Chapter (16) - ေလာင္းကစားႏွင့္ ဝွက္ဖဲ

4K 744 24
                                    

Volume – 3
Chapter (16) – ေလာင္းကစားႏွင့္ ဝွက္ဖဲ

လူ႔ဘဝဆိုတာ အေရာင္အေသြးစံုတယ္လို႔ ဇာတ္ကားေတြထဲ႐ိုက္ျပတာ ခ်ဲ႕ကားေျပာတာမဟုတ္ဘူး။ မင္းက ဘဝခရီးကို ပိုေလွ်ာက္ၿပီး လူေတြကိုပိုေတြ႕ရေလ မင္းမေမွ်ာ္လင့္ထားတဲ့ ဘဝအေတြ႕အႀကံဳမ်ိဳးစံုကို ေတြ႕ရေလျဖစ္တယ္။

ဒါေပမယ့္လည္း Tang Feng က သာမန္ဘဝေတြနဲ႔ ကြဲျပားတဲ့ ထူးျခားဆန္းၾကယ္မႈနဲ႔ ျပည့္ေနတဲ့ ဘဝကို ေတြ႕ႀကံဳခ်င္တယ္လို႔ေတာ့ မဆိုလိုပါဘူး။ အေရာင္စံုတဲ့ဘဝနဲ႔ အေရာင္စံုတဲ့ဇာတ္ကားဆိုတာ တကယ္ေတာ့ လံုးဝကို မတူညီပါဘူး။ ဇာတ္ကားက လက္ေတြ႕ဘဝကို ဘယ္လိုမွ လိုက္မမွီႏိုင္ပါဘူး။

"Albert.. မင္းက ဟန္ေဆာင္မ်က္ႏွာဖံုးေတာင္ မတပ္ႏိုင္ဘူးလား.."

Charles က သေရာ္လိုက္သည္။ သူ႔ေသနတ္ကိုင္ထားတဲ့လက္ေပၚတြင္ အစိမ္းေရာင္မီးေျပာက္ေလး ထင္ေနၿပီး စႏိုက္ပါနဲ႔ခ်ိန္ထားမွန္း သိသာသည္။

Albert က မသိမသာၿပံဳးၿပီး Charles ရဲ့စကားကို အမွတ္မထားေပ။

Tang Feng က ဒီလူႏွစ္ေယာက္က တစ္ဖက္သားေျပာတာကို ဂ႐ုမစိုက္ဘဲ လူ႔အဖြဲ႕အစည္းကို ၿခိမ္းေျခာက္ႏိုင္တဲ့ ထိပ္သီးပုဂိၢဳလ္ေတြလို႔ ခံစားလိုက္ရသည္။

"ရပ္လိုက္စမ္ Albert.."

Charles က Tang Feng ဆီ တိုးကပ္သြားတဲ့ Albert ဆီကို ေသနတ္နဲ႔ထိုးခ်ိန္ၿပီး ေျပာလိုက္သည္။

"မင္း ေနာက္တစ္လွမ္းထပ္တိုးရင္ မင္းကို ငါ ပစ္သတ္လိုက္မယ္.."

"ငါအရမ္းေၾကာက္သြားတာေပါ့.. ဟား.. ဟား.."

Albert က ရယ္ေမာလိုက္ၿပီး Ivan ကိုၾကည့္ၿပီး ေျပာလိုက္သည္။

"အရာရွိ Ivan.. ငါတို႔ပူးေပါင္းမႈရဲ့ အဓိကအခ်က္ကို သတိရပါ.."

"ခင္ဗ်ားေျပာတာကို သတိရပါတယ္.. ဘယ္အခ်ိန္မွာ ဘယ္အသီးကို ခူးဆြတ္ရမယ္ဆိုတာ ကၽြန္ေတာ္ သိၿပီးသားပါ.. အခု ခင္ဗ်ားၾကည့္ဖို႔ပဲ လာတာမဟုတ္လား.. ၾကည့္ၿပီးရင္ ျပန္ပါေတာ့.."

ဒီတေလွ်ာက္လံုး Tang Feng က ႏႈတ္ဆိတ္ေနတာေတာ့ မဟုတ္ေပ။ သူက Charles ကိုၾကည့္လိုက္၊ တစ္ဖက္အဖြဲ႕ကို အကဲခတ္လိုက္ လုပ္ေနသည္။ တစ္ဖက္အဖြဲ႕ သေဘာထားကြဲလြဲေနတာေတြ႕ေတာ့ သူ နည္းနည္း စိတ္သက္သာရာရသြားသည္။ သူက ပထမဆံုး ေသနတ္ေတြအျပန္အလွန္ ခ်ိန္ထားတဲ့ၾကားကို ေရာက္ဖူးတာျဖစ္ၿပီး ဘာပဲေျပာေျပာ သူက ဒီလိုအရာနဲ႔ ေဝးကြာတဲ့ သာမန္လူပဲျဖစ္လို႔ ေသနတ္သံတစ္ခ်က္ၾကားရင္ သူ႔လက္ေတြ မတုန္ဘဲေနႏိုင္မည္မဟုတ္ေပ။ ဘာပဲေျပာေျပာ ေသျခင္း၊ ရွင္ျခင္းက သူ႔ဘဝအတြက္ အေရးပါေနဆဲျဖစ္သည္။

"ငါ ဒီမွာေရာက္ေနတာက ငါ့ပန္းသီးေလး ေကာင္းေကာင္းမွည့္ေအာင္ ယင္ေကာင္ေမာင္းေပးမလို႔ပါ.."

Albert က သူ႔ႏႈတ္ခမ္းကို လွ်ာနဲ႔သပ္ၿပီး Tang Feng ကို ႏူးညံ့စြာေမးလိုက္သည္။

"မင္းက အခ်ိန္ဆြဲေနတာလား.. မင္းက ဥာဏ္ေကာင္းေပမယ့္ ကံမေကာင္းတာက မင္းလြတ္ဖို႔ အခြင့္အေရးမရွိဘူးဆိုတာပဲ.."

"ဒီသေဘၤာက ငါတို႔ရဲ့ထိန္းခ်ဳပ္မႈေအာက္ကို ေရာက္သြားၿပီ Charles.. မင္း ဘာမွ မတတ္ႏိုင္ေတာ့ပါဘူး.."

Ivan က သံေယာင္လိုက္ၿပီး ေျပာလိုက္သည္။

Charles, Ivan နဲ႔ Albert က မလႈပ္ၾကဘူး။ Tang Feng တစ္ေယာက္တည္းပဲ လႈပ္ရွားလိုက္တယ္။

သူက Albert နဲ႔ Charles ဆီကိုမသြားဘဲ Ivan ဆီ တိုက္႐ိုက္သြားလိုက္သည္။ Tang Feng ရဲ့လုပ္ရပ္ေၾကာင့္ အားလံုး ခဏၿငိမ္သြားၿပီး Ivan က သူ႔ဆီလာတဲ့သူကို ေသနတ္နဲ႔ ထိုးခ်ိန္လိုက္သည္။

"ရပ္.."

Tang Feng က စကၠန္႔ဝက္ေလာက္ တံု႔ဆိုင္းၿပီးမွ ေရွ႕ဆက္တိုးလာခဲ့သည္။

"မင္း ဘာလုပ္တာလဲ.. မင္းကို ငါ ရပ္ခိုင္းေနတယ္ေလ.."

Ivan က ေအာ္လိုက္သည္။

"စိတ္ေအးေအးထား Ivan.. မင္းေသနတ္ကို ေအာက္ခ်လိုက္.. Mr.Tang က မင္းကို ဘာမွမလုပ္ႏိုင္ပါဘူး.. မင္းက ႏိုင္ငံတကာ ရာဇဝတ္စံုစမ္းေရး ရဲအရာရွိ မဟုတ္လား.. မင္းကို ဘာမွမလုပ္ပါဘူး.."

Albert က ခပ္တိုးတိုးေျပာလိုက္သည္။

"Tang Feng.."

Charles က အံ့အားသင့္စြာစိုက္ၾကည့္ရင္း လွမ္းေခၚလိုက္သည္။ သူက Tang Feng နဲ႔ ႏွစ္ဝက္ေလာက္ အတူရွိလာေပမယ့္ ဒီေကာင္ေလး ဘာလုပ္ခ်င္တယ္ဆိုတာ သူလံုးဝမခန္႔မွန္းမိေပ။ သူက Tang Feng အေၾကာင္း အားလံုးသိတယ္လို႔ ထင္ထားေပမယ့္ တကယ္ေတာ့ သူဘာမွမသိခဲ့ေပ။

Charles ကိုလ်စ္လ်ဴ႐ႈရင္း Tang Feng က Ivan ရဲ့ေရွ႕ သံုးလွမ္းအကြာမွာ ရပ္ၿပီးေမးလိုက္သည္။

"အရာရွိ Ivan.. ကၽြန္ေတာ္ တစ္ခုေမးပါရေစ.. ခင္ဗ်ားက ကၽြန္ေတာ့္ကို ကူညီလို႔မရဘူးလို႔ ေျပာခဲ့တာကို ကၽြန္ေတာ္ တကယ္အေလးထားပါတယ္.. ခင္ဗ်ား Albert နဲ႔ပူးေပါင္းရတဲ့အေၾကာင္းရင္းက ကၽြန္ေတာ့္ေၾကာင့္လား.. ကၽြန္ေတာ္က ေနာက္ဆံုးဝွက္ဖဲ ဟုတ္လား.."

"ဟုတ္တယ္.."

Ivan က Tang Feng ရဲ့အေမးကို တိုက္႐ိုက္ေျဖလိုက္သည္။

တကယ္ေတာ့ Tang Feng က Albert ေပၚလာၿပီးကတည္းက သေဘာေပါက္ေပမယ့္ ပိုေသခ်ာခ်င္သည္။ Charles က သူ႔ကို အရွိန္အဟုန္ႏွင့္ အင္တိုက္အားတိုက္ ကာကြယ္ေပးသည္။ တရားမွ်တမႈကို ေဆာင္က်ဥ္းေပးသည့္ ရဲအရာရွိေလးက လူဆိုးနဲ႔ေပါင္းၿပီး သူ႔ကိုေထာင္ေခ်ာက္ဆင္သည္။

"ခင္ဗ်ားက ရဲအရာရွိပါ Ivan.. ရဲအရာရွိဆိုတာ လူေတြကို ကာကြယ္ေပးရမယ္မဟုတ္လား.. ကၽြန္ေတာ္က ခင္ဗ်ားကာကြယ္ေပးရမယ့္သူ ျဖစ္တာေတာင္ ဘာေၾကာင့္ ရာဇဝတ္မႈထဲ ပါဝင္ေနရတာလဲ.."

Tang Feng က သိလိုသည္ကို တည္ၿငိမ္စြာေမးလိုက္သည္။

Ivan က မတြန္႔ဆုတ္ဘဲ ေျဖၾကားလိုက္သည္။

"အက်ိဳးအျမတ္အမ်ားႀကီးရဖို႔ လူတစ္ေယာက္ကို စေတးရမွာပဲ.. ဒါေၾကာင့္ ငါ လူတစ္ေယာက္ကိုစေတးၿပီး ငါ့ရည္မွန္းခ်က္ျပည့္ေအာင္ လုပ္ေနတာေလ.."

"အေၾကာင္းျပခ်က္ေကာင္းပဲ.. ဒါေၾကာင့္ ကၽြန္ေတာ္က စေတးခံထိုက္တဲ့လူေပါ့.. ဒါေၾကာင့္ ဒီလိုစေတးခံလိုက္ရတဲ့အတြက္ ေပ်ာ္ရႊင္မိေၾကာင္း ထပ္ေလာင္းေျပာလိုက္ပါရေစ.."

Tang Feng က ဒီထက္ပိုထိမိေအာင္ မေျပာႏိုင္ေတာ့ဘူး။

"Charles ေျပာတာမွန္တယ္.. မင္းနဲ႔ မင္းရဲ့ေဘာ့စ္က တစ္ခ်က္ၾကည့္႐ံုနဲ႔ ငတံုးေတြမွန္းသိသာတယ္.. တကယ္မိုက္မဲတဲ့သူေတြပဲ.."

Charles က ရယ္ေမာလိုက္သည္။

"ဒါမွ ငါ့ေဘဘီကြ.."

Ivan ဘက္ေတာ္သား Albert ေတာင္မွ ႏႈတ္ခမ္းကိုတြန္႔ေကြးလိုက္သည္။

"ဒါက တရားမွ်တမႈပဲ.. လူတစ္ေယာက္အတြက္၊ ျပည္သူ႔အက်ိဳးအတြက္.. ဘယ္သူက အနစ္နာခံခ်င္လဲ၊ ဘယ္သူေသသင့္သလဲ၊ ဘယ္သူရွင္သင့္သလဲ.. ဒီဟာကို ဆံုးျဖတ္ႏိုင္တဲ့သူက တကယ့္တိရစာၦန္နဲ႔ ကြဲျပားတဲ့အခ်က္ပဲ.."

Tang Feng က ေလွာင္ၿပံဳးၿပံဳးလိုက္သည္။

"Ivan နဲ႔ တျခားအရာရွိေတြက စိတ္ပ်က္စရာေတြပါပဲ.. လူေတြက ခင္ဗ်ားကို ဘာေၾကာင့္ Volkswagen Liguest လို႔ေခၚတယ္ဆိုတာ ကၽြန္ေတာ္ နားမလည္ေတာ့ဘူး.. ဒါေပမယ့္ ခင္ဗ်ားတို႔ Albert နဲ႔ပူးေပါင္းလိုက္တာ တကယ့္အမွားတစ္ခုကို က်ဴးလြန္လိုက္တာပဲ.."

"သူက ပင္ဂြင္းငွက္လိုလူမ်ိဳးပဲ.. မင္းက ငါ့ကို ပိုၿပီးခ်ဥ္းကပ္သင့္တယ္.. ငါ့လက္ေအာက္မွာ သူ႔လိုလူမ်ိဳးေတြ အမ်ားႀကီးရွိတယ္.."

Ablert က လက္ခုပ္တီးၿပီး ေျပာလိုက္သည္။

"စကားေျပာတာ ေတာ္ေတာ့.. အရာရွိ Ivan.. အခ်ိန္မဆြဲနဲ႔ေတာ့.. Charles ကိုသတ္လိုက္.."

Tang Feng မ်က္ခံုးပင့္မိခ်ိန္ Ivan မ်က္လံုးျပဴးသြားခဲ့သည္။

"Charles ကို သတ္ မသတ္က ကၽြန္ေတာ့္ကိစၥပါ Mr. Albert.. ခင္ဗ်ားမွာ ဘာမွေျပာပိုင္ခြင့္မရွိဘူး.. ကၽြန္ေတာ္တို႔ UK ႐ံုးခြဲက လုပ္နည္းလုပ္ထံုးအတိုင္း Charles ကို ဖမ္းဆီးလိုက္ပါၿပီ.."

"ငါ မင္းကို အခြင့္အေရးေပးေနတာ Ivan.. မင္းကို သူအလိုမရွိတာနဲ႔ စြန္႔ပစ္လိုက္တာကို ျပန္ေတြးၾကည့္စမ္းပါ.. သူ႔ေနာက္ကို ႏွစ္ေပါင္းမ်ားစြာ လိုက္ဖမ္းခဲ့ေပမယ့္ မဖမ္းႏိုင္လို႔ မင္း ဘယ္ေလာက္သိကၡာက်ၿပီး အရွက္ရခဲ့သလဲ.. အခု သူ႔ကိုသတ္လိုက္ရင္ မင္းရင္ထဲခံစားခဲ့သမွ် ေက်ပ်က္သြားေတာ့မယ္.. ဒီအခြင့္အေရးကို လက္လြတ္မခံသင့္ဘူး.."

Albert ရဲ့စကားက တစ္ဖက္လူကို ေသြးေဆာင္ႏိုင္စြမ္းရွိသည္။

"Ivan.. ခင္ဗ်ားက ရဲအရာရွိပါ.."

"Ivan.. မင္း သူ႔ကိုသတ္ၿပီး လူသတ္မႈကို ငါ့ေခါင္းေပၚပံုခ်လို႔ရတယ္.. ငါ မင္းကို အခြင့္အေရးေပးေနတုန္း ယူလိုက္ေတာ့.. ဒီကလူေတြအားလံုး ေရငံုႏႈတ္ပိတ္ေနေပးေနမွာ.."

Albert က ႏူးညံ့စြာနဲ႔ ေသြးေဆာင္လုိက္သည္။

Tang Feng က တံခါးဝက ေသနတ္နဲ႔ခ်ိန္ထားသူေတြကို ၾကည့္လိုက္သည္။ ေသနတ္ေျပာင္းက ဘယ္သူ႔ဆီခ်ိန္ထားမွန္း မသိေတာ့ေပ။

"ေဘာ့စ္.. ကၽြန္ေတာ္တို႔ အဝိုင္းခံရၿပီ.."

မိုက္ခ္ညီအစ္ကိုက ေသနတ္နဲ႔ Albert နဲ႔ Ivan တို႔ကိုခ်ိန္ရင္း ေျပာလိုက္သည္။

ဒီအခ်ိန္ ဘယ္သူျဖစ္ျဖစ္ စပစ္တဲ့ေကာင္က အေျခအေနမေကာင္းႏိုင္ေပ။ ဘာဆက္လုပ္ရမွန္းမသိဘဲ အေျခအေနေတြ ႐ႈပ္ေထြးကုန္ၿပီျဖစ္သည္။

ဒီအခ်ိန္ Albert နဲ႔ Tang Feng လက္ထဲမွာပဲ ေသနတ္မရွိတာျဖစ္သည္။

"Albert.. ခင္ဗ်ား ဒါဘာသေဘာလဲ.."

Ivan က သူသတိမထားမိခင္ သူ႔ကိုေသနတ္နဲ႔ခ်ိန္ထားသည့္ Albert လူမ်ားကိုၾကည့္ကာ ေမးလိုက္သည္။

"ဘာကိုဆိုလုိရမွာလဲ.. ငါ မင္းကိုေျပာခဲ့ၿပီပဲ.. Albert က မယံုၾကည္ရပါဘူးလို႔.. မင္းက တကယ္တံုးအတဲ့သူပဲ.. Albert ကိုယံုေနတာ တကယ္ဟာသပဲ.. သူ႔လိုဝံပုေလြဆိုးႀကီးဝင္ဖို႔ ဘာေၾကာင့္ တံခါးဖြင့္ေပးရမွာလဲ.. မင္းက လူသားေတြကို ကိုယ္က်ိဳးအတြက္ ခ်နင္းတတ္တဲ့သူ မဟုတ္ပါဘူး Ivan.."

Charles က Ivan ကို လွမ္းေျပာလိုက္သည္။

"လူတစ္ေယာက္က ႐ုပ္ဆိုးေပမယ့္ စိတ္ႏွလံုးေကာင္းရွိႏိုင္တယ္ဆိုတာ မင္းသိတယ္မလား Tang Feng.."

Albert ကၿပံဳးရယ္ရင္း Tang Feng ဘက္ကို လက္ဆန္႔တန္းၿပီး ေျပာလိုက္သည္။

"ကိုယ့္ဆီကိုလာ.. ကိုယ့္အခ်စ္ေလး Esther Merida.. မင္း တစ္ခ်ိန္လံုး ဒုကၡေရာက္ေနတာ ကိုယ္မၾကည့္ရက္ေတာ့ဘူး.."

"တစ္အခ်က္ - ကၽြန္ေတာ့္နာမည္က Tang Feng.. EsMerida မဟုတ္ဘူး..
ႏွစ္အခ်က္ - Esmerida က မိန္းကေလး.. ကၽြန္ေတာ္က ေယာက္်ားေလး..
သံုးအခ်က္ - ကၽြန္ေတာ္က ဒုကၡေရာက္ေနတာ မဟုတ္ဘူး.."

Tang Feng က Albert ကုိ ၿပံဳးရင္း ျပန္ေျပာလိုက္သည္။ သူ႔ကိုၾကည့္ရတာ ေသေရးရွင္ေရးၾကား ေရာက္မေနသလိုထင္ရသည္။

===================

Volume – 3
Chapter (16) – လောင်းကစားနှင့် ဝှက်ဖဲ

လူ့ဘဝဆိုတာ အရောင်အသွေးစုံတယ်လို့ ဇာတ်ကားတွေထဲရိုက်ပြတာ ချဲ့ကားပြောတာမဟုတ်ဘူး။ မင်းက ဘဝခရီးကို ပိုလျှောက်ပြီး လူတွေကိုပိုတွေ့ရလေ မင်းမမျှော်လင့်ထားတဲ့ ဘဝအတွေ့အကြုံမျိုးစုံကို တွေ့ရလေဖြစ်တယ်။

ဒါပေမယ့်လည်း Tang Feng က သာမန်ဘဝတွေနဲ့ ကွဲပြားတဲ့ ထူးခြားဆန်းကြယ်မှုနဲ့ ပြည့်နေတဲ့ ဘဝကို တွေ့ကြုံချင်တယ်လို့တော့ မဆိုလိုပါဘူး။ အရောင်စုံတဲ့ဘဝနဲ့ အရောင်စုံတဲ့ဇာတ်ကားဆိုတာ တကယ်တော့ လုံးဝကို မတူညီပါဘူး။ ဇာတ်ကားက လက်တွေ့ဘဝကို ဘယ်လိုမှ လိုက်မမှီနိုင်ပါဘူး။

"Albert.. မင်းက ဟန်ဆောင်မျက်နှာဖုံးတောင် မတပ်နိုင်ဘူးလား.."

Charles က သရော်လိုက်သည်။ သူ့သေနတ်ကိုင်ထားတဲ့လက်ပေါ်တွင် အစိမ်းရောင်မီးပြောက်လေး ထင်နေပြီး စနိုက်ပါနဲ့ချိန်ထားမှန်း သိသာသည်။

Albert က မသိမသာပြုံးပြီး Charles ရဲ့စကားကို အမှတ်မထားပေ။

Tang Feng က ဒီလူနှစ်ယောက်က တစ်ဖက်သားပြောတာကို ဂရုမစိုက်ဘဲ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နိုင်တဲ့ ထိပ်သီးပုဂ္ဂိုလ်တွေလို့ ခံစားလိုက်ရသည်။

"ရပ်လိုက်စမ် Albert.."

Charles က Tang Feng ဆီ တိုးကပ်သွားတဲ့ Albert ဆီကို သေနတ်နဲ့ထိုးချိန်ပြီး ပြောလိုက်သည်။

"မင်း နောက်တစ်လှမ်းထပ်တိုးရင် မင်းကို ငါ ပစ်သတ်လိုက်မယ်.."

"ငါအရမ်းကြောက်သွားတာပေါ့.. ဟား.. ဟား.."

Albert က ရယ်မောလိုက်ပြီး Ivan ကိုကြည့်ပြီး ပြောလိုက်သည်။

"အရာရှိ Ivan.. ငါတို့ပူးပေါင်းမှုရဲ့ အဓိကအချက်ကို သတိရပါ.."

"ခင်ဗျားပြောတာကို သတိရပါတယ်.. ဘယ်အချိန်မှာ ဘယ်အသီးကို ခူးဆွတ်ရမယ်ဆိုတာ ကျွန်တော် သိပြီးသားပါ.. အခု ခင်ဗျားကြည့်ဖို့ပဲ လာတာမဟုတ်လား.. ကြည့်ပြီးရင် ပြန်ပါတော့.."

ဒီတလျှောက်လုံး Tang Feng က နှုတ်ဆိတ်နေတာတော့ မဟုတ်ပေ။ သူက Charles ကိုကြည့်လိုက်၊ တစ်ဖက်အဖွဲ့ကို အကဲခတ်လိုက် လုပ်နေသည်။ တစ်ဖက်အဖွဲ့ သဘောထားကွဲလွဲနေတာတွေ့တော့ သူ နည်းနည်း စိတ်သက်သာရာရသွားသည်။ သူက ပထမဆုံး သေနတ်တွေအပြန်အလှန် ချိန်ထားတဲ့ကြားကို ရောက်ဖူးတာဖြစ်ပြီး ဘာပဲပြောပြော သူက ဒီလိုအရာနဲ့ ဝေးကွာတဲ့ သာမန်လူပဲဖြစ်လို့ သေနတ်သံတစ်ချက်ကြားရင် သူ့လက်တွေ မတုန်ဘဲနေနိုင်မည်မဟုတ်ပေ။ ဘာပဲပြောပြော သေခြင်း၊ ရှင်ခြင်းက သူ့ဘဝအတွက် အရေးပါနေဆဲဖြစ်သည်။

"ငါ ဒီမှာရောက်နေတာက ငါ့ပန်းသီးလေး ကောင်းကောင်းမှည့်အောင် ယင်ကောင်မောင်းပေးမလို့ပါ.."

Albert က သူ့နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး Tang Feng ကို နူးညံ့စွာမေးလိုက်သည်။

"မင်းက အချိန်ဆွဲနေတာလား.. မင်းက ဉာဏ်ကောင်းပေမယ့် ကံမကောင်းတာက မင်းလွတ်ဖို့ အခွင့်အရေးမရှိဘူးဆိုတာပဲ.."

"ဒီသင်္ဘောက ငါတို့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ Charles.. မင်း ဘာမှ မတတ်နိုင်တော့ပါဘူး.."

Ivan က သံယောင်လိုက်ပြီး ပြောလိုက်သည်။

Charles, Ivan နဲ့ Albert က မလှုပ်ကြဘူး။ Tang Feng တစ်ယောက်တည်းပဲ လှုပ်ရှားလိုက်တယ်။

သူက Albert နဲ့ Charles ဆီကိုမသွားဘဲ Ivan ဆီ တိုက်ရိုက်သွားလိုက်သည်။ Tang Feng ရဲ့လုပ်ရပ်ကြောင့် အားလုံး ခဏငြိမ်သွားပြီး Ivan က သူ့ဆီလာတဲ့သူကို သေနတ်နဲ့ ထိုးချိန်လိုက်သည်။

"ရပ်.."

Tang Feng က စက္ကန့်ဝက်လောက် တုံ့ဆိုင်းပြီးမှ ရှေ့ဆက်တိုးလာခဲ့သည်။

"မင်း ဘာလုပ်တာလဲ.. မင်းကို ငါ ရပ်ခိုင်းနေတယ်လေ.."

Ivan က အော်လိုက်သည်။

"စိတ်အေးအေးထား Ivan.. မင်းသေနတ်ကို အောက်ချလိုက်.. Mr.Tang က မင်းကို ဘာမှမလုပ်နိုင်ပါဘူး.. မင်းက နိုင်ငံတကာ ရာဇဝတ်စုံစမ်းရေး ရဲအရာရှိ မဟုတ်လား.. မင်းကို ဘာမှမလုပ်ပါဘူး.."

Albert က ခပ်တိုးတိုးပြောလိုက်သည်။

"Tang Feng.."

Charles က အံ့အားသင့်စွာစိုက်ကြည့်ရင်း လှမ်းခေါ်လိုက်သည်။ သူက Tang Feng နဲ့ နှစ်ဝက်လောက် အတူရှိလာပေမယ့် ဒီကောင်လေး ဘာလုပ်ချင်တယ်ဆိုတာ သူလုံးဝမခန့်မှန်းမိပေ။ သူက Tang Feng အကြောင်း အားလုံးသိတယ်လို့ ထင်ထားပေမယ့် တကယ်တော့ သူဘာမှမသိခဲ့ပေ။

Charles ကိုလျစ်လျူရှုရင်း Tang Feng က Ivan ရဲ့ရှေ့ သုံးလှမ်းအကွာမှာ ရပ်ပြီးမေးလိုက်သည်။

"အရာရှိ Ivan.. ကျွန်တော် တစ်ခုမေးပါရစေ.. ခင်ဗျားက ကျွန်တော့်ကို ကူညီလို့မရဘူးလို့ ပြောခဲ့တာကို ကျွန်တော် တကယ်အလေးထားပါတယ်.. ခင်ဗျား Albert နဲ့ပူးပေါင်းရတဲ့အကြောင်းရင်းက ကျွန်တော့်ကြောင့်လား.. ကျွန်တော်က နောက်ဆုံးဝှက်ဖဲ ဟုတ်လား.."

"ဟုတ်တယ်.."

Ivan က Tang Feng ရဲ့အမေးကို တိုက်ရိုက်ဖြေလိုက်သည်။

တကယ်တော့ Tang Feng က Albert ပေါ်လာပြီးကတည်းက သဘောပေါက်ပေမယ့် ပိုသေချာချင်သည်။ Charles က သူ့ကို အရှိန်အဟုန်နှင့် အင်တိုက်အားတိုက် ကာကွယ်ပေးသည်။ တရားမျှတမှုကို ဆောင်ကျဉ်းပေးသည့် ရဲအရာရှိလေးက လူဆိုးနဲ့ပေါင်းပြီး သူ့ကိုထောင်ချောက်ဆင်သည်။

"ခင်ဗျားက ရဲအရာရှိပါ Ivan.. ရဲအရာရှိဆိုတာ လူတွေကို ကာကွယ်ပေးရမယ်မဟုတ်လား.. ကျွန်တော်က ခင်ဗျားကာကွယ်ပေးရမယ့်သူ ဖြစ်တာတောင် ဘာကြောင့် ရာဇဝတ်မှုထဲ ပါဝင်နေရတာလဲ.."

Tang Feng က သိလိုသည်ကို တည်ငြိမ်စွာမေးလိုက်သည်။

Ivan က မတွန့်ဆုတ်ဘဲ ဖြေကြားလိုက်သည်။

"အကျိုးအမြတ်အများကြီးရဖို့ လူတစ်ယောက်ကို စတေးရမှာပဲ.. ဒါကြောင့် ငါ လူတစ်ယောက်ကိုစတေးပြီး ငါ့ရည်မှန်းချက်ပြည့်အောင် လုပ်နေတာလေ.."

"အကြောင်းပြချက်ကောင်းပဲ.. ဒါကြောင့် ကျွန်တော်က စတေးခံထိုက်တဲ့လူပေါ့.. ဒါကြောင့် ဒီလိုစတေးခံလိုက်ရတဲ့အတွက် ပျော်ရွှင်မိကြောင်း ထပ်လောင်းပြောလိုက်ပါရစေ.."

Tang Feng က ဒီထက်ပိုထိမိအောင် မပြောနိုင်တော့ဘူး။

"Charles ပြောတာမှန်တယ်.. မင်းနဲ့ မင်းရဲ့ဘော့စ်က တစ်ချက်ကြည့်ရုံနဲ့ ငတုံးတွေမှန်းသိသာတယ်.. တကယ်မိုက်မဲတဲ့သူတွေပဲ.."

Charles က ရယ်မောလိုက်သည်။

"ဒါမှ ငါ့ဘေဘီကွ.."

Ivan ဘက်တော်သား Albert တောင်မှ နှုတ်ခမ်းကိုတွန့်ကွေးလိုက်သည်။

"ဒါက တရားမျှတမှုပဲ.. လူတစ်ယောက်အတွက်၊ ပြည်သူ့အကျိုးအတွက်.. ဘယ်သူက အနစ်နာခံချင်လဲ၊ ဘယ်သူသေသင့်သလဲ၊ ဘယ်သူရှင်သင့်သလဲ.. ဒီဟာကို ဆုံးဖြတ်နိုင်တဲ့သူက တကယ့်တိရစ္ဆာန်နဲ့ ကွဲပြားတဲ့အချက်ပဲ.."

Tang Feng က လှောင်ပြုံးပြုံးလိုက်သည်။

"Ivan နဲ့ တခြားအရာရှိတွေက စိတ်ပျက်စရာတွေပါပဲ.. လူတွေက ခင်ဗျားကို ဘာကြောင့် Volkswagen Liguest လို့ခေါ်တယ်ဆိုတာ ကျွန်တော် နားမလည်တော့ဘူး.. ဒါပေမယ့် ခင်ဗျားတို့ Albert နဲ့ပူးပေါင်းလိုက်တာ တကယ့်အမှားတစ်ခုကို ကျူးလွန်လိုက်တာပဲ.."

"သူက ပင်ဂွင်းငှက်လိုလူမျိုးပဲ.. မင်းက ငါ့ကို ပိုပြီးချဉ်းကပ်သင့်တယ်.. ငါ့လက်အောက်မှာ သူ့လိုလူမျိုးတွေ အများကြီးရှိတယ်.."

Ablert က လက်ခုပ်တီးပြီး ပြောလိုက်သည်။

"စကားပြောတာ တော်တော့.. အရာရှိ Ivan.. အချိန်မဆွဲနဲ့တော့.. Charles ကိုသတ်လိုက်.."

Tang Feng မျက်ခုံးပင့်မိချိန် Ivan မျက်လုံးပြူးသွားခဲ့သည်။

"Charles ကို သတ် မသတ်က ကျွန်တော့်ကိစ္စပါ Mr. Albert.. ခင်ဗျားမှာ ဘာမှပြောပိုင်ခွင့်မရှိဘူး.. ကျွန်တော်တို့ UK ရုံးခွဲက လုပ်နည်းလုပ်ထုံးအတိုင်း Charles ကို ဖမ်းဆီးလိုက်ပါပြီ.."

"ငါ မင်းကို အခွင့်အရေးပေးနေတာ Ivan.. မင်းကို သူအလိုမရှိတာနဲ့ စွန့်ပစ်လိုက်တာကို ပြန်တွေးကြည့်စမ်းပါ.. သူ့နောက်ကို နှစ်ပေါင်းများစွာ လိုက်ဖမ်းခဲ့ပေမယ့် မဖမ်းနိုင်လို့ မင်း ဘယ်လောက်သိက္ခာကျပြီး အရှက်ရခဲ့သလဲ.. အခု သူ့ကိုသတ်လိုက်ရင် မင်းရင်ထဲခံစားခဲ့သမျှ ကျေပျက်သွားတော့မယ်.. ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး.."

Albert ရဲ့စကားက တစ်ဖက်လူကို သွေးဆောင်နိုင်စွမ်းရှိသည်။

"Ivan.. ခင်ဗျားက ရဲအရာရှိပါ.."

"Ivan.. မင်း သူ့ကိုသတ်ပြီး လူသတ်မှုကို ငါ့ခေါင်းပေါ်ပုံချလို့ရတယ်.. ငါ မင်းကို အခွင့်အရေးပေးနေတုန်း ယူလိုက်တော့.. ဒီကလူတွေအားလုံး ရေငုံနှုတ်ပိတ်နေပေးနေမှာ.."

Albert က နူးညံ့စွာနဲ့ သွေးဆောင်လိုက်သည်။

Tang Feng က တံခါးဝက သေနတ်နဲ့ချိန်ထားသူတွေကို ကြည့်လိုက်သည်။ သေနတ်ပြောင်းက ဘယ်သူ့ဆီချိန်ထားမှန်း မသိတော့ပေ။

"ဘော့စ်.. ကျွန်တော်တို့ အဝိုင်းခံရပြီ.."

မိုက်ခ်ညီအစ်ကိုက သေနတ်နဲ့ Albert နဲ့ Ivan တို့ကိုချိန်ရင်း ပြောလိုက်သည်။

ဒီအချိန် ဘယ်သူဖြစ်ဖြစ် စပစ်တဲ့ကောင်က အခြေအနေမကောင်းနိုင်ပေ။ ဘာဆက်လုပ်ရမှန်းမသိဘဲ အခြေအနေတွေ ရှုပ်ထွေးကုန်ပြီဖြစ်သည်။

ဒီအချိန် Albert နဲ့ Tang Feng လက်ထဲမှာပဲ သေနတ်မရှိတာဖြစ်သည်။

"Albert.. ခင်ဗျား ဒါဘာသဘောလဲ.."

Ivan က သူသတိမထားမိခင် သူ့ကိုသေနတ်နဲ့ချိန်ထားသည့် Albert လူများကိုကြည့်ကာ မေးလိုက်သည်။

"ဘာကိုဆိုလိုရမှာလဲ.. ငါ မင်းကိုပြောခဲ့ပြီပဲ.. Albert က မယုံကြည်ရပါဘူးလို့.. မင်းက တကယ်တုံးအတဲ့သူပဲ.. Albert ကိုယုံနေတာ တကယ်ဟာသပဲ.. သူ့လိုဝံပုလွေဆိုးကြီးဝင်ဖို့ ဘာကြောင့် တံခါးဖွင့်ပေးရမှာလဲ.. မင်းက လူသားတွေကို ကိုယ်ကျိုးအတွက် ချနင်းတတ်တဲ့သူ မဟုတ်ပါဘူး Ivan.."

Charles က Ivan ကို လှမ်းပြောလိုက်သည်။

"လူတစ်ယောက်က ရုပ်ဆိုးပေမယ့် စိတ်နှလုံးကောင်းရှိနိုင်တယ်ဆိုတာ မင်းသိတယ်မလား Tang Feng.."

Albert ကပြုံးရယ်ရင်း Tang Feng ဘက်ကို လက်ဆန့်တန်းပြီး ပြောလိုက်သည်။

"ကိုယ့်ဆီကိုလာ.. ကိုယ့်အချစ်လေး Esther Merida.. မင်း တစ်ချိန်လုံး ဒုက္ခရောက်နေတာ ကိုယ်မကြည့်ရက်တော့ဘူး.."

"တစ်အချက် - ကျွန်တော့်နာမည်က Tang Feng.. EsMerida မဟုတ်ဘူး..
နှစ်အချက် - Esmerida က မိန်းကလေး.. ကျွန်တော်က ယောက်ျားလေး..
သုံးအချက် - ကျွန်တော်က ဒုက္ခရောက်နေတာ မဟုတ်ဘူး.."

Tang Feng က Albert ကို ပြုံးရင်း ပြန်ပြောလိုက်သည်။ သူ့ကိုကြည့်ရတာ သေရေးရှင်ရေးကြား ရောက်မနေသလိုထင်ရသည်။

===================


(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now