေပ်ာ္ရႊင္ျခင္းတဲ့.."

အဲ့ဒီအခ်ိန္မွာ Lu Tian Chen က Tang Feng ကို အဓိပၸါယ္မ်ိဳးစံုပါတဲ့ အၾကည့္နဲ႔ စိုက္ၾကည့္ၿပီးေတာ့မွ ေျပာလိုက္တယ္။

"မင္းအတြက္ မလုိဘူး.."

"ဘာေၾကာင့္လဲ.."

"မင္းက သူမ်ားကို ဂ႐ုတစိုက္ လိုက္ၾကည့္ေနစရာ မလိုပါဘူး.. မင္းကသာ အၾကည့္ခံရေလာက္ေအာင္ ဆြဲေဆာင္မႈရွိသူပါ.."

ဒီစကားကိုၾကားေတာ့ Tang Feng မၿပံဳးဘဲမေနႏိုင္ေတာ့ဘူး။ Lu Tian Chen က ဒီလိုစကားေတြ ေျပာတတ္လိမ့္မယ္လို႔ ဘယ္သူထင္မွာလဲ။ သူေျပာတဲ့စကားက Charles ထက္ နည္းနည္းမွမေလ်ာ့ဘဲ တစ္ဖက္သားကို နား၀င္ခ်ဳိေစတယ္။

"ကၽြန္ေတာ္ ခင္ဗ်ားကိုေမးခ်င္လို႔.. Charles က မေကာင္းတာတစ္ခုခု လုပ္ခဲ့တာလား.. ခင္ဗ်ား သူနဲ႔ စီးပြားေရးဆက္လုပ္လို႔ေကာ ျဖစ္ပါ့မလား.."

"အရာအားလံုးက ေျခာက္ပစ္ကင္း သဲလဲစင္ရယ္ေတာ့ ဘယ္ရွိပါ့မလဲ.. လူတုိင္း ေကာင္းတာနဲ႔မေကာင္းတာ ယွဥ္တြဲရွိေနတာပဲေလ.. လက္နက္အေရာင္းအ၀ယ္က အစိုးရအခ်င္းခ်င္းၾကားမွာဆိုရင္ တရားမွ်တတယ္လို႔ ေျပာလို႔ရေပမယ့္ သာမာန္လူကလုပ္ရင္ လက္နက္ေမွာင္ခိုဆိုၿပီး ရာဇ၀တ္မႈျဖစ္သြားတယ္.. လူေတြကို ေသေၾကပ်က္စီးေစတဲ့ တရားခံဆိုၿပီး နာမည္တပ္ခံရတယ္.. လက္နက္က လူေတြကိုေသေစတဲ့အရာ ဆိုေပမယ့္ မင္းရွိေနတဲ့အဆင့္အတန္း၊ အေနအထားကိုလိုက္ၿပီး ဒါက ျပည္သူကို ကာကြယ္ေပးတဲ့အရာ၊ ၿငိမ္းခ်မ္းေရးထိန္းသိမ္းဖို႔ဆိုၿပီး ေျပာဆိုေနၾကေသးတယ္.. ဒီလိုကိစၥမ်ိဳးမွာ အာဏာရွိသူက အမွန္တရားဘက္ေတာ္သား ျဖစ္ေနတယ္.."

Lu Tian Chen က Tang Feng ရဲ့လက္ကို ဆုပ္နယ္ရင္း ေျပာလိုက္တယ္။ ဒီလိုအေၾကာင္းအရာက Tang Feng ကို လွ်ိဳ႕၀ွက္ထားစရာမလိုဘူးလို႔လည္း သူ ယူဆထားတယ္။

Tang Feng က သက္ျပင္း႐ိႈက္ၿပီး ၿငိမ္သက္သြားတယ္။ သူက Charles နဲ႔ အခ်ိန္ကာလတစ္ခု အတူေနခဲ့လို႔ ဒီလိုအေၾကာင္းအရာကို နားလည္တယ္။ သူက ေျမေအာက္ကမာၻရဲ့ စည္းမ်ဥ္းတစ္ခ်ိဳ႕ကိုလည္း သိျမင္နားလည္ခဲ့ရတယ္။

ငယ္ရြယ္စဥ္ကာလမွာ ႐ိုးရွင္းတယ္ထင္ထားတဲ့အရာက ေနာင္တစ္ခ်ိန္ လူႀကီးျဖစ္တဲ့အခါ ထင္သေလာက္မ႐ိုးရွင္းတာကို သိရွိခဲ့တယ္။

"လူေတြကိုထိခိုက္ေစတဲ့ စီးပြားေရးကို မလုပ္ပါနဲ႔.."

လူသားေတြရဲ့အသက္နဲ႔ ပတ္သက္ေနတဲ့ စီးပြားေရးကိစၥမ်ိဳးမွာ သူ မပါ၀င္မပတ္သက္သင့္ဘူးဆိုတာ Tang Feng သိတယ္။ သူေတြးသလို Lu Tian Chen လည္း ေတြးၿပီး ေျပာင္းလဲလာလိမ့္မယ္လို႔ Tang Feng ေမွ်ာ္လင့္မထားပါဘူး။ ဒါေပမယ့္ သူ႔စိတ္ထဲရွိတာကို ထုတ္ေျပာလိုက္႐ံုေလးပဲျဖစ္တယ္။

"အင္း.."

Lu Tian Chen က Tang Feng ရဲ့လက္ကို အသာပုတ္ၿပီး ေျပာလိုက္တယ္။
==========================
Chapter (5) -

"ကိုယ့်အတွက် ဆုလာဘ်ကော.."

Lu Tian Chen က Tang Feng ရဲ့လက်ကို ချုပ်ထားရာကနေ ဖြေလျော့ပေးရင်း ပြောလိုက်တယ်။ သူ့လက်တွေက Tang Feng ရဲ့အဝတ်တွေကို ပွတ်သပ်ရာကနေ ခါးနောက်ကနေသိုင်းဖက်ပြီး ရင်ဘတ်ဆီကို လက်တွေက ကျူးကျော်လာခဲ့တယ်။ Tang Feng က Lu Tian Chen ကိုကြည့်ပြီး ပြောလိုက်တယ်။

"ခင်ဗျားကို ကျွန်တော် မလှည့်စားပါဘူး.."

Tang Feng က Lu Tian Chen နှင့် လူချင်းပူးကပ်နေပေမယ့် သူက ကြည်ကြည်လင်လင်ပဲ ဖြေကြားလိုက်တယ်။ Tang Feng ရဲ့မျက်နှာက ပူရှိန်းတက်လာတယ်။ ဒီလို လူချင်းပူးကပ်နေတာကြောင့်လား၊ ဒါမှမဟုတ် လိုရင်းကို တည့်တိုးတောင်းဆိုနေတဲ့ Lu Tian Chen ကြောင့်လားတော့ မသိတော့ဘူး။

"ကျွန်တော် အခု အတူမနေချင်သေးဘူး.. ကျွန်တော့်ကို မထိနဲ့.."

"မင်းပဲ မင်းရှုံးရင် ထိလို့ရတယ်ဆို.."

Lu Tian Chen က Tang Feng ရဲ့ကိုယ်ကို ပွတ်သပ်နေရင်း မျက်နှာက Tang Feng ရဲ့ လည်ပင်းမှာအပ်လို့ မုန့်ပူဆာတဲ့ကလေးလို တပူဆာဆာလုပ်နေတယ်။ ခုလောလောဆယ် Lu Tian Chen က ဆာလောင်နေတဲ့သားရဲလိုဖြစ်နေပြီး ပါးစပ်နားရောက်ခါနီးအစာကို ဘယ်လိုလုပ် အလွတ်ပေးနိုင်မှာလဲ။

"ကျွန်တော် ခုချက်ချင်းထိလို့ရတယ်လို့ မပြောဘူးလေ.."

ဒီစကားကိုပြောပြီးပြီးချင်း သူ စကားထောင်ချောက်ထဲကျသွားပြီဆိုတာ Tang Feng သိလိုက်တယ်။

Lu Tian Chen က Tang Feng ဆီက ဒီစကားကိုကြားလိုက်တာနဲ့ ကျေနပ်သွားပြီး Tang Feng ရဲ့လက်ကို လွှတ်ပေးပြီး ခါးကို တစ်ခါတည်းဖက်လိုက်တယ်။ Lu Tian Chen က သူ့ခေါင်းကိုငုံ့လာပြီး Tang Feng ရဲ့နှုတ်ခမ်းကို နမ်းရှိုက်ရင်းပြောလိုက်တယ်။

"ကောင်းပြီ.. ဒါဆို ညကျတော့ ထိတာပေါ့.."

Tang Feng လည်း Lu Tian Chen ရဲ့အနမ်းကို မငြင်းပယ်နိုင်တော့ဘဲ အနမ်းနဲ့တုံ့ပြန်ရင်း ပြောလိုက်တယ်။

"ခင်ဗျားက တကယ်ဆိုးတဲ့လူပဲဗျာ.."

"ဟေး.. ဒါက တကယ့်ကို နူးညံ့ချိုသာတာပဲ.. ငါတို့တော့ ဒီလိုလူသားဆန်ဆန်မျိုး မဟုတ်ဘူးထင်ပါရဲ့.. အရမ်းသိမ်မွေ့ပြီး တစ်ယောက်ခံစားချက်ကို တစ်ယောက် ညှိယူနေနိုင်တာပဲ.. မင်းကို Ge Chen က သတ်ပစ်မယ်ဆိုရင် အံ့သြစရာမရှိပါဘူး.."

Tang Feng နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ခပ်ထေ့ထေ့ပြောလိုက်တဲ့စကားသံကြောင့် ချက်ချင်း တံခါးဝကိုလှမ်းကြည့်လိုက်တယ်။

ဝတ်စုံနက်ဝတ်ထားတဲ့လူတချို့က Su Qi Cheng ကို တားထားတဲ့အတွက် သူက တံခါးဝမှာပဲရပ်နေပြီး Gym ခန်းထဲကိုတော့ ဝင်မလာနိုင်ဘူး။ သူတို့ထဲကတစ်ယောက်ကတော့ မမြင်ရတာ လချီကြနေပြီဖြစ်တဲ့ Ge Chen ပဲဖြစ်တယ်။ Ge Chen ကိုကြည့်ရတာ ဖြူဖပ်ဖြူယော်ဖြစ်ပြီး နေမကောင်းသလိုပဲ။ ဒါပေမယ့် ဒါက တကယ်လား၊ ဟန်ဆောင်နေသလားဆိုတာတော့ ဘယ်သူမှမသိနိုင်ဘူး။

သူတို့နှစ်ယောက်အပြင် တခြားလူကိုတော့ Tang Feng မတွေ့ရဘူး။ ဒါက Chen Minxu ပြောတဲ့တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော်ကြီးကပေးတဲ့ အံအားသင့်မှုအရသာပဲလား..?

Su Qi Cheng က အချိန်ကိုက်ကို ရောက်လာတော့တာပဲ။ သူ ပထမဆုံး Su Qi Cheng ကိုမြင်လိုက်တဲ့အချိန် Su Qi Cheng က သူ့ကို တောက်လျှောက် စိုက်ကြည့်နေလို့ မျက်လုံးကို ထိုးဖောက်ပစ်ချင်လာမိတယ်။ အဲ့ဒီအချိန်မှာပဲ Su Qi Cheng က ယဉ်ကျေးသိမ်မွေ့စွာနဲ့ ပြုံးလိုက်တယ်။ လူတစ်ယောက်ရဲ့အမူအယာက လိုအပ်တာထက်ပိုပြီး ယဉ်ကျေးဖော်ရွေပြလေ အဲ့ဒီမျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားတဲ့အရာတွေက ပိုလို့ ဆိုးယုတ်လေပဲဖြစ်တယ်။

Lu Tian Chen က Tang Feng ရဲ့ကိုယ်ပေါ်က ထလိုက်ပြီး Tang Feng ထနိုင်ဖို့ လက်ကမ်းပေးလိုက်တယ်။ Tang Feng က Lu Tian Chen ကမ်းပေးတဲ့လက်ကိုဆုပ်ကိုင်ပြီး ထရပ်လိုက်တယ်။

ခန္ဓာကိုယ်ချွေးထွက်တဲ့အထိ လေ့ကျင့်ပြီးတဲ့နောက် Tang Feng က ပင်ပန်းတယ်လို့ မခံစားရဘူး။ ဒါက သူဝါသနာပါတာကို အာရုံစိုက်လုပ်နေတာဖြစ်လို့ အခုဆိုရင် ချွေးထွက်ပြီး နေလို့ထိုင်လို့ ပိုကောင်းလာသလိုခံစားရတယ်။

Tang Feng က ဘေးကနေရပ်ပြီး သူတို့သုံးယောက်ကို အေးဆေးကြည့်နေလိုက်တယ်။ Tang Feng ပထမဆုံးမြင်လိုက်တာက Su Qi Cheng တော့မဟုတ်ဘူး။ Ge Chen ကို အရင်မြင်လိုက်တာဖြစ်တယ်။ Tang Feng ကြည့်နေတာကိုတွေ့တော့ Ge Chen က ဂုဏ်မောက်တဲ့မျက်လုံးနဲ့ ပြန်ကြည့်ခဲ့တယ်။

Tang Feng က Ge Chen ရဲ့အကြည့်ကိုတွေ့တော့ နှုတ်ခမ်းဖျားက ကော့တက်ပြီး ပြုံးယောင်ယောင်ဖြစ်သွားတယ်။ သူ Ge Chen ကို စိတ်မဆိုးပါဘူး။ Ge Chen က Su Qi Cheng အပါအဝင် ဒီကလူတွေကို ဆွဲဆောင်နိုင်အောင်ကို တကယ်လှပပါတယ်။

Su Qi Cheng ရဲ့နှုတ်ဖျားက ဓားသွားလိုပဲ Ge Chen နဲ့ Lu Tian Chen ကိုခေါ်လိုက်တယ်။ ကြည့်ရတာ Tang Feng က ဟိုးအတိတ်တုန်းကလိုပဲ..။ Lu Tian Chen နဲ့ Ge Chen တို့အတွဲကြားက ဘာမှလုပ်နိုင်စွမ်းမရှိတဲ့ အပြင်လူလိုသဘောထားပြီး ဆက်ဆံချင်နေပုံပဲ။ ပြီးတော့ Su Qi Cheng က Ge Chen သူ့နားမှာ သူလျှိုလုပ်တာကိုသိလို့ အပြစ်ပေးတဲ့အနေနဲ့ ဒီကို တမင်ခေါ်လာပုံရတယ်။

Su Qi Cheng ရဲ့လုပ်ရပ်နဲ့ ပြောဆိုနေတာက Ge Chen ကို ထိခိုက်စေသလား၊ မထိခိုက်စေသလားတော့ မသိဘူး။ သူ့ကိုတော့ လုံး၀ မထိခိုက်စေပါဘူး။

"Su Qi Cheng.. မင်း ဘာကြောင့် တံခါးနားမှာရပ်နေတာလဲ.. မင်း အထဲကိုလာပြီး ငါ့ဆီက ပညာသင်ချင်လို့လား.."

Lu Tian Chen ဆီက သင်ယူထားရတာနဲ့ Tang Feng က Su Qi Cheng ရဲ့လှုပ်ရှားမှုတွေကို နှိုင်းယှဉ်ကြည့်လိုက်တယ်။ Lu Tian Chen က သူတို့ကို စကားလုံးတွေနဲ့ လှောင်ပြောင်နေတာဖြစ်တယ်။

Su Qi Cheng ရဲ့ မျက်နှာပေါ်ကအမူအယာက စက္ကန့်ပိုင်းလေး တင်းမာသွားပြီး သူက ချက်ချင်း ပုံမှန်ပုံစံ ယောက်ျားပီသပြီး သဘောထားကြီးတဲ့အမူအယာ လုပ်လိုက်တယ်။ ပြီးတော့ Tang Feng ကို ချိုချိုသာသာပြုံးကြည့်ပြီး မေးလိုက်တယ်။

"Tang Feng.. မင်းက သနားစရာ Lu Tian Chen ဆီက လက်တွေ့ဆည်းပူးနေရတာပေါ့.."

သူ့လေသံက Tang Feng ကို နှိမ်ချလှောင်ပြောင်နေတယ်။

Tang Feng ရဲ့စိတ်က သက်တောင့်သက်သာပဲဖြစ်နေလို့ Su Qi Cheng ပြောတဲ့စကားက သူ့ကို နည်းနည်းမှ မထိခိုက်စေဘူး။ ဒါပေမယ့် Lu Tian Chen က တံခါးကိုစောင့်ကြပ်နေတဲ့ သူ့လူတွေကို သတိပေးတဲ့အကြည့်နဲ့ ကြည့်လိုက်တော့ ကိုယ်ရံတော်တွေက ချက်ချင်း သူတို့သူဌေးဆိုလိုတာကို သိလိုက်ပြီး သူတို့သူဌေးနဲ့ Tang Feng အပြင်ထွက်လာတော့ Su Qi Cheng တို့ကို အနားကိုနည်းနည်းမှမကပ်နိုင်အောင် တွန်းကာထားလိုက်တယ်။

"ငါ့ကိုမထိနဲ့.."

Ge Chen က ကိုယ်ရံတော်တွေရဲ့လက် သူ့ကိုထိတာနဲ့ ဒေါသတကြီး အော်ပြောလိုက်သံက နည်းနည်းလေးမှ အားနည်းနေတဲ့ပုံမပေါ်ဘူး။

တခြားလူတွေကတော့ Su Qi Cheng ရဲ့နောက်နားမှာ အပြုံးမျက်နှာနဲ့ အသာရပ်စောင့်နေကြတယ်။

"Lu.. မင်း တကယ်ပဲ ကန့်လန့်တိုက်တော့မလို့လား.."

Su Qi Cheng က Lu Tian Chen ကို ခပ်လှမ်းလှမ်းက လှမ်းကြည့်ပြီး နည်းနည်းခါးသက်သက်နဲ့ မေးလိုက်တယ်။

Lu Tian Chen က ချက်ချင်း Su Qi Cheng ကိုကျောခိုင်းလိုက်ပြီး Tang Feng ဆီကိုလာပြီး ဆွဲခေါ်သွားတော့တယ်။ သူတို့ Gym ခန်းကထွက်လာတော့ Tang Feng က Su Qi Cheng တို့ကို တစ်ချက်တောင် လှမ်းမကြည့်တော့ဘူး။ Lu Tian Chen ရဲ့အပြုအမူကို Su Qi Cheng သေချာပေါက် ဒေါကန်နေမှာပဲ။

"သူ မင်းကို စိတ်ဆိုးနေတာလား.."

မာနကြီးတဲ့လူက သူတို့ကို စကားပြန်ပြောတာထက် လျစ်လျူရှုလိုက်တာကို ပိုနာတတ်ကြတယ်။ သူတို့ကို အဖက်မတန်သလို ဆက်ဆံတာက သူတို့ကို သေလုအောင် ဒေါသထွက်စေတဲ့အချက်ဖြစ်တယ်။

"သူကလား.."

Lu Tian Chen က Tang Feng ရဲ့ခါးကိုဖက်ပြီး ကိုယ်ကို သူ့ဘက်ကိုတိုးကပ်ပြီး လည်ပင်းကိုတိုးဝှေ့ရင်း ပြောလိုက်တယ်။

"Su Qi Cheng က လွယ်လွယ်နဲ့ စိတ်ဆိုးတတ်တဲ့သူ မဟုတ်ဘူး.."

"ခင်ဗျား ဘာကြောင့် နမ်းရတာလဲ.. ချွေးနံ့တွေနဲ့ စိတ်ပျက်စရာကြီးကိုများ.."

Tang Feng က ရုတ်တရက်နမ်းခံလိုက်ရလို့ Lu Tian Chen ကို တွန်းလွှတ်လိုက်တယ်။ ပြီးတော့ Lu Tian Chen ကို ပြုံးပြီး အံ့အားသင့်သွားအောင် ရုတ်တရက်ပြောလိုက်တယ်။

"ခင်ဗျားကို အစားစာကျွေးမယ်.."

Tang Feng က Lu Tian Chen ကိုကြည့်ပြီး ဆက်ပြောနေလိုက်တယ်။

"ခြောက်ညအိပ်ခုနစ်ရက် ပင်လယ်ခရီးမှာ ခင်ဗျားရဲ့အသိကျွမ်းနဲ့တိုးတာ တကယ့်ကို တိုက်ဆိုင်လွန်းတယ်.. ကမ္ဘာကြီးက တကယ့်ကို သေးသေးလေးပဲ.."

"မင်းပြောချင်တာက... Su Qi Cheng က ငါတို့ ဘယ်သွားမယ်ဆိုတာသိလို့ နောက်က တမင်လိုက်လာတာပေါ့.."

Tang Feng လည်း ပုခုံးပဲ တွန့်ပြလိုက်တော့တယ်။ ဘာပဲဖြစ်ဖြစ် Su Qi Cheng သာမက Ge Chen ပါ ဒီသင်္ဘောပေါ်ပါလာတာက ရိုးရိုးသားသားတိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူးမဟုတ်လား။

ရေချိုးပြီးတော့ Tang Feng က အိပ်ယာထက်မှာ လှဲလို့အနားယူရင်း လက်က သောက်စရာဖန်ခွက်ကို ဆုပ်ကိုင်ထားပြီး သူ့ထင်မြင်ချက်ကို ပြောလိုက်တာဖြစ်တယ်။ တကယ်လို့ Su Qi Cheng သာ သူထင်သလို နောက်က တမင်လိုက်လာတာဆိုရင် သူနဲ့ Lu Tian Chen ကို တစ်ခုခုမကောင်းကြံမှာကိုပဲ စိုးရိမ်ရတယ်။

"သူတို့က မင်းကိုချစ်လို့ နောက်ကလိုက်လာတာပါ.."

Lu Tian Chen က Tang Feng ပြောတာကို စိတ်ဝင်စားဟန်မပြဘဲ ဆေးရည်ကို လက်ထဲလောင်းချရင်း လှဲနေတဲ့ Tang Feng ရဲ့နောက်ကျောကို ဆေးရည်နဲ့ ပွတ်သပ်လိမ်းကျံပေးနေတယ်။
ဒါက နေ့လည်က သူတို့တိုက်ခိုက်ရင်း ရလာတဲ့ဒဏ်ရာအညိုမည်းတွေ ဖြစ်တယ်။ သိုင်းလေ့ကျင့်တဲ့အခါ ဒီလိုဖြစ်မှာပဲလို့ ပြောပေမယ့် Lu Tian Chen က လက်မခံဘူး။ သူက Tang Feng ရဲ့ဒဏ်ရာကို အတင်းပဲ ဆေးလိမ်းပေးနေတယ်။

Lu Tian Chen ခါးနဲ့နောက်ကျောမှာ အညိုမည်းဒဏ်ရာ နည်းနည်းပဲရှိတယ်။ ဒါကြောင့် Lu Tian Chen က Tang Feng တစ်ကိုယ်လုံးက အညိုမည်းဒဏ်ရာကို ဆေးလူးပေးပြီး အိပ်ယာထက်ကထပြီး လက်သွားဆေးလိုက်တယ်။

သူပြန်လာတဲ့အထိ Tang Feng က အိပ်ယာထက်မှာ မှောက်လျက် ဆေးလိမ်းတာခံနေတဲ့အတိုင်း အနေအထား မပြောင်းလဲသေးဘူး။

"နေရာလေး ရွှေ့မပေးချင်ဘူးလား.."

Lu Tian Chen က သူ့ဆီလျှောက်လာရင်း ပြုံးပြီးမေးလိုက်တယ်။

Lu Tian Chen က ကုတင်စွန်းမှာထိုင်လိုက်ပြီး Tang Feng ရဲ့ပုခုံးကို နမ်းလိုက်တယ်။ သူ့လက်အောက်မှာ ဒီကောင်လေးရဲ့အသားအရေက ပိုးသားလို နူးညံ့ချောမွတ်လို့နေတယ်။

"နောက်နှစ်ရက်နေမှ ပြန်လေ့ကျင့်ကြတာပေါ့.."

Lu Tian Chen က သူ့ကို ညွှန်ကြားလိုက်တယ်။ Tang Feng က Lu Tian Chen ကို တောက်ပစွာစိုက်ကြည့်ပြီး ဖြေလိုက်တယ်။

"ကျွန်တော် ခုလေးတင်စဉ်းစားနေတာ.. ကျွန်တော့်မှာ တကယ်တိုက်ခိုက်တဲ့ အတွေ့အကြုံ မရှိဘူးဖြစ်နေတယ်.. ကျွန်တော် ဒီထက်တိုးတက်ချင်တယ်ဆိုရင် ခင်ဗျားဆီက သင်ယူမှဖြစ်မယ်.."

"နောက်နှစ်ရက်နေမှ.."

Lu Tian Chen က သူ့ကိုယ်ကို Tang Feng ကိုယ်ပေါ်ကိုင်းညွတ်ပြီး ပုခုံးအနှံ့နမ်းရင်း ပြောလိုက်တယ်။ သူ့လက်တွေက Tang Feng ရဲ့လက်တွေကို ပွတ်သပ်နှိပ်နယ်ရင်း အကြောလျှော့ပေးနေတယ်။

"မင်း သဘောတူရဲ့လား.."

Tang Feng က Lu Tian Chen ကို အိပ်ယာပေါ်တွန်းလှဲပြီး အပေါ်ကနေဖိထားတယ်။ သူက Lu Tian Chen ရဲ့ကိုယ်ပေါ်က ဖိမိုးပြီး နှုတ်ခမ်းကိုနမ်းရင်း ပြုံးစစနဲ့ပြောလိုက်တယ်။

"ဒီနှစ်ရက်အတွင်း လေ့ကျင့်မယ်.. ကျွန်တော် အနာဂတ်ကို မယုံကြည်ဘူး.. မနက်ဖြန်မှာ ဘာမဆိုဖြစ်သွားနိုင်တယ်.. ခင်ဗျား လေ့ကျင့်ပေးဖို့ သဘောတူရဲ့လား.."

Lu Tian Chen က Tang Feng ရဲ့ပေါင်တွေကို ဖြည်းဖြည်းချင်းပွတ်သပ်ရင်း သူ့ကိုယ်က မာကျောစပြုလာတဲ့အရာနဲ့ Tang Feng ကို ပွတ်သပ်လိုက်တယ်။ Lu Tian Chen က Tang Feng ရဲ့ညီလေးကို ပွတ်သပ်လာတော့ Tang Feng က သူ့လက်ကို ဆုပ်ကိုင်တားဆီးပြီး ထပ်မေးလိုက်တယ်။

"ကျွန်တော်မေးတာကို ဖြေဦး.."

သူက မေးလိုက်တယ်။

"မင်းပြောတာကို မင်း ပြန်ဖျက်လို့ရသေးတယ်နော်.."

Lu Tian Chen က သက်ပြင်းဖွဖွချလိုက်ပြီး Tang Feng ရဲ့လည်ပင်းကို လှမ်းဖမ်းဆုပ်ရင်း ပြောလိုက်တယ်။

နောက်ဆုံးတစ်ကြိမ်တုန်းက Su Qi Cheng က သူတို့ကို အနှောင့်အယှက်ပေးဖို့ လုပ်ခဲ့ပေမယ့် သူပဲ အရှက်တကွဲဖြစ်ခဲ့ရတယ်။

Tang Feng အားကစားရုံကိုသွားတော့ Su Qi Cheng က စက်ဘီးစီးနေခဲ့တယ်။ Tang Feng က သူ့ကိုလျစ်လျှူရှုပြီး ပြေးစက်ပေါ် နာရီဝက်ကြာအောင်ပြေးရင်း Lu Tian Chen နဲ့ စကားတပြောပြောနဲ့ ကျေနပ်နှစ်သိမ့်တဲ့အမူအယာနဲ့ ရှိနေတယ်။ Ge Chen လိုလူက ဒီလိုချွေးထွက်တဲ့နေရာကို လာမှာမဟုတ်ဘူး။ ဒါပေမယ့် ဆန့်ကျင်ဘက်အနေနဲ့ Xiao Sheng ဆိုတဲ့ တရုတ်ကောင်လေးက Su Qi Cheng နဲ့ Gym ကိုလိုက်လာပြီး ပြေးစက်ပေါ်မှာ လမ်းလျှောက်လေ့ရှိတယ်။ သူ့ကိုယ်က ချွေးတွေထွက်ပြီး ဖြူဖွေးတဲ့အသားအရေက ကြွက်သားရေးရေးတော့ ပေါ်နေတယ်။ တစ်ခါတစ်လေ Tang Feng က Ge Chen ထက်ပိုကြည့်ကောင်းတဲ့ ကောင်လေးကို ခင်မင်ရင်းနှီးဟန်အပြုံးနဲ့ လှမ်းကြည့်မိတယ်။

ဒီလိုကတော့ ပုံမှန်အပြုအမူပဲဖြစ်တယ်။ Ge Chen နဲ့ Su Qi Cheng ရဲ့တိုက်ခိုက်မှုကြောင့် သူက တခြားလူကို လိုက်ပြီး ရန်လုပ်စရာမလိုဘူး။ တကယ်လို့ သူက ဘယ်သူ့ကိုမှ မထိခိုက်စေရင် သူ့ကို ရန်သူလိုသဘောထားစရာမလိုဘူး။

"သူတို့ လာပြန်ပြီ.."

ပက်လက်ခုံမှာ နေပူဆာလှုံရင်း ပင်လယ်လေညှင်းအောက်မှာ Tang Feng က Tablet နဲ့သတင်းဖတ်နေရင်း Su Qi Cheng တို့သုံးယောက်က တခြားဖက်မှာထိုင်တာကို တွေ့လိုက်တယ်။ Su Qi Cheng နဲ့တရုတ်ကောင်လေးက ရေကူးဘောင်းဘီကို ဝတ်ဆင်ထားကြတယ်။ Ge Chen ကိုကြည့်မိတော့ မျက်စိတောင်ကျိန်းသွားတယ်။ သူက အဖြူမှအဖြူ၊ အဖြူကလွဲပြီး ဘာမှမဝတ်တတ်ဘူး။ အခုလည်း တောက်ပလင်းထိန်တဲ့ ကောင်းကင်ကြီးအောက်မှာ အဖြူရောင်ရှပ်ကိုဝတ်ထားပြီး နေကာမျက်မှန်တပ်ထားပုံက ဖြူဖွေးတဲ့သူ့အလှကို ပိုထင်းအောင်လုပ်နေတယ်။ ကွာတားဘောင်းဘီက ဖြူဖွေးချောမွတ်တဲ့ ခြေထောက်တွေကို ပေါ်လွင်စေပြီး အချောလှလေးဆိုတဲ့ပုံရိပ်ကို ပေါ်နေစေတယ်။ သူ့ပုံစံက သင်္ဘောပေါ်က ကျားကျားမမတွေရဲ့ အကြည့်ကို ဆွဲဆောင်နိုင်စေတယ်။

Tang Feng လည်း Ge Chen ကို မကြည့်ဘဲမနေနိုင်ဘူး။ သူစိုက်ကြည့်နေတုန်း အရိပ်ထဲထိုင်နေတဲ့ Lu Tian Chen ရဲ့ လေချွန်သံကိုကြားတော့ လှမ်းကြည့်လိုက်တယ်။

"မင်းက ကောင်ငယ်လေးတွေကို သဘောကျတာလား.."

Lu Tian Chen က Tang Feng ရဲ့ပါးပြင်ကိုပွတ်ရင်း မေးလိုက်တယ်။

"မိန်းမလှလေးကိုကြည့်တာ ဘာမှားနေလို့လဲ.. အဲ့ဒီမိန်းမလှလေးရဲ့နာမည်က ပျော်ရွှင်ခြင်းတဲ့.."

အဲ့ဒီအချိန်မှာ Lu Tian Chen က Tang Feng ကို အဓိပ္ပါယ်မျိုးစုံပါတဲ့ အကြည့်နဲ့ စိုက်ကြည့်ပြီးတော့မှ ပြောလိုက်တယ်။

"မင်းအတွက် မလိုဘူး.."

"ဘာကြောင့်လဲ.."

"မင်းက သူများကို ဂရုတစိုက် လိုက်ကြည့်နေစရာ မလိုပါဘူး.. မင်းကသာ အကြည့်ခံရလောက်အောင် ဆွဲဆောင်မှုရှိသူပါ.."

ဒီစကားကိုကြားတော့ Tang Feng မပြုံးဘဲမနေနိုင်တော့ဘူး။ Lu Tian Chen က ဒီလိုစကားတွေ ပြောတတ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ သူပြောတဲ့စကားက Charles ထက် နည်းနည်းမှမလျော့ဘဲ တစ်ဖက်သားကို နားဝင်ချိုစေတယ်။

"ကျွန်တော် ခင်ဗျားကိုမေးချင်လို့.. Charles က မကောင်းတာတစ်ခုခု လုပ်ခဲ့တာလား.. ခင်ဗျား သူနဲ့ စီးပွားရေးဆက်လုပ်လို့ကော ဖြစ်ပါ့မလား.."

"အရာအားလုံးက ခြောက်ပစ်ကင်း သဲလဲစင်ရယ်တော့ ဘယ်ရှိပါ့မလဲ.. လူတိုင်း ကောင်းတာနဲ့မကောင်းတာ ယှဉ်တွဲရှိနေတာပဲလေ.. လက်နက်အရောင်းအဝယ်က အစိုးရအချင်းချင်းကြားမှာဆိုရင် တရားမျှတတယ်လို့ ပြောလို့ရပေမယ့် သာမာန်လူကလုပ်ရင် လက်နက်မှောင်ခိုဆိုပြီး ရာဇဝတ်မှုဖြစ်သွားတယ်.. လူတွေကို သေကြေပျက်စီးစေတဲ့ တရားခံဆိုပြီး နာမည်တပ်ခံရတယ်.. လက်နက်က လူတွေကိုသေစေတဲ့အရာ ဆိုပေမယ့် မင်းရှိနေတဲ့အဆင့်အတန်း၊ အနေအထားကိုလိုက်ပြီး ဒါက ပြည်သူကို ကာကွယ်ပေးတဲ့အရာ၊ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ဆိုပြီး ပြောဆိုနေကြသေးတယ်.. ဒီလိုကိစ္စမျိုးမှာ အာဏာရှိသူက အမှန်တရားဘက်တော်သား ဖြစ်နေတယ်.."

Lu Tian Chen က Tang Feng ရဲ့လက်ကို ဆုပ်နယ်ရင်း ပြောလိုက်တယ်။ ဒီလိုအကြောင်းအရာက Tang Feng ကို လျှို့ဝှက်ထားစရာမလိုဘူးလို့လည်း သူ ယူဆထားတယ်။

Tang Feng က သက်ပြင်းရှိုက်ပြီး ငြိမ်သက်သွားတယ်။ သူက Charles နဲ့ အချိန်ကာလတစ်ခု အတူနေခဲ့လို့ ဒီလိုအကြောင်းအရာကို နားလည်တယ်။ သူက မြေအောက်ကမ္ဘာရဲ့ စည်းမျဉ်းတစ်ချို့ကိုလည်း သိမြင်နားလည်ခဲ့ရတယ်။

ငယ်ရွယ်စဉ်ကာလမှာ ရိုးရှင်းတယ်ထင်ထားတဲ့အရာက နောင်တစ်ချိန် လူကြီးဖြစ်တဲ့အခါ ထင်သလောက်မရိုးရှင်းတာကို သိရှိခဲ့တယ်။

"လူတွေကိုထိခိုက်စေတဲ့ စီးပွားရေးကို မလုပ်ပါနဲ့.."

လူသားတွေရဲ့အသက်နဲ့ ပတ်သက်နေတဲ့ စီးပွားရေးကိစ္စမျိုးမှာ သူ မပါဝင်မပတ်သက်သင့်ဘူးဆိုတာ Tang Feng သိတယ်။ သူတွေးသလို Lu Tian Chen လည်း တွေးပြီး ပြောင်းလဲလာလိမ့်မယ်လို့ Tang Feng မျှော်လင့်မထားပါဘူး။ ဒါပေမယ့် သူ့စိတ်ထဲရှိတာကို ထုတ်ပြောလိုက်ရုံလေးပဲဖြစ်တယ်။

"အင်း.."

Lu Tian Chen က Tang Feng ရဲ့လက်ကို အသာပုတ်ပြီး ပြောလိုက်တယ်။
==========================

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now