Chapter (14) -🎲Trap-on 🎲

4.8K 715 15
                                    

True Star Vol 3
Chapter (14) – Trap-on

မိုက်ခ်ညီအစ်ကိုက Charles က ဘယ်လိုကောင်းကြောင်း၊ သူ့အပေါ် ဘယ်လောက်ချစ်မြတ်နိုးကြောင်း၊ ဘယ်လောက်တောင် တွေ့ဖို့ကြိုးစားခဲ့ရကြောင်း၊ သူနဲ့ခွဲရစဉ် ဘယ်လောက်တောင်လွမ်းဆွတ်နေကြောင်း နေ့တိုင်း ဘေးကနေ အမြဲပြောနေလို့ ဒီလိုစကားတွေက Tang Feng အတွက် တစ်ဖက်နားကဝင်၊ တစ်ဖက်နားကထွက်ပြီး ဘာမှမထူးဆန်းတော့ဘူး။

Charles က တကယ်ပဲ ငါးမိနစ်လောက်ပဲပြောပြီး အခန်းထဲကထွက်လာတယ်။

"တကယ်ကြီး ငါးမိနစ်ပဲ ကြာသလား.."

Tang Feng က ဝိုင်ခွက်တစ်ဝက်တောင် မကုန်သေးခင်မှာ Charles က အခန်းထဲကနေထွက်ပြီး သူ့ဆီတန်းတန်းမတ်မတ်လာနေတာကို ကူကယ်ရာမဲ့ ကြည့်နေမိတယ်။ သူ ဝိုင်တစ်ခွက်မကုန်ခင် သူတို့ဆွေးနွေးတာ ပြီးသွားပြီတဲ့လား။

"ဘေဘီ.. ကိုယ် အချိန်တစ်စက္ကန့်တောင်မဆိုင်းဘဲ ကိစ္စအမြန်ဖြတ်လာခဲ့တာ.. ကိုယ်နဲ့ Ivan ကြား မင်းအထင်လွဲမှာ ကိုယ်မဖြစ်စေချင်ဘူး.. ကိုယ့်လို ချစ်သူအတွက် သေချာစဉ်းစားပေးတဲ့သူ ဒီခေတ်မှာမရှိတော့ဘူး.. ကိုယ့်လိုလူကို ဘေဘီ သေချာထိန်းသိမ်းမှဖြစ်မယ်.."

Charles က Tang Feng ဆီကို ခပ်သွက်သွက်လျှောက်လာပြီး ပွေ့ဖက်ရင်း ပြောလိုက်သည်။ Tang Feng က သူသိုင်းဖက်တဲ့အရှိန်ကြောင့် ခြေသုံးလေးလှမ်းတောင် ဆုတ်လိုက်ရသည်။

"ခင်ဗျားက ကမူးကရူးပြေးလာတာ.. ကိုယ့်ကိုယ်ကိုယ် ဝက်ဝံကြီးလို့ထင်နေတာလား.."

"ကိုယ်က မင်းရဲ့ဝက်ဝံကြီးပဲလေ ဘေဘီ.."

Charles က Tang Feng ရဲ့ကိုယ်ကို သိုင်းဖက်ရင်း ပြောလိုက်သည်။ သုံးမိနစ်လောက်ခွဲရတာ သူ့အတွက် သုံးနှစ်လောက် ခွဲလိုက်ရသလိုပင်။

"ငါးမိနစ်နဲ့ ခင်ဗျား ဘာလုပ်လို့ရမှာလဲ.. မမြန်လွန်းဘူးလား.."

Tang Feng ကူကယ်ရာမဲ့စွာပြောရင်း Charles ဖက်ထားသည့်လက်မောင်းကြားက ရုန်းထွက်လိုက်သည်။

Charles က လူရွယ်ရဲ့ခါးကို သိုင်းဖက်ရင်း အဓိပ္ပါယ်ပါပါပြောလိုက်သည်။

"ကိုယ့်လုပ်နိုင်စွမ်းက ငါးမိနစ်နဲ့မလုံလောက်ဘူးဆိုတာ ဘေဘီသိတယ်မလား.."

သူ့စကားကြောင့် Tang Feng ပြောစရာမရှိအောင် ဆွံ့အသွားတော့သည်။ Tang Feng က Charles ရဲ့ရင်ဘတ်ကို တံတောင်နှင့်အသာတွတ်ပြီး ပြုံးရုံသာပြုံးလိုက်သည်။

"အား.. ကိုယ့်အသည်းနှလုံးတွေ ကြွေကုန်ပါပြီကွာ.."

Charles က အမူပိုပိုနှင့် ပြောလိုက်သည်။ သူက တကယ်ကြီးကို ချစ်စရာကောင်းလှတဲ့ပုံစံ လုပ်ပြနေသည်။

"ကိုယ် ဘယ်လိုလူလဲဆိုတာ ဘေဘီသိပြီမဟုတ်လား.. ကိုယ်က ဘေဘီ့ကို အရမ်းအရမ်းချစ်တယ်ဆိုတာ ယုံပြီလား.."

Tang Feng ပြောစရာစကားလုံး ပျောက်ရှသွားသည်။
သူတို့နှစ်ယောက်က အရွယ်ရောက်ပြီးလို့ ကိုယ့်ဘဝနှင့်ကိုယ် ကျင်လည်နေကြသူများဖြစ်သည်။ ဒါပေမယ့် Charles က မတိုက်ခိုက်ဘဲမနေနိုင်သူဖြစ်လို့ သူက တည်တည်ငြိမ်ငြိမ်ရှိနေပါတယ်ဆိုတာ Tang Feng တော့ မယုံပါ။ သူတို့နှစ်ဦး တွန်းထိုးစကားပြောနေစဉ် Ivan က ဆက်လက်စောင့်ကြည့်နေသည်။

"ပြန်ပေးဆွဲခံရသူအနေနဲ့ Mr. Tang ကြည့်ရတာ အဆင်ပြေပြေရှိနေပုံရတယ်.."

Ivan က အေးစက်စွာပြောလိုက်သည်။

"ပြန်ပေးဆွဲခံရတာက ကိစ္စတစ်ခုပေမယ့် ကိုယ့်ဘာသာ အဆင်အပြေဆုံး ဘယ်လိုနေရမလဲရွေးချယ်တာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ်.."

Tang Feng က ရယ်ပြီးဆက်ပြောလိုက်သည်။

"ရဲအရာရှိ Ivan က ကျွန်တော့်ကိုကယ်ဖို့ ရောက်ရှိလာတာလား.."

ဒီစကားကိုကြားတော့ Charles က Tang Feng ရဲ့ခါးကို တင်းကြပ်စွာဖက်ရင်း ပြောလိုက်သည်။

"No.. အချစ်လေး.. Ivan က ကိုယ်နဲ့စကားပြောဖို့လာတာပါ.. စိတ်မကောင်းပေမယ့် မင်း အခုတော့ ကိုယ်နဲ့ပဲနေရမယ်.. ကိုယ့်နာမည်က ပြန်ပေးဆွဲသူတဲ့လား.. စိတ်ဝင်စားစရာပဲ.."

"ဟုတ်တယ်လေ.. ခင်ဗျားရဲ့အချစ်က ထူးခြားတယ်မလား.."

Charles နှင့် Tang Feng က တစ်ယောက်နှင့်တစ်ယောက် စကားနာထိုးနေပုံက သာမန်လူပင် ဆက်နားမထောင်ဝံ့အောင်ပင်။

Ivan က Tang Feng ကိုကြည့်ကာ ကြောက်စရာစကားတချို့ကို ပြောလိုက်သည်။

"ကျွန်တော်တော့ ဒီလိုမထင်ဘူး.. Mr. Tang က ဒီကိစ္စကိုဖြေရှင်းဖို့ ရဲအဖွဲ့ကို အကူအညီတောင်းသင့်တယ်.. တကယ်လို့ လူတိုင်းသေဆုံးရမယ်ဆိုရင်တောင် Mr. Tang က တစ်ဦးတည်း ရှင်ကျန်ရစ်သူဖြစ်ရမယ်.."

Charles က Tang Feng ကိုဖက်ကာ ဆွဲခေါ်သွားရင်း ခပ်ပြုံးပြုံးပြောလိုက်သည်။

"Ivan.. မင်း Tang Feng ကို မနာလိုဖြစ်နေတာလား.. မလုပ်ပါနဲ့.. ဒီပုံစံက မင်းနဲ့မလိုက်ဖက်ဘူး.."

ဒီစကားပြောပြီး Charles က Tang Feng ကို အပေါ်ထပ်ကခန်းမဆီကို ထပ်ခေါ်သွားလိုက်သည်။

"ခင်ဗျား ဘယ်ခေါ်သွားပြန်တာလဲ.."

"ကိုယ်တို့ စီးပွားရေးကိစ္စ ဆွေးနွေးပြီးရင် လောင်းကစားလေးနှစ်ပွဲလောက် ကစားကြတယ် အချစ်လေး.. မင်း စမ်းကြည့်သင့်တယ်.."

Charles က Tang Feng ကိုစိုက်ကြည့်ရင်း ဆက်ပြောသည်။

"မင်းက အကြွေးတင်တာမကြိုက်တဲ့သူဆိုတော့ ကိုယ် မင်းကို ငွေချေးပေးထားမယ်.. ဘယ်လိုလဲ.."

"ကျွန်တော်ရှုံးသွားရင် ပြန်မဆပ်နိုင်ဘူး.."

"ကိစ္စမရှိဘူး.. ပြန်မဆပ်နိုင်ရင် မင်းကို ကိုယ့်ရဲ့အသားချောင်း မကျွေးဘူးပေါ့.."

Charles ရဲ့မျက်လုံးတွေက စွဲလမ်းမှုနဲ့ရီဝေနေတယ်။

"ခင်ဗျားရဲ့ဟာကို ကျွန်တော်က အရမ်းသဘောကျနေတယ်လို့ တွေးနေတာလား.."

Tang Feng က ဟာသပြောလိုက်သည်။ သူက ဒီလောင်းကစားဝိုင်းက တုတ်တုတ်ခိုင်ခိုင်လူကြီးသုံးယောက်နဲ့ ခပ်ပိန်ပိန်လူနှစ်ယောက်နဲ့ ကစားဖို့ တက်ကြွမှုမရှိဘူး။ တကယ်လို့ Charles က ကိုယ်လုံးတီးနဲ့ သူ့ရှေ့မှာ လဲလျောင်းပြနေမယ်ဆိုရင်တောင် ဝင်ကစားဖို့ နှစ်ခါစဉ်းစားမိမှာသေချာတယ်။

သူတို့စကားပြောပြီးနောက် သီးသန့်ခန်းထဲက လောင်းကစားဝိုင်းကို လာခဲ့ကြတယ်။ သူတို့နှစ်ယောက်အပြင် Ivan ပါ အခန်းထဲလိုက်လာတယ်။ စားပွဲရှည်ကြီးထိပ်မှာ အခြားလူတစ်ယောက်ရှိနေတယ်။ ဒီလူက ဂျာမန်လူမျိုးဖြစ်ပြီး အသက် ၄၀ နဲ့ ၅၀ ကြားမှာရှိတယ်။ အရှေ့အလယ်ပိုင်းသား တော်ဝင်မျိုးနွယ်လို ဘီယာဗိုက် ကျောရိုးမဲ့သတ္တဝါလို ပျင်းရိနေတာမျိုးမရှိဘဲ သူ့ပုံစံက ဖြောင့်ဖြောင့်မတ်မတ်ထိုင်နေပြီး တကယ်စမတ်ကျတယ်။ သူတို့ အခန်းထဲဝင်သွားတော့ ဒီဂျာမန်လူမျိုးက မသိမသာပြုံးပြီး နှုတ်ဆက်တယ်။ Tang Feng က စိတ်ထင်သလားမသိပေမယ့် ဒီလူက သူ့ကိုရန်စလိုရိပ်မရှိဘဲ စူးစမ်းသလိုကြည့်နေတယ်လို့ ခံစားရတယ်။ သူက Charles နဲ့အတူလာလို့ စူးစမ်းကြည့်ရုံပဲလို့ Tang Feng ထင်လိုက်တယ်။

Ivan က တမင် စားပွဲမှာဝင်ထိုင်ပြီး Tang Feng လည်း Charles နဲ့အတူ စားပွဲမှာထိုင်တော့ မမျှော်လင့်ဘဲ Ivan နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်မိလျက်သားဖြစ်သွားတယ်။

ကိုယ်ရံတော်များက အပေါက်ဝမှာ စောင့်ကြပ်လိုက်ပြီး ကစားသမားများက စတင်ကစားဖို့ အသင့်ဖြစ်လို့နေတယ်။

"ကျွန်တော်က ကြည့်ရုံပဲကြည့်လို့ရမလား.."

Tang Feng က သူ မကစားကြောင်း အတိအလင်းပြောလိုက်တော့ Charles က သူ့ကိုထပ်ပြီး 'ပိုက်ဆံပေးစရာမလိုဘဲ အသားကျွေးမယ်' ဆိုပြီး ဆွဲဆောင်ဖို့ကြိုးစားသေးတယ်။ ဒါပေမယ့် Tang Feng ဘာမှမပြောရသေးခင် လူတစ်ယောက်က ဝင်ပြောလိုက်တယ်။

"တကယ်လို့ မင်း ဝင်ကစားမယ်ဆိုရင်တော့ ကျွန်တော်တို့ ပိုပျော်စရာကောင်းတာပေါ့.."

ဒီဝိုင်းက လူလေးယောက်ပဲရှိတော့ Tang Feng မပါရင် ပျင်းစရာကောင်းမှာသေချာတယ်။

Ivan က ဘာမှမပြောပေမယ့် Charles က Tang Feng ဆီက သတိပေးတဲ့အရိပ်အယောင်ကို လက်ခံရလိုက်တယ်။ ကြည့်ရတာ သူ့အချစ်လေး စိတ်မကြည်ရင် ဒီည သူ စားခွင့်မရတော့ဘူးထင်တယ်။

"မင်းတို့ ဘာကစားချင်လဲ.."

ဂျာမန်ကြီးက မေးလိုက်တယ်။

"ပိုလွယ်တာ ကစားကြတာပေါ့.. blackjack ပဲကောင်းပါတယ်.."

Ivan က လက်ချောင်းနဲ့ စားပွဲကိုခေါက်ရင်း ပြောလိုက်တယ်။

"ငါကတော့ ဘာဖြစ်ဖြစ်ရတယ်.."

Charles က ပြောလိုက်တယ်။

Tang Feng က မကျေမနပ်ဖြစ်သွားတယ်။ Blackjack က အရမ်းလွယ်လွန်းမနေဘူးလား။ တကယ်ဆို ဒီထက်ကောင်းတာ ကစားသင့်တယ်လို့တွေးနေတုန်း Ivan က ပြောလိုက်တယ်။

"20%.."

Ivan က စတင်ပြီး လောင်းကြေးတင်လိုက်တယ်။

Tang Feng က သူပြောတာကို နားမလည်ဘူး။

"မှောင်ခိုလုပ်ငန်းရဲ့ 20% လား.. ဘုရင်ကြီးက သဘောတူမှာမဟုတ်ဘူး.. 40%.."

Charles က စားပွဲကို လက်နဲ့ အကြိမ်အတော်များများ ပွတ်နေတယ်။ ဒါက မှောင်ခိုကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေးအပေးအယူကိစ္စကို လောင်းကစားပွဲမှာ ပြောဆိုနေကြတာလား။ မြေအောက်လောကရဲ့လုပ်ပုံကို Tang Feng နားမလည်တော့ဘူး။

"ငါကတော့ 30% ပဲ အပေးအယူလုပ်နိုင်တယ်.."

ဂျာမန်ကြီးလည်း သူတို့အဖွဲ့ထဲကတစ်ယောက်လား။

Tang Feng က ပထမဆုံးဖဲချပ်ကို စပြီးဆွဲလိုက်တယ်။ ပထမပွဲမှာ Charles က အနိုင်ရလိုက်တယ်။ ပထမဆုံးကဒ်က blackjack ဖြစ်လို့ ဒီလူက ပြုံးနေတယ်။ သူတို့က ပုံမှန် blackjack ကစားပုံနဲ့မတူတဲ့နည်းနဲ့ ဆက်ကစားနေကြတယ်။ တစ်ပွဲမှာ လူတစ်ယောက်ပဲ အနိုင်ရတဲ့ပုံစံဖြစ်တယ်။

ပထမပွဲမှာ Charles နိုင်တယ်။ ဒုတိယပွဲမှာ ဂျာမန်ကြီးနိုင်ပြီး Ivan ကတော့ ကံမကောင်းဘူး။ Tang Feng က သူ့အတွက် တကယ်ကံဆိုးခြင်းပဲ။ ဒီစားပွဲမှာ တကယ်ကစားတာက ၃ယောက်ပဲဖြစ်ပြီး Tang Feng က သူတို့ကစားရာမှာ တစ်အိမ်ဖြည့်ပေးရုံပဲဖြစ်တယ်။ တကယ်လို့ Tang Feng နိုင်ခဲ့ရင်လည်း ဒါကို အတည်မယူဘူး။

"သုံးပွဲနိုင်ပြီ.. Ivan.. မင်း ကနေ့ ကံဆိုးနေပါလား.."

Charles က ရယ်ရင်းပြောလိုက်တယ်။ သူ့လေသံက ဘယ်လောက်ဝံ့ကြွားလိုက်သလဲ။

"မင်းနဲ့ငါ သီးသန့်ကစားကြမလား.."

လူငယ်လေးက Charles ကို တိုက်ရိုက်မေးလိုက်တယ်။

ဆက်တိုက်နိုင်ထားလို့ Charles က တက်ကြွနေပြီး ဆက်ကစားချင်နေတယ်။

"ကောင်းပြီလေ.. ဒါပေမယ့် ငါတို့ ဘာကိုလောင်းကြေးထပ်မလဲ.. စိန်နဲ့လောင်းမလား.."

"No.. ငါ့မှာ လောင်းချင်တဲ့အရာရှိတယ်.."

Ivan ရဲ့အမူအယာက လေးနက်နေပြီး တစ်စုံတစ်ခုကို အတည်ကြီးလုပ်ဖို့ကြံနေတယ်။ ဒီလူငယ်က Charles အပေါ် ရှုပ်ထွေးတဲ့ခံစားချက်တွေရှိနေတယ်လို့ Tang Feng ခံစားမိလိုက်ရတယ်။ ဒီကမ္ဘာပေါ်မှာ ချစ်ခြင်းဆိုတာ ဘာလဲ...။ Tang Feng တွေးပြီး သက်ပြင်းတစ်ချက် ခိုးချလိုက်တုန်း Ivan ရဲ့ပါးစပ်ကနေ သူ့နာမည်ခေါ်တာ ကြားလိုက်ရတယ်။

"ကျွန်တော်တို့ Tang Feng ကိုလောင်းကြေးထပ်ကြတာပေါ့.. သူက ကျွန်တော့်ဆီက ကြားဖြတ်သွားတဲ့လူ.."

"ကျွန်တော်က ခင်ဗျားအတွက် လောင်းကစားပြုစရာလူမဟုတ်ဘူး.."

Tang Feng က မပျော်မရွှင်ပြောလိုက်တယ်။ သူက ပစ္စည်းမှမဟုတ်ဘဲ။ Charles လည်း Tang Feng ပြောတာကို သဘောတူတယ်။ သူက Ivan ကို ပြုံးကြည့်နေပေမယ့် မျက်လုံးက အေးစက်လို့နေတယ်။ လေထုက ပြောင်းသွားပြီး နွေးထွေးမှုမရှိတော့ဘူး။

"Ivan.. မင်းလောင်းချင်တဲ့ဘယ်သူမဆို ငါ လောင်းကြေးထပ်နိုင်တယ်.. ဒါပေမယ့် ငါ့အချစ်လေး Tang က လောင်းကြေးထပ်စရာမဟုတ်ဘူး.. ငါတို့က စီးပွားရေးကိစ္စဆွေးနွေးဖို့ ရောက်လာကြတာ. မင်း ငါ့ဒေါသကို လာမဆွရင်ကောင်းမယ် Ivan.."

ရဲအရာရှိလူငယ်လေးက ရုတ်တရက်ရယ်ချလိုက်ပြီး ခါးသီးစွာပြောလိုက်တယ်။

"ခင်ဗျားက ဒီမင်းသားပေါက်စကို တန်ဖိုးထားတယ်ပေါ့.. Tang Feng ဆိုတဲ့ကောင်က ခင်ဗျားကို အရမ်းဆွဲဆောင်နိုင်တာလား.. တကယ်လို့ သူ့ကို တစ်ညတာ ကျွန်တော့်ဆီပေးလိုက်မယ်ဆိုရင် UK ရုံးခွဲက ခင်ဗျားအလုပ်ကိစ္စကို လုံးဝ ဝင်စွက်ဖက်နှောင့်ယှက်မှာမဟုတ်တော့ဘူး.. ဒါဆိုရင် ခင်ဗျားအလုပ်က အေးဆေးဖြစ်သွားပြီ.."

Ivan က မတ်တပ်ရပ်ပြီး Tang Feng ကို လက်ညှိုးနဲ့ထိုးပြီး ပြောလိုက်တယ်။

"အကျိုးအမြတ်နဲ့ ရမ္မက်ကြား တစ်ခုကိုရွေးပေတော့.."

စိတ်လှုပ်ရှားစရာပဲ..။

Charles က သူ့အကျိုးအတွက် ရောင်းစားလိုက်မလားဆိုတာ စိုးရိမ်ရမှာလား..။ Tang Feng ကတော့ ထူးထူးခြားခြား စိုးရိမ်မနေဘူး။

Charles ရဲ့အဖြေက Ivan မျှော်လင့်ထားသလိုမဟုတ်ဘူး။ ဒီလူက သဘောတူတာ၊ ငြင်းပယ်တာမဟုတ်ဘဲ အခြားအဓိပ္ပါယ်ထွက်တဲ့စကားကို ပြောလိုက်တယ်။

"ရယ်စရာကောင်းတဲ့ Ivan လေး.. Tang Feng က Tang Feng ပဲ.. သူက ငါနဲ့အတူရှိနေတာမှန်ပေမယ့် သူ့ကို ဘာလုပ်ပါလို့ ငါ့မှာ ပြောပိုင်ခွင့်မရှိဘူး.. တကယ်လို့ မင်း သူ့ကို ဆွဲထည့်ချင်တယ်ဆိုရင် သူ့ကိုပဲပြောသင့်တယ်.. ငါ့ကိုမပြောသင့်ဘူး.."

ဒီအဖြေက Tang Feng လိုချင်တဲ့အတိုင်း ကွက်တိပဲ။ သူက Charles တစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့သူ။ သူကပဲ Charles ကိုပိုင်တယ်။

"ဆာဂျင် Ivan.. ခင်ဗျားပြောတဲ့စကားတွေအတွက် ကျွန်တော် စိတ်ပျက်မိတယ်.."

Tang Feng က သူ့နာမည်တပ်ပြီး သူများတွေဆွေးနွေးနေတာ မကြားချင်လို့ တိုက်ရိုက်ပဲပြောလိုက်တယ်။

"ကျွန်တော်က ဘယ်သူပိုင်ဆိုင်တဲ့လူမှ မဟုတ်ဘူးဆိုတာ ခင်ဗျား သဘောပေါက်သင့်တယ်.. ဒါကြောင့် လောင်းကစားလုပ်ချင်ရင် ကိုယ့်ဘာသာပဲလုပ်ပါ.. ကျွန်တော့်ကို ဆွဲမထည့်ပါနဲ့.."

"မင်းကိုကူညီပေးမယ့်သူ အများကြီးမရှိပါဘူး.."

Ivan က ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်တယ်။

================

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now