True Star_ Vol 4 _Chapter (18): -ယုံကြည်မှု

1.1K 212 1
                                    

True Star_  Vol 4 _Chapter (18): —ယုံကြည်မှု


ချားလ်- "ဟေ့ ဒီအခန်းက ငါတို့အခန်းပဲ။ ဒီလိုဝတ်တာ  ဘာမှမမှားဘူး၊"

Tang Feng- " ဒါပေမယ့် ခင်ဗျား ဘောင်းဘီဝတ်လို့ရလား။ အပေါ်ပိုင်းကလူ ၊ အောက်ပိုင်းက သားရဲလို မပြုနဲ့"

 မျက်မှောင်ကြုတ်ရင်း၊ Tang Feng ပြောလိုက်သည်။ သူ့ရှေ့က လူက လက်ပိုက်ကာ   သူ့ကိုကြည့်ကာ ပြုံးနေသော အကြင်ဝက်ဝံကြီးက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ဝတ်စုံဝတ်ထားသော်လည်း အောက်ပိုင်းတွင် အတွင်းခံ ဘောက်ဆာ တစ်ထည်သာ ဝတ်ထားသည်။
 

"ကိုယ်က  ဒီလိုနေရတာကို ပိုကြိုက်တယ်။"

 ဝက်ဝံတစ်ကောင်က သူ့အင်္ကျီကို ကြယ်သီးတစ်လုံးစီ  ချွတ်လိုက်ပြီး Tang Feng ဆီကို လာရင်း   သူ့ ကိုယ်ကို ဂုဏ်ယူဝင့်ကြွားစွာ  ပြသရတာ အရမ်းပျော်နေပုံရတယ်။

"အမ်...နေဦး"
 
Charles က Tang Feng ကိုယ်ပေါ် သူ့နှာခေါင်းကို ခွေးကြီးလို အနံ့ခံလိုက်ပြီး  မျက်လုံးတွေကို မှိတ်ထားပြီး ဆိုးသွမ်းစွာ ပြုံးလိုက်တယ်။

"မင်းမှာ အရက်ပြန်ပါတဲ့ ရေမွှေးကို မကြိုက်ဘူး၊ ဒါပေမယ့် အခု မင်းကိုယ်မှာ Lu Tian chen ရဲ့ အကြိုက်ဆုံး cologne ရေမွှေးနံ့ကို ရနေတယ်။ ကိုယ်တကယ် စိတ်မကောင်းဘူး၊ ကိုယ့်ရဲ့ဆွဲဆောင်မှုက မလုံလောက်လို့ Lu လို့အမည်ပေးထားတဲ့ ရေခဲတုံးကိုရှာဖို့ မင်းထွက်သွားခဲ့တာလား။ ကိုယ်က အိပ်ရာထဲမှာ မင်း ကျေနပ်အောင် လုံလုံလောက်လောက်မကြိုးစားခဲ့နိုင်ဘူးပေါ့...အိုး...နိုး....ကိုယ်တော့ အဲ့လို အဖြစ်မခံနိုင်ဘူး!"

Charles ဆီက စကားကိုကြားတော့ Tang Fengက  ဝံပုလွေလို ပြောင်းလဲကာ  သူ့ကို ကိုက်ဆွဲလိုက်ချင်တော့သည်။ သူက  ဟိန်းဟောက်သံနှင့်အတူ Charles ပေါ်ကို ခုန်အုပ်လိုက်တော့ Charles က တဟားဟားရယ်မောပြီး Tang Feng  

"ခင်ဗျား စုံထောက်မဖြစ်တာ နှမျောစရာပဲ။"

ကံကောင်းထောက်မစွာ၊ နွေဦးအစောပိုင်းတွင် အနည်းငယ်အေးသောကြောင့် မြေပြင်ကို ကော်ဇောထူထူဖြင့် ဖုံးအုပ်ထားပြီး မဟုတ်ပါက Charles ကဲ့သို့ ဝက်ဝံကြီးရဲ့ ခွန်အားကြောင့် နာကျင်သွားမည်ဖြစ်သည်။

Tang Feng က Charles ကို ပြုံးပြီး ပွေ့ဖက်ထားတယ်၊ သူ့အချစ်ဆုံးချစ်သူက ဘယ်သူလဲ?

ဝက်ဝံကြီးက အရင်က ဘယ်လိုသောက်ရှုပ်တွေ လုပ်ခဲ့ပေမယ့်  အနည်းဆုံးတော့ အခုလောလောဆယ်မှာတော့ Tang Feng နဲ့ Lu Tian chen ဆုံတွေ့ဖူးတာကို သိတဲ့အတွက် ဒေါသမထွက်သလို ဝမ်းနည်းစကား မပြောပဲ သူက နားလည်မှုရှိပေးခဲ့သည်။

ဒါပေမယ့် စိတ်ထဲတွင်တော့ Tang Feng ကြောင့် Charles ကို အချိန်အကြာကြီး မခံစားစေချင်ပေ။ ရှာလကာရည်နည်းနည်းက အရမ်းချိုပေမယ့်  ရှာလကာရည်များသွားရင် ရင်နာရတယ်။

သူတို့နှစ်ဦးကြားတွင် အဖိုးတန်ဆုံးအရာမှာ ယုံကြည်မှုဖြစ်ပြီး တစ်ခါတစ်ရံတွင် သံသယအနည်းငယ်လေးကပင် ချစ်သူနှစ်ယောက်ကြား ပြန်လည်ပြုပြင်၍မရသော အက်ကွဲကြောင်း တစ်ခု ဖြစ်လာနိုင်သည်။

"စုံထောက် Charles ရဲ့ စိတ်အားထက်သန်တဲ့ ကောက်ချက်ချချက်အရ  Lu Tian chen က မင်းကို လှည့်ဖြားခဲ့တာ ဖြစ်မယ်ဆိုတာကို ပြောပြနေတယ်။ လူဆိုးကြီးက မင်းကို ထားခဲ့ပြီး ဒီကမ္ဘာမှာ မင်းလို ချောမောပြီး သောက်ရမ်း ချစ်စရာကောင်းတဲ့လူမရှိတော့ဘူးဆိုတာ သိလိုက်ရတော့ နောင်တရပြီး မင်းကို ငါ့ဆီကနေ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်မဟုတ်လား။"

Charles က Tang Feng ရဲ့ မျက်နှာကို နမ်းလိုက်ကာ ပြောခဲ့သည်။ ဒီစကားကို နားထောင်ရတာက Tang Feng ကို တမင်တကာ ချီးကျူးနေသလိုပါပဲ။

"ဒီနေ့လည် ပျားရည်စားထားတာလား....ခင်ဗျားရဲ့ ပါးစပ်က အရမ်းချိုတယ်။"

ချားလ်စ်ရဲ့ နှာသီးဖျားကို  လက်ညိုးဖြင့် အသာထိုးကာ Tang Feng က တစ်ဖက်ရဲ့ လေးလံတဲ့ ခန္ဓာကိုယ်ကို တွန်းလိုက်ပြီးပြောခဲ့သည်။

" ထတော့ ခင်ဗျားက ကျွန်တော့်ကိုကို သေအောင် နှိပ်စက်ချင်တာလား။ "

" မင်းကို သေအောင် နှိပ်စက်ဖို့ ငါ မအောင်နိုင်တော့ဘူး။ ဒါပေမယ့် ငါ အသက်ကြီးရင် ဘယ်လိုသေမလဲ ဆိုတာကို တွေးပြီး အိပ်ရင်းနဲ့ ရုတ်တရက် ပြီးသွားတာပဲ"

Charles က Tang Feng ပေါ်ကနေ တက်ပြီး သူ့လက်ကို ဆန့်ကာ ချစ်ရသူလေးကို ပွတ်သပ်ရင်းပြောလိုက်သည်။

"ဒါပေမယ့် မင်းရဲ့ ဘောင်းဘီအောက်မှာ ငါသေချင်တယ်"

"ခင်ဗျား လှုပ်ရှားဖို့ ခွန်အားမရှိမှာကိုတောင် ကျွန်တော် စိုးရိမ်နေတာ"

Tang Feng ဟာ Charles ရဲ့ အသက်ကို အဆုံးသတ်ဖို့ ဆိုးရွားတဲ့နည်းလမ်းကို ပြောပြခဲ့သည့် အတွက်  ရုတ်တရက် ရယ်ချင်သွားခဲ့သည်။  ဒါဟာ  တကယ့် အပျော်ပါးမက်တဲ့ Playboy စတိုင်နဲ့လည်း ကိုက်ညီလှတယ်။

"ကိုယ့်ရဲ့ သေတွင်းကို ကြိုတူးကြတာပေါ့...."
 
ဝက်ဝံတစ်ကောင်က ဘောင်းဘီလေးတစ်ထည်သာ ဝတ်ထားပြီး တောင့်တင်းသည့် ကြွက်သားတို့ဖြင့် သူ့ပေါ်မှ စီးမိုးကာ ပြောခဲ့သည်။

"ကျွန်တော် သွားခဲ့တဲ့နေရာကို ခင်ဗျား သိချင်လား"

 Charles ၏ရင်ဘတ်ပေါ်တွင် ညင်သာစွာ လက်ဖြင့်ပုတ်ကာ Tang Feng က ဆိုဖာကို ညွှန်ပြပြီး ပြောလိုက်သည်။

"ကျွန်တော် မတ်တပ်ရပ်ပြီး စကားမပြောချင်ဘူး။"

"ငါတို့ အိပ်ရာထဲဝင်ပြီး ပြောလို့ရတယ်"
 

"ကျွန်တော်သဘောတူတယ်"

သုံးမိနစ်လောက်ကြာတော့ Tang Feng နဲ့ Charles က ကုတင်တစ်ဖက်စီမှာ လဲလျောင်းနေသည်။ Tang Feng က သူ့ကို Lu Tian chen ရဲ့အခန်းကို နတ်ဆိုးလေးက လှည့်စားကာ ခေါ်ဆောင်သွားကြောင်း ရိုးရိုးရှင်းရှင်းပြောခဲ့တယ်။ နတ်ဆိုးလေးသည် Lu Tian chen ၏လူ ဖြစ်ကြောင်း Charles က သိရှိထားပြီးဖြစ်သည်။ Charles က ပါးနပ်ကာ ဘာမဆို သိမြင်လွယ်လှသည်။
 

အချို့သောကိစ္စများတွင်၊ Tang Feng သည် ယခုအချိန်တွင် Charles အား မပြောပြခဲ့ပေ။ ဥပမာ Lu Tian chen သည် သူက မူလ Tang Feng မဟုတ်ကြောင်းကို ဖုံးကွယ်ထားပေးဖို့ ယခင်တောင်းဆိုချက်ကို သဘောတူခဲ့ကြောင်းတွေပေါ့...။

"ကျွန်တော်က ဒီမိုကရေစီသမားပါ...ဒီလောက်တော့ ကိုယ်  သည်းခံတတ်ပါတယ်။"

ချားလ်စ်က တစ်စက္ကန့်လောက်  ငြိမ်သက်နေပြီး၊ နောက်တစ်ဖက်ကို လှည့်ပြီး Tang Feng ကို လက်တစ်ဖက်နဲ့ သိုင်းဖက်ရင်း  ကြည့်လိုက်သည်။

" Baby၊ မင်း တောင်အာရှမှာရှိတဲ့ မျောက်တွေရဲ့ ပြန်ပေးဆွဲခံရပြီးနောက် ငါ သိတာတစ်ခုပဲ၊ အဲဒါကတော့၊ မင်းပျော်ရင် ဘာမဆို အဆင်ပြေတယ်"
 
ဒါဟာ Charles ဆီက ရှားရှားပါးပါး အလေးအနက်ထားကာ ပြောခဲ့သည့် စကားဖြစ်ပေမယ့် Tang Feng က နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်စေသည်။

"ဒါပေမယ့် ကျွန်တော်က အရမ်းကို ဂရုမစိုက်တတ်တဲ့သူနဲ့ တူပြီး ခင်ဗျား ရဲ့ ယုံကြည်မှုနဲ့ ကျွန်တော် ထိုက်တန်သလားဆိုတာတောင် ကျွန်တော် မသိတော့ဘူး။ "

 Tang Feng ကုတင်ပေါ်ကနေ ရုတ်တရက်ထထိုင်လိုက်ပြီး Charles ရဲ့ခါးပေါ်ကို ခွထိုင်ကာ ပြောလိုက်သည်။

   "ချားလ်စ်၊ ကျွန်တော် ဟာသလုပ်နေတာ မဟုတ်ဘူး၊ ဒီနေ့ ကျွန်တော်တို့ အတူ ရှိနေပေမယ့် မနက်ဖြန် ကျွန်တော် တခြားသူတွေကို ချစ်တယ်လို့ ပြောကောင်း ပြောနေနိုင်တယ်"

Lu Tian chen က သူ့ကို စွန့်လွှတ်ပြီးနောက်၊ သူ Charles နဲ့ အတူရှိဖို့ ဆုံးဖြတ်ခဲ့ပြီး အခု Lu Tian chen ရဲ့ ပြန်လာဖို့ တောင်းဆိုချက်ကို သူ လက်ခံလိုက်မိပြီလား? ဒါက Charles အတွက် မတရားဘူး၊ Tang Feng က ရှုပ်ထွေးတဲ့ သုံးပွင့်ဆိုင် ဆက်ဆံရေးကို မဆက်ချင်တော့ဘူး။
 

"ကောင်းပါပြီ၊ ဒါမှမဟုတ် ခင်ဗျားက လူသုံးယောက်အိပ်ရတာကို ကြိုက်တာလား"

 Tang Feng သည် Charles ၏ ရင်ဘတ်ကို လက်ချောင်းများဖြင့် ပုတ်လိုက်ကာ ပြောခဲ့သည်။

"Baby မင်းကို ကိုယ် အရမ်းချစ်တယ်!"
Charles က ပက်လက် အနေထားဖြင့် Tang Feng ကို ခဏလောက် လှည့်ကြည့်ပြီးနောက် Charles က ထိုလူငယ်လေးကို ကုတင်ပေါ်တင်လိုက်တယ်။

ဝက်ဝံသည် ခွေးကြီးကြီးတစ်ကောင်ကဲ့သို့ သူ၏ နဖူးနှင့် ပါးကို နမ်းလိုက်သည်။ Tang Feng က Charles နဲ့ ပွေ့ဖက်ပြီး ပြုံးနေမိသည်။ တကယ်တော့ ဝက်ဝံကြီးက သူ့မှာ တခြားချစ်သူ မရှိစေချင်ဘူး။

အခုကိစ္စသည် သူ့အပေါ် သက်ရောက်မှုရှိတယ်ဆိုတာ ပေါ်လွင်နေပြီး  Charles သည် အခြားလူတစ်ဦးကို သူနှင့် မဆက်ဆံစေလိုသည်မှာ သေချာသည်။

............

Lu Tian chen နဲ့ သိပ်မပျော်ပေမယ့် စိတ်ပြေလက်ပျောက် သဘောဖြင့် လုစန်းတောင်ဘက်ကို ရောက်လာသည်။ ကံကောင်းထောက်မစွာဖြင့် ဖခင် ဖြစ်သူ ၏ ပျက်ရယ်ပြုမှုနှင့်အတူ  ခွေးသွေးဆန်သည့် စေ့စပ်ပွဲအဖြစ်ပျက်က အမြန်ပြီးသွားလို့ သူတို့လည်း လုစန်းတောင် ၏ လှပသောရှုခင်းကိုလည်း ခံစားခဲ့ရသည်။

လည်ပတ်ပြီးတော့ သူတို့ ဒီမှာ ထပ်နေစရာ မလိုတော့ဘူး။ နောက်တစ်နေ့မနက်မှာ သူတို့လေးယောက်နဲ့ သူတို့အဖွဲ့ဟာ S မြို့ကို လေယာဉ်နဲ့ ပြန်လာခဲ့ကြတယ်။ ချန်မင်ရွှိ၏ ပြောစကားကို ကြားပြီးတောက် အခုဖြစ်ရပ်က သူတို့ရဲ့ စီနီယာကျန်းနဲ့ ပတ်သက်မှုရှိတယ်ဆိုတာ သေချာသွားသည်။

စီနီယာကျန်းသည် Lu Tian chen ဖခင်၏ လူ ဟုတ်မဟုတ် မသေချာပေ။
   
သူထွက်သွားချိန်မှာ Tang Feng က Lu Tian chen ကို ထပ်မတွေ့ခဲ့ရပေ။ S မြို့ကို ပြန်ရောက်ပြီးတောင် အဲဒီလူကို မတွေ့ဘူး။ အလုပ်ကိစ္စနဲ့ ခရီးက ပြန်မလာသေးဘူးလို့ ကြားခဲ့သည်။  ကိုယ်ခံပညာနည်းပြ ပြန်လာပြီးနောက် Tang Feng ၏ဘဝသည် မူလအတိုင်း လေ့ကျင့်ရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ကာ နေ့တိုင်း ပုံမှန်ဘဝကို ဖြတ်သန်းခဲ့သည်။

မနက်ခင်းမှာ လေ့ကျင့်ရေးသွားပြီး ပြန်လာချိန် ကော်ဖီတစ်ခွက်သောက်ရင်း  စာအုပ်ဖတ်တာ ဒါမှမဟုတ် နေ့ခင်းဘက်မှာ သူငယ်ချင်းအနည်းငယ်နဲ့ အပြင်ထွက်တာလုပ်သည်။ ရံဖန်ရံခါ အိမ်မှာ တီဗီကြည့်တာ ဒါမှမဟုတ်   အနားယူသည်။

Lu Tian chen ၏စကားများနှင့် ပတ်သက်၍ Tang Feng က   မှတ်မိနေသော်လည်း သူ့ ဦးခေါင်းနောက်ကို ပို့ထားလိုက်သည်။

Tang Feng သည် ရုပ်ရှင်အတွက် လိုအပ်သော ကျွမ်းကျင်မှုအားလုံးကို လေ့ကျင့်ရန် သုံးလကြာ အချိန်ပေးထားပေမယ့်  သုံးလကြာ လေ့ကျင့်ပြီးနောက်  ထပ်မံသေချာစေဖို့ နောက်ထပ် တစ်လကျော် အချိန်ယူခဲ့ရသည်။  

ယခုအချိန်တွင်၊ မတ်လတွင်ကျင်းပမည့် ဂျာမန်ဘာလင်ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ရမည်ဖြစ်သောကြောင့် Tang Feng သည် သူ၏ လေ့ကျင့်မှု အတန်းကို ယာယီရပ်ဆိုင်းကာ "Slayer" အဖွဲ့သားများ၊ ဒါရိုက်တာနှင့် အတူ ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ သွားရောက်ခဲ့ရသည်။

သို့သော် "Slayer" ရုပ်ရှင်သည် မြောက်အမေရိကနှင့် ကမ္ဘာအရပ်ရပ်တွင်ပင် ရလဒ်ကောင်းများရရှိခဲ့သော်လည်း ဘာလင်ရုပ်ရှင်ပွဲတော်တွင် ဇာတ်ကားအမည်စာရင်းတင်သွင်းရာတွင် သူတို့ဒါရိုက်တာက အကောင်းဆုံး ဒါရိုက်တာများထဲမှ တစ်ဦးသာ ဖြစ်သွားခဲ့ရသည်။ ပြိုင်ဘက်များသည် အလွန်အားကောင်းသောကြောင့်၊ သူ့အရင်ရုပ်ရှင်ပွဲတော်ရဲ့  တစိတ်တပိုင်းလောက်သာ မျှော်လင့်ချက်ရှိတော့သည်။

အဲဒီမှာ ဒါရိုက်တာက Tang Feng ကို နှစ်သိမ့်ပေးနေတုန်းပဲ။ အမည်စာရင်း မထွက်သေးသောကြောင့် စိတ်ဓာတ်မကျသင့်ပေ။ Tang Feng သည် ရုပ်ရှင်ပွဲတော်တွင် ပါဝင်သရုပ်ဆောင်ထားသူ တစ်ဦးအနေဖြင့် ပွဲတက်ရမည်ဖြစ်သည်။

 ရုပ်ရှင်တစ်ကားကို ရုပ်ရှင်ပွဲတော် အကဲဖြတ်ဒိုင်အားလုံးက သဘောကျတယ်ဆိုတာ မဖြစ်နိုင်ပေ။   ဒါက ရုပ်ရှင်ပွဲတော်ရဲ့  ဦးတည်ချက်နဲ့ သက်ဆိုင်သည်။ ဆုပေးမယ့်ဇာတ်ကားအတွက်  အစည်းအဝေးလုပ်သည့်အချိန် အကဲဖြတ်ဒိုင်တွေရဲ့ ကြိုက်နှစ်သက်မှုနဲ့လည်း  သက်ဆိုင်သည်။

အရင်ဘဝက ဒီလိုမျိုး ရုပ်ရှင်ပွဲတော်တွင် တင်သွင်းခံရသည့် ဆုရသည့် အတွေ့အကြုံများစွာ ရှိနေသည့်  Feng Feng မှာ   ဝမ်းမနည်းပေ။

"ခင်ဗျား ကျွန်တော်နဲ့ ဂျာမနီကို သွားချင်တာ သေချာလား"

တကယ်တော့ ရက်အနည်းငယ်သာကြာမှာဖြစ်ပြီး မကြာခင်မှာ သူ ပြန်လာမှာမည်ဖြစ်သည်။ Tang Feng သည် သူ၏ ခရီးဆောင်အိတ်ကို ခွဲထုတ်ရန် ကုတင်ဘေးတွင် ရပ်နေသော Charles ကို ကြည့်လိုက်သည်။

"ဒါဆိုကိုယ်က ပိုတောင် လိုက်သွားသင့်တယ်၊ ကိုယ့်ရဲ့ ချစ်သူကို ဂရုစိုက်ရမယ်လေ"

Charles က ခေါက်ထားတဲ့အဝတ်အစားတွေကို ခရီးဆောင်အိတ်ထဲမှာ ထည့်နေသည်။ သူ့လို လူက ခရီးဆောင်အိတ်ထဲ အဝတ်အစားတွေ ဘယ်လိုထည့်ရမည်ကို မသိပေ။ သူ လျှောက်လုပ်နေပုံက ငယ်စဉ်ကတည်းက အမေဖြစ်သူ၏ ဂရုစိုက်မှုအောက်တွင် ကြီးပြင်းလာသဖြင့် ကိုယ့်ဖာသာ ဘာမှ မလုပ်တတ်သူနှင့် တူနေသည်။
 
"ခင်ဗျားလုပ်ရမယ့် အလုပ်မရှိဘူးလို့ ပြောနေတာလား"

Charle က တစ်နေကုန် သူ့နောက်ကို တကောက်ကောက် လိုက်နေသည်။

"ဟုတ်တယ်၊ တစ်ချို့အရာတွေကိုပဲ ကိုယ်က ကိုင်တွယ်ရမှာ၊ ဒါပေမယ့် ကိုယ်တိုင်လုပ်ရမယ့် အရာအားလုံးတော့ မဟုတ်ဘူး။"

ခရီးဆောင်အိတ်ကိုပိတ်လိုက်ပြီး  Charles က   အဲဒီလူကို ပြုံးပြသည်။

" အခုအရေးကြီးဆုံးက မကောင်းတဲ့လူတွေကို တားဆီးဖို့ မင်းရဲ့ဘေးမှာ ကိုယ်ရှိနေရမယ်။"

ဒါဟာ  မနာလိုစရာကောင်းတဲ့ ဘဝတစ်ခုပဲလေ။ Tang Feng က Charles သူ့နောက်ကို လိုက်ဖို့ မတားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဂျာမနီကို သွားရတာ ရက်ပိုင်းအတွင်းဆို  ပြန်လာလို့ရပြီ။ အကယ်၍ သူသာ Fiennies ဘဝတွင် ရှိနေသေးလျှင် သူ့ဇာတ်ကားက   ဆန်ခါတင်စာရင်းထဲ မဝင်ပါက   သူ ရုပ်ရှင်ပွဲတော်သို့ သွားရန်မလိုပေ။ အမြဲတမ်းသာ ရုပ်ရှင်ပွဲတော်တွေကိုသာ တက်နေရမယ်ဆိုရင် အရမ်း ပင်ပန်းလှတယ်။

ဒါပေမယ့် အခု သူဟာ တက်သစ်စ နာမည်ကြီး သရုပ်ဆောင် Tang Feng ဖြစ်နေပြီဖြစ်ပြီး၊ နောက်ဆုံးထွက်ထားသည့် "Slayer" ဇာတ်ကားထုတ်လုပ်သူဟာ Tang Feng ကို ရုပ်ရှင်ပွဲတော်မှာ လူထုမြင်ကွင်းထဲ ခပ်များများပေါ်လာစေချင်ပြီး နောက်ထပ် ရိုက်မယ့် ဇာတ်ကားတချို့ကို ကမ်းလှမ်းမယ့်  ရည်ရွယ်ချက်ရှိတယ်လို့ ရှောင်ယု က ပြောခဲ့သည်။ ပြီးတော့ သူက ဒီဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူတွေကိုလည်း အားပေးကူညီဖို့လည်း စဉ်းစားပေးသည့်အနေဖြင့် တက်ရောက်မှာဖြစ်သည်။


"Slayer" ၏အောင်မြင်မှုတစ်ဝက်သည် တောင်အာရှရှိ ရိုက်ကူးရေးအဖွဲ့သားများ၏ စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံကြောင့်ဟု ယူဆနိုင်ပါသည်။ မီဒီယာများ၏ အဆက်မပြတ် ဗုံးကြဲကာ ကြေငြာပေးနေသည့် သတင်းများအောက်တွင်၊ ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းများတွင် မမြင်ဖူးသည့်တိုင် လူသိရှင်ကြား ဖြစ်ခဲ့သည်။

ယခုအချိန်တွင် "Slayer" ၏ ရှေ့ဆက်ရိုက်မယ့် နောက်ဆက်တွဲ ဇာတ်လမ်းရဲ့ ခရီးစဉ်က အန္တရာယ်အချို့ရှိသည်။ Tang Feng သည် အဓိကဇာတ်ဆောင်မင်းသားအဖြစ် ဆက်လက်ပါဝင်နေရမည့် အပြင်၊ ဇာတ်ကားသည် ပထမ ဇာတ်ကား၏ လူသိရှင်ကြား သတင်းကြီးမှုနှင့် မယှဉ်နိုင်ပေမယ့် သူ့ကို အောင်မြင်စေချင်သည့် စေတနာဖြင့် ဆက်လက်အားပေးမည့် လူရှိလိမ့်မည်။
 

***********-**************

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Όπου ζουν οι ιστορίες. Ανακάλυψε τώρα